Month: April 2020
ဗဟုတုသ
လူချစ်လူခင် ပေါသူတွေမှာ ရှိတတ်တဲ့ အကျင့် (၈)ခု။
(Zawgyi) လူချစ်လူခင် ပေါသူတွေမှာ ရှိတတ်တဲ့ အကျင့် (၈)ခု ၁။သူတို့က အမြဲတမ်း ယဉ်ကျေး ပျူငှာပါတယ်။ လူချစ်၊ လူခင် ပေါများသူ အားလုံးနီးပါးမှာ တွေ့ရလေ့ရှိတဲ့ အကျင့်တစ်ခုက ကိုယ်၊ နှုတ်အမူအရာ ယဉ်ကျေး သိမ်မွေ့တာပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ ဒါကို အပိုအသာတွေလို့ ထင်ကောင်း ထင်နေနိုင်ပေမယ့် ယဉ်ကျေး ပျူငှာမှုဆိုတာ လူချစ် လူခင်များဖို့ တကယ့် လိုအပ်ချက် တစ်ခုပါပဲ။ ၂။အသေးအဖွဲလေးကအစ အသိအမှတ် ပြုတတ်ပါတယ်။ သူတို့တွေဟာ သူတစ်ပါးက သူတို့ကို ကူညီလိုက်တဲ့ အချိန်မှာတင် ကျေးဇူးတင်စကား ပြောတတ်တာမျိုး မဟုတ်ဘဲ သူတို့က အကူအညီ ပေးလိုက်ရလို့ တစ်ဖက်လူက ကျေးဇူးတင်စကား ပြောလာတဲ့အချိန်မှာလည်း အရေးတယူနဲ့ ကိစ္စမရှိပါဘူး၊ အားမနာပါနဲ့ ဆိုတဲ့ စကားတွေကို […]
ဗဟုတုသ
၁စက္ကန့်အတွင်း ကုဋေတစ်သိန်းလောက် ကြီးမားတဲ့ကုသိုလ်တွေ ရရှိသွားနိုင်မည့် နေနည်းများ။
(Zawgyi) ၁။နိုးနိုးချင်း…. နိုးနိုးချင်း ထထချင်း အနေအထား မပြောင်းမရွေ့ပဲ ဝင်လေ ထွက်လေလေးကိုသတိကပ်မှတ် နေလိုက်ပါမယ်။ ဒါဆိုကြီးမားတဲ့ကုသိုလ်တွေက တစ်စက္ကန့်မှာကုဋေ တစ်သိန်းနှုန်းဖြင့် ရရှိသွားပြီးလည်းဖြစ်ပါတယ်။ ခါတိုင်းလို သောကဖြင့် နိုးထခြင်းမဟုတ်တော့သည့်အတွက် မင်္ဂလာတရားဖြင့်စတင်သည့် နေ့လေးဖြစ်သွားပါတယ်။ ၂။လှုပ်လှုပ်ရွရွ ဟူသမျှ…. အိမ်သာသွားရာ၊ သွားတိုက်ရာ၊ မျက်နှာသစ်ရာ တစ်မိနစ်ပဲဖြစ်ပါရစေ၊ သတိကပ်၍ သိနေရန်ကြိုးစား နေလိုက်ပါ့မယ်။ ၃။သက်ရှိထင်ရှား မြတ်စွာဘုရားအား…. ၃.၁. မပြုမီဝမ်းသာ…. ရေတစ်ခွက်ပဲဖြစ်ဖြစ်၊ ပြည့်ပြည့်စုံစုံပဲဖြစ်ဖြစ် ဘုရားရှင်အားကပ်လှုရန် ပြင်ဆင်ရာမှာ ကုသိုလ် ပြုရတော့မယ်ဟု ဝမ်းသာပီတိတွေ ဖြစ်နေပါ့မယ်။ ၃.၂. ပြုဆဲဝမ်းသာ…. ဘုရားကပ်လှုရာမှာ သက်တော်ထင်ရှားရှိသည်ဟုမှန်းဆပြီး ကုသိုလ် ပြုရပြီဟုဝမ်းမြောက် ဝမ်းသာဖြစ်နေပါ့မယ်။ ဒါဆိုကုသိုလ်က အများကြီး ဖြစ်နေပါပြီ။ ၃.၃. ပြုပြီးဝမ်းသာ…. ကုသိုလ်တို့ကို ပြုခဲ့ရလေပေပြီဟု ပြန်လည်ဆင်ခြင်ပြီး ဝမ်းမြောက်ဝမ်းသာဖြစ်နေလိုက်ပါ။ […]
ဗဟုတုသ
(Zawgyi) ခင်ပွန်းကြီး (၁၀) ပါး ကန်တော့နည်း ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင် (၁) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့အပေါ်၌လည်းကောင်း၊(၂)ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင် ကိုယ်တော်မြတ်ကြီးတို့ပေါ်၌လည်းကောင်း (၃) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက၊ မဟာသာဝက ရဟန္တာအရှင်မြတ်ကြီးတို့အပေါ်၌လည်းကောင်း၊ (၄)ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်မြတ်ကြီး တို့အပေါ်၌ လည်းကောင်း (၅) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့အပေါ်၌ လည်းကောင်း၊ (၆) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့အပေါ်၌ လည်းကောင်း၊ (၇) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့၏ အပေါ်၌လည်းကောင်း (၈) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊အရိယာပုဂ္ဂိုလ် ၊ မိမိထက် သိက္ခာအရွယ်ကြီးမားသူတို့၏အပေါ်၌လည်းကောင်း၊ (၉) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို့၏အပေါ်၌ လည်းကောင်း၊( ၁၀)ထမင်းတစ်လုပ်၊ […]
သတင်း
အင်ဥကို ချက်စားရင် သတိထားရမယ့်အချက်များ။
(Zawgyi) အင်ဥကို ချက်စားရင် သတိထားရမယ့်အချက်များ အင်ဥကို ဒညင်းသီး၊ ပီလောပီနံ၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါးသီး၊ ဂဏန်း၊ ဖားသား၊ဒူးရင်းသီး၊ မျှစ်ချဉ်၊ ပုဇွန်ချဉ်၊ ငါးဖယ်ချဉ်၊ ငါးလေးချဉ်၊ ဆူးပုတ်၊ ပဲငပိ တို့နဲ့ လုံးဝတွဲဖက်၍ မစားသင့်ပါ။ စားမိပါက မသေပေမယ့် မူးဝေခြင်း၊ အော့အန်ခြင်း၊ ရင်ထဲမအီမသာဖြစ်ခြင်း၊ ဝမ်းလျှောခြင်းများ ခံစားရတတ်ပါသည်။ အင်ဥဟာ အစာအဆိပ်သင့်စေတဲ့ အစားအစာ ဖြစ်သောကြောင့် အင်ဥကြိုက်သူတွေ အတွက်တော့ သတိထား စားသုံးသင့်ပါတယ်။ အင်ဥ စားသုံးခြင်းကို သွေးတိုးရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ၊ ခါးနာ ခါးကိုက်ဝေဒနာခံစားရသူများ၊ လေးဘက်နာသမားများ အင်ဥကို တတ်နိုင်သလောက် ရှောင်ရှားသင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။ Credit-Kyaw Bo (Unicode) အင်ဥကို ချက်စားရင် သတိထားရမယ့်အချက်များ အင်ဥကို ဒညင်းသီး၊ ပီလောပီနံ၊ […]
သတင်း
(Zawgyi) ဆေးဖက်ဝင် ဆူးပဒေါင်းပင် (ဝါ) မိကျောင်းအံဖတ်ပင် အသည်းရောဂါကြောင့် တစ်ကိုယ်လုံး ဖောယောင်ပြီး ဒုက္ခခံစားနေတဲ့ ဝေဒနာရှင်များအတွက် သဘာဝဆေးပင်တစ်မျိုးကို မျှဝေပေးလိုက်ချင်ပါသည်။ လက်တွေ့သောက်သုံးပြီး အမှန်တကယ်ပျောက်ကင်းခဲ့သည့်အတွက် ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါသည်။ ၎င်းဆေးပင်အမည်မှာ အညာဒေသအခေါ် ဆူးပဒေါင်းပင်(ဆူးပန်းတောင်းပင်)၊ အောက်ပြည်အခေါ် မိကျောင်းအန်ဖတ်ပင် ဖြစ်ပါသည်။ ဆူးပဒေါင်းပင်ဟာ အလေ့ကျပေါက်တဲ့အပင်မျိုးဖြစ်ပြီး လယ်ကွင်းစပ်၊ တောစပ်အနီးတို့တွင် တွေ့ရတတ်ပါသည်။ အပင်တွင် ဆူးအနည်ငယ် ပါသည်။ အောက်ပိုင်းမှာဆိုလျှင် ဟင်္သာတမြို့နှင့် ရန်ကုန်လှည်းကူးတို့တွင် အလွန်ပေါပါသည်။ အပင်၏ ပုံစံကို ပုံနှင့်တကွ တွဲ၍ ဖော်ပြပေးလိုက်ပါသည်။ ဆေးနည်း- (၁) ဆူးပဒေါင်းပင်ကို အမြှစ်ပါအောင် နှုတ်ယူပါ။ (၂) အမြှစ်ပေါ်မှ မြေကြီးများ၊ ရွှံ့များ စင်ကြယ်သွားအောင် ရေထဲကို စိမ်ထားပြီး စင်ကြယ်အောင် ၃-၄ ကြိမ်ခန့် […]
ဗဟုတုသ
စိန်အတုအစစ် မိမိကိုယ်တိုင်အလွယ်တကူခွဲခြားနည်း
(Zawgyi) စိန်အတုအစစ် မိမိ ကိုယ်တိုင် အိမ်တွင် အလွယ်တစ်ကူ ခွဲခြားနည်း ဒီတစ်ခါတော့ စိန် အတု အစစ် အကြမ်းအားဖြင့် မိမိ ကိုယ်တိုင် ဒီလို အချက် (၅) ချက်ဖြင့် ခွဲခြားလို့ ရပါတယ် (၁) စိန်ကို ရေထဲနစ်ပြီး စမ်းသပ်ကြည့်ပါ။ စိန်အစစ်က သိပ်သည်းဆမြင့်သောကြောင့် ရေအောက်ထိ မြုပ်သွားရင် စိန်အစစ်ဖြစ်ပြီး မမြုပ်ပဲ ပေါ်နေတယ်ဆိုရင်တော့ အတုလို့ ယူဆလို့ရပါတယ်။ (၂) စိန်ကို အာငွေ့ရိုက်နည်းဖြင့်လည်း စမ်းသပ်နိုင်ပါတယ်။ စိန်အစစ်မှာ အပူကို အလျင်အမြန်စုပ်ယူနိုင်သောကြောင့် အာငွေ့မှာ ချက်ချင်း ပျောက်သွားပြီး အနည်းငယ်ကြာမှ ပျောက်သွားရင်တော့ အတုဖြစ်နိုင်ချေ များပါတယ်။ (၃) စာအုပ်ကိုနောက်မှာထားပြီး စိန်ကိုကွယ်ပြီး ဖတ်ကြည့်ပါ။ စိန်အစစ်မှာ အလင်းယိုင်စေတတ်လို့ စာများဖတ်လို့ရမှာမဟုတ်ပဲ စာများဖတ်လို့ရနေသေးရင်တော့ […]
ဗဟုတုသ
အသီးအရွက်‌ပေါင်းစုံ အထားခံတဲ့ နည်းလမ်းများ
(Zawgyi) အသီးအရွက်တွေ အထားခံတဲ့ နည်းလမ်းများ သိသလောက်…စဉ်းစားလို့ရသလောက်….. ရေးလိုက်ပါတယ်….လိုတာရှိ ထပ်ဖြည့်ပေးကြပါရှင်…. ကျောက်ဖရုံ /ရွှေဖရုံ စသည်တို့က…အထားခံဆုံးပါ…အေးပြီး ခြောက်သွေ့တဲ့နေရာ သို့ ကြိုးနဲ့ဆိုင်းပြီး..လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ချိတ်ဆွဲထားပါ…. အာလူး /ကန်စွန်းဥ / ပိန်းဥ စသဖြင့်တို့ကို…..ရေလုံးဝမထိစေပဲ….ခြောက်သွေ့အေးမြတဲ့နေရာမှာ ထားပါ….အလင်းရောင်မရတဲ့နေရာ ဆို ပိုအထားခံပါတယ်…အိမ်မှာတော့…ကြွပ်ကြွပ်အိတ်အမည်းထဲ ထည့်ပြီး မီးဖိုချောင်ရဲ့ အေးတဲ့နေရာမှာ ထားပါတယ်… ကြက်သွန်နီ ဖြူ တို့ကို ရောမထားပဲ သတ်သတ်စီထားပါ….အပုပ်အနာ ပါတာများ သေချာရွေးပြီး…ဖြန့်ထားလို့ရရင် ဖြန့်ထားပြီး သိမ်းပါ…. ခရမ်းချဉ်သီး ကို…ရေမဆေးပဲ… ၁…အဝတ်ခြောက်နဲ့ သေချာသုတ်ပြီး…ဘူးနဲ့ ရေခဲသေတ္တာ ထဲ ထည့်သိမ်းနိုင်ပါတယ်…၂… အစေ့ထုတ် ကြိတ်ကာ…အထုပ်ငယ်များထုပ် အခဲခန်းထဲသိမ်းနိုင်ပါတယ်…၃…ဆီများများနဲ့ အနှစ်လုပ်ကြော်ကာ ရေခဲသေတ္တာထဲ ထည့်သိမ်းနိုင်ပါတယ်..၄…သဲစိုစိုပေါ် ဖြန့်ခင်းကာ သိမ်းနိုင်ပါတယ်…၅…အညှာပါ ပါက…အညှာများကို ကြိုးနဲ့ချည်ပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ချိတ်ဆွဲ သိမ်းနိုင်ပါတယ်…. […]
Back To Top