Month: January 2021

ဗဟုတုသ

အာဟာရရှိပြီး အရသာလည်းရှိတဲ့ မုန်လာဥနီပူတင်း ပြုလုပ်နည်း

(Unicode) အာဟာရရှိပြီး အရသာလည်းရှိတဲ့ မုန်လာဥနီပူတင်း ပြုလုပ်နည်း ပူတင်းကြိုက်သူများအတွက် ဒီတစ်ခါမှာတော့ အာဟာရရှိပြီး အရသာလည်းရှိတဲ့ မုန်လာဥနီပူတင်း ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ စတင်ပြုလုပ်ဖို့ မုန်လာဥနီ ၃ လုံးကို အချပ်သေးသေးလေးတွေ ဖြစ်အောင် လှီးပြီး အိုးထဲထည့်ပါ။ အိုးထဲကို ကျိုပြီးသား နွားနို့ ၂ ခွက်ထည့်ပြီး ဆား အနည်းငယ်ထည့်ပါ။ ပြီးရင်တော့ မီးဖိုမီးဖွင့်ပြီး တည်ထားပါ။ ပွက်ပွက်ဆူလာရင် မွှေနေပေးပါ။ ခဏနေရင် မြေပဲ စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ပြီး မွှေပေးပါ။ မုန်လာဥတွေ နူးပြီဆိုရင် မီးပိတ်ပြီး အအေးခံံထားပါ။ အေးသွားပြီဆိုရင် ကြိတ်စက် (သို့) Blender ထဲထည့်ကြိတ်ပါမယ်။ ရပြီဆိုရင် အိုးထဲပြန်ပြောင်းထည့်ပြီး မီးဖိုမီးဖွင့်တည်ပါ။ သကြား ခွက်တစ်ဝက်စာ၊ နို့မှုန့် ခွက်တစ်ဝက်စာ […]

ကျန်းမာ‌‌ရေးအသိ

အသားအရေကို ဝင်းမွတ်လှပစေမယ့် ထမင်း

(Unicode) အသားအရေကို ဝင်းမွတ်လှပစေမယ့် ထမင်း အလှပြင်ပစ္စည်းတွေကို ကုန်စုံဆိုင်တွေ အလှပြင်ဆိုင်တွေမှာ တကူးတက ရှာစရာမလိုပါဘူး။တကယ်တော့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေဟာ အလှအပ ပစ္စည်းတွေပါပဲ။အမျိုးသမီးတိုင်း နူးညံ့ပြီး လှပစိုပြေတဲ့ အသားရေမျိုးကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ပါရဲ့လား။ သိပ်သေချာတာပေါ့။ အသားအရေကိုနုပျို စိုပြေစေဖို့ ဂျပန်နိုင်ငံက အမျိုးသမီးတွေရဲ့ လျှို့ဝှက်ချက်ကို ဒီကနေ့မှာ မျှဝေပေးချင်ပါတယ်။ အရမ်းကိုရိုးရှင်းလွယ်ကူတဲ့နည်းလမ်းဖြစ်ပြီး တကယ်လည်းအကျိုးထူးတာမို့ စာဖတ်သူတို့အတွက်အဆင်ပြေမှာပါ။ ပါဝင်ပစ္စည်း- -ဆန် စားပွဲတင်ဇွန်း ၃ ဇွန်း ကနေ ၄ ဇွန်းထိ -ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း -နွားနို့ စားပွဲတင်ဇွန်း ၁ ဇွန်း ပြုလုပ်နည်း- ဆန်ကိုရေအေးနဲ့ တည်ပြီး ချက်ပါ။ ဆန်ကျက်ပြီဆိုရင် မီးဖိုပေါ်ကချပေးပြီး ထမင်းကိုစစ်ချပါ။ထမင်းရည်ကို ခွက်တစ်လုံးထဲမှာထည့်ပါ။ နွားနို့နဲ့ […]

ကျန်းမာ‌‌ရေးအသိ

နှာရည်ကျ၊ တရှုံ့ရှုံ့ ဖြစ်နေသူများနှင့် အဆုတ်အားကောင်းစေတဲ့ ဆားငွေ့

(Unicode) နှာတရှုံ့ရှုံ့ ဖြစ်နေသူများအတွက် ဆားငွေ့ ဆားငွေ့ရှုနည်း တစ်ဆောင်းတွင်းလုံး နှာစေးနေခဲ့ရင်၊ လူရှေ့သူရှေ့မရှောင် နှာရည်ကျ၊ နှပ်တရှုံ့ရှုံ့ဖြစ်နေခဲ့ရင်အလွယ်တကူနဲ့ သက်သာစေနိုင်တဲ့ နည်းလမ်းကတော့ ဆားငွေ့ရှုတဲ့နည်းပါဘဲ။ ငွေမကုန်ပဲ သက်သာစေမဲ့ မီးဖိုချောင်က ဆေးနည်းလေးပါ။ ပြုလုပ်ပုံကတော့ ဟင်းရည်သောက်ကြွေပန်းကန်လုံးထဲမှာ ပရုပ်ဆီအနည်းငယ် သုပ်လိုက်ပါ။ ပြီးရင် ဆား ဟင်းစားဇွန်းနဲ့၃ဇွန်း ထည့်ပါ။ ဆူပြီးသားရေနွေး သို့မဟုတ် ဓာတ်ဘူးထဲက ရေနွေးပူပူ လောင်းထည့်ပါ။ တက်လာတဲ့ ဆားအငွေ့ကို ဦးခေါင်းမှာ တဘက်ပုဝါ တစ်ထည်ခြုံပြီး ကြွေပန်းကန်ထဲက တက်လာတဲ့ အငွေ့ကို ရှုပေးပါ။ အငွေ့နှာခေါင်းထဲရောက်အောင် သေချာရှူပေးပါ။ ပင်လယ်ထဲက ဆားငွေ့လေရှုသလိုမျိုး အကျိုးခံစားရပါလိမ့်မယ်။ ဆားငွေ့ဟာ အဆုတ်ကျန်းမာရေးကို ကောင်းစေပါတယ်။ နှာစေးတဲ့ အရည်ထွက်ကျခြင်းကိုလည်း ထိန်းစေပါတယ်။ လေရှူပြွန်ရောင်ခြင်းကိုလည်း သက်သာစေတဲ့အပြင် ပိုးများ ကပ်တွယ်ပေါက်ဖွားခြင်းမှလည်းဟန့်တား ကာကွယ်နိုင်ပါတယ်။ […]

ဗဟုတုသ

ကြက်များအတွက် ရာသီနာ ကာကွယ်ဖို့ မြန့်မာ့နည်း မြန်မာ့ဟန် မီးဖိုချောင်ဆေး

(Unicode) ကြက်တွေကို ရောဂါရာသီနာနဲ့ ပတ်သက်ပြီး ကာကွယ်ဖို့ သူများ လာလာမေးရင် ကိုယ်က (ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ဆိုပြီး) တစ်ခါမှ လမ်းလွဲမပြခဲ့ဘူး။ သူများမေးလည်း အဲ့လိုပဲဖြေသလို ကိုယ်လုပ်လဲ သူများကို ပြောတဲ့အတိုင်းပဲ လုပ်တယ်။ ကြက်မွေးလာတဲ့ 7 နှစ်တောက်လျှောက်မှာ ကိုယ့်ခြံမှာ ကြက်နာကျလို့ တစ်ခြံလုံး ပြောင်ရတဲ့ ဆုံးရှုံးမှုဆိုတာလည်း မရှိခဲ့ဘူး။ ရပ်ကွက် အနီးအနားပတ်လည် ကြက်နာရောဂါဝင်လို့် တစ်ရပ်ကွက်လုံး ပြောင်သွားလည်း ကိုယ့်ခြံက ကြက်ဖလန်းဖလန်းပဲ။ ဘယ် တိမွေးကု/ဘယ်အင်္ဂလိပ်ဆေးမှ မသုံးလို့ အထင်မကြီးရင်ကျော်သွား။ြ မန့်မာ့နည်း မြန်မာ့ဟန် မီးဖိုချောင်ဆေးမို့ အထင်မသေးပါနဲ့။ ဆေးတစ်ထုပ် သောင်းနဲ့ချီပြီး ဝယ်တိုက်ပြီး နောက်ဆုံး ကိုယ့်ကြက်ပစ်လိုက်ရတာသာ အဖတ်တင်တဲ့ ပြသနာတွေ အများစု တွေ့နေရတဲ့ထဲ ကိုယ့်မိတ်ဆွေတွေ မပါဖို့ စေတနာနဲ့ မျှဝေပေးပါတယ်။ […]

ကျန်းမာ‌‌ရေးအသိ

ကျောက်ကပ်ကျန်းမာရေးအတွက် လူတိုင်းစားပေးသင့်တဲ့ အစားအစာများ

(Unicode) ကျောက်ကပ်ကျန်းမာရေးပြဿနာဟာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေထဲက တခုဖြစ်ပြီး ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို စစ်ထုတ်ပြီး ဆီးအဖြစ် စွန့်ပစ်ဖို့အတွက်လုပ်ဆောင်ပေးရတာကြောင့် အရေးကြီးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတခုပါ။ ဒါကြောင့်ကျောက်ကပ် ကျန်းမာရေးအတွက် လူတိုင်းစားပေးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးချင်ပါတယ်။ (၁) ပန်းဂေါ်ဖီ ပန်းဂေါ်ဖီမှာ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ဗီတာမင်ဘီနဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကျောက်ကပ် ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်ပေးနိုင်ပြီး အူမကြီးကင်ဆာနဲ့ ပန်ကရိယကင်ဆာလို ကင်ဆာရောဂါ တွေ ဖြစ်ပွားခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ (၂) ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာ ဗီတာမင်စီ၊ ဗီတာမင် B6 နဲ့ ဆာလဖာဓာတ်တို့ ပါဝင်တာကြောင့် ကိုယ်တွင်းအင်္ဂါရောင်ရမ်းခြင်း တွေကို လျော့ပါးသက်သာစေနိုင်သလို ကျောက်ကပ်ကျန်းမာရေးပြဿနာနဲ့နှလုံးရောဂါ ဖြစ်ပွားခြင်းတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ (၃) နာနတ်သီး နာနတ်သီးဟာဆိုရင်လည်း အမျှင်ဓာတ်ကြွယ်ဝပြီး ဗီတာမင်စီနဲ့ Bromelain […]

ကျန်းမာ‌‌ရေးအသိ

ဆီးချိုရောဂါကို ထိန်းချုပ်ပေးပြီး အရိုးသန်မာ၊ အရွယ်တင်စေတဲ့ ဒန့်ဒလွန်ရွက်

(Unicode) ဆီးချိုရောဂါကို ထိန်းချုပ်ပေးမယ့် ဒန့်ဒလွန်ရွက် ဒန့်ဒလွန်ရွက်ကို တောင်အာရှမှာ နှစ်ပေါင်းများစွာကတည်းက ဆေးဖက်ဝင်အပင် တစ်မျိုးအဖြစ် အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဒန့်ဒလွန်ရွက်မှာ Antioxidant နဲ့ ကျန်းမာရေးကို အထောက်အကူပြုစေတဲ့ အကျိုးကျေးဇူးတွေ အများအပြားပါဝင်နေပါတယ်။ ဒန့်ဒလွန်ရွက်ကော ဒန့်ဒလွန်သီးကိုပါ စားသုံးနိုင်ပြီး ကျန်းမာရေးကိုလည်း များစွာအထောက်အကူ ပြုစေပါတယ်။ ဘာလို့လဲဆိုတော့ ဒန့်ဒလွန်ရွက်မှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ အရွက်ကို အစိမ်းလိုက် အကြမ်းစားပေးတာဟာ ပိုပြီးကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ဒါ့အပြင် ဒန့်ဒလွန်ရွက်ကို အခြောက်လည်း စားသုံးနိုင်သလို ရေနွေးကြမ်းလုပ်ပြီးလည်း သောက်သုံးနိုင်ပါတယ်။ ဒန့်ဒလွန်သီးစားသုံးခြင်းရဲ့ အကျိုးကျေးဇူးများ- သွေးတွင်းသကြားဓါတ်ကို ထိန်းချုပ်ပေးခြင်း ဒန့်ဒလွန်ရွက်ဟာ ဆီးချိုရောဂါခံစားနေရသူတွေအတွက် တကယ်ကိုအကူအညီဖြစ်ပါတယ်။အမျိုးသမီး ၃၀ ကို ဒန့်ဒလွန်ရွက်အမှုန့်ကို ၇ ဂရမ်နေ့စဉ်စားသုံးပြီး စမ်းသပ်ပါတယ်။ သကြားဓါတ်ကို ပါဝင်မှုနှုန်း ၁၃.၅% […]

ကျန်းမာ‌‌ရေးအသိ

နှုတ်ခမ်း၊ မေး၊ ပါးစောင်းရွဲ့၊ အဆစ်ရောင်၊ အကြောထုံခြင်းများအတွက် ဆေးဖက်ဝင်အပင် လင်းနေ

(Unicode) ဆေးဖက်ဝင်အပင် လင်းနေ “ကလေး လေထိုးပြီး ငိုနေလို့ လင်းနေ တစ်တက်လောက် ပေးပါလား….ဦးရယ်” ဆိုပြီးလာတောင်းသော ကလေးမိခင်အသံများကို ကြားယောင်မိနေသည်။ လင်းနေကို လင်းလေဟုလည်း ခေါ်ကြသေးသည်။ ပင်ပျော့ ပင်ငယ်မျိုးဖြစ်သည်။ အမြင့်သုံးပေခန့်အထိ မြင့်တက်သည်။ မြေအောက်ပင်စည် ဖြစ်သည်။ အနံ့ထင်ရှားသည်။ ပင်စည်သည် ဥတက်သဖွယ် ဖြစ်သည်။ ဥရှိ အဆစ်များ အဖြူရောင်ရှိသည်။ ရှည်လျားသော ပန်းခိုင်ပေါ်တွင် အပွင့်များစွာ ပွင့်သည်။ စိမ်းဝါရောင်ရှိသည်။အဖူးခွံ အစိမ်းရောင်ရှိသည်။ အရွက်နှင့်တူသည်။ အေးမြသော ရာသီဥတုရှိသည့် ဒေသများရှိ အင်းအိုင် ချောင်းမြောင်းတစ်ဝိုက်တွင် ပေါက်သည်။သဘာဝအလျောက် ပေါက်ရောက်သည်။ အိမ်သုံးဆေးအဖြစ် အသင့်အတင့် စိုက်ပျိုးကြသည်။စိုက်ပျိုးရာတွင် ချင်းကဲ့သို့ပင် စိုက်ပျိုးရသည်။ အသုံးပြုသောအစိတ်အပိုင်း- မြေအောက်ပင်စည်ကို အသုံးပြုကြသည်။ အာနိသင် မြန်မာ့ဆေးကျမ်းများအလိုအရ လင်းနေသည် စူးရှသော အနံ့ရှိသည်။ […]

ကျန်းမာ‌‌ရေးအသိ

အိမ်မှာ အပင်လေးတွေ စိုက်ထားရင် ပိုးသတ်ဆေးအစား ဆန်ဆေးရည်သုံးမယ်

(Unicode) အိမ်မှာ အပင်လေးတွေစိုက်ထားရင် ပိုးသတ်ဆေးအစား ဆန်ဆေးရည်သုံးမယ် စရိတ်နည်း ဖို့ ဒီလိုအစပြုပါ။ ပိုးသတ် ဆေးကင်း ရောဂါကင်းပေါ့။ သင့် အိမ်က ဆန်ဆေးရည်တွေကို အကျိုးရှိမယ့် နေရာတစ်ခုခုမှာ မသုံးစွဲပဲ သွန်ပစ်နေခြင်းမျိုး လုံးဝမလုပ်ပါနှင့်။အထူးသဖြင့် သင်ဟာစိုက်ပျိုးရေးနဲ့ ပါတ်သက် ဆက်နွယ်နေသူတစ်ဦး ဖြစ်နေတယ်ဆိုရင် ပိုလို့ တောင် ဆင်ခြင်သင့်ပါတယ်။ ဆန်ဆေးရည်မှာ ဘာတွေပါသလဲဆိုရင် သက်ရှိများကို အကျိုးပြုနိုင်သော ဓါတ်အဟာရတွေမြောက်များစွာ ပါဝင်နေပါတယ်လို့သာ အလွယ်မှတ်လိုက်ကြပါစို့။ အိုမင်းရင့်ရော်ခြင်းကိုဟန့်တားစေနိုင်ခြင်း၊ မဖြစ်မနေကျိုးရမဲ့ သွားတွေကို ခိုင်ခန့်စေနိုင်ခြင်းနှင့် ဖြူသွားတဲ့ ဆံပင်တွေတဖန်ပြန်ပြီး မဲနက်လာစေနိုင်ခြင်းဆိုတဲ့အစွမ်း အာနိသင်မျိုးတွေ ဆန်ဆေးရည်မှာ ရှိနေပါတယ်။ စိုက်ပျိုးရေးနဲ့ ပါတ်သက်သည်များကို အဓိကထား တင်ရမယ်ဆိုရင်လည်း များပြားလှစွာသောအကျိုးများကို ဖြစ်ထွန်းစေပါတယ်။ အထွေအထူး စီမံနေစရာမလိုပါဘူး။ ဆန်ဆေးရည်ကို အချဉ်ဖေါက်ပြီး သုံးစွဲရုံသာဖြစ်ပါတယ်။ အရင်ဦးဆုံး […]

ကျန်းမာ‌‌ရေးအသိ

အဖု အကြိတ်၊ ကိုယ် လက် ကိုက်ခဲခြင်း၊ ယောင်ခြင်း၊ အသားကွက်၍ ယားခြင်း၊ ကင်း၊ ပင့်ကူကိုက်ခြင်းများ အတွက် နလင်ကျော်

(Unicode) ကင်း၊ ပင့်ကူကိုက်ခြင်း၊ ကိုယ် လက် ကိုက်ခဲခြင်း၊ အသားကွက်၍ ယားခြင်း၊ ရောင်ခြင်းများအတွက် နလင်ကျော် မြန်မာဆေးကျမ်းများ အလိုအရ နလင်ကျော်သည် အေး၏။ အခိုးကို ပွင့်စေ၍ အဆိပ်ကိုနိုင်သည်။ (ဆေးဖက်အသုံးဝင်ပုံ) အသားခေါက်၊ အမြစ်ခေါက် (၁) ကင်း၊ ပင့်ကူကိုက်ခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်း၊ အသားကွက်၍ ယားခြင်း၊ ရောင်ခြင်းများအတွက် နလင်ကျော်ကို (ဆားနှင့်)သွေး၍ လိမ်းပါက အခိုးပွင့်၍ သက်သာပျောက်ကင်းစေပါသည်။ (၂) ဖျားနာခြင်း၊ အညှော်မိခြင်း၊ အနာဝင်ခြင်း၊ ငန်းမန်းအားကြီးခြင်းအတွက် နလင်ကျော်ကို သွေး၍ သောက်ခြင်း၊ လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေပါသည်။ ဝမ်းချုပ်ပါက နလင်ကျော်သွေးရည်ကို ဆားအနည်းငယ် ထည့်သောက်ပါ။ (၃) ဝမ်းဖော၊ ဝမ်းရောင်၊ ရေငတ်ဝမ်းကျ ဖြစ်ပါက ထမင်းဆုပ် မီးဖုတ်စိမ်ရည်နှင့် နလင်ကျော် […]

ကျန်းမာ‌‌ရေးအသိ

အစာအိမ်ရောဂါသမားများအတွက် ကြက်မောက် ဆူးပြန် အစွမ်း…

(Unicode) အစာအိမ်သမားများအတွက် ငွေမကုန်တဲ့ ဆေးတစ်လက် အစာအိမ်ရောဂါဖြစ်လို့ ငြီးငြူသံတွေ မကြာခဏတွေ့နေရလို့ ဒီစာကို အချိန်ကုန်ခံ ရေးပါတယ်။ အခံရခက်ပါတယ်။ ရင်ဝနားက ပူပြီး စူးအောင့်ပါတယ်။ အဆာခံပြီး အလုပ်လုပ်လွန်းလို့ခဏခဏ ဖြစ်ခဲ့ပါတယ်။ ဆေးထိုး ဆန်ပြုပ်သောက် ဂျဲလမက်ဝါးပေမဲ့ ခဏဘဲ သက်သာလာတာပါ။ ဆရာမကွေးဝင်းမြင့် ကျေးဇူးကြောင့် အစာအိမ်ရောဂါအမြစ်ပြတ်ပျောက်ကင်းခဲ့ပါတယ်။ ငွေမကုန်တဲ့ ဆေးမို့ အထင်မသေးလိုက်ပါနဲ့။ တောကြက်မောက်/ ကြက်မောက်ဆူးပြန်/ ကျွဲနှခေါင်းချိတ်။ ဒေသအခေါ်ကွဲလို့ သုံးမျိုးလုံး ပြောတာပါ။ အဲ့အပင်ရဲ့အမြစ်၊ အရိုး၊ အရွက် ရေစင်စင်ဆေး၊ ရေနွေးကြမ်းလို အရောင်ထွက်လာအောင်ပြုတ်၊ လေပူကြေချင်ရင် ဆားနဲနဲခပ်သောက်။ ချိုချိုလေး သောက်ချင်ရင် သကြား ထန်းလျက် ထည့်သောက်။ အကြမ်းပန်းကန်တလုံးစာ ပူပူလေး မှုတ်သောက်ပြီးရင်ကို သိသိသာသာကောင်းသွားပါပြီ။ အစာအိမ်ရောဂါတော့ငွေမကုန် အမြစ်ပြတ်တဲ့ ဆေးပါ။ ဆူးတောင်လေး […]

Back To Top