Category: က်န္းမာ‌‌ေရးအသိ

  • သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးတစ်ယောက်နေ့တိုင်းလေ့ကျင့်ခန်းအားကစားလုပ်တာကို သူ့မိတ်ဆွေကမေးတယ်

    သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးတစ်ယောက်
    နေ့တိုင်းလေ့ကျင့်ခန်းအားကစားလုပ်တာကို သူ့မိတ်ဆွေကမေးတယ်

    တစ်နေကုန်အလုပ်လည်းပင်ပန်းလာပြီးပြီ၊ ရတဲ့လစာလေးကလည်းနည်းနည်း၊ ဘာလို့ကျန်းမာရေးကိုဒီလောက်ဂရုစိုက်နေရသလဲ

    သူမရဲ့အဖြေဟာ အားလုံးကိုနိုးထလာစေတယ်

    လွန်ခဲ့တဲ့ (၁၀) နှစ်က ကျွန်မရဲ့အဖေဟာ၊ သူစုထားတဲ့ငွေဘတ်(၈) သိန်း ကိုအဖိုးရဲ့ကျန်းမာရေးအတွက် အကုန်ခံကုသခဲ့တယ်။

    လွန်ခဲ့တဲ့ နှစ်အနည်းငယ်က၊ ကျွန်မရဲ့(၁၀) နှစ်စာစုမိထားတဲ့ငွေ ဘတ်(၂) သန်း လည်း ကျမ ရဲ့အဖေ့ကျန်းမာရေးအတွက် အကုန်ခံကုသခဲ့ရပြန်တယ်။

    ကျွန်မတို့( ၂) မျိုးဆက်လုံး (Generation) ဟာ ဆေးရုံအတွက်ပင်ပင်ပန်းပန်းအလုပ်တွေလုပ်ခဲ့ရတယ် ကျွန်မရဲ့သားသမီးတွေကို၊ ကျွန်မလို ဒုက္ခမပေးချင်ဘူး။

    မျိုးဆက်နံပါတ် (၃) ကိုလည်းဆေးရုံအတွက် ပင်ပင်ပန်းပန်းအလုပ် မလုပ်ပေးရအောင် ဒီနေ့ ကျွန်မကျန်းမာတုန်း၊ မဖျားမနာတုန်း ကျွန်မရဲ့ ကျန်းမာရေး ကို ကျွန်မ ဂရုစိုက်ရပါမယ် ။

    ကျန်းမာရေးကိုဂရုစိုက်ကြပါ

    ကျန်းမာရေးစောင့်ရှောက်ဖို့အတွက် စရိတ်ဘယ်လောက်ကြီးကြီး၊ ဆေးရုံဆေးခန်းကုသစရိတ်၊ ဆေးဖိုးဝါးစရိတ်ထက်မကြီးဘူးဆိုတာ ယုံလိုက်ပါ။

    သင့်ကို ကျန်းမာရေးဂရုစိုက်ပါလို့  လာပြောတဲ့ မိတ်ဆွေအပေါင်းသင်းတွေကိုကျေးဇူးတင်လိုက်ပါ။

    လူတော်တော်များများ၊ ကျန်းမာရေးဂရုမစိုက်ဖို့ ပေးလေ့ရှိတဲ့အကြောင်းပြချက်တွေက

    စိတ်မဝင်စားဘူး။
    မလိုအပ်သေးဘူး။
    အချိန်မရှိဘူး။

    သင့်ပိုက်ဆံအိပ်ထဲက ပိုက်ဆံကိုကုန်အောင် ဆရာဝန်စကား (၃)ခွန်းပဲပြောမှာပါ။

    သင့်ရဲ့ကျန်းမာရေးအရမ်းဆိုးဝါးနေပါပြီ။
    ခင်ဗျားကံကောင်းသေးတယ်၊ကုသလို့ရသေ းလို့။
    ဒါပေမယ့်  ပိုက်ဆံ ကုန်ကျစရိတ် “တော့များမယ်။

    သင့်ရဲ့နှစ် (၃၀) လောက်စုထားတဲ့ငွေကို ဆရာဝန်က (၃)မိနစ်အတွင်းအရယူသွားလိုက်ပါပြီ။

    ကျန်းမာရေးကိုဂရုစိုက်ကြပါ

    ခန္ဓာကိုယ်ရဲ့ကလီစာတွေဟာစျေးအရမ်း ကြီးတယ်။
    အဲဒီ ကလီစာတွေက လွယ်လွယ်ကူကူရှာဝယ်လို့မရပါဘူး။

    အသက်ငယ်သေးလို့၊ ကျန်းမာရေးကောင်းပါသေးတယ်ဆိုတာ အကြောင်းပြချက်ပါ။

    ဒီနေ့သတင်းစာမျက်နှာတွေပေါ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးတဲ့လူဦးရေအရမ်းများပါတယ်။

    ကျန်းမာရေးကောင်းရင် အနာဂတ်အတွက်လုံခြုံရပါတယ်

    မူရင်းရေးသူကို ကျေးဇူးတင်ပါတယ်.

    Copy from.Dancing Leaves

  • ဆေးလိပ်သောက် ကွမ်းယာစားသူတွေသိထားသင့်တဲ့ ဆေးရွက်ကြီးအကြောင်း

    အခုတစ်ခေါက်မှာတော့ ဆေးလိပ် နှင့် ဆေးရွက်ကြီးရဲ့အန္တရာယ်များအကြောင်းပြောပြပေးပါမယ္။

    ဆေးရွက်ကြီးထွက်ပစ္စည်းအမျိုးအစား၊ ဆေးရွက်ကြီးထွက်ပစ္စည်းကို (၂)မျိုးခွဲခြားနိုင်သည်။

    (၁) အငွေ့ထွက်သောဆေးရွက်ကြီးထွက်ပစ္စည်း ( စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်၊ ဆေးတံ၊ ပြောင်းဖူးဖက်လိပ်၊ကွမ်းဖက်လိပ်၊ ရေပြောင်း၊ ပွတ်ချွန်း၊ ဘီဒီ စသည်တို့ပါဝင်သည်။)

    (၂) အငွေ့မထွက်သောဆေးရွက်ကြီးထွက်မစ္စည်း ( ကွမ်းထဲတွင် ဗမာဆေး၊ နှပ်ဆေး၊ ဆေးပေါင်း စသည့်ဆေး ထည့်စားခြင်း၊ ဆေးရွက်ကြီးငုံခြင်း စသည်တို့ပါဝင်သည်။)

    ဆေးလိပ်မီးခိုးငွေ့တွင်ပါဝင်သောဓါတ်ပစ္စည်းများ

    ဆေးလိပ်မီးခိုးငွေ့တွင်ကင်ဆာရောဂါဖြစ်စေတတ်သော ဓါတ်ပစ္စည်း (၅၀) ကျော်အပါအဝင် ဓါတ်ပစ္စည်းပေါင်း ( ၄၀၀၀) ကျော်ပါဝင်သည်။

    ဆေးလိပ်၊ ဆေးရွက်ကြီးကိုအဘယ်ကြောင့်စွဲလမ်းကြသနည်း။

    ဆေးရွက်ကြီးတွင်ပါဝင်သော နီကိုတင်းဓါတ်ကိုစွဲလမ်းကြခြင်းဖြစ်ပါသည်။ နီကိုတင်း၏ စွဲလမ်းတတ်သော အာနိသင်ကြောင့် စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ် တို့ကို စတင်စမ်းသပ်သောက်သုံး ကြည့်ရာမှတဖြည်းဖြည်းပို၍စွဲလမ်းလာပြီး ဆေးလိပ်မသောက်ရမနေနိုင်အောင်၊ ကွမ်းမစား/ဆေးမငုံရ မနေနိုင်အောင်ဖြစ်လာကြသည်။

    ဖြစ်ပွားစေသောရောဂါများ

    ကိုယ်တိုင်ဆေးလိပ်သောက်ခြင်း၊ သူတစ်ပါး၏ဆေးလိပ်ငွေ့ကိုရှူရှိုက်ရခြင်းနှင့် ဆေးပါသောကွမ်းစားခြင်းတို့ကြောင့်အောက်ပါရောဂါများကိုဖြစ်ပွားစေပါသည်။

    ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာ နှင့် ကင်ဆာရောဂါအမျိုးမျိုးနှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်ခြင်း၊ ရုတ်တရက်နှလုံးခုန်ရပ်ခြင်း၊ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း၊ အဆုတ်ပြွန်ရောင်ခြင်း (အဆုတ်ပွရောဂါ) ပြင်းထန်သည့်သွေးတိုးရောဂါခြေပုတ်၊ လက်ပုတ်ရောဂါ (ခြေ၊ လက် ဖြတ်ပစ်ရသည်အထိဖြစ်နိုင်ပါသည်။)
    ပန်းသေ၊ ပန်းညှိုးရောဂါ၊ ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်တိုင်ဆေးလိပ်သောက်ခြင်း၊ သူတစ်ပါး၏ဆေးလိပ်ငွေ့ကိုရှူရှိုက်ရခြင်းနှင့် ဆေးပါသောကွမ်းစားခြင်းတို့ကြောင့် အထက်ဖော်ပြပါရောဂါများအပြင် အောက်ပါတို့ကိုဖြစ်ပွါးစေပါသည်။ သားပျက်၊ သားလျှောခြင်း (ကိုယ်ဝန်ပျက်ခြင်း)လမစေ့၊ ပေါင်မပြည့်သောခလေးမွေးဖွားခြင်းမွေးရာပါကိုယ်အင်္ဂါ ချို့ယွင်းချက်ပါလာခြင်းမွေးကင်းစခလေးရုတ်တရက်သေဆုံးခြင်း၊ ကလေးအသေမွေးဖွားခြင်း။

    ဆေးလိပ်သောက်သုံးသူ၏ ပတ်ဝန်းကျင်အတွက် အန္တရာယ်ဆေးလိပ်ငွေ့ကိုရှူရှိုက်ရသောလသားကလေး ရုတ်တရက်သေဆုံးခြင်း၊ အဆုတ်ရောဂါဖြစ်ခြင်း၊ ကလေးငယ်များရင်ကြပ်၊ ပန်းနာဖြစ်ခြင်း၊ နားပြည်ယိုခြင်း။

    ဆေးလိပ်ငွေ့သည်သောက်သုံးသူကိုသာမက ရှူရှိုက်ရသော ပတ်ဝန်းကျင်ရှိ လူများကိုပါ ထိခိုက်စေပါသည်။ သို့ဖြစ်၍ အများပြည်သူနှင့်ဆိုင်သောနေရာများ (ဥပမာ- ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းများ၊ လေအေးပေးစက်တပ်ထားသော အလုံပိတ်အခန်းများ၊ ခရီးသည်တင်ယာဉ်များ စသည်တွင် ဆေးလိပ်မသောက်သင့်ပါ။)

    ကျန်းမာရေး အသိရှိသူတိုင်းအောက်ပါတို့ကို သတိပြုလိုက်နာပါ။

    ဆေးလိပ်၊ ဆေးရွက်ကြီးတို့ကိုအစပြုလျှင်စွဲတတ်သောကြောင့် လုံးဝအစပြုပါနှင့်။

    မိဘပြည်သူများက သားသမီးများနှင့် ကလေးသူငယ်များကို ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း အစမပြုမိစေရန် ဝိုင်းဝန်းစောင့်ရှောက်ကြပါ။

    သတိပေးကြပါ ကလေးငယ်များရှေ့တွင်ဆေးလိပ်သောက်ခြင်း၊ ကလေးငယ်များအားဆေးလိပ်မီးညှိခိုင်းခြင်း၊ ဆေးလိပ်ဝယ်ခိုင်းခြင်းတို့ကိုရှောင်ကြဉ်ပါ။

    မိမိကိုယ်တိုင်လည်းဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းရှိလျှင်ဖြတ်နိုင်ရန်ကြိုးစားပါ။

    မိသားစုဝင်များနှင့် မိတ်ဆွေများ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းကိုဖြတ်နိုင်ရန်လည်း တိုက်တွန်းအားပေး ကူညီပါ။ လိုအပ်ပါကနီးစပ်ရာ ကျန်းမာရေးဝန်ထမ်းနှင့်ဆွေးနွေးတိုင်ပင်ပါ။

    Credit-Original Uploader

    (Zawgyi)

    အခုတစ္ေခါက္မွာေတာ့ ေဆးလိပ္ ႏွင့္ ေဆး႐ြက္ႀကီးရဲ႕အႏၲရာယ္မ်ားအေၾကာင္းေျပာျပေပးပါမယ္။

    ေဆး႐ြက္ႀကီးထြက္ပစၥည္းအမ်ိဳးအစား၊ ေဆး႐ြက္ႀကီးထြက္ပစၥည္းကို (၂)မ်ိဳးခြဲျခားႏိုင္သည္။

    (၁) အေငြ႕ထြက္ေသာေဆး႐ြက္ႀကီးထြက္ပစၥည္း ( စီးကရက္၊ ေဆးျပင္းလိပ္၊ ေဆးေပါ့လိပ္၊ ေဆးတံ၊ ေျပာင္းဖူးဖက္လိပ္၊ကြမ္းဖက္လိပ္၊ ေရေျပာင္း၊ ပြတ္ခြၽန္း၊ ဘီဒီ စသည္တို႔ပါဝင္သည္။)

    (၂) အေငြ႕မထြက္ေသာေဆး႐ြက္ႀကီးထြက္မစၥည္း ( ကြမ္းထဲတြင္ ဗမာေဆး၊ ႏွပ္ေဆး၊ ေဆးေပါင္း စသည့္ေဆး ထည့္စားျခင္း၊ ေဆး႐ြက္ႀကီးငုံျခင္း စသည္တို႔ပါဝင္သည္။)

    ေဆးလိပ္မီးခိုးေငြ႕တြင္ပါဝင္ေသာဓါတ္ပစၥည္းမ်ား

    ေဆးလိပ္မီးခိုးေငြ႕တြင္ကင္ဆာေရာဂါျဖစ္ေစတတ္ေသာ ဓါတ္ပစၥည္း (၅၀) ေက်ာ္အပါအဝင္ ဓါတ္ပစၥည္းေပါင္း ( ၄၀၀၀) ေက်ာ္ပါဝင္သည္။

    ေဆးလိပ္၊ ေဆး႐ြက္ႀကီးကိုအဘယ္ေၾကာင့္စြဲလမ္းၾကသနည္း။

    ေဆး႐ြက္ႀကီးတြင္ပါဝင္ေသာ နီကိုတင္းဓါတ္ကိုစြဲလမ္းၾကျခင္းျဖစ္ပါသည္။ နီကိုတင္း၏ စြဲလမ္းတတ္ေသာ အာနိသင္ေၾကာင့္ စီးကရက္၊ ေဆးျပင္းလိပ္၊ ေဆးေပါ့လိပ္ တို႔ကို စတင္စမ္းသပ္ေသာက္သုံး ၾကည့္ရာမွတျဖည္းျဖည္းပို၍စြဲလမ္းလာၿပီး ေဆးလိပ္မေသာက္ရမေနႏိုင္ေအာင္၊ ကြမ္းမစား/ေဆးမငုံရ မေနႏိုင္ေအာင္ျဖစ္လာၾကသည္။

    ျဖစ္ပြားေစေသာေရာဂါမ်ား

    ကိုယ္တိုင္ေဆးလိပ္ေသာက္ျခင္း၊ သူတစ္ပါး၏ေဆးလိပ္ေငြ႕ကိုရႉရႈိက္ရျခင္းႏွင့္ ေဆးပါေသာကြမ္းစားျခင္းတို႔ေၾကာင့္ေအာက္ပါေရာဂါမ်ားကိုျဖစ္ပြားေစပါသည္။

    ခံတြင္းကင္ဆာ၊ လည္ေခ်ာင္းကင္ဆာ၊ အဆုတ္ကင္ဆာ ႏွင့္ ကင္ဆာေရာဂါအမ်ိဳးမ်ိဳးႏွလုံးေသြးေၾကာက်ဥ္း၊ ေသြးေၾကာပိတ္ျခင္း၊ ႐ုတ္တရက္ႏွလုံးခုန္ရပ္ျခင္း၊ ဦးေႏွာက္ေသြးေၾကာပိတ္၍ ေလျဖတ္ျခင္း၊ အဆုတ္ႁပြန္ေရာင္ျခင္း (အဆုတ္ပြေရာဂါ) ျပင္းထန္သည့္ေသြးတိုးေရာဂါေျခပုတ္၊ လက္ပုတ္ေရာဂါ (ေျခ၊ လက္ ျဖတ္ပစ္ရသည္အထိျဖစ္ႏိုင္ပါသည္။)
    ပန္းေသ၊ ပန္းညႇိဳးေရာဂါ၊ ကိုယ္ဝန္ေဆာင္မိခင္မ်ား ကိုယ္တိုင္ေဆးလိပ္ေသာက္ျခင္း၊ သူတစ္ပါး၏ေဆးလိပ္ေငြ႕ကိုရႉရႈိက္ရျခင္းႏွင့္ ေဆးပါေသာကြမ္းစားျခင္းတို႔ေၾကာင့္ အထက္ေဖာ္ျပပါေရာဂါမ်ားအျပင္ ေအာက္ပါတို႔ကိုျဖစ္ပြါးေစပါသည္။ သားပ်က္၊ သားေလွ်ာျခင္း (ကိုယ္ဝန္ပ်က္ျခင္း)လမေစ့၊ ေပါင္မျပည့္ေသာခေလးေမြးဖြားျခင္းေမြးရာပါကိုယ္အဂၤါ ခ်ိဳ႕ယြင္းခ်က္ပါလာျခင္းေမြးကင္းစခေလး႐ုတ္တရက္ေသဆုံးျခင္း၊ ကေလးအေသေမြးဖြားျခင္း။

    ေဆးလိပ္ေသာက္သုံးသူ၏ ပတ္ဝန္းက်င္အတြက္ အႏၲရာယ္ေဆးလိပ္ေငြ႕ကိုရႉရႈိက္ရေသာလသားကေလး ႐ုတ္တရက္ေသဆုံးျခင္း၊ အဆုတ္ေရာဂါျဖစ္ျခင္း၊ ကေလးငယ္မ်ားရင္ၾကပ္၊ ပန္းနာျဖစ္ျခင္း၊ နားျပည္ယိုျခင္း။

    ေဆးလိပ္ေငြ႕သည္ေသာက္သုံးသူကိုသာမက ရႉရႈိက္ရေသာ ပတ္ဝန္းက်င္ရွိ လူမ်ားကိုပါ ထိခိုက္ေစပါသည္။ သို႔ျဖစ္၍ အမ်ားျပည္သူႏွင့္ဆိုင္ေသာေနရာမ်ား (ဥပမာ- ေဆး႐ုံ၊ ေဆးခန္း၊ စာသင္ေက်ာင္းမ်ား၊ ေလေအးေပးစက္တပ္ထားေသာ အလုံပိတ္အခန္းမ်ား၊ ခရီးသည္တင္ယာဥ္မ်ား စသည္တြင္ ေဆးလိပ္မေသာက္သင့္ပါ။)

    က်န္းမာေရး အသိရွိသူတိုင္းေအာက္ပါတို႔ကို သတိျပဳလိုက္နာပါ။

    ေဆးလိပ္၊ ေဆး႐ြက္ႀကီးတို႔ကိုအစျပဳလွ်င္စြဲတတ္ေသာေၾကာင့္ လုံးဝအစျပဳပါႏွင့္။

    မိဘျပည္သူမ်ားက သားသမီးမ်ားႏွင့္ ကေလးသူငယ္မ်ားကို ေဆးလိပ္ေသာက္ျခင္း၊ ကြမ္းစားျခင္း အစမျပဳမိေစရန္ ဝိုင္းဝန္းေစာင့္ေရွာက္ၾကပါ။

    သတိေပးၾကပါ ကေလးငယ္မ်ားေရွ႕တြင္ေဆးလိပ္ေသာက္ျခင္း၊ ကေလးငယ္မ်ားအားေဆးလိပ္မီးညႇိခိုင္းျခင္း၊ ေဆးလိပ္ဝယ္ခိုင္းျခင္းတို႔ကိုေရွာင္ၾကဥ္ပါ။

    မိမိကိုယ္တိုင္လည္းေဆးလိပ္ေသာက္ျခင္း၊ ကြမ္းစားျခင္းရွိလွ်င္ျဖတ္ႏိုင္ရန္ႀကိဳးစားပါ။

    မိသားစုဝင္မ်ားႏွင့္ မိတ္ေဆြမ်ား ေဆးလိပ္ေသာက္ျခင္း၊ ကြမ္းစားျခင္းကိုျဖတ္ႏိုင္ရန္လည္း တိုက္တြန္းအားေပး ကူညီပါ။ လိုအပ္ပါကနီးစပ္ရာ က်န္းမာေရးဝန္ထမ္းႏွင့္ေဆြးေႏြးတိုင္ပင္ပါ။

    Credit-Original Uploader

  • ခေါင်းကိုက်သူများ၊ ဒူးနာသူများအတွက်

    (Unicode)

    ခေါင်းကိုက်သူများ၊ ဒူးနာသူများအတွက်

    ခေါင်းတအားကိုက်နေလျှင် မသိသေးရင် မျှဝေထားပါ။ ခေါင်းတအားကိုက်လို့ အိပ်ယာထဲလှဲနေစဉ်… ချစ်သူငယ်ချင်း မ KyiSein ရောက်လာ ဆေးဖော်ပေးတာ။

    မီးဖိုချောင်မှာရှိတဲ့ ဂျင်း၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ငရုပ်ကာင်းမှုန့်၊ နှင့် ဆားများကို ရေနွေးပူနဲ့ရောပြီး ဇလုံထဲထည့်ပြီး ပူနေစဉ် ခြေဖဝါးကို အငွေ့ခံ …. ခံနိုင်လောက်တဲ့ အပူကိုရောက်ရင် ခြေမျက်စိထိစိမ်လိုက်တော့ ချွေးတွေပြန်ပြီး ခေါင်းကိုက်တာ သက်သာသွားတယ်။ ခုတော့ ကျွန်မ အလုပ်ထိုင်လုပ်လို့ ရပြီပေါ့။ ကျေးဇူး မကြည်စိန်။

    မှတ်ချက်။ မိတ်တလင်၊ ပင်စိမ်းနဲ့ စပါးလင်ပါရင်ပိုကောင်းတယ်တဲ့။ ကျောက်ခဲပါထည့်စိမ်ပြီး နင်းနိုင်ပါတယ်တဲ့။ စိမ်ပြီးရင် အဝတ်နဲ့ခြောက်အောင်သုတ်ပြီး ၂ နာရီလောက် ရေအေးမထိရဘူး၊ တမံတလင်းပေါ် ခြေဗလာနဲ့ မနင်းရဘူးတဲ့။ ရေနွေးပူလေးတစ်ခွက်ပါ မှုတ်သောက်လိုက် … ရှယ်ပဲ။ ဒူးနာနေတဲ့သူလိုမျိုး ခြေထောက်ပိုင်းနာနေတဲ့သူတွေ နေ့တိုင်းလုပ်သင့်ပါသတဲ့ …. လက်တွေ့ကောင်းသွားလို့ မျှဝေပါရစေ။

    ခေါင်းကိုက်သူများ၊ ဒူးနာသူများအတွက်

    ခေါင်းတအားကိုက်နေလျှင် မသိသေးရင် မျှဝေထားပါ။ ခေါင်းတအားကိုက်လို့ အိပ်ယာထဲလှဲနေစဉ်… ချစ်သူငယ်ချင်း မ KyiSein ရောက်လာ ဆေးဖော်ပေးတာ။

    မီးဖိုချောင်မှာရှိတဲ့ ဂျင်း၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ငရုပ်ကာင်းမှုန့်၊ နှင့် ဆားများကို ရေနွေးပူနဲ့ရောပြီး ဇလုံထဲထည့်ပြီး ပူနေစဉ် ခြေဖဝါးကို အငွေ့ခံ …. ခံနိုင်လောက်တဲ့ အပူကိုရောက်ရင် ခြေမျက်စိထိစိမ်လိုက်တော့ ချွေးတွေပြန်ပြီး ခေါင်းကိုက်တာ သက်သာသွားတယ်။ ခုတော့ ကျွန်မ အလုပ်ထိုင်လုပ်လို့ ရပြီပေါ့။ ကျေးဇူး မကြည်စိန်။

    မှတ်ချက်။ မိတ်တလင်၊ ပင်စိမ်းနဲ့ စပါးလင်ပါရင်ပိုကောင်းတယ်တဲ့။ ကျောက်ခဲပါထည့်စိမ်ပြီး နင်းနိုင်ပါတယ်တဲ့။ စိမ်ပြီးရင် အဝတ်နဲ့ခြောက်အောင်သုတ်ပြီး ၂ နာရီလောက် ရေအေးမထိရဘူး၊ တမံတလင်းပေါ် ခြေဗလာနဲ့ မနင်းရဘူးတဲ့။ ရေနွေးပူလေးတစ်ခွက်ပါ မှုတ်သောက်လိုက် … ရှယ်ပဲ။ ဒူးနာနေတဲ့သူလိုမျိုး ခြေထောက်ပိုင်းနာနေတဲ့သူတွေ နေ့တိုင်းလုပ်သင့်ပါသတဲ့ …. လက်တွေ့ကောင်းသွားလို့ မျှဝေပါရစေ။

    Credit-Original Uploader

    (Zawgyi)

    ေခါင္းကိုက္သူမ်ား၊ ဒူးနာသူမ်ားအတြက္

    ေခါင္းတအားကိုက္ေနလွ်င္ မသိေသးရင္ မွ်ေဝထားပါ။ ေခါင္းတအားကိုက္လို႔ အိပ္ယာထဲလွဲေနစဥ္… ခ်စ္သူငယ္ခ်င္း မ KyiSein ေရာက္လာ ေဆးေဖာ္ေပးတာ။

    မီးဖိုေခ်ာင္မွာရွိတဲ့ ဂ်င္း၊ ၾကက္သြန္နီ၊ င႐ုပ္သီးစိမ္း၊ င႐ုပ္ကာင္းမႈန႔္၊ ႏွင့္ ဆားမ်ားကို ေရေႏြးပူနဲ႔ေရာၿပီး ဇလုံထဲထည့္ၿပီး ပူေနစဥ္ ေျခဖဝါးကို အေငြ႕ခံ …. ခံႏိုင္ေလာက္တဲ့ အပူကိုေရာက္ရင္ ေျခမ်က္စိထိစိမ္လိုက္ေတာ့ ေခြၽးေတြျပန္ၿပီး ေခါင္းကိုက္တာ သက္သာသြားတယ္။ ခုေတာ့ ကြၽန္မ အလုပ္ထိုင္လုပ္လို႔ ရၿပီေပါ့။ ေက်းဇူး မၾကည္စိန္။

    မွတ္ခ်က္။ မိတ္တလင္၊ ပင္စိမ္းနဲ႔ စပါးလင္ပါရင္ပိုေကာင္းတယ္တဲ့။ ေက်ာက္ခဲပါထည့္စိမ္ၿပီး နင္းႏိုင္ပါတယ္တဲ့။ စိမ္ၿပီးရင္ အဝတ္နဲ႔ေျခာက္ေအာင္သုတ္ၿပီး ၂ နာရီေလာက္ ေရေအးမထိရဘူး၊ တမံတလင္းေပၚ ေျခဗလာနဲ႔ မနင္းရဘူးတဲ့။ ေရေႏြးပူေလးတစ္ခြက္ပါ မႈတ္ေသာက္လိုက္ … ရွယ္ပဲ။ ဒူးနာေနတဲ့သူလိုမ်ိဳး ေျခေထာက္ပိုင္းနာေနတဲ့သူေတြ ေန႔တိုင္းလုပ္သင့္ပါသတဲ့ …. လက္ေတြ႕ေကာင္းသြားလို႔ မွ်ေဝပါရေစ။

    ေခါင္းကိုက္သူမ်ား၊ ဒူးနာသူမ်ားအတြက္

    ေခါင္းတအားကိုက္ေနလွ်င္ မသိေသးရင္ မွ်ေဝထားပါ။ ေခါင္းတအားကိုက္လို႔ အိပ္ယာထဲလွဲေနစဥ္… ခ်စ္သူငယ္ခ်င္း မ KyiSein ေရာက္လာ ေဆးေဖာ္ေပးတာ။

    မီးဖိုေခ်ာင္မွာရွိတဲ့ ဂ်င္း၊ ၾကက္သြန္နီ၊ င႐ုပ္သီးစိမ္း၊ င႐ုပ္ကာင္းမႈန႔္၊ ႏွင့္ ဆားမ်ားကို ေရေႏြးပူနဲ႔ေရာၿပီး ဇလုံထဲထည့္ၿပီး ပူေနစဥ္ ေျခဖဝါးကို အေငြ႕ခံ …. ခံႏိုင္ေလာက္တဲ့ အပူကိုေရာက္ရင္ ေျခမ်က္စိထိစိမ္လိုက္ေတာ့ ေခြၽးေတြျပန္ၿပီး ေခါင္းကိုက္တာ သက္သာသြားတယ္။ ခုေတာ့ ကြၽန္မ အလုပ္ထိုင္လုပ္လို႔ ရၿပီေပါ့။ ေက်းဇူး မၾကည္စိန္။

    မွတ္ခ်က္။ မိတ္တလင္၊ ပင္စိမ္းနဲ႔ စပါးလင္ပါရင္ပိုေကာင္းတယ္တဲ့။ ေက်ာက္ခဲပါထည့္စိမ္ၿပီး နင္းႏိုင္ပါတယ္တဲ့။ စိမ္ၿပီးရင္ အဝတ္နဲ႔ေျခာက္ေအာင္သုတ္ၿပီး ၂ နာရီေလာက္ ေရေအးမထိရဘူး၊ တမံတလင္းေပၚ ေျခဗလာနဲ႔ မနင္းရဘူးတဲ့။ ေရေႏြးပူေလးတစ္ခြက္ပါ မႈတ္ေသာက္လိုက္ … ရွယ္ပဲ။ ဒူးနာေနတဲ့သူလိုမ်ိဳး ေျခေထာက္ပိုင္းနာေနတဲ့သူေတြ ေန႔တိုင္းလုပ္သင့္ပါသတဲ့ …. လက္ေတြ႕ေကာင္းသြားလို႔ မွ်ေဝပါရေစ။

    Credit-Original Uploader

  • အစာအိမ်နှင့် ကျောက်ကပ်ကောင်းတဲ့ ဗန်ဒါရွက်

    (Unicode)

    ဒီနေ့မိသားစုတို့ကို ပြောပြချင်တဲ့ဆေးနည်းက ဗန်ဒါရွက် အစွမ်းထက်ပုံအကြောင်းပါ။

    ဗန်ဒါ(ဗာဒံ)ရွက် ဗာဒံသီးဟာ မြေပြန့်ဒေသ ပူအိုက်တဲ့ရာသီဥတုအတွက်တော့ မြန်မြန်နဲ့ လွယ်လွယ်အရိပ်ရလို့၊ တချို့ကမိမိအိမ်ခြံဝင်းမှာ အရိပ်ရအောင် စိုက်ကြတယ်။ နေရာတိုင်းမှာလည်း အလေ့ကျ ပေါက်ပါတယ်။ သို့သော် ဗန်ဒါပင်ရဲ့အစွမ်းကိုတော့ သိသူနည်းပါးပါတယ်။

    ဗန်ဒါရွက်(ယခုပုံ)မှာပြထားတဲ့အတိုင်း ဗန်ဒါရွက်အရင့်ကို ၃ခွက်၁ခွက်တင်ကျိူ ပီးသောက်ပေးခြင်းဖြင့် အစာအိမ်လေနာ၊အစာအိမ်အောင့်၊ အစာအဆိပ်သင့်၊ ဝမ်းဖောဝမ်းရောင်၊ ကိုက်ခဲနာကျင်တာတွေ လက်တွေ့ပျောက်တဲ့ဆေးပါ။ ဆန်ပြုတ်ကျိူ သောက်နေရသူ အစာအိမ်သမားတွေအတွက် သဘာဝကပေးတဲ့ ဆေးဖြစ်တယ်။ ဆီးဝမ်းသွေးလေ မကွဲ၊ အထက်လေဆန်ဖြစ်နေရင် ကျိူသောက် ပျောက်တဲ့ဆေးလည်းဖြစ်တယ်။

    တချို့က ဗန်ဒါရွက်ကို နေရိပ်မှာလှန်းပီး အမှုန့်လုပ်ပီး လျက်ဆားလျက်သလို စားကြပါတယ်။ အမှုန့်လုပ်သောက်နိူင်ရင်ပိုကောင်းတယ်။ ကျနော် အရင်က အစာအိမ်ရောဂါဝေဒနာကို အလူးအလိမ့်ခံစားခဲ့ရတယ်။ ဆန်ပြုတ်ကို လချီသောက်ရတယ်။ ဆန်ပြုတ်သောက်တိုင်း မျက်ရည်ကျခဲ့ရတယ်။ ဆေးရုံမှာ ၁လကျော်၂လနီးပါး တက်ရောက်ကုသဖူးတယ်။စိတ်ဓာတ်တွေလည်း ကျခဲ့တယ်။ ငါ ဒီရောဂါနဲ့ သေရတော့မယ်ဆိုတဲ့ အသိနဲ့ပါ။ သေမယ့်သေရင်တောင် ကိုယ်စားချင်တာစားပီး သေချင်တယ်။ ကံကောင်းစွာနဲ့ ဗန်ဒါရွက်ရဲ့အစွမ်းသတ္တိကို မြည်းစမ်းခွင့်ရခဲ့တယ်။ ချက်ချင်းပဲ လိုက်ရှာခူးတယ်။ အပင်ကမဝေးပါဘူး။ ကိုယ့်အနီးအးနာမှာပဲ အဆင်သင့်ရှိနေခဲ့တယ်။ ၁၀ရွက်လောက် ကျိူသောက်လိုက်တယ်ဆိုရင်ပဲ နာကျင်ကိုက်ခဲနေတာတွေ တဖြည်းဖြည်းသက်သာလာတယ်။ အချိန် ၁၀မိနစ်ပါပဲ။ သောက်ပီးမကြာဘူးဗိုက်ဆာလာတယ်။ ကြာဇံဟင်းခါး ၂ပွဲဆက်တိုက် သောက်လိုက်တယ်။ ဗန်ဒါရွက်ပြုတ် ထပ်သောက်တယ်။ ထမင်းစားတယ်။ ယူပစ်လိုက်သလိုပဲ လုံးဝကောင်းသွားတယ်။ ဘာမှစားလို့မရတဲ့လူက စားချင်တာစားလို့ ရသွားပီ။ အခုလည်းအိမ်ကသမီး

    ကျောက်ကပ်ရောင်လို့ ဗိုက်ကြီးဖောင်းကားနေတာ ဗန်ဒါ ရွက်၂ရက် တနေ့၂ခွက်ပဲ တိုက်လိုက်တယ်။ ဒီနေ့၃ရက်မြောက်နေ့မှာပဲ ဗိုက်ကြီးဖောင်းကားနေတာ လုံးဝလျော့သွားလို့ သမီးလည်း သက်တောင့်သက်သာဖြစ်ပီး အရမ်းပျော်နေပါတယ်။ ဒူးနာခါးနာတွေအတွက် အရွက်မနုမရင့်ကို မီးနဲနဲပြပီး စည်းထား၊ ကြပ်ထုတ်ထိုးထားပေးရင်လည်း သက်သာပျောက်ကင်းပါတယ်။ ဗန်ဒါစေ့ကတော့ နှလုံး၊ ဆီးချိူ၊ သွေးချိူရောဂါသည်တွေအတွက် အထူးကောင်းလို့ စားပေးသင့်ပါတယ်။ ဗန်ဒါစေ့ကို အနောက်နိုင်ငံတွေမှာ ဧည့်ခံပွဲတွေမှာ အထူးဟင်းလျာအဖြစ် တည်ခင်းပါတယ်။ ချောကလက်ထဲမှာ ထည့်သွင်းရောင်းချတယ်။ ၁ ဂရန်ကို ၁၀၀ဒေါ်လာနဲ့ ရောင်းချနေကြတယ်။

    သိတဲ့သူက ဗန်ဒါစေ့ကို ထုခွဲစားရင်လည်း အမေးအမြန်းမရှိ တန်းပီးကဲ့ရဲ့ အပြစ်တင်တာတွေရှိတယ်။ ကျနော်တို့မြန်မာပြည်မှာတော့ ပေါပေါရလို့ ရောင်းချသူမပြောနဲ့ စားသုံးသူတောင်မရှိဘူး။ ဟုတ်ကဲ့ပါ စာလည်းရှည်သွားပြီ၊ အပိုတွေလည်းပြောမိသွားပြီ။ စာကိုဆုံးအောင်ဖတ်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်ဗျ။

    Credit – ‎ဆီ မီး ခွက်

    (Zawgyi)

    ဒီေန႔မိသားစုတို႔ကို ေျပာျပခ်င္တဲ့ေဆးနည္းက ဗန္ဒါ႐ြက္ အစြမ္းထက္ပုံအေၾကာင္းပါ။

    ဗန္ဒါ(ဗာဒံ)႐ြက္ ဗာဒံသီးဟာ ေျမျပန႔္ေဒသ ပူအိုက္တဲ့ရာသီဥတုအတြက္ေတာ့ ျမန္ျမန္နဲ႔ လြယ္လြယ္အရိပ္ရလို႔၊ တခ်ိဳ႕ကမိမိအိမ္ၿခံဝင္းမွာ အရိပ္ရေအာင္ စိုက္ၾကတယ္။ ေနရာတိုင္းမွာလည္း အေလ့က် ေပါက္ပါတယ္။ သို႔ေသာ္ ဗန္ဒါပင္ရဲ႕အစြမ္းကိုေတာ့ သိသူနည္းပါးပါတယ္။

    ဗန္ဒါ႐ြက္(ယခုပုံ)မွာျပထားတဲ့အတိုင္း ဗန္ဒါ႐ြက္အရင့္ကို ၃ခြက္၁ခြက္တင္က်ိဴ ပီးေသာက္ေပးျခင္းျဖင့္ အစာအိမ္ေလနာ၊အစာအိမ္ေအာင့္၊ အစာအဆိပ္သင့္၊ ဝမ္းေဖာဝမ္းေရာင္၊ ကိုက္ခဲနာက်င္တာေတြ လက္ေတြ႕ေပ်ာက္တဲ့ေဆးပါ။ ဆန္ျပဳတ္က်ိဴ ေသာက္ေနရသူ အစာအိမ္သမားေတြအတြက္ သဘာဝကေပးတဲ့ ေဆးျဖစ္တယ္။ ဆီးဝမ္းေသြးေလ မကြဲ၊ အထက္ေလဆန္ျဖစ္ေနရင္ က်ိဴေသာက္ ေပ်ာက္တဲ့ေဆးလည္းျဖစ္တယ္။

    တခ်ိဳ႕က ဗန္ဒါ႐ြက္ကို ေနရိပ္မွာလွန္းပီး အမႈန႔္လုပ္ပီး လ်က္ဆားလ်က္သလို စားၾကပါတယ္။ အမႈန႔္လုပ္ေသာက္ႏိူင္ရင္ပိုေကာင္းတယ္။ က်ေနာ္ အရင္က အစာအိမ္ေရာဂါေဝဒနာကို အလူးအလိမ့္ခံစားခဲ့ရတယ္။ ဆန္ျပဳတ္ကို လခ်ီေသာက္ရတယ္။ ဆန္ျပဳတ္ေသာက္တိုင္း မ်က္ရည္က်ခဲ့ရတယ္။ ေဆး႐ုံမွာ ၁လေက်ာ္၂လနီးပါး တက္ေရာက္ကုသဖူးတယ္။စိတ္ဓာတ္ေတြလည္း က်ခဲ့တယ္။ ငါ ဒီေရာဂါနဲ႔ ေသရေတာ့မယ္ဆိုတဲ့ အသိနဲ႔ပါ။ ေသမယ့္ေသရင္ေတာင္ ကိုယ္စားခ်င္တာစားပီး ေသခ်င္တယ္။ ကံေကာင္းစြာနဲ႔ ဗန္ဒါ႐ြက္ရဲ႕အစြမ္းသတၱိကို ျမည္းစမ္းခြင့္ရခဲ့တယ္။ ခ်က္ခ်င္းပဲ လိုက္ရွာခူးတယ္။ အပင္ကမေဝးပါဘူး။ ကိုယ့္အနီးအးနာမွာပဲ အဆင္သင့္ရွိေနခဲ့တယ္။ ၁၀႐ြက္ေလာက္ က်ိဴေသာက္လိုက္တယ္ဆိုရင္ပဲ နာက်င္ကိုက္ခဲေနတာေတြ တျဖည္းျဖည္းသက္သာလာတယ္။ အခ်ိန္ ၁၀မိနစ္ပါပဲ။ ေသာက္ပီးမၾကာဘူးဗိုက္ဆာလာတယ္။ ၾကာဇံဟင္းခါး ၂ပြဲဆက္တိုက္ ေသာက္လိုက္တယ္။ ဗန္ဒါ႐ြက္ျပဳတ္ ထပ္ေသာက္တယ္။ ထမင္းစားတယ္။ ယူပစ္လိုက္သလိုပဲ လုံးဝေကာင္းသြားတယ္။ ဘာမွစားလို႔မရတဲ့လူက စားခ်င္တာစားလို႔ ရသြားပီ။ အခုလည္းအိမ္ကသမီး

    ေက်ာက္ကပ္ေရာင္လို႔ ဗိုက္ႀကီးေဖာင္းကားေနတာ ဗန္ဒါ ႐ြက္၂ရက္ တေန႔၂ခြက္ပဲ တိုက္လိုက္တယ္။ ဒီေန႔၃ရက္ေျမာက္ေန႔မွာပဲ ဗိုက္ႀကီးေဖာင္းကားေနတာ လုံးဝေလ်ာ့သြားလို႔ သမီးလည္း သက္ေတာင့္သက္သာျဖစ္ပီး အရမ္းေပ်ာ္ေနပါတယ္။ ဒူးနာခါးနာေတြအတြက္ အ႐ြက္မႏုမရင့္ကို မီးနဲနဲျပပီး စည္းထား၊ ၾကပ္ထုတ္ထိုးထားေပးရင္လည္း သက္သာေပ်ာက္ကင္းပါတယ္။ ဗန္ဒါေစ့ကေတာ့ ႏွလုံး၊ ဆီးခ်ိဴ၊ ေသြးခ်ိဴေရာဂါသည္ေတြအတြက္ အထူးေကာင္းလို႔ စားေပးသင့္ပါတယ္။ ဗန္ဒါေစ့ကို အေနာက္ႏိုင္ငံေတြမွာ ဧည့္ခံပြဲေတြမွာ အထူးဟင္းလ်ာအျဖစ္ တည္ခင္းပါတယ္။ ေခ်ာကလက္ထဲမွာ ထည့္သြင္းေရာင္းခ်တယ္။ ၁ ဂရန္ကို ၁၀၀ေဒၚလာနဲ႔ ေရာင္းခ်ေနၾကတယ္။

    သိတဲ့သူက ဗန္ဒါေစ့ကို ထုခြဲစားရင္လည္း အေမးအျမန္းမရွိ တန္းပီးကဲ့ရဲ႕ အျပစ္တင္တာေတြရွိတယ္။ က်ေနာ္တို႔ျမန္မာျပည္မွာေတာ့ ေပါေပါရလို႔ ေရာင္းခ်သူမေျပာနဲ႔ စားသုံးသူေတာင္မရွိဘူး။ ဟုတ္ကဲ့ပါ စာလည္းရွည္သြားၿပီ၊ အပိုေတြလည္းေျပာမိသြားၿပီ။ စာကိုဆုံးေအာင္ဖတ္ေပးၾကလို႔ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ဗ်။

    Credit – ‎ဆီ မီး ခြက္

  • အသဲရောဂါ အသဲမှာအနာဖြစ်တာတွေကို ကိုယ်တွေ့ သက်သာပျောက်ကင်းခဲ့တဲ့ ထိနံပင် အစွမ်း

    (Unicode)

    အသဲရောဂါ အသဲမှာအနာဖြစ်တာတွေကို ကိုယ်တွေ့ သက်သာပျောက်ကင်းခဲ့တဲ့ ထိနံပင် အစွမ်း

    စာရေးသူ HTYT အသဲတွင် အနာငါးခု ဖြစ်နေပြီး ပြည်ပါတည်နေ၍ ဆရာဝန်မှ ဆေးဆယ်ရက်သောက်ပါ။ အနာမချပ်ပါက ပြည်စုပ်ထုတ်ရမည်ဆိုသော အခြေအနေတွင် ပုံမှန်ဆို ထိုအရွက်လက်တစ်ဆုပ်ခန့်ကို သုံးခွက်တစ်ခွက်တင် ကြိုသောက်ရမှာကို မကြိုတော့ပဲ မနက် / ည ငါးရွက်ခန့်ကို ဝါးစားပြီး အရွက်ဖတ်တွေပါ ရေနဲ့ရောသောက်လိုက်ပါတယ်။ အင်္ဂလိပ်ဆေးလည်းသောက်ပါတယ်။ ဆယ်ရက်ပြည်လို့ ဆေးခန်းသွားပြန်ပြတဲ့အခါ အနာက ပြည်မရှိတော့ပဲချောက်ပြီး ကျက်နေပြီ။ ဘာဆေးတွေ သောက်သေးလည်းဟု ဆရာဝန်တောင် အံ့သြပြီး မေးတော့ ထိနံရွက် နဲနဲစားပါတယ်လို့ ပြောလိုက်တယ်လေ။ ကျွန်တော်တို့ ပတ်ဝန်းကျင်က အရက်တော်တော်သောက်တဲ့လူဆို မျက်နှာတွေ ခြေခုံတွေ ဖောရောင်နေတာ ဒီထိနံပင်အရွက်ကို သုံးခွက်တစ်ခွက်တင် တစ်နေ့သုံးခွက်သောက်တာ နှစ်ရက်နဲ့ဖောတာတွေ အကုန်ပျောက်တယ်။

    အပင်ဆေးဆိုင်က အကိုတစ်ယောက် လက်ကောက်ဝတ်မှာ အဖုကြိတ်တည်တာ ဆေးခန်းစုံ ဆရာဝန်စုံ အခါခါခွဲပြန်ဖြစ်တာပဲ။ ဆယ်နှစ်ကျော်ခံစားလာရတဲ့ အဲ့ဒီအကြိတ် ထိနံရွက်ကိုထုထောင်း အကြိတ်ပေါ်အုံထားပြီး ပတ်တီး ပါးပါးစည်းထား လုပ်တာ ဆယ့်ငါးရက်လောက် ကြာတော့ သေးပြီးပျောက်သွားတာ အခုထိပြန်မဖြစ်တော့ပါ။ ကင်ဆာဆေးရုံက လူနာတော်တော်များများ ဒီထိနံရွက်ပင်ကို ကြိုသောက်တာ ရောဂါတော်တော်သက်သာလို့ အငှါးကားသမားတွေနဲ့ နယ်ဖက်တွေကို မှာယူကြပါတယ်။ ဒီအပင်က ထိလိုက်တာနဲ့ကို စိမ်းရွှေရွှေနံ့ တော်တော်နံလို့ ကျွန်တော်တို့ ဖက်မှာတော့ ထိနံလို့ လူသိများပါတယ်။ ထိရင်သာ တော်တော်နံတာ ဝါးစားရင်အနံမဆိုးတော့ဘူးဗျ။ ဒါကတော့ ကိုယ်တွေ့ဆေးတစ်လက်ဖြစ်လို့ ကျန်းမာစေရန် ရည်ရွယ်မျှဝေလိုက်ပါတယ်။ ဟိန်းသူရထွန်း@TYT11363 ၏ ကိုယ်တွေ့ဆေးတစ်လက်ဖြစ်ပါသည်။ ဤထိနံပင်ခေါ် ပြည့်စုံပင်လိုအပ်ပါက ရန်ကုန်တိုင်း မှော်ဘီမြို့ မြောင်းတကာကျေးရွာတွင် အခမဲ့လာယူနိုင်ပါသည်။

    (Zawgyi)

    အသဲေရာဂါ အသဲမွာအနာျဖစ္တာေတြကို ကိုယ္ေတြ႕ သက္သာေပ်ာက္ကင္းခဲ့တဲ့ ထိနံပင္ အစြမ္း

    စာေရးသူ HTYT အသဲတြင္ အနာငါးခု ျဖစ္ေနၿပီး ျပည္ပါတည္ေန၍ ဆရာဝန္မွ ေဆးဆယ္ရက္ေသာက္ပါ။ အနာမခ်ပ္ပါက ျပည္စုပ္ထုတ္ရမည္ဆိုေသာ အေျခအေနတြင္ ပုံမွန္ဆို ထိုအ႐ြက္လက္တစ္ဆုပ္ခန႔္ကို သုံးခြက္တစ္ခြက္တင္ ႀကိဳေသာက္ရမွာကို မႀကိဳေတာ့ပဲ မနက္ / ည ငါး႐ြက္ခန႔္ကို ဝါးစားၿပီး အ႐ြက္ဖတ္ေတြပါ ေရနဲ႔ေရာေသာက္လိုက္ပါတယ္။ အဂၤလိပ္ေဆးလည္းေသာက္ပါတယ္။ ဆယ္ရက္ျပည္လို႔ ေဆးခန္းသြားျပန္ျပတဲ့အခါ အနာက ျပည္မရွိေတာ့ပဲေခ်ာက္ၿပီး က်က္ေနၿပီ။ ဘာေဆးေတြ ေသာက္ေသးလည္းဟု ဆရာဝန္ေတာင္ အံ့ၾသၿပီး ေမးေတာ့ ထိနံ႐ြက္ နဲနဲစားပါတယ္လို႔ ေျပာလိုက္တယ္ေလ။ ကြၽန္ေတာ္တို႔ ပတ္ဝန္းက်င္က အရက္ေတာ္ေတာ္ေသာက္တဲ့လူဆို မ်က္ႏွာေတြ ေျခခုံေတြ ေဖာေရာင္ေနတာ ဒီထိနံပင္အ႐ြက္ကို သုံးခြက္တစ္ခြက္တင္ တစ္ေန႔သုံးခြက္ေသာက္တာ ႏွစ္ရက္နဲ႔ေဖာတာေတြ အကုန္ေပ်ာက္တယ္။

    အပင္ေဆးဆိုင္က အကိုတစ္ေယာက္ လက္ေကာက္ဝတ္မွာ အဖုႀကိတ္တည္တာ ေဆးခန္းစုံ ဆရာဝန္စုံ အခါခါခြဲျပန္ျဖစ္တာပဲ။ ဆယ္ႏွစ္ေက်ာ္ခံစားလာရတဲ့ အဲ့ဒီအႀကိတ္ ထိနံ႐ြက္ကိုထုေထာင္း အႀကိတ္ေပၚအုံထားၿပီး ပတ္တီး ပါးပါးစည္းထား လုပ္တာ ဆယ့္ငါးရက္ေလာက္ ၾကာေတာ့ ေသးၿပီးေပ်ာက္သြားတာ အခုထိျပန္မျဖစ္ေတာ့ပါ။ ကင္ဆာေဆး႐ုံက လူနာေတာ္ေတာ္မ်ားမ်ား ဒီထိနံ႐ြက္ပင္ကို ႀကိဳေသာက္တာ ေရာဂါေတာ္ေတာ္သက္သာလို႔ အငွါးကားသမားေတြနဲ႔ နယ္ဖက္ေတြကို မွာယူၾကပါတယ္။ ဒီအပင္က ထိလိုက္တာနဲ႔ကို စိမ္းေ႐ႊေ႐ႊနံ႔ ေတာ္ေတာ္နံလို႔ ကြၽန္ေတာ္တို႔ ဖက္မွာေတာ့ ထိနံလို႔ လူသိမ်ားပါတယ္။ ထိရင္သာ ေတာ္ေတာ္နံတာ ဝါးစားရင္အနံမဆိုးေတာ့ဘူးဗ်။ ဒါကေတာ့ ကိုယ္ေတြ႕ေဆးတစ္လက္ျဖစ္လို႔ က်န္းမာေစရန္ ရည္႐ြယ္မွ်ေဝလိုက္ပါတယ္။ ဟိန္းသူရထြန္း@TYT11363 ၏ ကိုယ္ေတြ႕ေဆးတစ္လက္ျဖစ္ပါသည္။ ဤထိနံပင္ေခၚ ျပည့္စုံပင္လိုအပ္ပါက ရန္ကုန္တိုင္း ေမွာ္ဘီၿမိဳ႕ ေျမာင္းတကာေက်း႐ြာတြင္ အခမဲ့လာယူႏိုင္ပါသည္။

  • အသားအရေကို ဝင်းမွတ်လှပစေမယ့် ထမင်း

    (Unicode)

    အသားအရေကို ဝင်းမွတ်လှပစေမယ့် ထမင်း

    အလှပြင်ပစ္စည်းတွေကို ကုန်စုံဆိုင်တွေ အလှပြင်ဆိုင်တွေမှာ တကူးတက ရှာစရာမလိုပါဘူး။တကယ်တော့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေဟာ အလှအပ ပစ္စည်းတွေပါပဲ။အမျိုးသမီးတိုင်း နူးညံ့ပြီး လှပစိုပြေတဲ့ အသားရေမျိုးကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ပါရဲ့လား။

    သိပ်သေချာတာပေါ့။ အသားအရေကိုနုပျို စိုပြေစေဖို့ ဂျပန်နိုင်ငံက အမျိုးသမီးတွေရဲ့ လျှို့ဝှက်ချက်ကို ဒီကနေ့မှာ မျှဝေပေးချင်ပါတယ်။ အရမ်းကိုရိုးရှင်းလွယ်ကူတဲ့နည်းလမ်းဖြစ်ပြီး တကယ်လည်းအကျိုးထူးတာမို့ စာဖတ်သူတို့အတွက်အဆင်ပြေမှာပါ။

    ပါဝင်ပစ္စည်း-

    -ဆန် စားပွဲတင်ဇွန်း ၃ ဇွန်း ကနေ ၄ ဇွန်းထိ

    -ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

    -နွားနို့ စားပွဲတင်ဇွန်း ၁ ဇွန်း

    ပြုလုပ်နည်း-

    ဆန်ကိုရေအေးနဲ့ တည်ပြီး ချက်ပါ။ ဆန်ကျက်ပြီဆိုရင် မီးဖိုပေါ်ကချပေးပြီး ထမင်းကိုစစ်ချပါ။ထမင်းရည်ကို ခွက်တစ်လုံးထဲမှာထည့်ပါ။ နွားနို့နဲ့ ပျားရည်ကို ခုနကချက်ထားတဲ့ ထမင်းထဲထည့်ပြီး သေချာအောင်ရောမွှေပေးပါ။ အရည်က ပျစ်ပျစ်လေး ဖြစ်လာပါလိမ့်မယ်။ အဲဒါကို မျက်နှာပေါ်လိမ်းပေးပြီး လက်နဲ့ သေချာဖိပေးပါ။ မျက်လုံးအောက်နားကိုလည်း သေချာလိမ်းပေးပါ။ ပြီးရင် ၁၀ မိနစ်ကနေ ၁၅ မိနစ်ထိထားပါ။

    ဆေးကြောခြင်း-

    ခုနက ခွက်တစ်လုံးထဲမှာ ထည့်ထားတဲ့ ထမင်းရည်ရှိပါတယ်။ တကယ်လို့ မျက်နှာပေါ်မှာလိမ်းထားတဲ့ ထမင်းတွေခြောက်သွားရင် ထမင်းရည်နဲ့ မျက်နှာသစ်ပါ။ တကယ်လို့ မျက်နှာမှာ ချွဲချွဲလေးဖြစ်နေသေးရင် ရေနဲ့မျက်နှာထပ်သစ်ပါ။ ဆပ်ပြာကိုလုံး၀ မသုံးပါနဲ့။ ဒီနည်းလမ်းကို ၁ ပတ် ၂ကြိမ်လုပ်ပေးရုံနဲ့ ၄ ပတ် ၅ ပတ်အတွင်းမှာ သိသာတဲ့ရလဒ်ကို ရရှိလာမှာ အသေချာပါ။

    Credit-MyFood Myanmar

    (Zawgyi)

    အသားအေရကို ဝင္းမြတ္လွပေစမယ့္ ထမင္း

    အလွျပင္ပစၥည္းေတြကို ကုန္စုံဆိုင္ေတြ အလွျပင္ဆိုင္ေတြမွာ တကူးတက ရွာစရာမလိုပါဘူး။တကယ္ေတာ့ ေန႔စဥ္စားသုံးေနတဲ့ အစားအစာေတြဟာ အလွအပ ပစၥည္းေတြပါပဲ။အမ်ိဳးသမီးတိုင္း ႏူးညံ့ၿပီး လွပစိုေျပတဲ့ အသားေရမ်ိဳးကို ပိုင္ဆိုင္ခ်င္ၾကပါတယ္။ ဒါေပမဲ့ ျဖစ္ႏိုင္ပါရဲ႕လား။

    သိပ္ေသခ်ာတာေပါ့။ အသားအေရကိုႏုပ်ိဳ စိုေျပေစဖို႔ ဂ်ပန္ႏိုင္ငံက အမ်ိဳးသမီးေတြရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို ဒီကေန႔မွာ မွ်ေဝေပးခ်င္ပါတယ္။ အရမ္းကို႐ိုးရွင္းလြယ္ကူတဲ့နည္းလမ္းျဖစ္ၿပီး တကယ္လည္းအက်ိဳးထူးတာမို႔ စာဖတ္သူတို႔အတြက္အဆင္ေျပမွာပါ။

    ပါဝင္ပစၥည္း-

    -ဆန္ စားပြဲတင္ဇြန္း ၃ ဇြန္း ကေန ၄ ဇြန္းထိ

    -ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္း

    -ႏြားႏို႔ စားပြဲတင္ဇြန္း ၁ ဇြန္း

    ျပဳလုပ္နည္း-

    ဆန္ကိုေရေအးနဲ႔ တည္ၿပီး ခ်က္ပါ။ ဆန္က်က္ၿပီဆိုရင္ မီးဖိုေပၚကခ်ေပးၿပီး ထမင္းကိုစစ္ခ်ပါ။ထမင္းရည္ကို ခြက္တစ္လုံးထဲမွာထည့္ပါ။ ႏြားႏို႔နဲ႔ ပ်ားရည္ကို ခုနကခ်က္ထားတဲ့ ထမင္းထဲထည့္ၿပီး ေသခ်ာေအာင္ေရာေမႊေပးပါ။ အရည္က ပ်စ္ပ်စ္ေလး ျဖစ္လာပါလိမ့္မယ္။ အဲဒါကို မ်က္ႏွာေပၚလိမ္းေပးၿပီး လက္နဲ႔ ေသခ်ာဖိေပးပါ။ မ်က္လုံးေအာက္နားကိုလည္း ေသခ်ာလိမ္းေပးပါ။ ၿပီးရင္ ၁၀ မိနစ္ကေန ၁၅ မိနစ္ထိထားပါ။

    ေဆးေၾကာျခင္း-

    ခုနက ခြက္တစ္လုံးထဲမွာ ထည့္ထားတဲ့ ထမင္းရည္ရွိပါတယ္။ တကယ္လို႔ မ်က္ႏွာေပၚမွာလိမ္းထားတဲ့ ထမင္းေတြေျခာက္သြားရင္ ထမင္းရည္နဲ႔ မ်က္ႏွာသစ္ပါ။ တကယ္လို႔ မ်က္ႏွာမွာ ခြၽဲခြၽဲေလးျဖစ္ေနေသးရင္ ေရနဲ႔မ်က္ႏွာထပ္သစ္ပါ။ ဆပ္ျပာကိုလုံး၀ မသုံးပါနဲ႔။ ဒီနည္းလမ္းကို ၁ ပတ္ ၂ႀကိမ္လုပ္ေပး႐ုံနဲ႔ ၄ ပတ္ ၅ ပတ္အတြင္းမွာ သိသာတဲ့ရလဒ္ကို ရရွိလာမွာ အေသခ်ာပါ။

    Credit-MyFood Myanmar

  • နှာရည်ကျ၊ တရှုံ့ရှုံ့ ဖြစ်နေသူများနှင့် အဆုတ်အားကောင်းစေတဲ့ ဆားငွေ့

    (Unicode)

    နှာတရှုံ့ရှုံ့ ဖြစ်နေသူများအတွက် ဆားငွေ့

    ဆားငွေ့ရှုနည်း

    တစ်ဆောင်းတွင်းလုံး နှာစေးနေခဲ့ရင်၊ လူရှေ့သူရှေ့မရှောင် နှာရည်ကျ၊ နှပ်တရှုံ့ရှုံ့ဖြစ်နေခဲ့ရင်အလွယ်တကူနဲ့ သက်သာစေနိုင်တဲ့ နည်းလမ်းကတော့ ဆားငွေ့ရှုတဲ့နည်းပါဘဲ။ ငွေမကုန်ပဲ သက်သာစေမဲ့ မီးဖိုချောင်က ဆေးနည်းလေးပါ။ ပြုလုပ်ပုံကတော့ ဟင်းရည်သောက်ကြွေပန်းကန်လုံးထဲမှာ ပရုပ်ဆီအနည်းငယ် သုပ်လိုက်ပါ။ ပြီးရင် ဆား ဟင်းစားဇွန်းနဲ့၃ဇွန်း ထည့်ပါ။ ဆူပြီးသားရေနွေး သို့မဟုတ် ဓာတ်ဘူးထဲက ရေနွေးပူပူ လောင်းထည့်ပါ။

    တက်လာတဲ့ ဆားအငွေ့ကို ဦးခေါင်းမှာ တဘက်ပုဝါ တစ်ထည်ခြုံပြီး ကြွေပန်းကန်ထဲက တက်လာတဲ့ အငွေ့ကို ရှုပေးပါ။ အငွေ့နှာခေါင်းထဲရောက်အောင် သေချာရှူပေးပါ။ ပင်လယ်ထဲက ဆားငွေ့လေရှုသလိုမျိုး အကျိုးခံစားရပါလိမ့်မယ်။

    ဆားငွေ့ဟာ အဆုတ်ကျန်းမာရေးကို ကောင်းစေပါတယ်။ နှာစေးတဲ့ အရည်ထွက်ကျခြင်းကိုလည်း ထိန်းစေပါတယ်။ လေရှူပြွန်ရောင်ခြင်းကိုလည်း သက်သာစေတဲ့အပြင် ပိုးများ ကပ်တွယ်ပေါက်ဖွားခြင်းမှလည်းဟန့်တား ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ငွေကုန်ကြေးကျနည်းပြီး ဆေးရုံဆေးခန်း သွားစရာမလိုဘဲ ဒီနည်းကို နေ့စဉ်မှန်မှန်ဆောင်ရွက်ခြင်းဖြင့် အဆုတ်အအေးပတ်၊ နှာစေး၊ ထိပ်ကပ်နာဖြစ်ခြင်များမှ ကာကွယ်ပေးနိုင်ကြောင်း တင်ပြလိုက်ပါတယ်။

    လေဖြတ်ပြီး အိပ်ယာထဲ လှဲနေရတဲ့ မိဘများကိုလည်း ဒီနည်းဖြင့် ဆားငွေ့ရှုပေးခြင်းဖြင့် အဆုပ်ပွ၊ ချွဲဆိုက်ခြင်းဘေးမှ ကာကွယ်စေနိုင်ပါတယ်။ လေဖြတ်သူများကို အင်္ဂလိပ်ဆေးတိုက်ရုံနဲ့ ပစ်မထားကြပါနဲ့။ သူတို့ အဆုတ်မပွအောင် ဂရုစိုက်ကြပါ။ ဆားငွေ့ရှုပေးပါ၊ မနက်နေရောင်ခြည်လည်း ပြပေးပါ။

    Credit-ကြည်လွင်မြင့်(မုဒြာ)

    (Zawgyi)

    ႏွာတရႈံ႕ရႈံ႕ ျဖစ္ေနသူမ်ားအတြက္ ဆားေငြ႕

    ဆားေငြ႕ရႈနည္း

    တစ္ေဆာင္းတြင္းလုံး ႏွာေစးေနခဲ့ရင္၊ လူေရွ႕သူေရွ႕မေရွာင္ ႏွာရည္က်၊ ႏွပ္တရႈံ႕ရႈံ႕ျဖစ္ေနခဲ့ရင္အလြယ္တကူနဲ႔ သက္သာေစႏိုင္တဲ့ နည္းလမ္းကေတာ့ ဆားေငြ႕ရႈတဲ့နည္းပါဘဲ။ ေငြမကုန္ပဲ သက္သာေစမဲ့ မီးဖိုေခ်ာင္က ေဆးနည္းေလးပါ။ ျပဳလုပ္ပုံကေတာ့ ဟင္းရည္ေသာက္ေႂကြပန္းကန္လုံးထဲမွာ ပ႐ုပ္ဆီအနည္းငယ္ သုပ္လိုက္ပါ။ ၿပီးရင္ ဆား ဟင္းစားဇြန္းနဲ႔၃ဇြန္း ထည့္ပါ။ ဆူၿပီးသားေရေႏြး သို႔မဟုတ္ ဓာတ္ဘူးထဲက ေရေႏြးပူပူ ေလာင္းထည့္ပါ။

    တက္လာတဲ့ ဆားအေငြ႕ကို ဦးေခါင္းမွ ာတဘက္ပုဝါ တစ္ထည္ၿခဳံၿပီး ေႂကြပန္းကန္ထဲက တက္လာတဲ့ အေငြ႕ကို ရႈေပးပါ။ အေငြ႕ႏွာေခါင္းထဲေရာက္ေအာင္ ေသခ်ာရႉေပးပါ။ ပင္လယ္ထဲက ဆားေငြ႕ေလရႈသလိုမ်ိဳး အက်ိဳးခံစားရပါလိမ့္မယ္။

    ဆားေငြ႕ဟာ အဆုတ္က်န္းမာေရးကို ေကာင္းေစပါတယ္။ ႏွာေစးတဲ့ အရည္ထြက္က်ျခင္းကိုလည္း ထိန္းေစပါတယ္။ ေလရႉႁပြန္ေရာင္ျခင္းကိုလည္း သက္သာေစတဲ့အျပင္ ပိုးမ်ား ကပ္တြယ္ေပါက္ဖြားျခင္းမွလည္းဟန႔္တား ကာကြယ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ေငြကုန္ေၾကးက်နည္းၿပီး ေဆး႐ုံေဆးခန္း သြားစရာမလိုဘဲ ဒီနည္းကို ေန႔စဥ္မွန္မွန္ေဆာင္႐ြက္ျခင္းျဖင့္ အဆုတ္အေအးပတ္၊ ႏွာေစး၊ ထိပ္ကပ္နာျဖစ္ျခင္မ်ားမွ ကာကြယ္ေပးႏိုင္ေၾကာင္း တင္ျပလိုက္ပါတယ္။

    ေလျဖတ္ၿပီး အိပ္ယာထဲ လွဲေနရတဲ့ မိဘမ်ားကိုလည္း ဒီနည္းျဖင့္ ဆားေငြ႕ရႈေပးျခင္းျဖင့္ အဆုပ္ပြ၊ ခြၽဲဆိုက္ျခင္းေဘးမွ ကာကြယ္ေစႏိုင္ပါတယ္။ ေလျဖတ္သူမ်ားကို အဂၤလိပ္ေဆးတိုက္႐ုံနဲ႔ ပစ္မထားၾကပါနဲ႔။ သူတို႔ အဆုတ္မပြေအာင္ ဂ႐ုစိုက္ၾကပါ။ ဆားေငြ႕ရႈေပးပါ၊ မနက္ေနေရာင္ျခည္လည္း ျပေပးပါ။

    Credit-ၾကည္လြင္ျမင့္(မုျဒာ)

  • ကျောက်ကပ်ကျန်းမာရေးအတွက် လူတိုင်းစားပေးသင့်တဲ့ အစားအစာများ

    (Unicode)

    ကျောက်ကပ်ကျန်းမာရေးပြဿနာဟာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေထဲက တခုဖြစ်ပြီး ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို စစ်ထုတ်ပြီး ဆီးအဖြစ် စွန့်ပစ်ဖို့အတွက်လုပ်ဆောင်ပေးရတာကြောင့် အရေးကြီးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတခုပါ။ ဒါကြောင့်ကျောက်ကပ် ကျန်းမာရေးအတွက် လူတိုင်းစားပေးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးချင်ပါတယ်။

    (၁) ပန်းဂေါ်ဖီ

    ပန်းဂေါ်ဖီမှာ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ဗီတာမင်ဘီနဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကျောက်ကပ် ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်ပေးနိုင်ပြီး အူမကြီးကင်ဆာနဲ့ ပန်ကရိယကင်ဆာလို ကင်ဆာရောဂါ တွေ ဖြစ်ပွားခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

    (၂) ကြက်သွန်ဖြူ

    ကြက်သွန်ဖြူမှာ ဗီတာမင်စီ၊ ဗီတာမင် B6 နဲ့ ဆာလဖာဓာတ်တို့ ပါဝင်တာကြောင့် ကိုယ်တွင်းအင်္ဂါရောင်ရမ်းခြင်း တွေကို လျော့ပါးသက်သာစေနိုင်သလို ကျောက်ကပ်ကျန်းမာရေးပြဿနာနဲ့နှလုံးရောဂါ ဖြစ်ပွားခြင်းတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

    (၃) နာနတ်သီး

    နာနတ်သီးဟာဆိုရင်လည်း အမျှင်ဓာတ်ကြွယ်ဝပြီး ဗီတာမင်စီနဲ့ Bromelain တို့ ပါဝင်မှုများတာကြောင့် ကျောက်ကပ်ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

    (၄) ဘယ်ရီသီးများ

    ဘယ်ရီသီးမျိုးနွယ်ဝင်တွေဖြစ်တဲ့ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီသီးတွေမှာ ဓာတ်တိုးဆန့်ကျင်သတ္တိတွေ ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်တာကြောင့် ကျောက်ကပ်မှာ ကျောက်တည်တာ၊ ဆီးအိတ်ပိုးဝင်တာနဲ့ တခြားသော ကျောက်ကပ်ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

    (၅) သံလွင်ဆီ

    သံလွင်ဆီဟာ တခြားသောဆီတွေလို ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေတဲ့ အဆီဓာတ်တွေ မပါဝင်တာကြောင့် ကိုယ်အလေးချိန် မြင့်တက်လာမှာကို စိတ်ပူစရာမလိုသလို ကျောက်ကပ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေတာ ကြောင့် သံလွင်ဆီကို ဟင်းချက်ဆီအဖြစ် အသုံးပြုတာမျိုးနဲ့ နေ့စဉ်စားသံုံးပေးတာမျိုးတွေကို ပြုလုပ်သင့်ပါတယ်။

    Credit-The Irrawaddy-Burmese Edition

    (Zawgyi)

    ေက်ာက္ကပ္က်န္းမာေရးျပႆနာဟာ အျဖစ္မ်ားတဲ့ က်န္းမာေရးျပႆနာေတြထဲက တခုျဖစ္ၿပီး ခႏၶာကိုယ္တြင္းက အဆိပ္အေတာက္ေတြကို စစ္ထုတ္ၿပီး ဆီးအျဖစ္ စြန႔္ပစ္ဖို႔အတြက္လုပ္ေဆာင္ေပးရတာေၾကာင့္ အေရးႀကီးတဲ့ ခႏၶာကိုယ္အစိတ္အပိုင္းတခုပါ။ ဒါေၾကာင့္ေက်ာက္ကပ္ က်န္းမာေရးအတြက္ လူတိုင္းစားေပးသင့္တဲ့ အစားအစာေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

    (၁) ပန္းေဂၚဖီ

    ပန္းေဂၚဖီမွာ ဗီတာမင္စီ၊ ဗီတာမင္ေက၊ ဗီတာမင္ဘီနဲ႔ အမွ်င္ဓာတ္ေတြ ႂကြယ္ဝစြာပါဝင္တာေၾကာင့္ ေက်ာက္ကပ္ က်န္းမာေရးျပႆနာေတြကို ႀကိဳတင္ကာကြယ္ေပးႏိုင္ၿပီး အူမႀကီးကင္ဆာနဲ႔ ပန္ကရိယကင္ဆာလို ကင္ဆာေရာဂါ ေတြ ျဖစ္ပြားျခင္းကေနလည္း ကာကြယ္ေပးႏိုင္ပါေသးတယ္။

    (၂) ၾကက္သြန္ျဖဴ

    ၾကက္သြန္ျဖဴမွာ ဗီတာမင္စီ၊ ဗီတာမင္ B6 နဲ႔ ဆာလဖာဓာတ္တို႔ ပါဝင္တာေၾကာင့္ ကိုယ္တြင္းအဂၤါေရာင္ရမ္းျခင္း ေတြကို ေလ်ာ့ပါးသက္သာေစႏိုင္သလို ေက်ာက္ကပ္က်န္းမာေရးျပႆနာနဲ႔ႏွလုံးေရာဂါ ျဖစ္ပြားျခင္းေတြကေန ကာကြယ္ေပးႏိုင္ပါတယ္။

    (၃) နာနတ္သီး

    နာနတ္သီးဟာဆိုရင္လည္း အမွ်င္ဓာတ္ႂကြယ္ဝၿပီး ဗီတာမင္စီနဲ႔ Bromelain တို႔ ပါဝင္မႈမ်ားတာေၾကာင့္ ေက်ာက္ကပ္က်န္းမာေရးျပႆနာေတြကို ႀကိဳတင္ကာကြယ္ေပးႏိုင္ပါတယ္။

    (၄) ဘယ္ရီသီးမ်ား

    ဘယ္ရီသီးမ်ိဳးႏြယ္ဝင္ေတြျဖစ္တဲ့ စေတာ္ဘယ္ရီ၊ ဘလူးဘယ္ရီသီးေတြမွာ ဓာတ္တိုးဆန႔္က်င္သတၱိေတြ ႂကြယ္ဝစြာပါဝင္ၿပီး ဗီတာမင္စီ ႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ ေက်ာက္ကပ္မွာ ေက်ာက္တည္တာ၊ ဆီးအိတ္ပိုးဝင္တာနဲ႔ တျခားေသာ ေက်ာက္ကပ္က်န္းမာေရးျပႆနာေတြကို ကာကြယ္ေပးႏိုင္ပါတယ္။

    (၅) သံလြင္ဆီ

    သံလြင္ဆီဟာ တျခားေသာဆီေတြလို ခႏၶာကိုယ္အတြက္ ဆိုးက်ိဳးျဖစ္ေစတဲ့ အဆီဓာတ္ေတြ မပါဝင္တာေၾကာင့္ ကိုယ္အေလးခ်ိန္ ျမင့္တက္လာမွာကို စိတ္ပူစရာမလိုသလို ေက်ာက္ကပ္က်န္းမာေရးကိုလည္း ေကာင္းမြန္ေစတာ ေၾကာင့္ သံလြင္ဆီကို ဟင္းခ်က္ဆီအျဖစ္ အသုံးျပဳတာမ်ိဳးနဲ႔ ေန႔စဥ္စားသံုံးေပးတာမ်ိဳးေတြကို ျပဳလုပ္သင့္ပါတယ္။

    Credit-The Irrawaddy-Burmese Edition

  • ဆီးချိုရောဂါကို ထိန်းချုပ်ပေးပြီး အရိုးသန်မာ၊ အရွယ်တင်စေတဲ့ ဒန့်ဒလွန်ရွက်

    (Unicode)

    ဆီးချိုရောဂါကို ထိန်းချုပ်ပေးမယ့် ဒန့်ဒလွန်ရွက်

    ဒန့်ဒလွန်ရွက်ကို တောင်အာရှမှာ နှစ်ပေါင်းများစွာကတည်းက ဆေးဖက်ဝင်အပင် တစ်မျိုးအဖြစ် အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဒန့်ဒလွန်ရွက်မှာ Antioxidant နဲ့ ကျန်းမာရေးကို အထောက်အကူပြုစေတဲ့ အကျိုးကျေးဇူးတွေ အများအပြားပါဝင်နေပါတယ်။ ဒန့်ဒလွန်ရွက်ကော ဒန့်ဒလွန်သီးကိုပါ စားသုံးနိုင်ပြီး ကျန်းမာရေးကိုလည်း များစွာအထောက်အကူ ပြုစေပါတယ်။ ဘာလို့လဲဆိုတော့ ဒန့်ဒလွန်ရွက်မှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။

    အရွက်ကို အစိမ်းလိုက် အကြမ်းစားပေးတာဟာ ပိုပြီးကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ဒါ့အပြင် ဒန့်ဒလွန်ရွက်ကို အခြောက်လည်း စားသုံးနိုင်သလို ရေနွေးကြမ်းလုပ်ပြီးလည်း သောက်သုံးနိုင်ပါတယ်။

    ဒန့်ဒလွန်သီးစားသုံးခြင်းရဲ့ အကျိုးကျေးဇူးများ-

    သွေးတွင်းသကြားဓါတ်ကို ထိန်းချုပ်ပေးခြင်း

    ဒန့်ဒလွန်ရွက်ဟာ ဆီးချိုရောဂါခံစားနေရသူတွေအတွက် တကယ်ကိုအကူအညီဖြစ်ပါတယ်။အမျိုးသမီး ၃၀ ကို ဒန့်ဒလွန်ရွက်အမှုန့်ကို ၇ ဂရမ်နေ့စဉ်စားသုံးပြီး စမ်းသပ်ပါတယ်။ သကြားဓါတ်ကို ပါဝင်မှုနှုန်း ၁၃.၅% ထိ ထိန်းချုပ်ထားနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

    သွေးကိုသန့်စင်စေခြင်း-

    ဒန့်သလွန်ရွက်ဟာ သွေးကို သန့်စင်စေတဲ့ အရွက်တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ဝက်ခြံကိုလည်း ပျောက်ကင်းစေပါတယ်။

    အရိုးကိုသန်မာစေခြင်း-

    ဒန့်သလွန်ရွက်မှာ သံဓါတ်နဲ့ ကယ်ဆီယံဓါတ် ကြွယ်ဝစွာပါဝင်လို့ အရိုးတွေကို သန်မာစေပါတယ်။ ဒါ့အပြင် အမြင်အာရုံတွေကို ကြည်လင်စေပြီး ကင်ဆာရောဂါဖြစ်ပွားမှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် A ကြွယ်ဝတာကြောင့်လည်း အရွယ်တင်စေပါတယ်။

    Credit-MyFood Myanmar

    (Zawgyi)

    ဆီးခ်ိဳေရာဂါကို ထိန္းခ်ဳပ္ေပးမယ့္ ဒန႔္ဒလြန္႐ြက္

    ဒန႔္ဒလြန္႐ြက္ကို ေတာင္အာရွမွာ ႏွစ္ေပါင္းမ်ားစြာကတည္းက ေဆးဖက္ဝင္အပင္ တစ္မ်ိဳးအျဖစ္ အသုံးျပဳခဲ့ၾကတာ ျဖစ္ပါတယ္။ ဒန႔္ဒလြန္႐ြက္မွာ Antioxidant နဲ႔ က်န္းမာေရးကို အေထာက္အကူျပဳေစတဲ့ အက်ိဳးေက်းဇူးေတြ အမ်ားအျပားပါဝင္ေနပါတယ္။ ဒန႔္ဒလြန္႐ြက္ေကာ ဒန႔္ဒလြန္သီးကိုပါ စားသုံးႏိုင္ၿပီး က်န္းမာေရးကိုလည္း မ်ားစြာအေထာက္အကူ ျပဳေစပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒန႔္ဒလြန္႐ြက္မွာ ဗီတာမင္နဲ႔ သတၱဳဓါတ္ေတြႂကြယ္ဝစြာပါဝင္ပါတယ္။

    အ႐ြက္ကို အစိမ္းလိုက္ အၾကမ္းစားေပးတာဟာ ပိုၿပီးက်န္းမာေရးနဲ႔ ညီၫြတ္ပါတယ္။ ဒါ့အျပင္ ဒန႔္ဒလြန္႐ြက္ကို အေျခာက္လည္း စားသုံးႏိုင္သလို ေရေႏြးၾကမ္းလုပ္ၿပီးလည္း ေသာက္သုံးႏိုင္ပါတယ္။

    ဒန႔္ဒလြန္သီးစားသုံးျခင္းရဲ႕ အက်ိဳးေက်းဇူးမ်ား-

    ေသြးတြင္းသၾကားဓါတ္ကို ထိန္းခ်ဳပ္ေပးျခင္း

    ဒန႔္ဒလြန္႐ြက္ဟာ ဆီးခ်ိဳေရာဂါခံစားေနရသူေတြအတြက္ တကယ္ကိုအကူအညီျဖစ္ပါတယ္။အမ်ိဳးသမီး ၃၀ ကို ဒန႔္ဒလြန္႐ြက္အမႈန႔္ကို ၇ ဂရမ္ေန႔စဥ္စားသုံးၿပီး စမ္းသပ္ပါတယ္။ သၾကားဓါတ္ကို ပါဝင္မႈႏႈန္း ၁၃.၅% ထိ ထိန္းခ်ဳပ္ထားႏိုင္တာကို ေတြ႕ရွိခဲ့ပါတယ္။

    ေသြးကိုသန႔္စင္ေစျခင္း-

    ဒန႔္သလြန္႐ြက္ဟာ ေသြးကို သန႔္စင္ေစတဲ့အ႐ြက္တစ္မ်ိဳးျဖစ္ပါတယ္။ ဒါ့အျပင္ ဝက္ၿခံကိုလည္း ေပ်ာက္ကင္းေစပါတယ္။

    အ႐ိုးကိုသန္မာေစျခင္း-

    ဒန႔္သလြန္႐ြက္မွာ သံဓါတ္နဲ႔ ကယ္ဆီယံဓါတ္ ႂကြယ္ဝစြာပါဝင္လို႔ အ႐ိုးေတြကို သန္မာေစပါတယ္။ ဒါ့အျပင္ အျမင္အာ႐ုံေတြကို ၾကည္လင္ေစၿပီး ကင္ဆာေရာဂါျဖစ္ပြားမႈကေနလည္း ကာကြယ္ေပးႏိုင္ပါတယ္။ ဗီတာမင္ A ႂကြယ္ဝတာေၾကာင့္လည္း အ႐ြယ္တင္ေစပါတယ္။

    Credit-MyFood Myanmar

  • နှုတ်ခမ်း၊ မေး၊ ပါးစောင်းရွဲ့၊ အဆစ်ရောင်၊ အကြောထုံခြင်းများအတွက် ဆေးဖက်ဝင်အပင် လင်းနေ

    (Unicode)

    ဆေးဖက်ဝင်အပင် လင်းနေ

    “ကလေး လေထိုးပြီး ငိုနေလို့ လင်းနေ တစ်တက်လောက် ပေးပါလား….ဦးရယ်” ဆိုပြီးလာတောင်းသော ကလေးမိခင်အသံများကို ကြားယောင်မိနေသည်။ လင်းနေကို လင်းလေဟုလည်း ခေါ်ကြသေးသည်။ ပင်ပျော့ ပင်ငယ်မျိုးဖြစ်သည်။ အမြင့်သုံးပေခန့်အထိ မြင့်တက်သည်။ မြေအောက်ပင်စည် ဖြစ်သည်။ အနံ့ထင်ရှားသည်။ ပင်စည်သည် ဥတက်သဖွယ် ဖြစ်သည်။ ဥရှိ အဆစ်များ အဖြူရောင်ရှိသည်။ ရှည်လျားသော ပန်းခိုင်ပေါ်တွင် အပွင့်များစွာ ပွင့်သည်။ စိမ်းဝါရောင်ရှိသည်။အဖူးခွံ အစိမ်းရောင်ရှိသည်။ အရွက်နှင့်တူသည်။

    အေးမြသော ရာသီဥတုရှိသည့် ဒေသများရှိ အင်းအိုင် ချောင်းမြောင်းတစ်ဝိုက်တွင် ပေါက်သည်။သဘာဝအလျောက် ပေါက်ရောက်သည်။ အိမ်သုံးဆေးအဖြစ် အသင့်အတင့် စိုက်ပျိုးကြသည်။စိုက်ပျိုးရာတွင် ချင်းကဲ့သို့ပင် စိုက်ပျိုးရသည်။

    အသုံးပြုသောအစိတ်အပိုင်း-

    မြေအောက်ပင်စည်ကို အသုံးပြုကြသည်။

    အာနိသင်

    မြန်မာ့ဆေးကျမ်းများအလိုအရ လင်းနေသည် စူးရှသော အနံ့ရှိသည်။ ခါးသည်။ စပ်ဖျဉ်းဖျဉ်းအရသာရှိသည်။ နူးညံ့စွာ ဝမ်းသက်စေသည်။ ဆီးရွှင်စေ၏။ လည်ချောင်းနာကို အကျိုးပြု၏။ အညစ်အကြေးနှင့် ဆီးကို သန့်ရှင်းအောင်ပြုတတ်၏။ ပညာကို ပွားစေတတ်၏။ လေသလိပ်ကို ငြိမ်းစေသည်။ သည်းခြေကိုပွားစေသည်။ ဝမ်းမီးကို တောက်စေ၏။ ဝမ်းမီးနုံ့သောရောဂါ၊ နှုတ်မမြိန်သောရောဂါတို့၌ သင့်၏။ ဝမ်းဗိုက်ထိုးအောင့်သောရောဂါ၊ ပိုးရောဂါ၊ မြင်းသရိုက်ရောဂါတို့ကို ပျောက်ကင်းစေနိုင်သည်။ အန်စေတတ်၏။ ရူးသွပ်သောရောဂါ၊ ဝက်ရူးရောဂါ၊ စိတ်ရောဂါတို့ကို ပျောက်ကင်းစေ၏။ ဉာဏ်ထိုင်းသောရောဂါ၊ သတိမေ့သောရောဂါတို့ကို ကောင်းစေ၏။ နှလုံးရောဂါနှင့်သင့်၏။ နှာစေး ချောင်းဆိုးရောဂါ အသံပျက် အသံဝင် လည်ချောင်းနာတို့နှင့် သင့်၏။ တက်သောရောဂါနှင့် သွက်ချာပါဒတို့တွင် ကောင်း၏။ ကျောက်တည်ခြင်း၊ ဆီးအောင့်ခြင်းတို့၌ ကောင်း၏ဟုဖွင့်ဆိုကြသည်။

    အသုံးပြုပုံ

    -အဖျားရောဂါ၊ ချောင်းဆိုးရောဂါ၊ အဆိပ်ဖြစ်ခြင်းများတွင် လင်းနေမြစ်ကို ကျိုသောက်ရ၏။

    -ကလေးငယ်များ ဝမ်းနာ၊ ဝမ်းရောင်လျှင် လင်းနေကို ကျွမ်းအောင် ဖုတ်၍ ဆီနှင့် ရောလိမ်းရ၏။

    -အဆစ်ရောင်၊ အကြောထုံခြင်းအတွက် သီဟိုဠ်သရက်စေ့အဆီဖြင့်ရောလိမ်းရ၏။

    -လည်းချောင်းနာခြင်းများတွင် နွားနို့ခပ်နွေးနွေးနှင့် သောက်ပေးရ၏။

    -အဖျားကျစေရန် ဆေးခါးကြီးနှင့် ရောစပ်သောက်ရ၏။

    -ကလေးငယ်များ သန်ထသော် ရှိန်းခိုနှင့် ဆတူရောတိုက်လျှင် ဝမ်းတွင်းရှိ သန်ကောင်များ ကျစေ၏။

    -နှုတ်ခမ်း၊ မေး၊ ပါးစောင်းရွဲ့ခြင်းအတွက် လင်းနေမှုန့်၊ ချင်းခြောက်မှုန့် ဆတူရောပြီး ပျားရည်ဖြင့် သောက်ပေးရ၏။

    -ဝက်ရူးနာနှင့် စိတ်ရောဂါအတွက် လင်းနေမှုန့်ကို ပျားရည်နှင့် ရောလျှက်ပေးရ၏။

    -ကလေးအပုပ်ချဆေး၊ အစာကြေဆေး၊ အညှော်ခံဆေး၊ လေပုပ်ထုတ်ဆေး၊ လေပြင်နာလိမ်းဆေးတို့တွင် လင်းနေကို ထည့်သုံးကြ၏။

    -အနာများကို လိမ်းပေးပါက အညှော်များထွက်ပြီး အနာဝင်ခြင်းမှ ကင်းဝေးစေနိုင်သည်။

    ရှေးရိုးစဉ်လာ မြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဖက်ဝင်အပင်များ

    ရဲသိဒ္ဓ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

    Credit-အစိမ်းရောင်လမ်း (www.greenwaymyanmar.com)

    (Zawgyi)

    ေဆးဖက္ဝင္အပင္ လင္းေန

    “ကေလး ေလထိုးၿပီး ငိုေနလို႔ လင္းေန တစ္တက္ေလာက္ ေပးပါလား….ဦးရယ္” ဆိုၿပီးလာေတာင္းေသာ ကေလးမိခင္အသံမ်ားကို ၾကားေယာင္မိေနသည္။ လင္းေနကို လင္းေလဟုလည္း ေခၚၾကေသးသည္။ ပင္ေပ်ာ့ ပင္ငယ္မ်ိဳးျဖစ္သည္။ အျမင့္သုံးေပခန္႔အထိ ျမင့္တက္သည္။ ေျမေအာက္ပင္စည္ ျဖစ္သည္။ အနံ႔ထင္ရွားသည္။ ပင္စည္သည္ ဥတက္သဖြယ္ ျဖစ္သည္။ ဥရွိ အဆစ္မ်ား အျဖဴေရာင္ရွိသည္။ ရွည္လ်ားေသာ ပန္းခိုင္ေပၚတြင္ အပြင့္မ်ားစြာ ပြင့္သည္။ စိမ္းဝါေရာင္ရွိသည္။အဖူးခြံ အစိမ္းေရာင္ရွိသည္။ အ႐ြက္ႏွင့္တူသည္။

    ေအးျမေသာ ရာသီဥတုရွိသည့္ ေဒသမ်ားရွိ အင္းအိုင္ ေခ်ာင္းေျမာင္းတစ္ဝိုက္တြင္ ေပါက္သည္။သဘာဝအေလ်ာက္ ေပါက္ေရာက္သည္။ အိမ္သုံးေဆးအျဖစ္ အသင့္အတင့္ စိုက္ပ်ိဳးၾကသည္။စိုက္ပ်ိဳးရာတြင္ ခ်င္းကဲ့သို႔ပင္ စိုက္ပ်ိဳးရသည္။

    အသုံးျပဳေသာအစိတ္အပိုင္း-

    ေျမေအာက္ပင္စည္ကို အသုံးျပဳၾကသည္။

    အာနိသင္

    ျမန္မာ့ေဆးက်မ္းမ်ားအလိုအရ လင္းေနသည္ စူးရွေသာ အနံ႔ရွိသည္။ ခါးသည္။ စပ္ဖ်ဥ္းဖ်ဥ္းအရသာရွိသည္။ ႏူးညံ့စြာ ဝမ္းသက္ေစသည္။ ဆီး႐ႊင္ေစ၏။ လည္ေခ်ာင္းနာကို အက်ိဳးျပဳ၏။ အညစ္အေၾကးႏွင့္ ဆီးကို သန္႔ရွင္းေအာင္ျပဳတတ္၏။ ပညာကို ပြားေစတတ္၏။ ေလသလိပ္ကို ၿငိမ္းေစသည္။ သည္းေျခကိုပြားေစသည္။ ဝမ္းမီးကို ေတာက္ေစ၏။ ဝမ္းမီးႏုံ႔ေသာေရာဂါ၊ ႏႈတ္မၿမိန္ေသာေရာဂါတို႔၌ သင့္၏။ ဝမ္းဗိုက္ထိုးေအာင့္ေသာေရာဂါ၊ ပိုးေရာဂါ၊ ျမင္းသ႐ိုက္ေရာဂါတို႔ကို ေပ်ာက္ကင္းေစႏိုင္သည္။ အန္ေစတတ္၏။ ႐ူးသြပ္ေသာေရာဂါ၊ ဝက္႐ူးေရာဂါ၊ စိတ္ေရာဂါတို႔ကို ေပ်ာက္ကင္းေစ၏။ ဉာဏ္ထိုင္းေသာေရာဂါ၊ သတိေမ့ေသာေရာဂါတို႔ကို ေကာင္းေစ၏။ ႏွလုံးေရာဂါႏွင့္သင့္၏။ ႏွာေစး ေခ်ာင္းဆိုးေရာဂါ အသံပ်က္ အသံဝင္ လည္ေခ်ာင္းနာတို႔ႏွင့္ သင့္၏။ တက္ေသာေရာဂါႏွင့္ သြက္ခ်ာပါဒတို႔တြင္ ေကာင္း၏။ ေက်ာက္တည္ျခင္း၊ ဆီးေအာင့္ျခင္းတို႔၌ ေကာင္း၏ဟုဖြင့္ဆိုၾကသည္။

    အသုံးျပဳပုံ

    -အဖ်ားေရာဂါ၊ ေခ်ာင္းဆိုးေရာဂါ၊ အဆိပ္ျဖစ္ျခင္းမ်ားတြင္ လင္းေနျမစ္ကို က်ိဳေသာက္ရ၏။

    -ကေလးငယ္မ်ား ဝမ္းနာ၊ ဝမ္းေရာင္လွ်င္ လင္းေနကို ကြၽမ္းေအာင္ ဖုတ္၍ ဆီႏွင့္ ေရာလိမ္းရ၏။

    -အဆစ္ေရာင္၊ အေၾကာထုံျခင္းအတြက္ သီဟိုဠ္သရက္ေစ့အဆီျဖင့္ေရာလိမ္းရ၏။

    -လည္းေခ်ာင္းနာျခင္းမ်ားတြင္ ႏြားႏို႔ခပ္ေႏြးေႏြးႏွင့္ ေသာက္ေပးရ၏။

    -အဖ်ားက်ေစရန္ ေဆးခါးႀကီးႏွင့္ ေရာစပ္ေသာက္ရ၏။

    -ကေလးငယ္မ်ား သန္ထေသာ္ ရွိန္းခိုႏွင့္ ဆတူေရာတိုက္လွ်င္ ဝမ္းတြင္းရွိ သန္ေကာင္မ်ား က်ေစ၏။

    -ႏႈတ္ခမ္း၊ ေမး၊ ပါးေစာင္း႐ြဲ႕ျခင္းအတြက္ လင္းေနမႈန္႔၊ ခ်င္းေျခာက္မႈန္႔ ဆတူေရာၿပီး ပ်ားရည္ျဖင့္ ေသာက္ေပးရ၏။

    -ဝက္႐ူးနာႏွင့္ စိတ္ေရာဂါအတြက္ လင္းေနမႈန္႔ကို ပ်ားရည္ႏွင့္ ေရာလွ်က္ေပးရ၏။

    -ကေလးအပုပ္ခ်ေဆး၊ အစာေၾကေဆး၊ အေညႇာ္ခံေဆး၊ ေလပုပ္ထုတ္ေဆး၊ ေလျပင္နာလိမ္းေဆးတို႔တြင္ လင္းေနကို ထည့္သုံးၾက၏။

    -အနာမ်ားကို လိမ္းေပးပါက အေညႇာ္မ်ားထြက္ၿပီး အနာဝင္ျခင္းမွ ကင္းေဝးေစႏိုင္သည္။

    ေရွး႐ိုးစဥ္လာ ျမန္မာ့တိုင္းရင္းေဆးပညာႏွင့္ ေဆးဖက္ဝင္အပင္မ်ား

    ရဲသိဒၶ စာအုပ္မွ ေကာက္ႏုတ္ေဖာ္ျပပါသည္။

    Credit-အစိမ္းေရာင္လမ္း (www.greenwaymyanmar.com)