ဗဟုတုသ

ခင်ပွန်းကြီး (၁၀) ပါး ကန်တော့နည်းနှင့် ပူဇော်ခြင်းအကျိုး။ ခင္ပြန္းႀကီး (၁၀) ပါး ကန္ေတာ့နည္းႏွင့္ ပူေဇာ္ျခင္းအက်ိဳး။

(Zawgyi)

ခင္ပြန္းႀကီး (၁၀) ပါး ကန္ေတာ့နည္း

ဘုရားတပည့္ေတာ္သည္ သံသရာအစမွစ၍ ယေန႔တိုင္ေအာင္ (၁) ဂုဏ္ေက်းဇူးႀကီးမားၾကကုန္ေသာ ျမတ္စြာဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးတို႔အေပၚ၌လည္းေကာင္း၊(၂)ဂုဏ္ေက်းဇူးႀကီးမားၾကကုန္ေသာ ပေစၥကဗုဒၶါအရွင္ ကိုယ္ေတာ္ျမတ္ႀကီးတို႔ေပၚ၌လည္းေကာင္း (၃) ဂုဏ္ေက်းဇူးႀကီးမားၾကကုန္ေသာ အဂၢသာဝက၊ မဟာသာဝက ရဟႏၲာအရွင္ျမတ္ႀကီးတို႔အေပၚ၌လည္းေကာင္း၊ (၄)ဂုဏ္ေက်းဇူးႀကီးမားၾကကုန္ေသာ ရဟႏၲာအရွင္ျမတ္ႀကီး တို႔အေပၚ၌ လည္းေကာင္း (၅) ဂုဏ္ေက်းဇူးႀကီးမားၾကကုန္ေသာ မိခင္တို႔အေပၚ၌ လည္းေကာင္း၊ (၆) ဂုဏ္ေက်းဇူးႀကီးမားၾကကုန္ေသာ ဖခင္တို႔အေပၚ၌ လည္းေကာင္း၊ (၇) ဂုဏ္ေက်းဇူးႀကီးမားၾကကုန္ေသာ လိမၼာေစရန္ က်ိဳးေၾကာင္းျပ၍ ဆုံးမတတ္ေသာ ဆရာသမားတို႔၏ အေပၚ၌လည္းေကာင္း (၈) ဂုဏ္ေက်းဇူးႀကီးမားၾကကုန္ေသာ သီလဂုဏ္၊သမာဓိဂုဏ္၊ ပညာဂုဏ္တို႔ကို ဆည္းပူးျဖည့္က်င့္လ်က္ရွိၾကကုန္ေသာ လူပုဂၢိဳလ္၊ ရဟန္းပုဂၢိဳလ္၊အရိယာပုဂၢိဳလ္ ၊ မိမိထက္ သိကၡာအ႐ြယ္ႀကီးမားသူတို႔၏အေပၚ၌လည္းေကာင္း၊ (၉) ဂုဏ္ေက်းဇူးႀကီးမားၾကကုန္ေသာ တရားဓမၼတို႔ကို ေဟာေဟာေျပာျပသ ဆုံးမတတ္ေသာ ဆရာသမားတို႔၏အေပၚ၌ လည္းေကာင္း၊( ၁၀)ထမင္းတစ္လုပ္၊ ေရတစ္မႈတ္စသည္ျဖင့္ ေပးကမ္းခ်ီးျမႇင့္ ေထာက္ပံ့ဖူးေသာ ေက်းဇူးရွင္ ပုဂၢိဳလ္ တို႔၏ အေပၚ၌လည္းေကာင္း

ကာယကံ၊ ဝစီကံ၊ မေနာကံ သုံးပါးေသာ ကံတို႔ျဖင့္ ျပစ္မွားမိခဲ့သည္ ရွိခဲ့ပါေသာ္ ထိုအျပစ္တို႔ကို ေပ်ာက္ပါေစျခင္း အက်ိဳးငွာ ႐ိုေသျမတ္ႏိုး လက္စုံမိုး၍ ရွိခိုးပါ၏ဘုရား။

ဤသို႔ ရွိခိုးပူေဇာ္ ဖူးေျမာ္မာန္ေလ်ာ့ ကန္ေတာ့ရေသာေကာင္းမႈကံ ေစတနာတို႔ေၾကာင့္အလုံးစုံေသာ ေဘးေရာဂါအႏၲရာယ္ အေပါင္းတို႔မွ ကင္းေဝးၿပီးလွ်င္ ျမတ္စြာဘုရားရွင္ ေဟာၾကားေတာ္မူေသာ သစၥာေလးပါး ျမတ္တရားကို ေကာင္းစြာ သိျမင္၍ နိဗၺာန္သို႔ ဝင္ႏိုင္ေသာကိုယ္ ျဖစ္ရပါေစသား အရွင္ဘုရား။

အလုံးစုံေသာေလာကီမဂၤလာ အျဖာျဖာတို႔သည္လည္း စိတ္ႀကံတိုင္းေတာင့္တတိုင္း လြယ္ကူလ်င္ျမန္စြာ ျပည့္စုံ၍၊ ႏွလုံးစိတ္ဝမ္း ေအးခ်မ္းရပါေစသားအရွင္ဘုရား။

ခင္ပြန္းႀကီးဆယ္ပါး ဘုရားရွိခိုး

ဗုေဒၶါ ပေစၥကဗုဒၶါ စ ၊ အရဟာ အဂၢသာဝကာ ။မာတာ ပိတု ဂ႐ု သတတွာ ၊ ဓမမွဒသေကာ စ ဒါယကာ။ဣေမ ဒသ မဟာဂုေဏ၊ အဟံ ဝန္ဒာမိ သဗ္ဗဒါ။ဗုေဒၶါ စ – သစၥာေလးပါး တရားသိျမင္ ဘုရားရွင္လည္းေကာင္း

ပေစၥကဗုဒၶါ စ – ကိုယ္တိုင္သစၥာ သိၿပီးပါလည္း ေဟာကာမျပ သီးျခားရေသာ ပေစၥကဗုဒၶါလည္းေကာင္း အရဟာ စ – အာသေဝါ ကုန္ခမ္း ရဟႏၲာအရွင္လည္းေကာင္း အဂၢသာဝကာ စ – လက္ဝဲလက္ယာ ၿခံရံကာျဖင့္ ပညာတန္ခိုး စိုးမိုးထက္လွအဂၢသာဝကတို႔လည္းေကာင္း

မာတာ စ – ကိုးလလြယ္ရ ဆယ္လဖြားကာ အစာဆိမ့္ေအး ႏို႔ခ်ိဳေပး၍ ေမြးသည့္မိခင္ ေက်းဇူးရွင္လည္းေကာင္းပိတု စ – လူလားေျမာက္ေအာင္ လုပ္ေဆာင္ေကြၽးေမြး ပညာေပးသည့္ ေမြးသည့္ဖခင္ ေက်းဇူးရွင္လည္းေကာင္း ဂ႐ု စ – ခ်မ္းသာရန္ေတြး ပညာေပးသျဖင့္ အေလးအျမတ္ျပဳအပ္ေသာ ဆရာလည္းေကာင္း

သတၳာ စ – လိမၼာေစၾက က်ိဳးေၾကာင္းျပလ်က္ ဆုံးမေပတတ္ ဆရာျမတ္လည္းေကာင္း ဓမၼေဒသကာ စ – သံသရာစခန္း သြားရာလမ္း၌ ပင္ပန္းကင္းရန္ ရည္သန္ၫြန္ၾကား မေမွာက္မွားရေအာင္ တရားေဟာေဖာ္ တတ္ေသာသူ လည္းေကာင္းဒါယကာ စ စားေနေရး မေႏွာင့္ေႏွးရေအာင္ ေပးကမ္းတတ္ေသာသူလည္းေကာင္း

ဣေမ ဒသ မဟာဂုေဏ – ေက်းဇူးစုပုံ ဆပ္မကုန္သည့္ ဂုဏ္အင္ျမင့္က်ဴး ဤဆယ္ဦးေသာ သူတို႔ကို အဟံ – အကြၽႏ္ုပ္သည္။သဗၺဒါ – ေန႔ညဥ့္မျပတ္ အခ်င္းခပ္သိမ္း။ဝႏၵာမိ – ေက်းဇူးယွက္ေျမႇး စိမ့္စိမ့္ေတြးလ်က္ ျမတ္ေလးၾကည္ယုံ သဒၶါဟုန္ျဖင့္ လက္စုံယွက္မိုး ပ်ပ္ဝပ္လွ်ိဳး၍ ရွိခိုးပါ၏အရွင္ဘုရား ။

ခင္ပြန္းႀကီး ၁၀ပါးအား ျပစ္မွားသူတို႔ ႀကဳံရမည့္ဒဏ္ ၁၀ ပါး

၁။ျပင္းထန္ေသာ ဦးေခါင္းနာ စသည့္ ေဝဒနာမ်ားျဖစ္ျခင္း။၂။ ပိုင္ဆိုင္ေသာဥစၥာပစၥည္းမ်ား ဆုတ္ယုတ္ပ်က္စီးျခင္း။၃။ လက္ေျချပတ္ျခင္း၊ ကိုယ္အဂၤါႀကီးငယ္ခြၽတ္ယြင္းျခင္း၊ ၄။ကုသ၍မရႏိုင္ေသာ ႀကီးေလးသည့္ေရာဂါမ်ား ျဖစ္ျခင္း။၅။ ႐ူးသြပ္ျခင္း၊ စိတ္မတည္မၿငိမ္ျဖစ္ျခင္း။၆။ မင္းျပစ္မင္းဒဏ္ ခံရျခင္း၊၇။ မတရားသျဖင့္ စြပ္စြဲခံရျခင္း။ ၈။ ေဆြမ်ိဳးေကာင္း၊ မိတ္ေဆြေကာင္း မရရွိျခင္း။ ၉။ စည္းစိမ္ဥစၥာ အေႁခြအရံမ်ား ပ်က္စီးျခင္း။ ၁၀။ ေနရာတိုက္အိမ္ မီးေလာင္ပ်က္စီးျခင္း။

ပစၥဳပၸန္ဘဝ၌ထိုဒဏ္(၁၀)ပါး သင့္မည့္အျပင္ ေသလြန္ေသာ အခါ၌လည္း အပါယ္ငရဲသို႔ က်ေရာက္ႏိုင္ပါသည္။

ခင္ပြန္းႀကီး(၁၀)ပါး ပူေဇာ္ျခင္းအက်ိဳး

၁။အစားအစာမရွားပါးျခင္း၊၂။ ေရာက္ရာအရပ္၌ ေလးစားပူေဇာ္ခံရျခင္း ၃။ ရန္သူမ်ိဳးငါးပါးႏွင့္ ကင္းေဝးႏိုင္ျခင္း၊ ၄။ လူခ်စ္လူခင္ ေပါမ်ားျခင္း၊ ၅။ ပရိသတ္အလယ္၌ တင့္တယ္စြာေနႏိုင္ျခင္း၊ ၆။ ေကာင္းသတင္း ဂုဏ္ေက်ာ္ေစာျခင္း၊ ၇။ အေႁခြအရံမ်ားျခင္း၊ ၈။စီးပြားဥစၥာဖြံ႕ၿဖိဳးတိုးတက္ျခင္း၊ ၉။ ေဘးဒုကၡႀကဳံေသာ္ အကူအညီရရွိျခင္း၊ ၁၀ ။ သားေကာင္းသမီးေကာင္းရရွိႏိုင္ျခင္း။

ဘုရားရွိခိုးအမ်ိဳးမ်ိဳး မူေဟာင္းႏွင့္ ဝတ္႐ြတ္စဥ္ စာအုပ္မွေမတၱာျဖင့္ ျပန္လည္မွ်ေဝပါသည္။

Credit- Original Uploader

(Unicode)

ခင်ပွန်းကြီး (၁၀) ပါး ကန်တော့နည်း

ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင် (၁) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့အပေါ်၌လည်းကောင်း၊(၂)ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင် ကိုယ်တော်မြတ်ကြီးတို့ပေါ်၌လည်းကောင်း (၃) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက၊ မဟာသာဝက ရဟန္တာအရှင်မြတ်ကြီးတို့အပေါ်၌ လည်းကောင်း၊ (၄)ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်မြတ်ကြီး တို့အပေါ်၌ လည်းကောင်း (၅) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့အပေါ်၌ လည်းကောင်း၊ (၆) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့အပေါ်၌ လည်းကောင်း၊ (၇) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့၏ အပေါ်၌လည်းကောင်း (၈) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊အရိယာပုဂ္ဂိုလ် ၊ မိမိထက် သိက္ခာအရွယ်ကြီးမားသူတို့၏အပေါ်၌လည်းကောင်း၊ (၉) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို့၏အပေါ်၌ လည်းကောင်း၊( ၁၀)ထမင်းတစ်လုပ်၊ ရေတစ်မှုတ်စသည်ဖြင့် ပေးကမ်းချီးမြှင့် ထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ် တို့၏ အပေါ်၌လည်းကောင်း

ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသော ကံတို့ဖြင့် ပြစ်မှားမိခဲ့သည် ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။

ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ရသောကောင်းမှုကံ စေတနာတို့ကြောင့်အလုံးစုံသော ဘေးရောဂါအန္တရာယ် အပေါင်းတို့မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော သစ္စာလေးပါး မြတ်တရားကို ကောင်းစွာ သိမြင်၍ နိဗ္ဗာန်သို့ ဝင်နိုင်သောကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား။

အလုံးစုံသောလောကီမင်္ဂလာ အဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်းတောင့်တတိုင်း လွယ်ကူလျင်မြန်စွာ ပြည့်စုံ၍၊ နှလုံးစိတ်ဝမ်း အေးချမ်းရပါစေသားအရှင်ဘုရား။

ခင်ပွန်းကြီးဆယ်ပါး ဘုရားရှိခိုး

ဗုဒ္ဓေါ ပစ္စေကဗုဒ္ဓါ စ ၊ အရဟာ အဂ္ဂသာဝကာ ။မာတာ ပိတု ဂရု သတတှာ ၊ ဓမမှဒသကော စ ဒါယကာ။ဣမေ ဒသ မဟာဂုဏေ၊ အဟံ ဝန်ဒာမိ သဗ်ဗဒါ။ဗုဒ္ဓေါ စ – သစ္စာလေးပါး တရားသိမြင် ဘုရားရှင်လည်းကောင်း

ပစ္စေကဗုဒ္ဓါ စ – ကိုယ်တိုင်သစ္စာ သိပြီးပါလည်း ဟောကာမပြ သီးခြားရသော ပစ္စေကဗုဒ္ဓါလည်းကောင်း အရဟာ စ – အာသဝေါ ကုန်ခမ်း ရဟန္တာအရှင်လည်းကောင်း အဂ္ဂသာဝကာ စ – လက်ဝဲလက်ယာ ခြံရံကာဖြင့် ပညာတန်ခိုး စိုးမိုးထက်လှအဂ္ဂသာဝကတို့လည်းကောင်း

မာတာ စ – ကိုးလလွယ်ရ ဆယ်လဖွားကာ အစာဆိမ့်အေး နို့ချိုပေး၍ မွေးသည့်မိခင် ကျေးဇူးရှင်လည်းကောင်းပိတု စ – လူလားမြောက်အောင် လုပ်ဆောင်ကျွေးမွေး ပညာပေးသည့် မွေးသည့်ဖခင် ကျေးဇူးရှင်လည်းကောင်း ဂရု စ – ချမ်းသာရန်တွေး ပညာပေးသဖြင့် အလေးအမြတ်ပြုအပ်သော ဆရာလည်းကောင်း

သတ္ထာ စ – လိမ္မာစေကြ ကျိုးကြောင်းပြလျက် ဆုံးမပေတတ် ဆရာမြတ်လည်းကောင်း ဓမ္မဒေသကာ စ – သံသရာစခန်း သွားရာလမ်း၌ ပင်ပန်းကင်းရန် ရည်သန်ညွန်ကြား မမှောက်မှားရအောင် တရားဟောဖော် တတ်သောသူ လည်းကောင်းဒါယကာ စ စားနေရေး မနှောင့်နှေးရအောင် ပေးကမ်းတတ်သောသူလည်းကောင်း

ဣမေ ဒသ မဟာဂုဏေ – ကျေးဇူးစုပုံ ဆပ်မကုန်သည့် ဂုဏ်အင်မြင့်ကျူး ဤဆယ်ဦးသော သူတို့ကို အဟံ – အကျွန်ုပ်သည်။သဗ္ဗဒါ – နေ့ညဥ့်မပြတ် အချင်းခပ်သိမ်း။ဝန္ဒာမိ – ကျေးဇူးယှက်မြှေး စိမ့်စိမ့်တွေးလျက် မြတ်လေးကြည်ယုံ သဒ္ဓါဟုန်ဖြင့် လက်စုံယှက်မိုး ပျပ်ဝပ်လျှိုး၍ ရှိခိုးပါ၏အရှင်ဘုရား ။

ခင်ပွန်းကြီး ၁၀ပါးအား ပြစ်မှားသူတို့ ကြုံရမည့်ဒဏ် ၁၀ ပါး

၁။ပြင်းထန်သော ဦးခေါင်းနာ စသည့် ဝေဒနာများဖြစ်ခြင်း။၂။ ပိုင်ဆိုင်သောဥစ္စာပစ္စည်းများ ဆုတ်ယုတ်ပျက်စီးခြင်း။၃။ လက်ခြေပြတ်ခြင်း၊ ကိုယ်အင်္ဂါကြီးငယ်ချွတ်ယွင်းခြင်း၊ ၄။ကုသ၍မရနိုင်သော ကြီးလေးသည့်ရောဂါများ ဖြစ်ခြင်း။၅။ ရူးသွပ်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း။၆။ မင်းပြစ်မင်းဒဏ် ခံရခြင်း၊၇။ မတရားသဖြင့် စွပ်စွဲခံရခြင်း။ ၈။ ဆွေမျိုးကောင်း၊ မိတ်ဆွေကောင်း မရရှိခြင်း။ ၉။ စည်းစိမ်ဥစ္စာ အခြွေအရံများ ပျက်စီးခြင်း။ ၁၀။ နေရာတိုက်အိမ် မီးလောင်ပျက်စီးခြင်း။

ပစ္စုပ္ပန်ဘဝ၌ထိုဒဏ်(၁၀)ပါး သင့်မည့်အပြင် သေလွန်သော အခါ၌လည်း အပါယ်ငရဲသို့ ကျရောက်နိုင်ပါသည်။

ခင်ပွန်းကြီး(၁၀)ပါး ပူဇော်ခြင်းအကျိုး

၁။အစားအစာမရှားပါးခြင်း၊၂။ ရောက်ရာအရပ်၌ လေးစားပူဇော်ခံရခြင်း ၃။ ရန်သူမျိုးငါးပါးနှင့် ကင်းဝေးနိုင်ခြင်း၊ ၄။ လူချစ်လူခင် ပေါများခြင်း၊ ၅။ ပရိသတ်အလယ်၌ တင့်တယ်စွာနေနိုင်ခြင်း၊ ၆။ ကောင်းသတင်း ဂုဏ်ကျော်စောခြင်း၊ ၇။ အခြွေအရံများခြင်း၊ ၈။စီးပွားဥစ္စာဖွံ့ဖြိုးတိုးတက်ခြင်း၊ ၉။ ဘေးဒုက္ခကြုံသော် အကူအညီရရှိခြင်း၊ ၁၀ ။ သားကောင်းသမီးကောင်းရရှိနိုင်ခြင်း။

ဘုရားရှိခိုးအမျိုးမျိုး မူဟောင်းနှင့် ဝတ်ရွတ်စဉ် စာအုပ်မှမေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။

Credit- Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *