Month: September 2021

ဗဟုတုသ

လမ်းပေါ်မှာ ဆိုင်ကယ်ဦးထုပ် ချထားခြင်းရဲ့ အဓိပ္ပါယ်ကို သင်သိပါသလား

လမ်းပေါ်မှာ ဆိုင်ကယ်ဦးထုပ် ချထားခြင်းရဲ့ အဓိပ္ပါယ်ကို သင်သိပါသလား…? ဒီရဲ့သင်္ကေတဟာ နိုင်ငံတကာမှာ ဆိုင်ကယ်မောင်းနင်သူတွေ လက်တွေ့လိုက်နာ ကျင့်သုံးနေတဲ့ Biker Code ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ I need your help အကူအညီလိုအပ်နေပါတယ်လို့ ရည်ညွှန်းပါတယ်။ ဘီးပေါက်တဲ့အခါမျိုး၊ စက်ချို့ယွင်းတဲ့အချိန်၊ ဆီကုန်တဲ့အချိန်၊ Accident ဖြစ်တဲ့အချိန် အစရှိတဲ့ အခါမျိုးတွေမှာ အကူအညီတောင်းခံလို့ရပါတယ်။ တစ်လှေတည်းစီးနေတဲ့ ဆိုင်ကယ်ခရီးသွား မိတ်ဆွေအချင်းအချင်း လမ်းမပေါ်မှာ ဆိုင်ကယ်ဦးထုပ် (Helmet) လေးမြင်ပါက ရပ်ပြီးတော့ အကူအညီပေးကြပါခင်ဗျာ။ တစ်နေ့မဟုတ်တစ်နေ့ ကိုယ်လည်း အကူအညီ လိုအပ်တဲ့သူဖြစ်လာနိုင်ပါတယ်။ Credit-Ko Ngal လမ်းပေါ်မှာ ဆိုင်ကယ်ဦးထုပ် ချထားခြင်းရဲ့ အဓိပ္ပါယ်ကို သင်သိပါသလား…? ဒီရဲ့သင်္ကေတဟာ နိုင်ငံတကာမှာ ဆိုင်ကယ်မောင်းနင်သူတွေ လက်တွေ့လိုက်နာ ကျင့်သုံးနေတဲ့ Biker Code […]

ဗဟုတုသ

ရှေးလူကြီးတွေ ပြောခဲ့တဲ့ အတိတ်တဘောင်တွေ အခုခေတ်မှာ ကွက်တိမှန်နေပြီ

ရှေးလူကြီးတွေ ပြောခဲ့တဲ့ အတိတ်တဘောင်တွေ မှန်ပုံကတော့ ဒီနေ့ခေတ်ကို ဘေးကနေ ထိုင်ကြည့်ပြီး ပြောနေသလား မှတ်ရတယ်ဗျာ။ကွက်တိကို မှန်နေတော့တာပဲ။ အဲဒါကြောင့် “အတိတ်တဘောင်ဆိုတာ နိမိတ်ဆောင်တယ်” ဆိုတဲ့ စကားပုံ ပေါ်လာတာ ဖြစ်ရမယ်ဗျ။ရှေးလူကြီးတွေရဲ့ အမြင်စူးရှပုံကတော့ ချီးကျူးဖို့ ကောင်းပါတယ်။ ရှေးလူကြီးတွေ ပြောခဲ့တဲ့ အတိတ်တဘောင်တွေကို အောက်ပါအတိုင်း ဖော်ပြ လိုက်ရပါတယ်ခင်ဗျာ။ တရားကို တေးဆို၊ အဖေကိုသားကဆဲ ဆွေမျိုးထဲက ဓါးပြတိုက်၊ မိုက်လျှင်သောတာပန် မကောင်းကြံလျှင် သမာဓိ၊ ရွှေရှိမှ လူလိမ္မာ လိမ်နိုင်မှ သစ္စာရှင်၊ ပညာရှင်ကို ပယ်၍ထား အချစ်ဆုံးက သစ္စာပျက်၊ ရိုးသားသူကို အရူးဆို အပျိုငယ်က လင်နေစော၊ အင်္ကျီပါးနဲ့ ဥပုသ်သည် ဇရပ်အလယ် ကို့ယို့ကားယား၊ အမျိုးသမီးကောင်းက ပိုက်ဆံရှာ အပျိုမဖြစ်ခင်က ရည်းစားထား၊ ဆင်းရဲသားက […]

ဗဟုတုသ

ခရုဟင်းချက်စားရာမှ ခရုထဲက ဒေါ်လာ ၁ဘီလီယံတန် ပုလဲလုံးကြောင့် နေ့ချင်းညချင်း ချမ်းသာခဲ့တဲ့ မိသားစု

ခရုဟင်းချက်စားရာမှ ခရုထဲက ဒေါ်လာ ၁ဘီလီယံတန် ပုလဲလုံးကြောင့် နေ့ချင်းညချင်း ချမ်းသာခဲ့တဲ့ မိသားစု မြန်မာတို့တွင် လှံထမ်းလာတာကိုသာ မြင်ရပြီး ကံထမ်းလာတာကို မမြင်နိုင်ဘူးဆိုတဲ့ စကားပုံတစ်ခုရှိတာ လူတိုင်းကြားဖူးပေလိမ့်မည်။ လူတစ်ဦးတစ်ယောက်၏ အောင်မြင်လာနိုင်သည့် ကံတရားကို မည်သူမျှ အထင်သေး၍ မရနိုင်ပေ။ယခုတွင်လည်း ထိုင်းနိုင်ငံမှ အသက်၄၄နှစ်အရွယ်ရှိ Mr.Monthian Jansukဆိုသည့် အမျိုးသားတို့မိသားစုဟာ မမြင်နိုင်သည့် ကံတစ်ခုကြောင့်ပင် ဘီလီနာသူဋ္ဌေးကြီး ဖြစ်သွားခဲ့ပါတယ်။ သူတို့မိသားစုဟာ ဈေးထဲမှ ခရုနှင့် ဂုံးကောင်များကို ဘတ်၅၀ဖိုးဝယ်ယူပြီး နေအိမ်တွင် ချက်စားခဲ့တာ ဖြစ်ပါတယ်။ မိသားစုတစ်ခုလုံး အတူတူ ထမင်းစားနေသည့်အချိန်တွင် သားဖြစ်သူဟာ ခဲတစ်ခုကို ဝါးမီခဲ့သောကြောင့် ထွေးထုတ်ကြည့်ခဲ့ရာမှတော့ ထင်မှတ်မထားတဲ့အရာကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ခရုထဲတွင်ပါလာခဲ့တာဟာ အမေရိကန်ဒေါ်လာ ၁ဘီလီယံအထိ တန်ကြေးရှိနေခဲ့သော ပုလဲလုံး ဖြစ်နေခဲ့ပါတယ်။ Credit-texasnutria […]

ဗဟုတုသ

ကံပိတ် လာဘ်ပိတ်နေသူများအတွက် ကံပွင့်လာဘ်ခေါ်နည်း (၉) ချက်

ကံပိတ်ရခြင်းအကြောင်းကတော့ အလွန်နက်နဲပါတယ်။ လက်ရှိကိုယ့်ရဲ့အပြုအမူ အနေအထိုင် နေအိမ်အခန်းထားသိုမူ့အမှားအယွင်း အသုံးအဆောင်ပစ္စည်းအမှားအယွင်းအခိုက် ဘုန်းကံနိပ်စေမူ့အပြုအမူတွေအပြင် အတိတ်အကုသိုလ်ကံရဲ့အတားအဆီး အစရှိသဖြင့် ဘက်ပေါင်းစုံကနေရှိနေနိူင်ပါတယ်။ အခု ပြောမယ့်နည်းကတော့ အဲဒီအတားအဆီးတွေ ကျော်လွှားပြီး မိမိစိတ် ရှည်ရှည်နဲ့လုပ်နေသမျှကံပိတ်တာတွေတဖြည်းဖြည်းအားနည်းစေပြီးကောင်းကံတွေအကျိုးပေးလာစေမှာပါ။ အခုလုပ်ရမယ့် အရာတွေကို ပြောပြပါမယ်။ (၁) မိမိပြုခဲ့ဖူးသမျှသော ကုသိုလ်တွေထဲက မှတ်မှတ်ရရဖြစ်ခဲ့ရပြီး ပီတိဖြစ်ခဲ့ရတဲ့ ကုသိုလ်11မျိုးကိုစာရွက်နဲ့ချရေးပြီးပလပ်စတစ်လောင်းထားပါ / နံနက်တိုင်းအိပ်ယာထထချင်း အဲဒီစာရွက်ကိုအစအဆုံးဖတ်ပြီး ကျေနပ်ပီတိဖြစ်ပါစေ အဲဒီစာရွက်ကိုဖတ်ပြီးမှသာ မျက်နှာသစ်သွားတိုက်ပါ။ တကယ်လို့ကိုယ့်မှာမှတ်မှတ် ရရ ကုသိုလ်က ၁၁မျိူး မရှိသေးလည်း ရှိသလောက် ချရေးပါ ပြည့်အောင်ထပ်လှူပါ ထပ်ဖြည့်ရေးပါ။ (၂) နံနက်တိုင်း ဆဲဆိုတိုင်းထွာခြင်းရှောင်ပါ၊ အကောင်းဆုံးက မေတ္တာသုတ်တရား ဖွင့်ပေးပါ။ (၃) အိမ်ရှေ့လမ်းမပေါ်ဆန်ကြဲပါ။ (၄) မျက်နှစ်သစ်နေစဉ် စိတ်ထဲကနေ သတ္တဝါအားလုံးကျန်းမာချမ်းသာကြပါစေ လို့ဆုတောင်းပါ။ ဘုရားသောက်တော်ရေကပ်လှူပေးပါ ကပ်လှူနေစဉ် […]

ဗဟုတုသ

မြန်မာနိုင်ငံအတွင်းမှာပဲ ရှိပြီး လူသူ အရောက်ပေါက် နည်းတဲ့ ဦးနှောက်ဂူ

မြန်မာနိုင်ငံအတွင်းမှာပဲ ရှိပြီး လူသူ အရောက်ပေါက် နည်းတဲ့ ဦးနှောက်ဂူ မြန်မာနိုင်ငံမှာ လူအများ မသိ၊ မရောက်ဖူးကြတဲ့ နေရာ တစ်ခုကို ပြောပြပြပါရစေ။ မေမြို့ ပိတ်ချင်းမြှောင် လှိုင်ဂူကိုသာ များသောအားဖြင့် ရောက်ဖူးကြပါလိပ်မယ်။ ခုပြောပြမဲ့ နေရာလေးက ပိတ်ချေးမြောင်နဲ့ သိပ် မဝေးလှတဲ့ နေရာလေးပါ။ စာနှိုက်ဂူ ဟု ခေါ်ဝေါ် ကြသော်လည်း အချို့မှာ ဦးနှောက်များနှင့် တူသောကြောင့် ဦးနှောက်ဂူဟု ခေါ်ကြပါတယ်။ စာနှိုက်ဂူ (ခေါ်) ဦးနှောက်ဂူကို သွားမယ် ဆိုလျှင် မေမြို့ ပြင်ဦးလွင်က ဝက်ဝံရွာရဲ့ အရှေ့ဘက်မှာ တည်ရှိပါတယ်။ ပိတ်ချင်းမြှောင် လှိုင်ဂူနဲ့ မနီးမဝေးမှာပဲ ရှိပါတယ်။ အချို့မှာ လမ်းပြများနှင့် သွားကြပါတယ်။ ပိတ်ချင်းမြှောင် လှိုင်ဂူကိုသာ ရောက်ခဲ့ပြီး ဦးနှောက်ဂူကို မရောက်ခဲ့ကြတဲ့ […]

ဗဟုတုသ

ကင်မြီးကောက်လို လူမျိူးတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများကြီးရှိနေနိုင်ပါတယ်..သတိထားဆင်ခြင်နိုင်ကြပါစေ..

တစ်ခါတုန်းက ကင်းမြီးကောက်တကောင်ဟာ သူနေတဲ့ကျွန်းကလေးတခုကနေ မြစ်တဖက်ကမ်းမှာရှိတဲ့နောက်ကျွန်းတခုကိုသွားချင်တယ်။ ဒါပေမဲ့ ကင်မီးကောက်ဟာရေမကူးတတ်လို့ မြစ်ကိုဖြတ်ဖို့ရာအခက်အခဲဖြစ်နေတယ်။မြစ်ကမ်းဘေးမှာလျှေက်သွားရင်း ဒီမြစ်ကိုဘယ်လိုကူးရပါ့လို့အကြံထုတ်နေတုန်း ရုတ်တရက် မြစ်ရေစပ်မှာစိမ်နေတဲ့ဖားတစ်ကောင်ကိုတွေ့လိုက်လို့သွားစကားပြောတယ်။ ”ကိုရွှေဖါးရေ ကျနော့်ကို ခင်ဗျားရဲ့ကျောပေါ်တင်ပြီးဟိုဖက်ကမ်းကိုပို့ပေးပါလား။ ကျေးဇူးမမေ့ပါဘူးဗျာ”” ဟာဘယ်ဖြစ်မလဲ မင်းကိုကျောပိုးသွားရင်းနဲ့ ငါ့ကိုမင်းရဲ့အဆိပ်ရှိတဲ့အစွယ်နဲ့ထိုးလိုက်ရင်ငါရေနစ်သေသွားမှာပေါ့ “ကင်းမြီးကောက် ၊ “ကိုရွှေဖါးရယ် ခင်ဗျားကိုကျနော်အစွယ်နဲ့ထိုးပါ့မလားဗျာ။ ကျနော့်ကို ဟိုဖက်ကမ်းပို့ပေးတဲ့ကျေးဇူးရှင်ကိုလုပ်ရက်ပါ့မလားဗျာ..။ နောက်ပြီး ခင်ဗျားကိုအစွယ်နဲ့ထိုးလိုက်လို့ ခင်ဗျားရေနစ်ရင် ကျနော်လည်းရေနစ်သေမှာပဲလေ။ ကျနော်ရေမကူးတတ်ဖူးဆိုတာ ခင်ဗျားသိပါတယ်ဗျာ” ဖားလည်းစဉ်းစားတယ်။ကင်းမြီးကောက်ပြောတာလဲဟုတ်သားပဲ။ သူ့ကိုယ်သူရေနစ်အသေခံပြီး ငါ့ကိုအစွယ်နဲ့ထိုးစရာအကြောင်းမရှိဘူးလေ။ အဲဒီတော့ ဖားလည်း ဟိုဖက်ကမ်းကိုပို့ပေးမယ်လို့သဘောတူလိုက်တယ်။ ဒါနဲ့ ဖားဟာ ကင်းမြီးကောက်ကို ကျောပေါ်တင်လို့ရေစီးသန်တဲ့မြစ်မှာ သူ့ကိုယ်ကိုရေအပေါ် ပေါ်အောင်ကြိုးစားပြီး မြစ်ကိုဖြတ်ကူးပါတော့တယ်။ မြစ်လယ်ရောက်တော့ ဖားဟာ သူ့ကျောမှာစူးခနဲ တချက်ခံစားလိုက်ရတယ်။ နောက်ကိုအသာလှည့်ကြည့်လိုက်တော့ ကင်းမြီးကောက်ဟာ အစွယ်ကို သူ့ရဲ့နောက်ကျောကနေဆွဲနူတ်လိုက်တာတွေ့ရတယ်။ ဖားလည်း နာကျင်ဝေဒနာခံစားရင်းပြောလိုက်တယ်။ ”ဟာ.. မင်း.ဘယ်လိုလုပ်လိုက်တာလဲ။ မင်းပဲ […]

ဗဟုတုသ

သဘာ၀လွန်ထူးခြားမှုတွေနဲ့ ပုဂံက စိမ်းညက်ညီအစ်မဘုရား

ထူးခြားမှုတွေနဲ့ ပုဂံက စိမ်းညက်ညီအစ်မဘုရား ပုဂံမှာ ၁၁ရာစုလောက် ကတည်ထားခဲ့ပြီး လှပသေသပ်တဲ့ ဗိသုကာလက်ရာရှိပြီး ထည်ဝါတဲ့ ဂူဘုရားနဲ့စေတီ ဖြစ်ပေမဲ့ ဘာကြောင့်များ တိကျခိုင်မာတဲ့ သမိုင်းကျောက်စာ မရှိခဲ့တာလဲဆိုတာ ခူချိန်ထိ ဘယ်သူမှ အဖြေရှာလို့မရသေးဘူး။ ပါးစပ်ရာဇဝင်တွေတောင် သိပ်များများစားစားမရှိတဲ့ ဘုရားနှစ်ဆူ ပါးစပ်ရာဇဝင်အရ (၁)စိမ်းညက်ဘုရင် တည်ထားခဲ့တဲ့ ဘုရားနစ်ဆူမလို့ စိမ်းညက်ညီမဘုရားလို့ ခေါ်တွင်တယ်။ (၂) စိမ်းညက်မင်းသမီးနှစ်ပါးက မင်းသမီးအကြီးဟာ ၁၁ရာစုမှာ ဂူဘုရားတည်ထားပြီး ၁၂ရာစုမှာ မင်းသမီးအငယ်က စေတီဘုရားကို ဂူဘုရားနောက်မှာ တည်ထားခဲ့တယ် ။ (ဒါပေမဲ့ ဗိသုကာလက်ရာတွေက ၁၃ရာစုယဉ်ကျေးမှု လက်ရာတွေ) ဒါတွေကို ဘုရားကပြန်ရောက်ပီး Googleမှာရှာကြည့်ခါမှ သိခဲ့ရတာပါ။ ဗိသုကာလက်ရာတွေကတော့ မိန်းမတွေတည်တဲ့ ဘုရားမှန်း သိပ်သိသာပါတယ်။ ၂၁ရာစုမှာ လူသိများပြီး ဧည့်တွေ သိပ်စိတ်ဝင်စားပြီးဧည့်လမ်းညွှန်တွေကိုယ်တိုင် recommendပေး […]

ဗဟုတုသ

ဝမ်းတွင်းစုန်းနဲ့ သဘာဝစုန်း ဘာကွာလဲ

ဝမ်းတွင်းစုန်းနဲ့ သဘာဝစုန်း စုန်းနက် ဘာကွာလဲ အရင်ဆုံး ဝမ်းတွင်းစုန်းကို ရှင်းလင်းကြရအောင်ဗျာ..။ မွေးရာပါ ပညာပါလာသူတို့မှာ သူတို့ကိုယ်တိုင်ပင် ပညာတတ်မှန်း မသိကြပေ။ အကြောင်းတိုက်ဆိုင်မှသာ ပေါက်ပေါက်လာလေ့ရှိကြသည်။ ထိုပညာရှင်များ အရွယ်ရောက်လာသောအခါ ဒေဝဇော်ဂနီ ၊ ယက္ခဇော်ဂနီ ၊ နာဂဇော်ဂနီ ၊ ယက္ခကာကနီ ၊ နာဂကာကနီ ဟူ၍ ပညာရှင်များ ဘဝရောက်ကြရလေသည်။ ထိုကဲ့သို့ ဖြစ်လာသောသူတို့သည် သူတို့ကို စောင့်ရှောက်သော ဂန္ဓဗ္ဗနတ်တို့၏ တန်ခိုးအာနုဘော်တို့ကြောင့် မိမိတို့ စိတ်အကြံဖြစ်ပေါ်သည်နှင့် ဖြစ်ပေါ်လာသည့်အတိုင်း ဖြစ်လာရသည်။ ဥပမာ စိတ်ထဲမှ ” ထင်းချောင်းကို မြွေဖြစ်ပါစေ ” ဟု အာရုံပြုလိုက်လျှင် ထင်းချောင်းကြီးသည် ချက်ချင်းမြွေဖြစ်သွားလေသည်။ မျက်ရိပ် မျက်စောင်းဖြင့် သော်လည်းကောင်း….။ နှုတ်စောင်းဖြင့်သော်လည်းကောင်း…။ ပါးစပ်မှ မြွတ်ဟရုံ ဖြင့်သော်လည်းကောင်း..။ […]

ဗဟုတုသ

ရွာတရွာ ဖြစ်ပေါ်ဖို့ စုန်း (7) ယောက်ရှိဖို့ လိုတယ်ဆိုတဲ့ အကြောင်း

ရွာတရွာ ဖြစ်ပေါ်ဖို့ စုန်း ( ၇ ) ယောက် ရှိဖို့လိုတယ်လို့ တလွဲအတွေးတွေနဲ့ ကြားဖူးနားဝ ရှိခဲ့တာကို ဗဟုသုတအနေနဲ့ တင်ပါရစေ… ယောဒေသမှာ ရွာသစ်တစ်ရွာတည်ဖို့ စုန်း( ၇ )ယောက်လိုတယ် တဲ့လား။ ငယ်စဉ်က ကြားဖူးနားဝ စကားလေးပါ။ စုန်းအကြောင်းတွေက အိပ်ယာဝင်ပုံပြင်တွေလို အထူးထူး အခြားခြား အများများအပြားပြား။ တကယ်တွေ့ဖူးသည်ဆိုသည့် ပုဂ္ဂိုလ်ထံ မေးမြန်းပြန်တော့လည်း စေ့စေ့ငင ဖြေနိုင်သူဟူ၍ မတွေ့ရသေးပါ။ မိမိလက်လှမ်းမီသလောက် ရှာဖွေကြည်တော့ ရွာတစ်ရွာတည်ဖို့ လိုအပ်တဲ့ စုန်း (၇) ယောက်က… စုန်း=> စုန္နော=>ဖြောင့်မှန်သောသူ ( စုန္နောတိ ဥဇုကတော-ဖြောင့်မတ်မှန်ကန်သည့် ပညာရှင်ခုနှစ်ဦး ) ဋီကာကျမ်း ထို ခုနှစ်ဦးမှာ (၁) မြေပညာရှင် ရွာသစ်တည်မည့် နေရာသည် မြေအနေအထားသင့်မသင့် […]

ဗဟုတုသ

အိမ်မှာ အပင်လေးတွေစိုက်ထားရင် ပိုးသတ်ဆေးအစား ဆန်ဆေးရည်သုံးမယ်

အိမ်မှာ အပင်လေးတွေစိုက်ထားရင် ပိုးသတ်ဆေးအစား ဆန်ဆေးရည်သုံးမယ် စရိတ်နည်းဖို့ ဒီလိုအစပြုပါ။ ပိုးသတ် ဆေးကင်း ရောဂါကင်းပေါ့။ သင့် အိမ်က ဆန်ဆေးရည်တွေကို အကျိုးရှိမယ့် နေရာတစ်ခုခုမှာ မသုံးစွဲပဲ သွန်ပစ်နေခြင်းမျိုး လုံးဝမလုပ်ပါနှင့်။ အထူးသဖြင့် သင်ဟာစိုက်ပျိုးရေးနဲ့ ပါတ်သက်ဆက်နွယ်နေသူတစ်ဦး ဖြစ်နေတယ်ဆိုရင် ပိုလို့တောင် ဆင်ခြင်သင့်ပါတယ်။ ဆန်ဆေးရည်မှာ ဘာတွေပါသလဲဆိုရင် သက်ရှိများကို အကျိုးပြုနိုင်သေ ာဓါတ်အဟာရတွေ မြောက်များစွ ာပါဝင်နေပါတယ်လို့သာ အလွယ်မှတ်လိုက်ကြပါစို့။ အိုမင်းရင့်ရော်ခြင်းကို ဟန့်တား စေနိုင်ခြင်း၊ မဖြစ်မနေကျိုးရမဲ့ “သွား” တွေကို ခိုင်ခန့်စေနိုင်ခြင်းနှင့် ဖြူသွားတဲ့ “ဆံပင်”တွေတဖန်ပြန်ပြီး မဲနက်လာစေနိူင်ခြင်းဆိုတဲ့အထိ အစွမ်း အာနိသင်မျိုးတွေ ဆန်ဆေးရည်မှာ ရှိနေပါတယ်။ စိုက်ပျိုးရေးနဲ့ ပါတ်သက်သည်များကို အဓိက ထားတင်ရမယ်ဆိုရင်လဲ များပြားလှစွာသောအကျိုးများကိုဖြစ်ထွန်းစေပါတယ်။အထွေအထူး စီမံနေစရာ မလိုပါဘူး။ ဆန်ဆေးရည်ကို အချဉ်ဖေါက်ပြီး သုံးစွဲယုံသာဖြစ်ပါတယ်။ […]

Back To Top