Month: January 2019

ဗဟုတုသ

ရယ်ဒီမိတ် အသားလုံးများကို စိတ်မသန့်သူများအတွက် ကိုယ်တိုင်လုပ် ကြက်သားလုံးလုပ်နည်း မျှဝေလိုက်ပါတယ်။

(Zawgyi) ကြက်သားလုံး ကိုယ်တိုင်လုပ်ပါတယ်ရှင်။ လုပ်နည်း မျှဝေပေးမယ်နော်။ ကြက်သား…၅၀၀၀ဖိုးကို ကြက်သားလုံး ၅၅လုံးရပါတယ်။ တခြားပစ္စည်းဖိုးတွေပါ တွက်လိုက်မယ်ဆိုပါက တစ်လုံးကို ၁၁၀ လောက်ပဲကျတယ်။ သန့်လဲသန့်တယ်..စားရတာလဲ မစိုးရိမ်နေရတော့ဘူးလေ။ ရယ်ဒီမိတ် အသားလုံးတွေ ခုနောက်ပိုင်းစားရတာ စိတ်မသန့်လို့…တတ်သည့်ပညာမနေသာလို့ အပင်ပန်းခံပြီး လုပ်စားလိုက်ပါတယ်။ လုပ်နည်းရေးပေးမယ်နော်။ ပါဝင်ပစ္စည်းများ – ကြက်ရင်ဖုံသား..၅၀သား ပဲငံပြာရည် အကြည်..ထမင်းစားဇွန်း၂ဇွန်း သကြား…ထမင်းစားဇွန်းဝက် ငရုပ်ကောင်းမှူန့်.. လက်ဖက်စားဇွန်း၁ဇွန်း ကြက်သားမှုန့်…ဇွန်းဝက် ပြောင်းဖူးမှူန့်.. ထမင်းစားဇွန်း ၂ဇွန်း ဆော်ဒါမှူန့် လက်ဖက်ဇွန်း ၁ဇွန်း ရေခဲရေ…150ml..(၁ခွက်စာဖန်ခွက်) ပြုလုပ်ပုံအဆင့်ဆင့် – ပထမဦးစွာ အသားကို အနေတော်လေးတွေ လှီးဖြတ်ပြီး အသားကြိတ်စက်ဖြင့် ညက်နေအောင်ကြိတ်ပေးပါ။ ခွက်တခုထဲသို့ ရေခဲရေနှင့် ပြောင်းဖူးမှုန့်\ ငရုပ်ကောင်းမှူန့်\ သကြား\ ကြက်သားမှုန့်\ ပဲငံပြာရည်\ ဆော်ဒါမှုန့်တို့ထည့်ကာ..သမအောင်ဖျော်ပြီး ကြိတ်ထားတဲ့ […]

သတင်း

အရေပြားပေါ်ကညှင်း

အရေပြားပေါ်ကညှင်း============ အရေပြားပေါ်မှာအဖြူကွက်လေးတွေ ဟိုနားတစ်ကွက် ၊ ဒီနားတစ်ကွက် ထွက်လာမယ်။ – ဒီအကွက်လေးတွေဟာ လည်ပင်း၊ ဂုတ်နဲ့ ပါးတစ်ဝိုက်မှာ အဓိကထွက်မယ်။– ယားတာ နာတာမျိုးလည်းမရှိဘူး။– ထုံတာ ထိရင်မသိတာမျိုးလည်းမရှိဘူး။– ရာသီဥတုပူတိုင်း ပြန်ပြန်ဖြစ်မယ်ဆိုရင် အရေပြားပေါ် ညှင်းပေါက်နေပြီလို့ပြောလို့ရပါတယ်။ ညှင်းဟာ ရာသီဥတုပူတဲ့ မြန်မာနိုင်ငံမှာတော့ အဖြစ်များတဲ့ အရေပြားရောဂါ တစ်ခုလို့ပြောလို့ရပါတယ်။ အရေပြားဟာ ချွေးထွက်လို့ စိုစွတ်တာကစပြီး မှိုစွဲကပ်သွားတာမျိုးပါ။တစ်ချို့ကြလည်း ချွေးမထွက်ဘဲ တစ်ကိုယ်ရေသန့်ရှင်းပေမယ့် ညှင်းပေါက်တဲ့ သူတွေလည်းရှိပါတယ် ။ ဒါကတော့ အရေပြားရဲ့ ကိုယ်ခံအားနည်းလို့ လို့ပြောလို့ရပါတယ်။ ဖြစ်လေ့ရှိတဲ့ သူတွေက…– အဆီပြန်တတ်တဲ့အသားအရေပိုင်ရှင်တွေ– ချွေးထွက်များသူတွေ– ပူတဲ့ဒေသမှာနေသူတွေ– နဂို အရေပြား အားနည်းသူတွေမှာဖြစ်တတ်ပါတယ်။ ညှင်းအတွက် ကုသမှုတွေက … ၁- လိမ်းဆေးကတော့ အဓိကပါ။Clotrimazole, Miconazole, Ketoconazole […]

သတင်း

ထမင်းဖြူစားသုံးခြင်း

ထမင်းဖြူစားသုံးခြင်း 🍚————————ကမ္ဘာပေါ်ရှိ လူ ၃.၅ ဘီလီယံ လောက် နေ့စဉ်စားသုံး နေ တဲ့ ထမင်းဖြူမှာ ဘာတွေ ကောင်းကျိုးဆိုးကျိုးတွေရှိလဲတော့ သိထားသင့်ပါတယ် ။ ထမင်းဖြူကို အဓိကစားသုံးတဲ့ ဂျပန်လိုနိုင်ငံက လူတွေ အသက်ရှည်ရှည် နေထိုင်နေကျတာကို စစ်တမ်းတွေမှာတွေ့ရှိရသလို လူအတွက်ဆိုးကျိုးတွေလည်းရှိနေတယ်လို့ ဆိုကြတာတွေလဲ ရှိပါတယ် ။ White rice ထမင်းဖြူဆိုတာ ဘာလဲ စပါးစေ့တွေကို ချွေလှေ့ ၊ အခွံချွတ် ထားတာပါ။ အခွံချွတ်ပြီးလို့ ရရှိလာတဲ့ ဆန်ကြမ်း (brown rice ) တွေကို ဖြူဖွေးသွားအောင် အချောသက် အဲ့ဒီနောက်မှ ဈေးကွက်ထဲမှာမြင်ကတဲ့ ဆန် ဖြူဖြူဖွေးဖွေးတွေ ၊ အမျိုးအစားအမျိုးအမျိုးတွေ ကို တွေ့ရှိရပါတယ်။ အချောသက်တဲ့ အဆင့်မှာ (polishing step […]

ဗဟုတုသ

တရုတ်တွေ ဈေးကောင်းပေးဝယ်နေလို့ မျိုးသုဉ်းတော့မယ့် မြန်မာ့ကသမြင်ငါး

(Zawgyi) တရုတ်တွေ ဈေးကောင်းပေးဝယ်နေလို့ မျိုးသုဉ်းတော့မယ့် မြန်မာ့ကသမြင်ငါး မြန်မာ့ပင်လယ်ထဲက ရွှေဖြစ်စေသော ငါးအနာဂတ် ပင်လယ်ပြင်မှ ရွှေရောင်တဝင်းဝင်းနှင့် ကသမြင်ငါးကြီးတစ်ကောင် ဖမ်းမိသဖြင့် ကိုမြင့်လွင်တစ်ယောက် အတိုင်းမသိ ဝမ်းသာနေသည်။ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဘီလူးကျွန်းအပိုင် ငါးဖမ်း တင်ဒါပိုက်ချက်အမှတ်(၁)၌ ရွှေ ရောင်ကသမြင်ငါးကြီးဖမ်းမိထား သောသတင်းသည် နိုဝင်ဘာ ၁၁ ရက်မွန်းလွဲ ၂ နာရီတွင် ဒေသအတွင်း တစ်မုဟုတ်ချင်း ပျံ့နှံ့ခဲ့သည်။ ယခု ငါးဖမ်းရာသီအတွက် သည်နေရာကို အတန်းလိုက် တင်ဒါပိုက်ချက် လေလံဆွဲစဉ်က ကိုမြင့်လွင်သည် ငါးများများ ဖမ်းမိရေးသာ အာရုံစိုက်ခဲ့သည်။ ငါးဖမ်းရာသီစကတည်းက သူဆွဲထားသော တင်ဒါပိုက်ချက်အတွင်း ငါးများများရရှိရေး ကြိုးစားခဲ့သော်လည်း ဒီနှစ်ထဲငါးအထိအမိ လျော့နည်းနေသဖြင့် ဘာလုပ်ရမည်မသိ ဖြစ်ခဲ့သည်။ ဈေးအများဆုံးရသည့် ကသမြင်ငါးကြီး ယခုတော့ သိန်းရာနှင့်ချီတန်ဖိုးရှိသော ရွှေရောင်ကသမြင်ငါး […]

ဗဟုတုသ

ဘိလပ်မြေ အတုအစစ် ခွဲခြားနည်း

(Zawgyi) ဘိလပ်မြေ အတုအစစ် ခွဲခြားနည်း လုပ်ငန်းခွင် ဝင်နေကြသော အင်ဂျင်နီယာများ၊ ကန်ထရိုက်တာများ၊ ပန်းရံသမားများ စသဖြင့် ဘိလပ်မြေနဲ့ ပတ်သက်ဆက်နွယ် နေသူအားလုံး သိစေဖို့အတွက် ဘိလပ်မြေ အတုအစစ် ခွဲခြားနည်းကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ- ၁။ ဘိလပ်မြေအမှုန့် အနည်းငယ်ကို ရေဖျော်ပြီး အလုံးကလေး(၂)လုံး၊ (၃)လုံးခန့်လုံးပြီး ခဏအခြောက်ခံထားပါ။ (၂)မိနစ်ခန့် ကြာသော် ထိုဘိလပ်မြေလုံးများအား လက်ဖြင့်ဖိခြင်း၊ ဖျစ်ကြည့်ခြင်းများ ပြုလုပ်ပါ။ လုံးဝ ကွဲအက်မသွားဘဲ သံခဲ၊ ကျောက်ခဲကဲ့သို့ မာနေလျှင် ဘိလပ်မြေ စစ်သည်။ ကွဲအက်သွားပါက ဘိလပ်မြေ အတုဖြစ်ပါသည်။ ၂။ ဘိလပ်မြေအမှုန့်အနည်းငယ်ပေါ်သို့ သံပရာရည်(သို့) ရှောက်ရည် အနည်းငယ် ညှစ်ကြည့်ပါ။ ပွက်ပွက်ဆူလာလျှင် ဘိလပ်မြေအစစ်ဖြစ်ပြီး၊ လုံးဝဆူပွက်မလာပါက အတုဖြစ်ကြောင်း သိရှိနိုင်ပါသည်။ (အထက်ပါ နည်းများမှာ […]

သတင်း

ဘယ်ဘက်စောင်းအိပ်ခြင်းရဲ့အကျိုးကျေးဇူးများ

ဘယ်ဘက်စောင်းအိပ်ခြင်းရဲ့အကျိုးကျေးဇူးများ– – – – – – – – – – – – – – – – – – – – – – – – – သင်ညအိပ်ရာဝင်တဲ့အခါ ဘယ်လိုပုံစံမျိုးနဲ့ အိပ်စက်လေ့ရှိပါသလဲ။ ဘာကြောင့် ဒီလိုမေးရသလဲဆိုတော့ သင်ရဲ့အိပ်စက်ပုံဟာ သင်ရဲ့စိတ်နဲ့ကိုယ် ကျန်းမာရေးအတွက် အရမ်းကိုအရေးတကြီး ပတ်သတ်နေလို့ပါပဲ။ အကယ်၍ သင်အနေနဲ့ ဘယ်ဘက်ကိုစောင်းအိပ်လေ့မရှိရင်တော့ အခုဖော်ပြသွားမယ့် အကြောင်းအရာတွေကို အဆုံးထိဖတ်ကြည့်ရင်း ဘယ်ဘက်ကိုစောင်းအိပ်ဖို့ သင်ကြိုးစားလာပါလိမ့်မယ်။ ခန္ဓာကိုယ်ကို ဘယ်ဘက်သို့စောင်းအိပ်ခြင်းက ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေနဲ့ မလိုလားအပ်တဲ့ အခြားသောအရာဝထ္တုတွေကို ခန္ဓာကိုယ်ကနေ ဖယ်ရှားသွားအောင် ကူညီပေးနိုင်လို့ပါပဲ။ ဒီလို ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေသာမက […]

ဗဟုတုသ

အုန်းသီးတစ်လုံးရဲ့ ဆေးဘက်ဝင်ပုံများ လျှို့ဝှက်ချက်…

(Zawgyi) အုန်းသီးတစ်လုံးရဲ့ လျှို့ဝှက်ချက် တကယ်လို့များ သင်ဟာ ပင်လယ်ကမ်းခြေကို ရောက်ဖူးသူဆိုရင် အုန်းသီးစိမ်းထဲက အုန်းရည်ကို သောက်ခဲ့ဖူးမယ် ထင်ပါတယ်နော်.. ပင်လယ်ကမ်းခြေ မရောက်ဖြစ်တောင် ရန်ကုန်လိုမြို့ကြီးမှာ ရွှေတိဂုံဘုရားအနီးမှာ တွန်းလှည်းနဲ့ရောင်းတဲ့ အုန်းရည်ကို သောက်လို့ ရပါတယ်.. သန်လျင် ရေလည်ကျောက်တန်းဘုရားကို သွားဖူးရင်းနဲ့လည်း ဘုရားအနီးက ဆိုင်တွေမှာ အုန်းရည်ကို သောက်သုံးလို့ ရပါသေးတယ်.. အုန်းရည်ဟာ ချိုမြမြ ရှတတအရသာ ရှိတယ်ဆိုတာ လူတိုင်းက သိကြပေမဲ့ အုန်းရည်ရဲ့ အသုံးဝင်ပုံ လျှို့ဝှက်ချက်လေးကိုတော့ သိသူနည်းမယ် ထင်ပါတယ်.. အုန်းသီးတစ်လုံးထဲက သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ အုန်းရည်အကြောင်းနဲ့အတူ အုန်းသီးရဲ့ အသုံးဝင်ပုံလေးကို ဖတ်မိထားသလောက် ပြန်လည် ဝေမျှပါဦးမယ်ရှင်။ အုန်းသီးဟာ လူတွေအတွက် ကောင်းမွန်ထူးခြားတဲ့ အစာတစ်မျိုးဖြစ်ပါတယ်.. အထူးခြားဆုံးက လူ့အသက်ကိုတောင် ကယ်တင်နိုင်စွမ်းရှိတဲ့ အသီးဖြစ်ပါတယ်.. အုန်းသီးဟာ […]

သတင်း

ကိုလက်စထရောကို လျှော့ကျစေနိုင်တဲ့ စောင်းလျားသီ

ကိုလက်စထရောကို လျှော့ကျစေနိုင်တဲ့ စောင်းလျားသီး စောင်းလျားသီးက ကြယ်ပုံသဏ္ဍာန်ရှိပါတယ်။ ဒီအသီးကို မြန်မာအခေါ်က စောင်းလျားသီးလို့ ခေါ်ပြီး Star Fruit လို့လည်း ခေါ်ကြပါတယ်။ စောင်းလျားသီး (သို့) Star Fruit က အစိမ်းရောင်၊ အဝါရောင်တို့ရှိပြီး ချိုချိုချဉ် ချဉ် အရသာလေး ရှိပါတယ်။ ဒီအသီးမှာ ကယ်လိုရီမပါတဲ့အသီးဖြစ်ပြီး antioxidant ကြွယ်ဝစွာ ပါဝင်ပြီး ဗီတာမင် B, C ဖောလစ်အက်ဆစ်နဲ့ အခြားသော ဒြပ်ပေါင်းများစွာ ပါဝင်ပါတယ်။ ဒါကြောင့် ကိုလက်စထရောကျစေနိုင် တဲ့ အပြင် ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကိုပြောပြလိုက်ပါတယ်နော်။ ၁။ ကိုလက်စထရော လျော့ကျစေခြင်း စောင်းလျားသီးမှာ ကယ်လိုရီပါဝင်မှု နည်းပါးပြီး ဖိုင်ဘာဓာတ်များစွာ ပါဝင်ပါတယ်။ ဖိုင်ဘာဓာတ် ကြွယ်ဝခြင်းက မကောင်းတဲ့ ကိုလက်စထရောတွေကို […]

ဗဟုတုသ

အသုဘပို့တဲ့နေ့မှာ ဘာကြောင့်အိုးခွဲတာလဲ?

(Zawgyi) အသုဘပို့တဲ့နေ့မှာ ဘာကြောင့်အိုးခွဲတာလဲ…? ကာသီတိုင်း၊ အဿက ဘုရင်မှာ အင်မတန်လှပတဲ့ ဥပရီအမည်ရှိတဲ့ မိဖုရားကြီးရှိတယ်၊ မိဖုရားဟာ အလှအပနဲ့ပဲအချိန်ကုန်လေ့ရှိပြီး၊ ဥယာဉ်တော်ထဲ လှည့်လည်စဉ် အမှတ်မထင် ဆုံးပါးသွားခဲ့တယ်။ ဘုရင်ကြီး ဖြေမဆည်နိုင်တာကြောင့် မိဖုရားကိုမမြုပ်ပဲ ဆေးစိမ်ပြီး ကျကျနန သိမ်းထားခဲ့တယ်။ ထမင်းချိန် ထမင်းဘေးနားထားပေးပြီး၊ ရေဆာရင် သောက်ဖို့ ရေအိုးတစ်လုံးပါ အနားမှာ ထားစေတယ်။ ဘုရင်ဟာ တိုင်းရေးပြည်ရာတွေမှာ စိတ်မဝင်စားတော့ပဲ မိဖုရားကြီး ရုပ်အလောင်းနားသာ ရောက်ရောက်လာပြီး အလွမ်းဖြေနေလေ့ရှိတယ်။ ဘုရားလောင်းရသေ့က ဘုရင့်ဥယာဉ်တော်မှာ လာသီတင်းသုံးပြီး၊ ဥပရီမိဖုရားကြီးနဲ့တွေ့ချင်ရင် ငါ့ဆီလာခဲ့ဖို့မင်းတို့ဘုရင်ကို သွားလျောက်ချေလို့ ဥယာဉ်မှုးကို ခိုင်းပါတယ်။ ဘုရင်ရောက်တယ်ဆိုရင်ပဲ ဥပရီမိဖုရားကို ဖိတ်ပါတယ်၊ မကြာပါဘူး ချေးပိုးထိုးနှစ်ကောင်ထွက်လာတယ်။ ရှေ့ကထွက်လာတာ ဥပရီမိဖုရားကြီးဆိုတာကို ဘုရင်လက်မခံနိုင်ပါဘူး။ ရသေ့ကြီးက မာဂတ စကားနားလည်အောင် လုပ်ပေးပြီး […]

သတင်း

မောင်းမကန် ကမ်းခြေက ဝမ်းနည်းစရာ ကောင်းတဲ့ မြင်ကွင်း တစ်ခု ( အမြန်တားမြစ်သင့်ပါတယ် )

(Zawgyi) မောင်းမကန် ကမ်းခြေက ဝမ်းနည်းစရာ ကောင်းတဲ့ မြင်ကွင်း တစ်ခု ( အမြန်တားမြစ်သင့်ပါတယ် ) အင်မတန်ဝမ်းနည်းစရာကောင်းတဲ့မြင်ကွင်းပါ။ သူ့ဖာသာ သဘာဝအလျှောက် ကြွေကျတဲ့ သန္တာကျောက်ခက် ကျောက်ပွင့်တွေမဟုတ်ပဲ လူတွေက တကူးတက တူးဆွချိုးဖဲ့လာပြီး ရောင်းစားနေတာ သိလိုက်ရတော့ ပိုပြီးဝမ်းနည်းရပါတယ်။ ဒီလိုဆိုင်မျိုးမှာ ဒီလိုပစ္စည်းမျိုးတွေကို တွေ့ရင် အားမပေးကြပါနဲ့လို့ တိုက်တွန်းပါရစေ။ ခုပုံက မောင်းမကန်ကမ်းခြေမှာ ရောင်းနေတဲ့ပုံတွေပါ။ ဘယ်လိုရသလဲလို့ ဆိုင်ရှင်အမျိုးသမီးကို မေးကြည့်တော့ ပင်လယ်ထဲ ကျွန်းတွေအနားက တူးလာ တာလို့ပြောတယ်။ တစ်ခုကို ဘယ်လောက်လဲလို့မေးတော့ လှရင်လှသလို တခုကို ၃၅၀၀ ကနေ လေးငါးခြောက်ထောင် လောက်ရတယ်လို့ ပြောတယ်။ ခရုခွံတွေပါရောင်းတယ်။ ခရုတွေက ထားပါတော့။ သူက မျိုးပွားနှုန်းများတယ် မြန်တယ်။ ပြောချင်တာက ဒီသန္တာကျောက်ပွင့်ကျောက်ခက် ကျောက်မှိုတွေပါ။ […]

Back To Top