အုန္းသီးတစ္လုံးရဲ႕ ေဆးဘက္၀င္ပံုမ်ား လွ်ိဳ႕ဝွက္ခ်က္…

အုန္းသီးတစ္လုံးရဲ႕ ေဆးဘက္၀င္ပံုမ်ား လွ်ိဳ႕ဝွက္ခ်က္…

(Zawgyi)

အုန္းသီးတစ္လုံးရဲ႕ လွ်ိဳ႕ဝွက္ခ်က္

တကယ္လို႔မ်ား သင္ဟာ ပင္လယ္ကမ္းေျခကို ေရာက္ဖူးသူဆိုရင္ အုန္းသီးစိမ္းထဲက အုန္းရည္ကို ေသာက္ခဲ့ဖူးမယ္ ထင္ပါတယ္ေနာ္.. ပင္လယ္ကမ္းေျခ မေရာက္ျဖစ္ေတာင္ ရန္ကုန္လိုၿမိဳ႕ႀကီးမွာ ေ႐ႊတိဂုံဘုရားအနီးမွာ တြန္းလွည္းနဲ႔ေရာင္းတဲ့ အုန္းရည္ကို ေသာက္လို႔ ရပါတယ္.. သန္လ်င္ ေရလည္ေက်ာက္တန္းဘုရားကို သြားဖူးရင္းနဲ႔လည္း ဘုရားအနီးက ဆိုင္ေတြမွာ အုန္းရည္ကို ေသာက္သုံးလို႔ ရပါေသးတယ္.. အုန္းရည္ဟာ ခ်ိဳျမျမ ရွတတအရသာ ရွိတယ္ဆိုတာ လူတိုင္းက သိၾကေပမဲ့ အုန္းရည္ရဲ႕ အသုံးဝင္ပုံ လွ်ိဳ႕ဝွက္ခ်က္ေလးကိုေတာ့ သိသူနည္းမယ္ ထင္ပါတယ္.. အုန္းသီးတစ္လုံးထဲက သဘာဝအတိုင္းျဖစ္ေပၚေနတဲ့ အုန္းရည္အေၾကာင္းနဲ႔အတူ အုန္းသီးရဲ႕ အသုံးဝင္ပုံေလးကို ဖတ္မိထားသေလာက္ ျပန္လည္ ေဝမွ်ပါဦးမယ္ရွင္။

အုန္းသီးဟာ လူေတြအတြက္ ေကာင္းမြန္ထူးျခားတဲ့ အစာတစ္မ်ိဳးျဖစ္ပါတယ္.. အထူးျခားဆုံးက လူ႔အသက္ကိုေတာင္ ကယ္တင္ႏိုင္စြမ္းရွိတဲ့ အသီးျဖစ္ပါတယ္.. အုန္းသီးဟာ ေသြးတြင္း သၾကားဓာတ္ကို တည္ၿငိမ္ေစႏိုင္စြမ္းရွိျခင္း၊ ကိုလက္စေရာကို ေလ်ာ့ခ်ေပးႏိုင္စြမ္းရွိျခင္း၊ ေရဓာတ္ကို ထိန္းသိမ္းေပးျခင္းနဲ႔ အေရးေပၚ ေသြးေရၾကည္သြင္းဖို႔ လိုအပ္ေနသူမ်ားကိုေတာင္မွ အုန္းရည္ျဖင့္ အစားသြင္းကုသေပးႏိုင္ျခင္းစတဲ့ အုန္းသီးရဲ႕ အသုံးဝင္အေရးပါပုံကို သိရွိသူမွာ လူအနည္းစုေလာက္သာ ရွိပါတယ္.. ေခတ္ေပၚ ေဆးသုေတသနျပဳသူမ်ားကလည္း အုန္းသီးဟာ က်န္းမာေရးအတြက္ အလြန္အက်ိဳးျပဳေစႏိုင္ေသာ အသီးျဖစ္ေၾကာင္း ေလ့လာေတြ႕ရွိရပါတယ္..

အုန္းရည္

အုန္းသီးထဲမွ အုန္းရည္ဟာ လူ႔အသက္ကို ကယ္တင္ေပးႏိုင္စြမ္း ရွိပုံနဲ႔ပတ္သက္ၿပီး အေကာင္းဆုံး သက္ေသတစ္ခုကို ေျပာျပရမယ္ဆိုရင္ ဒုတိယကမာၻစစ္အတြင္းက ပစိဖိတ္ေဒသစစ္ပြဲေတြမွာ စစ္သားေတြ အမ်ားအျပား ဒဏ္ရာရၾကတဲ့အခါ အေရးေပၚ ေသြးသြင္းဖို႔ လိုအပ္ေနေပမဲ့ စစ္ေျမျပင္ျဖစ္တာေၾကာင့္ ေသြးရည္ၾကည္ပုလင္းေတြကို အခ်ိန္မွီ ရရွိဖို႔ အခက္အခဲ ျဖစ္ေနခ်ိန္မွာ ဆရာဝန္ေတြဟာ အုန္းသီး ႏုႏုထဲက သန႔္စင္တဲ့ အုန္းရည္ကို ေသြးရည္ၾကည္အစား ထိုးသြင္းကုသၿပီး အသက္ကယ္ခဲ့ရတဲ့ ျဖစ္ရပ္ေတြ ရွိခဲ့ပါတယ္.. အုန္းရည္ဟာ လူခႏၶာကိုယ္ရွိ ေသြးရည္ၾကည္နဲ႔ ထပ္တူနီးပါး တူညီၿပီး ေသြးအမ်ိဳးအစား အားလုံးနဲ႔ သင့္ေတာ္တယ္လို႔ သိရပါတယ္.. အုန္းရည္ဟာ ဓါတ္တိုးပစၥည္းပါဝင္မႈ မ်ားျပားၿပီး လူေတြကို အထူးအက်ိဳးျပဳေၾကာင္း ေလ့လာေတြ႕ရွိရပါတယ္..

ကိုလက္စေရာကို က်ဆင္းေစျခင္း

အစာေျခႏိုင္စြမ္း ျမင့္မားေစျခင္း

အေရျပားတြန႔္ျခင္းကို ကာကြယ္ေပးႏိုင္ျခင္း

ေသြးတြင္းသၾကားဓာတ္ကို ထိန္းညႇိေပးျခင္း

ဗိုင္းရပ္စ္ပိုးမ်ားကို ကာကြယ္တိုက္ဖ်က္ျခင္း

ဆဲလ္အသစ္မ်ားကို တိုးပြားေစျခင္း

ဟိုမုန္းကို ထိန္းခ်ဳပ္ေပးျခင္း

ကိုယ္အေလးခ်ိန္ကို ေလ်ာ့ခ်ေပးႏိုင္ျခင္း

အဟာရဓာတ္ႏွင့္ ေအာက္ဆီဂ်င္ကို ဆဲလ္မ်ားအတြင္း ပို႔ေဆာင္ေပးႏိုင္ျခင္း

ဇီဝ႐ုပ္ျဖစ္ပ်က္ျခင္းကို တိုးတက္ေစျခင္း

ေရာဂါမ်ားကို ခုခံကာကြယ္ေပးျခင္း

မွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈကို ကာကြယ္ေပးျခင္း

ဘက္တီးရီးယားမ်ားကို ေသေစႏိုင္ျခင္း စတဲ့ အက်ိဳးဆက္မ်ားစြာကို ေပးႏိုင္တဲ့အတြက္ေၾကာင့္ က်န္းမာေရးအတြက္ အဖိုးတန္တဲ့ အုန္းသီးျဖစ္ပါတယ္.. အုန္းသီးအႏုတြင္ သန႔္စင္ေကာင္းမြန္ေသာ မျပည့္ဝဆီမ်ား ပါဝင္တဲ့အတြက္ အုန္းသီးအရင့္ထက္စာရင္ အဆီပါဝင္မႈႏႈန္း နည္းပါးပါတယ္.. ထို႔ေၾကာင့္လည္း က်န္းမာေရးအတြက္ စဥ္းစားၿပီး အုန္းသီးတစ္လုံးကို ဝယ္ယူမယ္ဆိုရင္ အုန္းသီးအႏုကို ရွာေဖြ ဝယ္ယူသင့္တယ္လို႔ သိရပါတယ္.. အုန္းသီး အႏုအရင့္ ေ႐ြးခ်ယ္ပုံမွာ အုန္းသီးအႏုသည္ ခပ္စိမ္းစိမ္းအေရာင္ရွိၿပီး အုန္းသီးအရင့္မွာ အစိမ္းေရာင္ နည္းပါးၿပီး အညိဳခပ္ေဖ်ာ့ေဖ်ာ့အေရာင္ ရွိတတ္ပါတယ္..

အုန္းဆီ

အုန္းသီးကေန ရရွိတဲ့ အုန္းဆီဟာလည္း အလြန္အက်ိဳးမ်ားတဲ့ ေဆးကုသမႈဆိုင္ရာ ပစၥည္းအျဖစ္ သုံးစြဲႏိုင္ပါေသးတယ္.. အုန္းဆီဟာ အားလုံးသိၾကတဲ့အတိုင္း ဆံပင္သန္စြမ္းနက္ေမွာင္ဖို႔ အလြန္ေကာင္းမြန္တဲ့ သဘာ၀ အားျဖည့္ေဆး ျဖစ္ပါတယ္.. အုန္းဆီျဖင့္ ဦးေခါင္းကို မွန္မွန္ ႏွိပ္နယ္ေပးပါက ဦးေရျပားတြင္ျဖစ္တတ္ေသာ ေဘာက္ႏွင့္ ဦးေရျပားေျခာက္ေသြ႕ျခင္းတို႔ကို ကာကြယ္ႏိုင္ပါတယ္။ ပ်က္စီးေနေသာ ဆံပင္မ်ားကို ျပဳျပင္ ထိန္းသိမ္းဖို႔ အတြက္လည္း အုန္းဆီမွာ အလြန္ေကာင္းမြန္ အဆင္ေျပပါသည္။ ထို႔ေၾကာင့္လည္း အုန္းဆီကို ဆံပင္ျပဳျပင္ေရး ပစၥည္း၊ ေဗာက္မ်ား ကာကြယ္ေသာပစၥည္းအျဖစ္ နည္းမ်ိဳးစုံျဖင့္ ထုတ္လုပ္ၾကပါတယ္.. ေနာက္ထပ္ အသုံးဝင္ေသာအခ်က္မွာ အုန္းဆီသည္ သြားပိုးစားျခင္း၊ သြားေရာဂါမ်ားျဖစ္ျခင္းကို ကာကြယ္ေပးႏိုင္တယ္လို႔ သိရပါတယ္.. အုန္းဆီအနည္းငယ္ကို သြားဖုံးႏွင့္ သြားတို႔တြင္ အၿမဲတမ္း ပြတ္တိုက္ေပးပါက သြားမ်ားကို ပိုမိုခိုင္မာေစႏိုင္ပါတယ္လို႔ ေဖာ္ျပထားပါတယ္.…

အုန္းဆီရဲ႕ အျခားအသုံးဝင္ပုံမွာ ေျခာက္ေသြ႕ေသာ အေရျပားမ်ားအတြက္ အေကာင္းဆုံး moisturizer ျဖစ္ပါတယ္.. အုန္းဆီကို အေရျပားေပၚလိမ္းၿပီး ႏွိပ္နယ္ေပးပါက အသားပတ္ျခင္း၊ ေျခာက္ေသြ႕ျခင္း၊ အက္ကြဲျခင္းမ်ား မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္.. အေရျပားတြန႔္ျခင္းကိုလည္း ေႏွာင့္ေႏွးေစတယ္လို႔ သိရပါတယ္. အုန္းဆီပါဝင္တဲ့ အေရျပားေစာင့္ေရွာက္ ပစၥည္းမ်ားျဖစ္တဲ့ ဆပ္ျပာ၊ အသားလွလိမ္းေဆး၊ လူးေဆးခရမ္စသျဖင့္ အမ်ားအျပားကို ထုတ္လုပ္ၾကပါတယ္.. ထိခိုက္ရွနာမ်ားအတြက္လည္း အုန္းဆီဟာ ေဆးဝါးတစ္လက္အျဖစ္ အေထာက္အကူျပဳႏိုင္ပါေသးတယ္.. ဒဏ္ရာေပၚမွာ အုန္းဆီကို လိမ္းေပးျခင္းအားျဖင့္ ျပင္ပမွ ဖုန္မ်ား၊ ဘက္တီးရီးယားမ်ားနဲ႔ ဗိုင္းရပ္စ္မ်ား မဝင္ေရာက္ႏိုင္ေအာင္ အလႊာပါးေလးအျဖစ္ ဖုံးအုပ္ထားေစပါတယ္.. အုန္းဆီဟာ ဒဏ္ရာေပၚမွ ပ်က္စီးသြားေသာ တစ္ရွဴးမ်ားကို အျမန္ဆုံး ျပန္လည္ ေကာင္းမြန္ေစႏိုင္စြမ္းရွိေၾကာင္း သိရပါတယ္.. အုန္းဆီဟာ ဘက္တီးရီးယားမ်ား၊ ဗိုင္းရပ္စ္မ်ား၊ အေရျပားေပၚ ျဖစ္တတ္ေသာမႈိမ်ား၊ စသည္တို႔ကို ထိထိေရာက္ေရာက္ ကာကြယ္ေပးႏိုင္စြမ္း ရွိပါတယ္..

အုန္းသီးထြက္ပစၥည္းမ်ား

အုန္းသီးကေန ထုတ္လုပ္တဲ့ အုန္းႏို႔၊ အုန္းမႈန႔္၊ အုန္းသီးဖတ္ စသည္တို႔သည္လည္း အစားအေသာက္မ်ား၊ ဟင္းလ်ာမ်ား၊ မုန႔္မ်ား ခ်က္ျပဳတ္ရာတြင္ အသုံးျပဳၾကပါတယ္.. အခ်ိဳ႕ေသာႏိုင္ငံမ်ားတြင္ အုန္းႏို႔မွာ ဟင္းလ်ာအေတာ္မ်ားမ်ားတြင္ မပါမၿပီး အသုံးျပဳၾကတဲ့ အရာသာထူးကဲ ေကာင္းမြန္ေစေသာ ဟင္းခ်က္ဖြယ္ တစ္မ်ိဳး ျဖစ္ပါတယ္.. ျမန္မာႏိုင္ငံတြင္ေတာ့ ဟင္းခ်က္ရာတြင္ အသုံးျပဳမႈ နည္းပါးေသာ္လည္း ျမန္မာမုန႔္ ေတာ္ေတာ္မ်ားမ်ားတြင္ အုန္းႏို႔ပါဝင္တတ္ပါတယ္.. အုန္းရည္မွာ က်န္းမာေရးအတြက္ အေထာက္အကူ မ်ားစြာ ျဖစ္ေစႏိုင္ေသာ္လည္း အုန္းႏို႔ႏွင့္ျပဳလုပ္ေသာအစားအေသာက္မ်ား အလြန္အကြၽံစားသုံးပါက ေသြးတိုးေရာဂါသမားမ်ားအတြက္ အလြန္အႏၲရာယ္ႀကီးပါတယ္..

က်န္းမာေရးအတြက္ အုန္းရည္မ်ားမ်ားေသာက္ၿပီး အုန္းဆီမ်ားမ်ားလိမ္းလို႔ အုန္းႏို႔ကိုေတာ့ သင့္တင့္႐ုံသာ စားၾကပါစို႔ေနာ္…. 🙂

Kiran Patil ရဲ႕ Health Benefits of Coconut Oil, Coconut Water Health Benefits ႏွင့္ Funzug.com မွ အခ်က္အလက္မ်ားကို မွီျငမ္းကိုးကားပါသည္။ ဤပိုစ့္ပါ အခ်က္အလက္မ်ားကို အတည္ျပဳေပးၿပီး အခ်က္အလက္အသစ္မ်ား ထပ္မံရွာေဖြ ကူညီေပးေသာ ေဒါက္တာဇီဝက(ေဆး-၂) အား အထူး ေက်းဇူး တင္ရွိပါသည္။

Author – ေခ်ာ(အစိမ္းေရာင္ လြင္ျပင္)

Via – သုတဇုန္

(Unicode)

အုန်းသီးတစ်လုံးရဲ့ လျှို့ဝှက်ချက်

တကယ်လို့များ သင်ဟာ ပင်လယ်ကမ်းခြေကို ရောက်ဖူးသူဆိုရင် အုန်းသီးစိမ်းထဲက အုန်းရည်ကို သောက်ခဲ့ဖူးမယ် ထင်ပါတယ်နော်.. ပင်လယ်ကမ်းခြေ မရောက်ဖြစ်တောင် ရန်ကုန်လိုမြို့ကြီးမှာ ရွှေတိဂုံဘုရားအနီးမှာ တွန်းလှည်းနဲ့ရောင်းတဲ့ အုန်းရည်ကို သောက်လို့ ရပါတယ်.. သန်လျင် ရေလည်ကျောက်တန်းဘုရားကို သွားဖူးရင်းနဲ့လည်း ဘုရားအနီးက ဆိုင်တွေမှာ အုန်းရည်ကို သောက်သုံးလို့ ရပါသေးတယ်.. အုန်းရည်ဟာ ချိုမြမြ ရှတတအရသာ ရှိတယ်ဆိုတာ လူတိုင်းက သိကြပေမဲ့ အုန်းရည်ရဲ့ အသုံးဝင်ပုံ လျှို့ဝှက်ချက်လေးကိုတော့ သိသူနည်းမယ် ထင်ပါတယ်.. အုန်းသီးတစ်လုံးထဲက သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ အုန်းရည်အကြောင်းနဲ့အတူ အုန်းသီးရဲ့ အသုံးဝင်ပုံလေးကို ဖတ်မိထားသလောက် ပြန်လည် ဝေမျှပါဦးမယ်ရှင်။

အုန်းသီးဟာ လူတွေအတွက် ကောင်းမွန်ထူးခြားတဲ့ အစာတစ်မျိုးဖြစ်ပါတယ်.. အထူးခြားဆုံးက လူ့အသက်ကိုတောင် ကယ်တင်နိုင်စွမ်းရှိတဲ့ အသီးဖြစ်ပါတယ်.. အုန်းသီးဟာ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်စေနိုင်စွမ်းရှိခြင်း၊ ကိုလက်စရောကို လျော့ချပေးနိုင်စွမ်းရှိခြင်း၊ ရေဓာတ်ကို ထိန်းသိမ်းပေးခြင်းနဲ့ အရေးပေါ် သွေးရေကြည်သွင်းဖို့ လိုအပ်နေသူများကိုတောင်မှ အုန်းရည်ဖြင့် အစားသွင်းကုသပေးနိုင်ခြင်းစတဲ့ အုန်းသီးရဲ့ အသုံးဝင်အရေးပါပုံကို သိရှိသူမှာ လူအနည်းစုလောက်သာ ရှိပါတယ်.. ခေတ်ပေါ် ဆေးသုတေသနပြုသူများကလည်း အုန်းသီးဟာ ကျန်းမာရေးအတွက် အလွန်အကျိုးပြုစေနိုင်သော အသီးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်..

အုန်းရည်

အုန်းသီးထဲမှ အုန်းရည်ဟာ လူ့အသက်ကို ကယ်တင်ပေးနိုင်စွမ်း ရှိပုံနဲ့ပတ်သက်ပြီး အကောင်းဆုံး သက်သေတစ်ခုကို ပြောပြရမယ်ဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းက ပစိဖိတ်ဒေသစစ်ပွဲတွေမှာ စစ်သားတွေ အများအပြား ဒဏ်ရာရကြတဲ့အခါ အရေးပေါ် သွေးသွင်းဖို့ လိုအပ်နေပေမဲ့ စစ်မြေပြင်ဖြစ်တာကြောင့် သွေးရည်ကြည်ပုလင်းတွေကို အချိန်မှီ ရရှိဖို့ အခက်အခဲ ဖြစ်နေချိန်မှာ ဆရာဝန်တွေဟာ အုန်းသီး နုနုထဲက သန့်စင်တဲ့ အုန်းရည်ကို သွေးရည်ကြည်အစား ထိုးသွင်းကုသပြီး အသက်ကယ်ခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်.. အုန်းရည်ဟာ လူခန္ဓာကိုယ်ရှိ သွေးရည်ကြည်နဲ့ ထပ်တူနီးပါး တူညီပြီး သွေးအမျိုးအစား အားလုံးနဲ့ သင့်တော်တယ်လို့ သိရပါတယ်.. အုန်းရည်ဟာ ဓါတ်တိုးပစ္စည်းပါဝင်မှု များပြားပြီး လူတွေကို အထူးအကျိုးပြုကြောင်း လေ့လာတွေ့ရှိရပါတယ်..

ကိုလက်စရောကို ကျဆင်းစေခြင်း

အစာခြေနိုင်စွမ်း မြင့်မားစေခြင်း

အရေပြားတွန့်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း

ဗိုင်းရပ်စ်ပိုးများကို ကာကွယ်တိုက်ဖျက်ခြင်း

ဆဲလ်အသစ်များကို တိုးပွားစေခြင်း

ဟိုမုန်းကို ထိန်းချုပ်ပေးခြင်း

ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်ခြင်း

အဟာရဓာတ်နှင့် အောက်ဆီဂျင်ကို ဆဲလ်များအတွင်း ပို့ဆောင်ပေးနိုင်ခြင်း

ဇီဝရုပ်ဖြစ်ပျက်ခြင်းကို တိုးတက်စေခြင်း

ရောဂါများကို ခုခံကာကွယ်ပေးခြင်း

မှတ်ဉာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးခြင်း

ဘက်တီးရီးယားများကို သေစေနိုင်ခြင်း စတဲ့ အကျိုးဆက်များစွာကို ပေးနိုင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် အဖိုးတန်တဲ့ အုန်းသီးဖြစ်ပါတယ်.. အုန်းသီးအနုတွင် သန့်စင်ကောင်းမွန်သော မပြည့်ဝဆီများ ပါဝင်တဲ့အတွက် အုန်းသီးအရင့်ထက်စာရင် အဆီပါဝင်မှုနှုန်း နည်းပါးပါတယ်.. ထို့ကြောင့်လည်း ကျန်းမာရေးအတွက် စဉ်းစားပြီး အုန်းသီးတစ်လုံးကို ဝယ်ယူမယ်ဆိုရင် အုန်းသီးအနုကို ရှာဖွေ ဝယ်ယူသင့်တယ်လို့ သိရပါတယ်.. အုန်းသီး အနုအရင့် ရွေးချယ်ပုံမှာ အုန်းသီးအနုသည် ခပ်စိမ်းစိမ်းအရောင်ရှိပြီး အုန်းသီးအရင့်မှာ အစိမ်းရောင် နည်းပါးပြီး အညိုခပ်ဖျော့ဖျော့အရောင် ရှိတတ်ပါတယ်..

အုန်းဆီ

အုန်းသီးကနေ ရရှိတဲ့ အုန်းဆီဟာလည်း အလွန်အကျိုးများတဲ့ ဆေးကုသမှုဆိုင်ရာ ပစ္စည်းအဖြစ် သုံးစွဲနိုင်ပါသေးတယ်.. အုန်းဆီဟာ အားလုံးသိကြတဲ့အတိုင်း ဆံပင်သန်စွမ်းနက်မှောင်ဖို့ အလွန်ကောင်းမွန်တဲ့ သဘာ၀ အားဖြည့်ဆေး ဖြစ်ပါတယ်.. အုန်းဆီဖြင့် ဦးခေါင်းကို မှန်မှန် နှိပ်နယ်ပေးပါက ဦးရေပြားတွင်ဖြစ်တတ်သော ဘောက်နှင့် ဦးရေပြားခြောက်သွေ့ခြင်းတို့ကို ကာကွယ်နိုင်ပါတယ်။ ပျက်စီးနေသော ဆံပင်များကို ပြုပြင် ထိန်းသိမ်းဖို့ အတွက်လည်း အုန်းဆီမှာ အလွန်ကောင်းမွန် အဆင်ပြေပါသည်။ ထို့ကြောင့်လည်း အုန်းဆီကို ဆံပင်ပြုပြင်ရေး ပစ္စည်း၊ ဗောက်များ ကာကွယ်သောပစ္စည်းအဖြစ် နည်းမျိုးစုံဖြင့် ထုတ်လုပ်ကြပါတယ်.. နောက်ထပ် အသုံးဝင်သောအချက်မှာ အုန်းဆီသည် သွားပိုးစားခြင်း၊ သွားရောဂါများဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်.. အုန်းဆီအနည်းငယ်ကို သွားဖုံးနှင့် သွားတို့တွင် အမြဲတမ်း ပွတ်တိုက်ပေးပါက သွားများကို ပိုမိုခိုင်မာစေနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်.…

အုန်းဆီရဲ့ အခြားအသုံးဝင်ပုံမှာ ခြောက်သွေ့သော အရေပြားများအတွက် အကောင်းဆုံး moisturizer ဖြစ်ပါတယ်.. အုန်းဆီကို အရေပြားပေါ်လိမ်းပြီး နှိပ်နယ်ပေးပါက အသားပတ်ခြင်း၊ ခြောက်သွေ့ခြင်း၊ အက်ကွဲခြင်းများ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်.. အရေပြားတွန့်ခြင်းကိုလည်း နှောင့်နှေးစေတယ်လို့ သိရပါတယ်. အုန်းဆီပါဝင်တဲ့ အရေပြားစောင့်ရှောက် ပစ္စည်းများဖြစ်တဲ့ ဆပ်ပြာ၊ အသားလှလိမ်းဆေး၊ လူးဆေးခရမ်စသဖြင့် အများအပြားကို ထုတ်လုပ်ကြပါတယ်.. ထိခိုက်ရှနာများအတွက်လည်း အုန်းဆီဟာ ဆေးဝါးတစ်လက်အဖြစ် အထောက်အကူပြုနိုင်ပါသေးတယ်.. ဒဏ်ရာပေါ်မှာ အုန်းဆီကို လိမ်းပေးခြင်းအားဖြင့် ပြင်ပမှ ဖုန်များ၊ ဘက်တီးရီးယားများနဲ့ ဗိုင်းရပ်စ်များ မဝင်ရောက်နိုင်အောင် အလွှာပါးလေးအဖြစ် ဖုံးအုပ်ထားစေပါတယ်.. အုန်းဆီဟာ ဒဏ်ရာပေါ်မှ ပျက်စီးသွားသော တစ်ရှူးများကို အမြန်ဆုံး ပြန်လည် ကောင်းမွန်စေနိုင်စွမ်းရှိကြောင်း သိရပါတယ်.. အုန်းဆီဟာ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ အရေပြားပေါ် ဖြစ်တတ်သောမှိုများ၊ စသည်တို့ကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်..

အုန်းသီးထွက်ပစ္စည်းများ

အုန်းသီးကနေ ထုတ်လုပ်တဲ့ အုန်းနို့၊ အုန်းမှုန့်၊ အုန်းသီးဖတ် စသည်တို့သည်လည်း အစားအသောက်များ၊ ဟင်းလျာများ၊ မုန့်များ ချက်ပြုတ်ရာတွင် အသုံးပြုကြပါတယ်.. အချို့သောနိုင်ငံများတွင် အုန်းနို့မှာ ဟင်းလျာအတော်များများတွင် မပါမပြီး အသုံးပြုကြတဲ့ အရာသာထူးကဲ ကောင်းမွန်စေသော ဟင်းချက်ဖွယ် တစ်မျိုး ဖြစ်ပါတယ်.. မြန်မာနိုင်ငံတွင်တော့ ဟင်းချက်ရာတွင် အသုံးပြုမှု နည်းပါးသော်လည်း မြန်မာမုန့် တော်တော်များများတွင် အုန်းနို့ပါဝင်တတ်ပါတယ်.. အုန်းရည်မှာ ကျန်းမာရေးအတွက် အထောက်အကူ များစွာ ဖြစ်စေနိုင်သော်လည်း အုန်းနို့နှင့်ပြုလုပ်သောအစားအသောက်များ အလွန်အကျွံစားသုံးပါက သွေးတိုးရောဂါသမားများအတွက် အလွန်အန္တရာယ်ကြီးပါတယ်..

ကျန်းမာရေးအတွက် အုန်းရည်များများသောက်ပြီး အုန်းဆီများများလိမ်းလို့ အုန်းနို့ကိုတော့ သင့်တင့်ရုံသာ စားကြပါစို့နော်…. 🙂

Kiran Patil ရဲ့ Health Benefits of Coconut Oil, Coconut Water Health Benefits နှင့် Funzug.com မှ အချက်အလက်များကို မှီငြမ်းကိုးကားပါသည်။ ဤပိုစ့်ပါ အချက်အလက်များကို အတည်ပြုပေးပြီး အချက်အလက်အသစ်များ ထပ်မံရှာဖွေ ကူညီပေးသော ဒေါက်တာဇီဝက(ဆေး-၂) အား အထူး ကျေးဇူး တင်ရှိပါသည်။

Author – ချော(အစိမ်းရောင် လွင်ပြင်)

Via – သုတဇုန်

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top