Month: February 2019

ဗဟုတုသ

တွင်းထွက်ကျောက်မျက်ရတနာ အတု၊ အစစ် ခွဲခြားကြည့်ရအောင်

(Zawgyi) ကျောက်မျက်ရတနာ အတု၊ အစစ် ခွဲခြားကြည့်ရအောင် ကျောက်ကောင်း တစ်ပွင့်ကို ဝေခွဲရခက်နေလျှင် အတုအစစ်ခွဲခြားနည်း ကျွန်တော်တို့ဟာ သာမန်ရွှေဆိုင်တွေမှာ တွေ့ရလေ့ရှိတဲ့ ကျောက်အနီအပြာ ရောင်စုံလေးတွေကို သဘာဝကျောက်လိုလို ထင်မှတ်ဖူးကြပါတယ်။ တကယ်တမ်းမှာတော့ . . . အများအားဖြင့် တွေ့မြင် ဝယ်ယူမိကြတာက ချက်ကျောက်လို့ ခေါ်တဲ့ သဘာဝမဟုတ်တဲ့ ကျောက်အတုတွေများပါတယ်။ ဘာတန်ဖိုးမှ မရှိတဲ့ ကျောက်အတုတွေ ကြားကနေ သဘာဝ ကျောက်မျက် ရတနာအစစ်ကို ရှာဖွေဝယ်ယူနိုင်ဖို့ အချက်အလက်တွေ သိရှိထားဖို့လိုပါပြီ။ သဘာဝကျောက်မျက်ရတနာ အစစ်ဟာ အင်မတန် ရှားပါးလာပါပြီ။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံက ထွက်တဲ့ သယံဇာတဖြစ်တဲ့ သဘာဝတွင်းထွက် မိုးကုတ် ပတ္တမြားနဲ့ နီလာဟာဆိုရင် အရည်အသွေးကောင်းလွန်းလို့ရှားပါး လွန်းလို့ နာမည်ရနေတဲ့ တန်းဝင်ကျောက်တွေပါ။ တွေ့နေမြင်နေကျ. . […]

ဗဟုတုသ

အိန္ဒိယသူတွေ အသုံးပြုတဲ့ ဆံပင်အရှည်မြန်စေတဲ့ လျှို့ဝှက်ချက်နည်းလမ်းများ

(Zawgyi) အိန္ဒိယသူတွေ အသုံးပြုတဲ့ ဆံပင်အရှည်မြန်စေတဲ့ လျှို့ဝှက်ချက်နည်းလမ်းများ အိန္ဒိယသူအများစုဟာ ဆံပင်မည်းနက်သန်စွမ်းပြီး ဆံသားကောင်းမွန်ကြတာကို ဘောလိဝုဒ်ရုပ်ရှင်တွေမှာ တွေ့ဖူးကြမှာပါ။ အခုဖော်ပြပေးမှာကတော့ အိန္ဒိယသူတွေရဲ့ ဆံပင်သန်စွမ်းပြီး အရှည်မြန်စေဖို့အတွက် အသုံးပြုကြတဲ့ လျှို့ဝှက်ချက်နည်းလမ်းတွေကို အလှအပချစ်သူပျိုမေတွေအတွက် ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ (၁) ကြက်ဥအနှစ် ဆံသားအားဖြည့်ပေးဖို့အတွက် အကောင်းဆုံး သဘာဝပစ္စည်းတခုဖြစ်တဲ့ ကြက်ဥအနှစ်ကို ခေါင်းမလျှော်ခင် နာရီဝက်ခန့်အလိုတည်းက ဦးရေပြားနဲ့ ဆံသားအနှံ့ သုတ်လိမ်းပေးပြီးမှ ခေါင်းလျှော်ခြင်းဟာ ဆံပင်အရှည်မြန်စေတဲ့အပြင် ဆံသားကို ကောင်းမွန်စေတာပဲ ဖြစ်ပါတယ်။ (၂) ရှားစောင်းလက်ပတ် အလှအပရေးရာ တော်တော်များများမှာ အသုံးဝင်လှတဲ့ ရှားစောင်းလက်ပတ်ဟာဆိုရင်တော့ ဆံပင်နဲ့ ပတ်သက်ရင် အိန္ဒိယသူတွေ အသုံးများတဲ့ သဘာဝပစ္စည်းတမျိုးပဲဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်ပင်က ရတဲ့ ရှားစောင်းလက်ပတ် ဂျယ်လ်ကို ဆံသားအရင်းကနေ အဖျားအထိ နှံ့စပ်အောင်လိမ်းပေးပြီး နာရီဝက်ခန့်ကြာမှ ခေါင်းလျှော်ပေးခြင်းက […]

ဗဟုတုသ

ပဒိုင်းသီးအကြောင်းကို ပြည့်စုံစွာ ထပ်မံဖော်ပြပေးချင်ပါတယ်

(Zawgyi) ပဒိုင်းသီးအကြောင်းကို ပြည့်စုံစွာ ထပ်မံဖော်ပြပေးချင်ပါတယ်၊ ပဒိုင်းသီးကို Datura metel/Jimson weed/devil’s trumpet စသည်ဖြင့် အမျိုးမျိုးခေါ်တွင်ကြတယ်။ ဒီအပင်ဟာ သဘာဝအလေ့ကျပေါက်တဲ့အပင်ဖြစ်သည့်အလျောက် တစ်ပင်လုံးဟာ လူနှင့်အခြားသော တိရိစ္ဆာန်တွေကို သေစေနိုင်တဲ့( tropane alkaloids) အဆိပ်ရှိပါတယ်။ အယ်လ်ကာလွိုက်(alkaloid)ဆိုတာက သဘာဝအလျောက်ဖြစ်ပေါ်နေသော အဆိပ်တစ်မျိုးဖြစ်ပြီး သူ့ကို အပင်တွေကနေတဆင့် ထုတ်ယူရရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်အခုဖော်ပြပေးထားတဲ့ ပဒိုင်းသီးမှာ အယ်လ်ကာလွိုက် အဆိပ်များစွာ ရှိပါတယ်။It is prohibited to buy, sell, or cultivate Datura plants. အိန္ဒိယနိုင်ငံမှာဆိုရင် စိုက်ပျိုးခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းများကို တားမြစ်ပိတ်ပင်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၅၀ ခုနှစ် နှင့် ၁၉၆၅ ခုနှစ်အတွင်း၌ ပဒိုင်းသီးကို စားသုံးကြခြင်းကြောင့် လူပေါင်း(၂၇၀၀)ကျော်ခန့် အသက်သေဆုံးခဲ့တဲ့ […]

ဗဟုတုသ

ကြွက်ကိုက်ခံရတဲ့အခါ ဘာလုပ်သင့်လဲ

ကြွက်ကိုက်ခံရတဲ့အခါ ဘာလုပ်သင့်လဲ ======================================== လူတော်တော်များများ ချော်လဲကျဖူးမယ်၊ ထိခိုက်ရှနာ ဖြစ်ဖူးမယ်၊ ခွေးတွေ ကြောင်တာ ကိုက်ခံရတာ၊ ကုတ်ခံရတာ ကြုံဖူးကြမှာပါ။ ကြွက်နဲ့ ပတ်သက်ပြီးတော့ လူတော်တော်များများ အကိုက်ခံရဖူးမှာ မဟုတ်ပါဘူး။ တချို့ ကြွက်ပေါတဲ့ အိမ်တွေနဲ့ ကြွက်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားတဲ့ သူတွေသာ ဒီအဖြစ်နဲ့ ကြုံဖို့ အခွင့်အလမ်း ပိုများနိုင်ပါတယ်။ ကိုယ်နဲ့ မသိတဲ့ လမ်းဘေးက ကြွက်တွေကို တွေ့တဲ့အခါ အနားသွားမကပ်ပါနဲ့။ ကိုယ့်ထက် သူတို့က လူတွေကို ပိုကြောက်တာကြောင့် ချောင်ပိတ်မိသွားတဲ့ အခြေအနေမျိုးမှာ လူတွေကို ပြန်ပြီး ကိုက်တတ်တာဖြစ်ပါတယ်။ ကြွက်ဟာ တခြားတိရစ္ဆာန်တွေလို မဟုတ်ပဲ အထိအကိုင်ခံရတာ မကြိုက်တဲ့အတွက်ကြောင့် အိမ်မွေးတိရစ္ဆာန်အနေနဲ့ မွေးထားတယ်ဆိုရင်တောင် ကိုယ့်ရဲ့ သခင်ကို ပြန်ပြီး ကုတ်နိုင်၊ ကိုက်နိုင်ပါတယ်။ […]

ဗဟုတုသ

မတ်တပ်ရပ်ခြင်းကလဲ ကယ်လိုရီလောင်ကျွမ်းနိုင်

မတ်တပ်ရပ်ခြင်းကလဲ ကယ်လိုရီလောင်ကျွမ်းနိုင် လှုပ်ရှားမှုလေ့ကျင့်ခန်းအားလုံးကို ကျွန်ုပ်တို့ သိကြပါတယ်။ သို့သော် မတ်တပ်ရပ်ခြင်းကကော လှုပ်ရှားမှုလေ့ကျင့်ခန်းဖြစ်နိုင်လား။ မတ်တပ်ရပ်တာကလဲ လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ဒါတင်မကသေးပါဘူး။ ကောင်းကျိုးတွေလဲ ရှိပါတယ်။ မတ်တပ်ရပ်တဲ့အခါ အဆီတွေလောင်ကျွမ်း သင် ထိုင်နေတဲ့အခါ သင့်ခန္ဓာကိုယ်ရဲ့ဇီဝါဖြစ်စဉ်က ရွေ့လျားလာပါတယ်။ သင်မတ်တပ်ရပ်လိုက်တဲ့အခါ သင့်ခန္ဓာကိုယ်က ထိုင်နေတဲ့အခါ စုလာတဲ့အဆီတွေကို စတင်လောင်ကျွမ်းလာပါတယ်။ အဆီလောင်ကျွမ်းတို့ တာဝန်ရှိတဲ့ကြွက်သားတွေရဲ့သွေးကြောမှ အင်ဇိုင်းဓာတ်တွေက မတ်တပ်မရပ်တဲ့နာရီအတွင်းမှာ ရပ်တန့်ထားတာဖြစ်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ရောဂါတွေကို ကာကွယ် မတ်တပ်ရပ်ခြင်းက လူတစ်ယောက်ရဲ့ ကိုယ်လက်စတေရောကိုတိုးတတ်စေခြင်း၊ သွေးအတွင်းကသကြားဓာတ်နဲ့ အဆီပမာဏတွေကို ထိန်းချုပ်ပေးခြင်းကဲ့သို့ ကောင်းကျိုးများစွာရှိပါတယ်။ Participant၈၀၀ပါဝင်တဲ့လေ့လာတွေ့ချက်က နေ့တိုင်း နှစ်နာရီမတ်တပ်ရပ်ခြင်းအားဖြင့် Participantတွေရဲ့သွေးအတွင်းက သကြားဓာတ်ကို ၂ရာခိုင်နှုန်းလျော့ချပေးပြီး အဆီပမာဏကို ၁၁ရာခိုင်နှုန်းလျော့ချပေးပါတယ်။ မတ်တပ်ရပ်ခြင်းက ဘာကြောင့်ကယ်လိုရီဓာတ်ကို လောင်ကျွမ်းတာလဲ မတ်တပ်ရပ်ခြင်းလို ရိုးရှင်းတဲ့လုပ်ဆောင်ချက်က ဘာကြောင့် ကယ်လိုရီတွေကို လောင်ကျွမ်းတာလဲဆိုတာကတော့ […]

ဗဟုတုသ

ကိုယ်တိုင်လုပ် ငါးမုန့်ကြော်လုပ်နည်း

(Zawgyi) ငါးမုန့်ကြော်လေး လုပ်စားကြစို့ နှစ်သက်ရာငါးခြစ် ၁၀ကျပ်သားကို ဂျင်း၊ ဆား၊ ဟင်းခပ်မှုန့်နဲ့ စေးပိုင်နေအောင် ထောင်းပြီး ကော်မှုန့် ၁၀ကျပ်သားနဲ့ သေချာ နှံ့စပ်အောင် ရောနယ်ရပါမယ်။ နှံ့ပြီဆိုရင် အချင်း ၂လက်မလောက် အလုံးရှည်လေး ရအောင် လှိမ့်ပြီး ပုံသွင်းပါမယ်။ ပြီးရင် ၄၅ မိနစ်လောက် ပေါင်းပါမယ်။ ကျက်ရင် အအေးခံပြီး ရေခဲသေတ္တာထဲ ၃/၄ နာရီလောက် ထားပါမယ်။ လှီးလို့ကောင်းမယ့်အနေအထား ခပ်မာမာလေး ဖြစ်လာရင် ဓါးထက်ထက်နဲ့ ပါးပါးလှီးပြီး ဗန်းထဲထည့်လှန်းပါမယ်။ ကောင်းကောင်းခြောက်ပြီဆိုရင် ကြော်စားတော့မယ်နော်။ Handmade စစ်စစ်လေး လုပ်စားရင်း မိသားစုတွေ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ လိုအပ်တာရှိရင်လည်း ဖြည့်ပေးပါနော်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ မယ်ဆိုး Credit – မယ်ဆိုး Via – […]

ဗဟုတုသ

ဆီးသွားချင်တာကို အောင့်ထားတတ်တဲ့ လူတွေရှိလား

ဆီးသွားချင်တာကို အောင့်ထားတတ်တဲ့ လူတွေရှိလား။ ဘယ်လို ဆိုးကျိုးတွေ ရှိနိုင်လဲ  ======================================== ဆီးသွားချင်တာကို အောင့်ထားတဲ့အခါ ဘာတွေ ဖြစ်လာမလဲ ။ ။အားလုံးတစ်ချိန်မဟုတ်တစ်ချိန်မှာတော့ ဖြစ်ဖူးကြမှာပါ။ ဆီးသွားချင်ပေမယ့် မအားသေးလို့၊ အိမ်သာမရှိလို့ အောင့်ထားရတဲ့ အဖြစ်မျိုး ။ တစ်ချို့ဆိုလည်း အိပ်ချင်နေတဲ့အချိန် ဆီးသွားချင်ရင် အိမ်သာမသွားတော့ဘဲ အောင့်ထားလိုက်တာမျိုး။ ဒီလိုမျိုး ဆီးသွားချင်နေရက်နဲ့ အောင့်ထားတတ်တဲ့ အကျင့်ရှိလာရင် ကြာလာတဲ့အခါ ကျန်းမာရေးကို ဘယ်လိုထိခိုက်နိုင်မှာလဲ ။ ။ ဆီးအိတ်က ဆီးပမာဏ ဘယ်လောက်ကို ထိန်းထားနိုင်သလဲ ။ ။ဆီးအောင့်ထားတာကို အရင်မပြောခင် ဆီးအိတ်ကနေ ဆီးပမာဏ ဘယ်လောက်ကို သိုလှောင်ထားနိုင်သလဲဆိုတာ အရင်ပြောပြပါမယ် ။ ပုံမှန် ဆီးအိတ်တစ်ခုဟာ ဆီးပမာဏ ၁၆ အောင်စ ( ဒါမှမဟုတ်) ဆီး […]

ဗဟုတုသ

ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး (၁၀)ရပ်

ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး (၁၀)ရပ် ကိုက်လန်ကို အစိမ်းရောင်ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စားတတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆိုတတ်ကြပါတယ်။ သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့်စားပေးမယ်ဆိုရင် အောက်ပါအကျိုးကျေးဇူး (၁၀) မျိုးကို ရရှိပါလိမ့်မယ်။ (1) အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေပါတယ် ကိုက်လန်မှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အဆီဓာတ်လည်း လုံးဝ မပါပါဘူး။ အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ ကိုက်လန် တစ်ခွက်မှာ ၃၆ ကယ်လိုရီနဲ့ အမျှင်ဓာတ် ငါးဂရမ်တို့ ပါဝင်ပါတယ်။ (2) အထွေထွေကျန်းမာရေးကို ကောင်းမွန်စေပါတယ် ကိုက်လန်မှာ သံဓာတ်များစွာ ပါဝင်ပါတယ်။ ကယ်လိုရီတူတဲ့ ကိုက်လန်နဲ့ အမဲသားတို့ကို နှိုင်းယှဉ်ကြည့်ရာ ကိုက်လန်မှာ သံဓာတ် ပိုမိုပါဝင်တာကို တွေ့ရပါတယ်။ သံဓာတ်ဟာ […]

ဗဟုတုသ

သွေးတိုးချက်ချင်းကျစေမည့်နည်းလမ်းများ

(Zawgyi) သွေးတိုးချက်ချင်းကျစေမည့် နည်းလမ်းများ သွေးတိုးရောဂါရှိသူများ သွေးတိုးပြီး ခေါင်းမူးလာပါ၍ ချက်ချင်း ဆေးရုံဆေးခန်းသွားပြဖို့ အဆင်မပြေပါက အောက်ပါ သဘာဝနည်းများဖြင့် သွေးတိုးရောဂါ သက်သာသွားအောင် ပြုလုပ်နိုင်ကြပါတယ်။ (၁) ဒန့်သလွန်ရွက်ကို ရေစင်အောင်ဆေးပြီး ထောင်းလိုက်ပါ။ အရည်ညစ်ယူပြီး လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို သောက်လိုက်ပါ။ သွေးတိုးချက်ချင်း သက်သာသွားစေပါတယ်။ (၂) သံပုရာသီးကို ခွဲပြီး အစေ့ ၅ စေ့ခန့် ၀ါးစားလိုက်ပါ။ သွေးတိုးချက်ချင်း သက်သာပါလိမ့်မည်။(၃) သံပုရာသီး မရှိပါက သံပုရာပင်၏ အခေါက်ကို ဆေးကြောပြီး ရေနဲ့ သွေးပြီး သောက်ပေးနိုင်ပါတယ်။ (၄) ဗန်ဒါရွက်အနု ၃၊ ၄ ရွက်ခန့်ကို ရေစင်အောင်ဆေးပြီး ၅ မိနစ်ခန့် ပြုတ်ပြီး သောက်ပေးပါ။ တစ်နေ့ကို လက်ဖက်ရည်ခွက် ၃ […]

ဗဟုတုသ

ဆီးသီး(ဇီးသီး) စားခြင်းရဲ့အကျိုးကျေးဇူး

(Zawgyi) ဆီးသီး(ဇီးသီး) စားခြင်းရဲ့အကျိုးကျေးဇူး WHFoods ၏ ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ ၆၆ ဂရမ်အလေးချိန်ရှိသော ဆီးသီးထဲတွင် ကျန်းမာရေးကို ကောင်းကျိုးပြုစေသော ကယ်လိုရီ ၃၀.၃၆၊ ဗီတာမင်စီ ၆.၂၇ မီလီဂရမ်၊ ဗီတာမင်ကေ ၄.၂၂ မိုက်ကရိုဂရမ်၊ ဗီတာမင်အေ ၂၂၇.၇၀ IU၊ အမျှင်ဓာတ် ၀.၉၂ ဂရမ်၊ tryptophan ၀.၀၁ ဂရမ်၊ ပိုတက်စီယမ် ၁၀၃.၆၂ မီလီဂရမ်တို့ အသီးသီးပါရှိကြပါတယ်။ ဆီးသီးအမျိုးအစားပေါ်မူတည်၍ အရသာ ချဉ်လေ ဗီတာမင်စီ ဓာတ်ကြွယ်ဝလေဖြစ်၏။ အသီးသာမက၊ အရွက် နှင့်ပင်စည်အခေါက်တို့ ကလဲ လွန်စွာဆေးဘက် ၀င်ကြပါတယ်။ (၁)ဆီးသီးထဲတွင် မြင့်မားစွာပါရှိသော phytonutrients က ဓာတ်တိုးဆန့် ကျင်ပစ္စည်းအဖြစ်အစွမ်းထက်စေသလို၊ ဗီတာမင်စီဓာတ် လဲ အလုံအလောက်ပါရှိသဖြင့်၊ ကိုယ်ခံစွမ်းအားကိုတိုးတက်မြင့်မားစေကာ၊ အအေးမိ/နှာစေး/ချောင်းဆိုး […]

Back To Top