Month: November 2019
သတင်း
(Zawgyi) အဆစ်အမြစ်ရောင်တတ်တဲ့သူတွေ ဒါတွေ ရှောင်စားပါ အဆစ်အမြစ်တွေရောင်ရမ်းနာကျင်ပြီး လမ်းတောင် မလျှောက်နိုင်တဲ့သူတွေရှိကြမှာပါ။ ထိခိုက်မိလို့ပဲ ဖြစ်ဖြစ်၊ ရောဂါအခံတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်တဲ့ အဆစ်အမြစ်တွေ ကိုက်ခဲတဲ့ ဝေဒနာကို လူတိုင်း မခံစားချင်ကြပါဘူး။ ဒီလို နာကျင်လွန်းတဲ့ အဆစ်အမြစ်ကိုက် ဝေဒနာသက်သာအောင် ဆေးတွေသောက်၊ လေ့ကျင့်ခန်းတွေ လုပ်နေပေမယ့် အရမ်းကြီး မသက်သာတဲ့အခါမှာတော့ ကိုယ့်စားနေတဲ့အစားအသောက်တွေကို ထည့်စဉ်းစားဖို့လိုလာပါပြီ။ အဆစ်အမြစ် ရောင်တာကို ပိုဆိုးစေတဲ့ အစားအသောက်တွေကို စားနေမိလားပေါ့ ။ အဆစ်အမြစ်ကိုက်ခြင်းကို ပိုဆိုးစေတဲ့ အစားအသောက်တွေက ဘာတွေလဲ Gluten ဓာတ်များတဲ့ အစားအသောက်တွေကို အစာအိမ်က ဖြိုခွဲလိုက်တဲ့အခါ inflammatory response လို့ခေါ်တဲ့ ရောင်ရမ်းကို အားပေးတဲ့ ဓာတ်တွေ၊ ထွက်လာပါတယ်။ အထူးသဖြင့်အစာ အိမ်စုပ်ယူအားကောင်းတဲ့ လူတွေမှာဆို ဒီဓာတ်တွေဟာ ခုခံအားကို […]
ဗဟုတုသ
ဗန်ဒါရွက် အံ့ဖွယ်ဆေးဘက်ဝင်ပုံ အမျိုးမျိုး
(Zawgyi) ဗန်ဒါရွက် အံ့ဖွယ်ဆေးဘက်ဝင်ပုံ အမျိုးမျိုး မြေပြန့်ဒေသ ပူအိုက်တဲ့ရာသီဥတုအတွက်တော့ မြန်မြန်နဲ့လွယ်လွယ် အရိပ်ရလို့ တချို့က မိမိအိမ်ခြံဝင်းမှာ အရိပ်ရအောင် စိုက်ကြတယ်။ နေရာတိုင်းမှာလည်း အလေ့ကျ ပေါက်ပါတယ်။သို့သော် ဗန်ဒါပင်ရဲ့ အစွမ်းကိုတော့ သိသူ နည်းပါးပါတယ်။ ဗန်ဒါရွက်အရင့်ကို ၃ခွက်၁ခွက်တင် ကျို ပီးသောက်ပေးခြင်းဖြင့် အစာအိမ်လေနာ၊ အစာအိမ်အောင့်၊ အစာအဆိပ်သင့်၊ ဝမ်းဖောဝမ်းရောင်၊ ကိုက်ခဲနာကျင်တာတွေ လက်တွေ့ပျောက်တဲ့ဆေးပါ။ ဆန်ပြုတ်ကျို သောက်နေရသူ အစာအိမ်သမားတွေအတွက် သဘာဝက ပေးတဲ့ဆေးဖြစ်တယ်။ ဆီးဝမ်းသွေးလေ မကွဲ အထက်လေဆန်ဖြစ်နေရင် ကျိုသောက် ပျောက်တဲ့ဆေးလည်းဖြစ်တယ်။ တချို့က ဗန်ဒါရွက်ကို နေရိပ်မှာ လှန်းပီး အမှုန့်လုပ်ပီး လျက်ဆားလျက်သလို စားကြပါတယ်။အမှုန့်လုပ်သောက်နိုင်ရင် ပိုကောင်းတယ်။ ကျနော် အရင်က အစာအိမ်ရောဂါဝေဒနာကို အလူးအလိမ့်ခံစားခဲ့ရတယ်။ ဆန်ပြုတ်ကို လချီသောက်ရတယ်။ ဆန်ပြုတ်သောက်တိုင်း မျက်ရည်ကျခဲ့ရတယ်။ […]
ဗဟုတုသ
ကလေး၊ လူကြီး၊ စူပါဂလူးနဲ့ ကပ်မိရင်
(Unicode) ကလေး၊ လူကြီး အားလုံး Super Glue နဲ့ ကပ်မိရင် ဘယ်လိုအရေးပေါ် ကုသပေးနိုင်မလဲ Super Glue မှာ Cyanoacrylates ဆိုတဲ့ ဓာတုပစ္စည်း အဓိကပါဝင်ပါတယ်။ ကပ်အားအလွန်ကောင်းတဲ့ ဓာတုပစ္စည်းမို့ မတော်တဆ သူနဲ့ထိမိတဲ့အခါ အရေပြားအချင်းချင်း ပူးကပ်သွားတာ၊ ဦးရေပြားနဲ့ ဆံပင်မှာ ထွေးကပ်သွားတာ၊ ပါးစပ်ထဲ ဝင်သွားတဲ့အခါ အမြန်ခြောက်သွားတတ်တဲ့ သဘာဝကြောင့် ပါးစောင်၊ အာခေါင်၊ လျှာပေါ်မှာ ခြောက်ပြီး ကပ်သွားတာ၊ မျက်စိထဲဝင်ပြီး မျက်လုံးပိတ်သွားတာ၊ မျက်စိ မျက်ကြည်လွှာထိခိုက်ပြီး အမြင်အာရုံကွယ်သွားတာတွေထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးငယ်ရှိတဲ့ မိဘတွေအနေနဲ့ အထူးသတိထားသင့်ပါတယ်။ လူကြီးတွေတောင်မှ တစ်ခုခုကပ်ဖို့ Super Glue ကိုသုံးတဲ့အခါ လက်မှာကပ်တာတို့ ပေကျံတာတို့ ဖြစ်လေ့ရှိတာကြောင့် လက်အိတ်ဖြင့် အသုံးပြုကိုင်တွယ် […]
Back To Top