Month: May 2018

ဗဟုတုသ

အမာရွတ်အတွက် ဆေးစွမ်းကောင်းတစ်လက်

အမာရွတ်အတွက် ဆေးစွမ်းကောင်းတစ်လက် ================== ================== ငယ်​ငယ်​တုန်းကဆို စကတ်​တို၊ ​ဘောင်းဘီတိုဝတ်​ပြီး အပြင်​သွားရမှာ ​သေမလို​ကြောက်​ခဲ့ဖူးပါတယ်​။ အတိုဝတ်​ဖို့ဆိုတာ​ဝေး .. အရှည်​ဝတ်​ထားရင်း ​လေတိုက်​လို့ ထဘီ/စကတ်​လန်​သွားရင်​​တောင်​ အသည်းအသန်​ပြန်​ဖုံးပြီး ​ခြေမျက်​စိ​တောင်​ လူမြင်​မခံရဲခဲ့ဘူး။ ဘာ​ကြောင့်လဲဆို​တော့ ခြင်​ဆိုတဲ့ ​သွေးစုပ်​သတ္တဝါ​တွေ​ရဲ့ အကိုက်​ခံရရာက​နေ ​ခြေ​ထောက်​မှာ ခြင်​ကိုက်​ဖု​တွေဖြစ်​၊ က​လေးပီပီ အဖု​လေး​တွေက ယား​တော့ မသန့်​တဲ့ လက်​​တွေနဲ့ကုတ်​မိရာက အနာ​တွေဖြစ်​လာတာ​ကြောင့်​ပါ။ မှတ်​မှတ်​ရရ သူငယ်​တန်း​လောက်​ကစပြီး အဲ့လိုခြင်​ကိုက်​ဖု​လေး​တွေ စဖြစ်​ခဲ့တာထင်​တယ်​။ ​ကျောင်းစတက်​ရ​တော့ ​စာသင်​ခန်း​မှောင်​​မှောင်​ထဲ အလင်း​ရောင်​ရောင်​​ကောင်း​ကောင်းမရတဲ့​နေရာ​တွေမှာ ထိုင်​ရတာက​နေ ခြင်​ကိုက်​ခံရတယ်​​ပေါ့​နော်​။ သူများ​တွေလည်း အကိုက်​ခံရတာချင်းတူတူ နန္ဒာ့နားမှာဆို ခြင်​တွေပိုပိုဝိုင်း​နေတတ်​တာ ဘယ်​ဘဝက အကုသိုလ်​​ကြောင့်​လဲ​တော့မသိဘူး (အ​မေက​တော့ အဲ့ဒါ ​အို​သွေးဆို​တော့ ​သွေးပိုချိုလို့​လို့​တော့ ​ပြောခဲ့ဖူးတာပဲ။ ဟုတ်လားတော့မသိ.. ) အတန်းထဲမှာ ခြင်​ကိုက်​ခံရ​တော့ ယားလို့ကုတ်​တာချင်းတူတူ နန္ဒာတစ်​​ယောက်​တည်းကွက်​ပြီး […]

ဗဟုတုသ

မိုးရာသီမှာ မခြောက်တဲ့အဝတ်တွေ အနံ့မထွက်အောင် အဝတ်လျော်နည်း

  အဝတ်လျော်ရတယ်ဆိုတာ လူတိုင်းနေ့စဉ် ကြုံတွေ့နေရတဲ့ဖြစ်စဉ်တစ်ခုပါ။ အခုလို မိုးဦးကာလ စရောက်ချိန်မှာ ဆိုရင် အဝတ်တွေ့အနံ့ထွက်တာ၊ မခြောက်တာတွေက စိန်ခေါ်မူကြီးတစ်ခုပါပဲ။ အဝတ်မခြောက်တာအတွက် အခြောက်ခံစက်သုံးနိုင်ပေမယ့် အနံ့ဆိုးထွက်နေတာ အတွက်က ပြသာနာကြီးပါ။ ဒါကြောင့် ဘယ်လို အနံ့မထွက်အောင် ဘယ်လို့အဝတ်လျော်မရမလဲဆိုတဲ့ နည်းလမ်းတွေကိုတင်ဆက်ပေးလိုက်ပါတယ်။ ၁- အဝတ်လျော်စက်ထဲမှာ ကြာရှည်ထားခြင်း အဝတ်တွေကို အဝတ်လျော်စက်ထဲမှာ (သို့) ခြင်းတောင်းထဲမှာ ကြာရှည်စွာမထားသင့်ပါဘူး။ ဖြစ်နိုင်သမျှ မြန်မြန်လျော်ပစ်လိုက်တာကောင်းပါတယ်။   ၂- အနံ့ပိုကောင်းသော အဝတ်လျော်ဆပ်ပြာအသုံးပြုပါ အဝတ်လျော်ဆပ်ပြာတွေမှာ သန့်ရှင်းတောက်ပြောင် ၊ ရနံ့မွေးကြိုင်အောင် ဖော်စပ်ထားတဲ့ ဆပ်ပြာတွေကို သုံးပါလို့အကြံပြုချင်ပါတယ်။ ဆိုလိုတာက ဆပ်ပြာ၇ဲ့ ပါဝင်ပစ္စည်းတွေမှာ သံပုရာ၊ နှင်းဆီ တို့ ပေါင်းစပ်ပါဝင်တဲ့ အဝတ်လျော်ဆပ်ပြာမျိုးကို သုံးသင့်ပါတယ်။   ၃- ဗင်နီဂါး အနံ့ဆိုးတွေကို […]

ဗဟုတုသ

ကျန်းမာရေးအတွက် ဟင်းနုနယ်ရွက်ဆေး တစ်ခွက်

ကျန်းမာရေးအတွက် ဟင်းနုနယ်ရွက်ဆေး တစ်ခွက် ဟင်းနုနယ်ပင်တို့ဟာ ဆောင်းဦးကာလမှ နွေလယ်အထိ ရရှိနိုင်သော ရာသီစာ ဟင်းသီးဟင်းရွက်ပင် တစ်မျိုးဖြစ်ပါတယ်။ အစေ့မှ အပင်ပေါက်ခြင်းဖြစ်ပါတယ်။ရေကို ကြိုက်နှစ်သက်သော အပင်အမျိုးအစား ဖြစ်သော်လည်းပဲ လိုအပ်သည်ထက်ပို၍ ရေရရှိပါက အပင်ကြီးထွားမှုကို ဆုတ်ယုတ်စေနိုင်ပါတယ်။ ဟင်းနုနယ် မျိုးရင်းလေးခုကို အရှေ့အာရှတွင် ဟင်းသီးဟင်းရွက်ပင်အဖြစ် စိုက်ပျိုးကြပါတယ်။ ၎င်းတို့မှာ Amaranthus cruenuts, A.blitum, A.dubius, A. tricalor တို့ ဖြစ်ကြပါတယ်။ ကမ္ဘာအနှံ့ ဟင်းနုနယ်မျိုးစိတ်ပေါင်း ၆ဝ ခန့်ရှိရာ ပန်းများမှာ အစိမ်းရောင်၊ အဝါရောင်၊ အနီရောင် အမျိုးမျိုးရှိကြပြီး အချို့မျိုးစိတ်များမှာ ပန်းပွင့်ချိန်တွင် ပန်းခိုင်များ လွန်စွာလှပကြပါတယ်။ မြန်မာပြည် အလယ်ပိုင်းတွင် ပန်းပွင့်အစိမ်းရောင်၊အဝါရောင်၊ အညိုရောင်ရှိသော ဟင်းနုနယ်မျိုးများကို တွေ့ရပါတယ်။ ဟင်းနုနယ်ဆူးပေါက် ယာမြေတို့၏ သဘာဝမှ […]

ဗဟုတုသ

ကြက်သားစားရင် အသာပဲစားပြိး အရေပြားလွှင့်ပစ်တက်တဲု့အကျင့်ပါနေပြီ။

ကြက်သားစားရင် အသာပဲစားပြိး အရေပြားလွှင့်ပစ်တက်တဲု့အကျင့်ပါနေပြီ။ ကြက်သားစားတဲ့အခါ အရေခွံကိုစားပေးခြင်းရဲ့ အကျိုးကျေးဇူးတွေ ကြက်သားစားတဲ့အခါ ကြက်အရေခွံကိုမကြိုက်လို့ ဖယ်စားတတ်ကြလား။ ဒါဆိုဒီစာလေးကိုဖတ်လိုက်ပါနော်။ နှလုံးရောဂါ ကြက်အရေခွံဟာ နှလုံးရောဂါအတွက်ကောင်းမွန်တဲ့ အဆီဓါတ်ပါဝင်ပါတယ်။ ကိုလက်စရောနဲ့ သွေးဖိအား ကြက်အရေခွံကိုစားပေးတာဟာ ကိုလက်စထရောနဲ့ သွေးဖိအားစနစ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဦးနှောက် ငါးကြီးဆီ နဲ့ ထောပတ်သီးမှာပါတဲ့ အဆီဓါတ်ဟာ Omega-3 ပါဝင်လို့ ဦးနှောက်အတွက် အထူးကောင်းမွန်ပါတယ်။ ကြက်အရေခွံမှာလည်း Omega- 6 ပါဝင်လို့ အလားတူအကျိုးကျေးဇူးများပါတယ်။ ဟင်းအရသာပိုစေခြင်း ကြက်အရေခွံဟာ သင့်အတွက်လိုအပ်တဲ့ ကြက်သားရဲ့အရသာကို ပိုမို ပေးစွမ်းနိုင်ပါတယ်။ ချက်ပြုတ်နေစဉ်မှာ ဟင်းအနှစ်ရည်ကိုထုတ်ပေးတာကြောင့် အရသာ ပိုရှိစေပါတယ်။ ဒီလိုကြက်အရေခွံကိုစားပေးခြင်းအားဖြင့် သကြားအလွန်အကျွံစားသုံးမှု နဲ့ ဆားအများအပြားစားသုံးမှုကို ကာကွယ်ပေးပါတယ်။ လူတွေအတွက်အသုံးဝင်တဲ့အဆီဓါတ် ကြက်အရေခွံက အဆီတွေပါဝင်ပါတယ်။ ဒါဟာ လူတွေအတွက်လိုအပ်တဲ့အဆီဓါတ်ပါ။ […]

ဗဟုတုသ

မီးဖိုချောင်ထဲက မရှိမဖြစ် ပစ္စည်းများ(၅)..နနွင်း

အိမ်တိုင်းမှာ ရှိရမယ် နေ့တိုင်းနီးပါး စားဖြစ်တယ်ဆိုတဲ့ ဟင်းခတ်အမွှေးအကြိုင် တစ်ခုကို ပြောပါဆိုရင် နနွင်းကို ပြောရပါလိမ့်မယ်။ နနွင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်လောက်ကတည်းက အိန္ဒိယပြည်နယ် တောင်ပိုင်းဒေသတစ်ခုမှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပြီး အင်ဒို၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ အိန္ဒိယနိုင်ငံတွေမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် နာမည်ကျော်နေဆဲပါ။ မြန်မာနိုင်ငံမှာတော့ နေရာအနှံ့အပြားမှာ ပေါက်ရောက်ပြီး အရွက်တွေဟာ အစိမ်းနုရောင် ရှိပြီး အရွက်ဖားဖား အမျိုးအစား တစ်ခု ဖြစ်ပါတယ်။ ချင်းပင် အမျိုးအစား ဖြစ်ပြီး အမြစ်ကို စားရတာ ဖြစ်ပါတယ်။ သြဂတ်လလောက်ဆိုရင် အဖူးတွေ ဖူးပြီး ပွင့်တတ်ပါပြီ။ နနွင်းကို အိန္ဒိယလူမျိုးများက ဆေးဝါး အဖြစ် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ ဥရောပတိုင်းသားတွေကိုတော့ ၁၃ရာစုလောက်မှာ နနွင်းနဲ့စပြီး ထိတွေ့ကြပါတယ်။ […]

ဗဟုတုသ

ကမ္ဘာမှာ Nokia ကျရှုံးသွားတာ လူတိုင်းသိပြီးသား ဖြစ်မှာပါ။

ကမ္ဘာမှာ Nokia ကျရှုံးသွားတာ လူတိုင်းသိပြီးသား ဖြစ်မှာပါ။ Tuesday,May 29,2018 ….သူ့ရဲ့ CEO နောက်ဆုံး ပြောသွားတဲ့ စကားလေးက သိပ်ကောင်းတယ် ။ ….တွေးစရာ ကောင်းတယ် ။ We did’t do anything wrong ,but somehow we fall. “ငါတို့ အမှားမလုပ်ခဲ့ဘူး ဒါပေမယ့် ငါတို့ ကျရှုံးခဲ့တယ်” ။ #Rajeev Suri (CEO Nokia) ….တစ်ခါတစ်လေ လောကမှာ ကျွန်တော်တို့ ဘာအမှားမှ မလုပ်ဘူး ….။ ….ကိုယ့် Skill တွေလည်း မလျော့သွားဘူး ။ ….ဒါပေမယ့် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ယနေ့ခေတ်ကြီးမှာ …., ” အမှားမလုပ်ရုံနဲ့ ၊ […]

ဗဟုတုသ

ဆီးချို၊ ဆီးကျိတ် ၊ ကိုလက်စထရောနဲ့ အစာအိမ်ဆိုင်ရာ ဝေဒနာတွေအတွက် အကောင်းဆုံး ရွှေဖရုံစေ့နဲ့ ရေ

ဆီးချို၊ ဆီးကျိတ် ၊ ကိုလက်စထရောနဲ့ အစာအိမ်ဆိုင်ရာ ဝေဒနာတွေအတွက် အကောင်းဆုံး ရွှေဖရုံစေ့နဲ့ ရေ ရွှေဖရုံစေ့မှာ အဟာရဓါတ်တွေ ကြွယ်ဝစွာပါဝင်လို့ ကျန်းမာရေးကို များစွာအထောက်အကူပြုတယ်ဆိုတာတော့ စာဖတ်သူတို့သိပြီးသားဖြစ်မှာပါ။ နေ့တိုင်းစားသုံးပေးသင့်တဲ့အစားအစာထဲမှာပါဝင်ပြီး စားသုံးတဲ့အခါမှာလည်း ဆားမပါဘဲ စားသုံးပေးရမှာပါ။ ဆီးကျိတ်တည်တာ၊ အစာအိမ်ရောင်တာ၊ ဆီးချို ဝေဒနာရှင်တွေအတွက် အထူးကောင်းမွန်တဲ့အပြင် ကိုလက်စထရောလည်းကျစေလို့ စာဖတ်သူတို့အတွက် သိပ်ကိုအသုံးဝင်ပါတယ်။ ဒီပြဿနာတွေအားလုံး အခုလိုဖြေရှင်းလိုက်ကြရအောင်နော်။ ပါဝင်ပစ္စည်း ရေ ၁ ခွက် ရွှေဖရုံစေ့ လက်တစ်ဆုပ်စာ ပြင်ဆင်ခြင်း ဖရုံစေ့လက်တစ်ဆုပ်စာကို ကြိတ်ခွဲထားပါ။ ပြီးရင်ရေတစ်ခွက်ကို ပွက်ပွက်ဆူအောင်သည်ပြီး မီးဖိုပေါ်ကချပါ။ ချပြီးပြီးချင်း စောစောက ကြိတ်ခွဲထားတဲ့ ရွှေဖရုံစေ့ကိုထည့်ပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်ထိထားပြီးရင် ဇကာ(သို့) ရေဆစ်နဲ့ ဆစ်ချလိုက်ပါ။ ရလာတဲ့အရည်ကို သောက်ပေးပါ။ အကျိုးရလဒ်ကောင်းတွေကို […]

ဗဟုတုသ

အသည်းကို သန့်စင်ပေးပြီး ဇီဝကမ္မဖြစ်စဉ်တွေကိုအားကောင်းစေမယ့် ဖျော်ရည်

အသည်းကို သန့်စင်ပေးပြီး ဇီဝကမ္မဖြစ်စဉ်တွေကိုအားကောင်းစေမယ့် ဖျော်ရည် ======================= ======================= အသည်းက အဆိပ်အတောက်တွေဖယ်ရှားတာ၊ ရောဂါပိုးမွှားတွေ တိုက်ခိုက်တာ၊ ပရိုတင်းဓာတ်နဲ့ ဟော်မှုန်းတွေထုတ်လုပ်ပေးတာ စတဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်ပေါင်း ၅၀၀ ကျော်ကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် အာဟာရပြည့်ပြည့်စုံစုံ မစားသုံးခြင်းနဲ့ အသင့်စားအစားအစာတွေက အသည်းကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် အသည်းကျန်းမာရေးကို အားကောင်းစေတဲ့ ဖျော်ရည်ကို ဝေမျှပေးချင်ပါတယ်။ ပါဝင်ပစ္စည်းများ နံနံပင် သို့ တရုတ်နံနံပင် 25 g ဂျင်း လက်တစ်ဆစ် လတ်လတ်ဆတ်ဆတ် ဂေါ်ဖီ 125 g သံပုရာသီး ၁လုံး သစ်တော်သီး 250 g ပူစီနံ 10 g ရေ 500 ml ပြုလုပ်နည်း ပါဝင်ပစ္စည်းများကို ရေသေချာဆေးကြောလိုက်ပါ။ […]

ဗဟုတုသ

သွားကိုက်​သက်​သာ​စေမယ့်​ အိမ်​တွင်းနည်းလမ်း​လေး​တွေ

သွားကိုက်​သက်​သာ​စေမယ့်​ အိမ်​တွင်းနည်းလမ်း​လေး​တွေ ======================= ======================= အားလုံးလိုလို ဘဝမှာ အနည်းဆုံး သွားတစ်​ခါ​တော့ ကိုက်​ဖူးကြမှာပါ။ သွားကိုက်​သက်​သာမယ့်​ ​အိမ်​တွင်းနည်းလမ်း ​လေး​တွေ တင်​ဆက်​​ပေးလိုက်​ရပါတယ်။ ဆားရည်​နဲ့ ပလုတ်​ကျင်း​​ပေးပါ။ ဆားရည်​က နဂိုသဘာဝကိုက အလိုလိုပိုးသတ်​​ပေးပါတယ်​။ လွယ်​ကူထိ​ရောက်​မယ့်​ နည်းလမ်းပါ။ ဆားကို လက်​ဖက်​ဇွန်း တစ်​ဇွန်း သို့ နှစ်​ဇွန်း ယူပြီး ​ရေ​နွေး​လေးနဲ့ ​ဖျော်​၊ ပလုတ်​ကျင်း​ပေးပါရမှာပါ။ ဟိုက်​ဒရိုဂျင်​ပါ​အောက်​ဆိုဒ်​ သူက နာကျင်​မှုကို သက်​သာ​စေပါတယ်​။ သွား​ချေး​တွေကို ဖယ်​ရှား​ပေးရုံတင်​မက သွားဖုံး​သွေးယိုရခြင်းကိုပါ ​ပျောက်​ကင်း​စေတယ်​။ ဆားရည်​လိုပဲ ပလုတ်​ကျင်း​ပေးရမှာပါ။ မျိုမချမိ​ဖို့​တော့ လိုပါတယ်​။ ​လေးညှင်းပွင့်​ သို့ ​လေးညှင်းပွင့်​အဆီ သဘာဝကိုက ပိုးသတ်​​ဆေးပါပြီသားမို့ ​ခေတ်​တိုင်းရဲ့ လက်​စွဲပါ။ ​လေးညှင်းပွင့်​အဆီ ၂စက်​ကို သွားကိုက်​တဲ့​နေရာမှာ ကိုက်​တဲ့ဒဏ်​​ပျောက်​တဲ့အချိန်​အထိ လူးထား​ပေးပါ။ ရေခဲကပ်​ခြင်း ​ရေခဲကပ်​တာက […]

ကျန်းမာရေးဗဟုသုတ

အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေမှာ ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲ

အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေမှာ ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲ ======================= ======================= အရွယ်ရောက်ပြီးသူတွေမှာ သဘာဝတရားရဲ့ လိုအပ်ချက်အရ အတူနေဖို့ (လိင်ဆက်ဆံဖို့) ခန္ဓာကိုယ်ဖွဲ့စည်းမှုနဲ့ ဟော်မုန်းတွေရဲ့အချိုးအစားကို စီစဉ်ထားရှိပါတယ်။ ဒါပေမယ့် လူတွေက တစ်ယောက်နဲ့တစ်ယောက်အကြောင်းရင်းခံချင်းက တူကြတာမဟုတ်ဘူးလေ။ ဒီတော့ အတူမနေနိုင်တဲ့အနေအထားမှာရှိနေသူတွေအနေနဲ့က အခက်အခဲရှိတာပေါ့။ ပြဿနာကတော့ အတူမနေတာ ကြာလာတဲ့အခါ ယောက်ျားရော မိန်းမမှာပါ ဆိုးကျိုးတွေရှိလာပါတယ်။ ဒီဆောင်းပါးမှာတော့ အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေအတွက် ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲဆိုတာကို ပြောပြပေးသွားမှာပါ။ ၁။ စိတ်ဖိစီးမှုများလာမယ်။ အတူနေတာက စိတ်ဖိစီးမှုကိုလျော့ကျစေတဲ့နည်းလမ်းတွေထဲက အကောင်းဆုံးတစ်ခုပါ။ သွေးလည်ပတ်မှုကောင်းမွန်သွားတာနဲ့ အတူနေတဲ့အခါ ထွက်ပေါ်လာတဲ့ ဟော်မုန်းတွေက စိတ်ဖိစီးမှုလျော့ကျသွားစေဖို့ အကြီးအကျယ်အထောက်အကူပြုပြီး နုပျိုကျန်းမာစေပါတယ်။ အတူမနေတာကြာရင်တော့ စိတ်ဖိစီးမှုလျော့ကျစေတဲ့ဟော်မုန်းတွေ မထွက်တော့ အသေးအဖွဲလေးတွေကအစ စိတ်တိုတာ၊ စိတ်ဆတ်လာတာတွေဖြစ်နိုင်ပါတယ်။ ကြားဖူးတယ်မလား။ အပျိုကြီးတွေ စိတ်ဆတ်လွယ်တယ်ဆိုတာလေ။ ၂။ ကိုယ်ခံအားနည်းလာမယ်။ အတူနေတဲ့အခါ […]

Back To Top