(Zawgyi) ဆွမ်းကပ်ရာမှာ လူတိုင်း သိထားသင့်တဲ့ သိမှတ်စရာများ မြို့ရွာထဲကို ဆွမ်းဘုဉ်းပေးကြွတဲ့အခါတိုင်း “သံဃာတွေကို ကပ်ထားတဲ့စားပွဲကို သွားမကိုင်နဲ့-မထိနဲ့” လို့ ဒကာ-ဒကာမတွေက တခြားသူတွေကို တားမြစ်တဲ့စကားကို အမြဲလိုလို ကြားရပါတယ်။ သံဃာတော်တွေကို ဆက်ကပ်ထားတဲ့စားပွဲကို ထိမိရင် အကပ်ခံပျက်သွားတယ်လို့ ထင်လို့ ပြောနေတဲ့စကားပါ။ သံဃာတော်တွေကို ဆွမ်းကပ်တဲ့အခါမှာ ဆွမ်း၊ ဆွမ်းဟင်းပုဂံ၊ စားပွဲနဲ့ အခြားအကပ်ခံထားတဲ့ ပစ္စည်းတွေကို ဒကာ၊ ဒကာမတွေက မထိရဘူး၊ သွားထိလို့ရှိရင် ကပ်ထားတာပျက်လို့ သံဃာတော်တွေက မဘုဉ်းပေး မသုံးဆောင်ကောင်းဘူးလို့ အထင်ရှိနေကြပါတယ်။ တချို့ဆိုရင် ဆွမ်းဟင်းလိုက်ရင်တောင် အကပ်ခံပျက်သွားတယ်ထင်ပြီး ထပ်ခါထပ်ခါ ကပ်တာတောင် ကြုံဖူးပါတယ်။တကယ်တော့ ဒကာ၊ ဒကာမတွေက သံဃာတော်တွေကို ဆက်ကပ်ထားတဲ့ ပစ္စည်းဝတ္ထုအစုစုဟာ တစ်ယောက်ယောက်က ထိရုံ၊ ကိုင်တွယ်ရုံနဲ့ ကပ်ထားတဲ့အာနိသင် ပျက်မသွားပါဘူး။ သံဃာတော်တွေကို […]
Month: November 2018
ပင့်ကူရှပ်ခြင်းနဲ့ ကင်းမြီးကောက်ထိုးခြင်း အန္တရာယ်အကြောင်း ဗဟုသုတ သိခြင်သူများအတွက်
(Zawgyi) ကလေးတွေဟာ သဘာဝအလျောက် အငြိမ်မနေကြဘဲ ကစားရင်း နေရာအနှံ့ရောက်တတ်ကြတဲ့အတွက် ပင့်ကူရှပ်တာ၊ ကင်းမြီးကောက်၊ ကင်းပုစွန် (ကင်းမလက်မည်း) ထိုးတာ ခံကြရတတ်ပါတယ်။ မှောင်မည်းနေတဲ့နေရာဆိုရင် ဘာ ကောင်ကိုက်လိုက်မှန်း မသိရတော့ မိဘတွေအနေနဲ့ စိတ်ပူစရာ အခြေအနေ (Unknown Bite)အဖြစ်နဲ့ ဆေးရုံ၊ ဆေးခန်း ပြကြရပါတယ်။ အဲဒါကြောင့်မို့ မကြာခဏ တွေ့ရတတ်တဲ့ ကလေးကျန်းမာရေးပြဿနာအဖြစ် တင်ပြလိုက်ရပါတယ်။ ပင့်ကူရှပ်ခြင်း (Spider Bite) ကမ္ဘာပေါ်မှာ ပင့်ကူအမျိုးပေါင်း ၃၅၀ဝ၀ ခန့်ရှိတဲ့အနက် တချို့ ၁ မီလီမီတာလောက်သာရှိပြီး တချို့ဆိုရင် 10 cm (လေးလက်မ ကျော်ကျော်)အထိ ကြီးမားတာ တွေ့ရတယ်။ ပင့်ကူမျိုးစိတ်တိုင်းနီးပါးဟာ အဆိပ်ရှိကြသလို ကိုက်လည်း ကိုက်တတ်ကြပေမဲ့ အများစုကတော့ အဆိပ်မပြင်းထန်ကြပါဘူး။ ပင့်ကူကိုက်ရင် အဆိပ်ပြင်းထန်မှုရှိ၊ မရှိ […]
တန်ဆေး လွန်ဘေးပေါ့နော်
တန်ဆေး လွန်ဘေးပေါ့နော် ?? မျှစ်အကြောင်းကို မသိပဲ ကြိုက်လို့သာ စားနေတာ.. အခုကစပြီး အရင်ထက်ပိုစားတော့မယ်…ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်နော် မြန်မာ လူမျိုးတွေက မျှစ်ကို ကြော်ချက်ပြီး ဟင်းလျာ အမျိုးမျိုး ပြုလုပ် စားသောက် တတ်ကြပါတယ်။ ဒါပေမယ့် မျှစ်တွေကို ဆေးဆိုးထားတယ် ဆိုတဲ့သတင်း ထွက်လာပြီးနောက်မှာ မျှစ်ကို စားဖို့ လက်တွန့် သွားကြပါတယ်။ ဒါကြောင့် ဆေးမဆိုး ထားတဲ့ မျှစ်တွေကို ရွေးချယ် စားသောက်ဖို့ အကြံပြုရင်း မျှစ်ကြောင့် ရရှိလာနိုင်တဲ့ ကျန်းမာရေး စွမ်းပကားတွေကို ရေးသား လိုက်ရပါတယ်။ (၁) အစာခြေစနစ်ကျန်းမာ ခြင်းမျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေ ပါတယ်။ မျှစ်ဟာ အစာအိမ် ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကိုလည်း […]
တစ်နေကုန် ဒေါက်မြင့်ဖိနပ် စီးထားရတော့မယ်ဆိုရင်
တစ်နေကုန် ဒေါက်မြင့်ဖိနပ် စီးထားရတော့မယ်ဆိုရင် ————————————————————————————— မင်္ဂလာဆောင်သွားတာ၊ ပွဲလမ်းသဘင်သွားရတာလိုမျိုး အခြေအနေတွေမှာ ခန္ဓာကိုယ် ကြော့ရှင်းလှပနေဖို့အတွက် ဒေါက်မြင့်ဖိနပ်စီးတတ်ကြပါတယ်။ ဒေါက်မြင့် ဖိနပ် စီးနေကျသူတွေအနေနဲ့ ဘာပြဿနာမှမရှိပေမဲ့ စီးကျင့်မရှိသူတွေအတွက်ကတော့ ခြေထောက်နာကျင်တာနဲ့ အရည်ကြည်ဖုပေါက်တာလိုမျိုး ပြဿနာတွေ ဖြစ်တတ်ပါ တယ်။ ဒီလိုမဖြစ်ရအောင် အောက်ပါတို့ကို ပြုလုပ်ပါ။ ♦ သင့်ဖိနပ်ကို အအေးခံပါ သင့်ဒေါက်မြင့်ဖိနပ်ကိုမစီးခင်မှာ ရေခဲရေထည့်ထားတဲ့ပလတ်စတစ်အိတ်ကို ဒေါက်ဖိနပ်ထဲ မိနစ် ၃၀ ခန့် ထည့်ထားပါ။ အအေးကြောင့် ဖိနပ်က ပိုမိုပျော့ပျောင်းသွား ပြီး သင်ရဲ့ ခြေထောက်အနေအထားအတိုင်း အလွယ်တကူ အံဝင်သွားနိုင်ပါတယ်။ ♦ သင့်ခြေစွပ်ကို ရေနွေးစိမ်ပါ ရေနွေးစိမ်ထားတဲ့ ချည်သားခြေစွပ်ကို သင့်ခြေထောက်ထဲ စွပ်ပါ။ ပြီးရင် ဒေါက်မြင့်ဖိနပ်စီးကာ အိမ်ထဲမှာ လမ်းလျှောက်ပါ။ ဒီလိုလုပ်တာကြောင့် ဒေါက်မြင့် ဖိနပ်ဆွဲဆန့် […]
၂၀၁၉ ဆီးဂိမ်းမှာ MOBILE LEGEND ဂိမ်းကို ထည့်သွင်းမယ်လို့ အတည်ပြု
(Zawgyi) ဆီးဂိမ်း ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ထည့်သွင်းလာတာ ဖြစ်ပြီး ဂိမ်းအားကစားနည်းပေါင်း ၆ မျိုးတင်သွင်းထားရမှာတော့ ပထမ ဆုံး အတည်ပြုပေါ်ထွက်လာတဲ့ ဂိမ်း အားကစားနည်းကတော့ မိုလ်ဘိုင်းလီးဂျန့် အမျိုးအစားဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ အီလက်ထရောနစ်အားကစား ကို ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပမယ်လို့ ရေဇာဂိမ်းကုမ္ပဏီရဲ့နည်းဗျူဟာ အရာရှိချုပ် လီမန်လီးက ဒီကနေ့မှာ အတည်ပြုလိုက်ပါတယ်။ ရေဇာကတော့ ဖိလစ်ပိုင်နိုင်ငံရဲ့ အခုထည့်သွင်းမယ့် အီလက်ထရောနစ် အားကစားပြိုင်ပွဲရဲ့ ပါတနာကုမ္ပဏီလည်း ဖြစ်ပြီး ပြိုင်ပွဲမှာ ထည့်သွင်း မယ့် ဂိမ်းအမျိုးအစားတွေနဲ့ ပြိုင်ပွဲ စည်းမျဉ်း စည်းကမ်းတွေကို ထည့်သွင်းရေးဆွဲပေးသွားမှာပါ။ အီလက်ထရောနစ်ဂိမ်းအမျိုးအစား ၆ မျိုး ထည့်သွင်းကျင်းပသွားမယ်လို့ အတည်ပြုခဲ့ပြီး မိုလ်ဘိုင်းဖုန်းအသုံးပြုရတဲ့ ဂိမ်း […]
သားယောကျာ်းလေးမွေးချင်သူတွေအတွက် ဒီအချက်လေးတွေ ဖတ်ပြီးကြိုးစားကြည့်ပါ။
(Zawgyi) သားဆုမပန်ဘဲ သားယောကျာ်းလေးရစေဖို့။ ဘုရားမှာ သားဆုပန်ပေမယ့် ခုထိ ဆုတောင်းမပြည့်သေးတဲ့ ဖေဖေမေမေတို့များ ရှိမလား? ကလေးဆိုရင် ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကျန်းမာရင်ပြီးရောဆိုပေမယ့် တစ်ချို့မိသားစုတွေမှာ မိန်းကလေးများနေလို့ နောက်မွေးမယ့် ကလေးကိုယောကျာ်းလေး ဖြစ်စေချင်တာမျိုးတွေရှိမှာပါ။ ဘာအကြောင်းကြောင့်ဖြစ်ဖြစ် သားယောကျာ်းလေးမွေးချင်သူတွေအတွက် ဒီအချက်လေးတွေ ဖတ်ပြီးကြိုးစားကြည့်ပါလို့။ ရာနှုန်းပြည့်အာမ မခံနိုင်ပေမယ့် အတိုင်းအတာတစ်ခုအထိ သားယောကျာ်းလေး မွေးနိုင်ချေ တက်လာစေမှာပါ။ ကဲ … ဘာတွေလဲ ကြည့်ကြရအောင်လား?? (၁) ဆက်ဆံတဲ့အနေအထားပြောင်းကြည့်ပါ။ အရင်ဆုံး ရှင်းပြချင်တာက သားယောကျာ်းလေးမွေးဖို့ဆိုတာ ဖေဖေဖြစ်လာမယ့် ယောကျာ်းဆီက သုတ်ရည်မှာပါလာတဲ့ ဗီဇ မျိုးရိုး ( Chromosome X – မိန်းကလေးဖြစ်မယ့် မျိုးရိုး , Chromosone Y – ယောကျာ်းလေးဖြစ်မယ့်မျိုးရိုး) တွေပေါ်ကိုပဲ အဓိကမူတည်တာပါ။ […]
အရက် သောက်တော့မယ်ဆို ဒါကို သိထားသင့်၏
အရက် သောက်တော့မယ်ဆို ဒါကို သိထားသင့်၏ ဒေါက်တာခင်မိုးဝေ အရက်ဆိုတဲ့ Ethyl Alcohol (အီသိုင်းလ် အယ်လ်ကိုဟော)ဟာ ပျမ်းမျှအားဖြင့် ဘီယာ အပျော့မှာ ၃ ရာခိုင်နှုန်း၊ ဘီယာ အပြင်းမှာ ၆ ရာခိုင်နှုန်း၊ ဝိုင်အပျော့မှာ ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း၊ ရှယ်ရီနှင့် ဝိုင်မှာ၁၆ ဒသမ ၂ဝ ရာခိုင်နှုန်း၊ ဝီစကီနှင့် ဂျင်မှာ ၄ဝ ရာခိုင်နှုန်း၊ ဘရမ်ဒီမှာ ၄၅ ဒသမ ဝ၅ ရာခိုင်နှုန်း၊ ရမ်မှာ ၅ဝ ရာခိုင်နှုန်းမှ ၆၉ ဒသမ ဝ၅ ရာခိုင်နှုန်း၊ ဗော့ဒ်ကာမှာ ၆ဝ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်း အထိ အသီးသီး ပါဝင် နေပါတယ်။ Ethyl […]
နေ့စဉ် သစ်သီးစားသုံးသင့်သည့် အကြောင်းရင်း
နေ့စဉ် သစ်သီးစားသုံးသင့်သည့် အကြောင်းရင်း ———————————————————————————————————————- သစ်သီးတွေမှာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိပါတယ်။ သစ်သီး တစ်မျိုးနဲ့တစ်မျိုး ကျန်းမာရေးအကျိုးရှိပုံချင်းက မတူညီကြပါဘူး။ ဒါကြောင့် အောက် ပါသစ်သီးတွေထဲက တစ်မျိုးမဟုတ်တစ်မျိုးကို နေ့စဉ် စားသုံးပေးတာက ခန္ဓာကိုယ် အတွင်း ရောဂါကင်းစင်ပြီး သက်ရှည်ကျန်းမာ နုပျိုနိုင်ပါတယ်။ ငှက်ပျောသီး ငှက်ပျောသီးက အားကစားလှုပ်ရှားသူတွေအတွက် အလွန်အကျိုးရှိပါတယ်။ သူတို့က စွမ်းအင်ကို မြှင့်တင်နိုင်စွမ်းရှိတာကြောင့်ပါ။ နာနတ်သီး နာနတ်သီးကတော့ အဆစ်ရောင်ရောဂါကို တွန်းလှန်ဖို့ ကူညီနိုင်ပါတယ်။ ဖရဲသီး ဖရဲသီးက နှလုံးခုန်နှုန်းကို ထိန်းချုပ်ဖို့ ကူညီနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်အလေး ချိန်ကျဆင်းအောင်လည်း စွမ်းဆောင်နိုင်ပါတယ်။ သရက်သီး သရက်သီးဟာ တချို့ကင်ဆာအမျိုးအစားကို ကာကွယ်နိုင်ပါတယ်။ စတော်ဘယ်ရီသီး စတော်ဘယ်ရီသီးက ကင်ဆာကို တွန်းလှန်နိုင်ပြီး အရွယ်တင်နုပျိုစေနိုင်ပါတယ်။ စပျစ်သီး သွေးကြောတွေကိုRelax […]
နေ့တိုင်းနီးပါး မုန်လာဥနီ ဖျော်ရည်သောက်ရင်
နေ့တိုင်းနီးပါး မုန်လာဥနီ ဖျော်ရည်သောက်ရင် မုန်လာဥနီက ရာသီမရွေး စားသုံးလို့ရပြီး ဈေးလည်းသက်သာပါတယ်။ ဈေးသက်သာပေမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ အံ့မခန်းပါပဲ။ မုန်လာဥနီ ဖျော်ရည်ရဲ့ အကျိုးကျေးဇူး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေး မုန်လာဥနီမှာ ဗီတာမင်ဓာတ်တွေနဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ့်ခံစနစ်ကို မြှင့်တင်ပေးပါတယ်။ ဗီတာမင်အေက အရေပြားမှာရှိတဲ့ ဆဲလ်တွေနဲ့ Mucosal Membranes တွေကို ထိန်းညှိပေးပြီး သွေးဖြူဥ ဆဲလ်တွေကို ဖွံ့ဖြိုးစေပါတယ်။ အဲ့ဒီအပြင် ဗီတာမင်အေက ကိုယ်ခံအားစနစ်ကို ကောင်းစေတဲ့ ဆဲလ်တွေကို ထိန်းညှိပေးပါတယ်။ ဗီတာမင်စီက သွေးဖြူဥဆဲလ်တွေကို ထုတ်လုပ်ပေးပြီး မပျက်စီးအောင်ကူညီပေးပါတယ်။ အဲ့ဒီအပြင် သွေးဖြူဥ ဆဲလ်တွေကို ထုတ်လုပ်ပေးပြီး ရောင်ရမ်းတာတွေ လျော့ချပေးတဲ့ ဇန့်၊ သံဓာတ်နဲ့ ကော့ပါးဓာတ်တွေ ပါဝင်ပါတယ်။ အသည်းကို ဆေးပေး မုန်လာဥနီမှာပါဝင်တဲ့ […]
ကားဘောနက်ဟခြင်းနဲ့ Heat တက်တဲ့ အယူအဆအမှားများ
(Zawgyi) ကားဘောနက်ဟခြင်းနဲ့ Heat တက်တဲ့အယူအဆအမှားများ ရန်ကုန်က အငှားယာဉ်တွေ၊ တချို့အိမ်စီးကားတွေနဲ့ အင်ဂျင်ပါဝါ ၁၃၀၀ နဲ့ ၁၅၀၀ စီစီကြား လုပ်ငန်းသုံးအဖြစ် သုံးနေတဲ့ ကားသေးတွေရဲ့ ကားဘောနက်ဖုံးတွေကို Lock ကျအောင်မပိတ်ဘဲ ဟထားတာကို တွေ့ရပါတယ်။ ဟိုးအရင် ၂၀၁၀ မတိုင်ခင်ကတော့ ဒီလိုမျိုးလုပ်တဲ့ပုံစံမျိုးတွေ တွေ့ရခဲပါတယ်။ အခုတော့ တော်တော်လေးများလာပါတယ်။ ဘာကြောင့် ဘောနက်ဟထားရတာလဲ ဒါကိုဘာကြောင့်လုပ်ကြတာလဲဆိုတော့ ရန်ကုန်ရဲ့ ပူပြင်းတဲ့ရာသီဥတုအခြေအနေကြောင့် အင်ဂျင် Heat တက်တာကို သက်သာစေဖို့အတွက် ဒီလို လုပ်ကြတာလို့ ဆိုကြပါတယ်။ အဲဒီအယူအဆဟာ လုံးဝ (လုံးဝ) လွဲမှားနေပါတယ်။ ဘာလို့မှားလဲဆိုတော့ ကား Engine မှာ အခြေခံအားဖြင့် အမျိုးအစားနှစ်မျိုးရှိပါတယ်။ – အတွင်းပူအင်ဂျင် (Internal Com- bustion Engine) […]