Month: July 2019

ဗဟုတုသ

လက်တကမ်းက တရုတ်စကားပန်း၏ အံ့ဖွယ်များ

(Zawgyi) လက်တကမ်းက တရုတ်စကားပန်း၏ အံ့ဖွယ်များ အသည်းအဆီဖုံးရောဂါကို သက်သာစေပြီး လေးဖက်နာ၊ နားအူ၊ နားလေးကို ပျောက်ပါသည်။ အနီပွင့်ကို သုတ်စားရင် နှလုံးသွေးကြောကျဉ်းရောဂါကို သက်သာစေပါသည်။ တရုတ်စကားပင်၏ မျိုးရင်းမှာ ဆယ့်နှစ်ရာသီ မျိုးရင်းဖြစ်သည်။အလွန်အေးသော တောင်ပေါ်ဒေသမှအပ မြန်မာပြည်အနှံ့ ပေါက်ရောက်သည်။ တရုတ်စကားပွင့် ၂ မျိုးရှိသည် – အဖြူပွင့်နှင့် အဝါပွင့် ဖြစ်သည်။ ရွက်ချွန်နှင့် ရွက်ဝိုင်းဖြစ်သည်။ ရွက်ဝိုင်းကို အကျော်နံ့သာပင်ဟု ခေါ်ကြသည်။ အစေး၊ အပွင့်၊ အရွက်၊ အခေါက်၊ အမြစ်တို့ကို အသုံးပြုနိုင်သည်။ စပ် ခါး ဖန် ၍ ပူသော သတ္တိရှိသည်။ ဆီးရွှင်စေသည်။သလိပ်ကိုကြေစေသည်။ နူနာ၊ အနာပေါက်၊ ဝမ်းဗိုက်ရောဂါတို့ကို ပျောက်ကင်းစေသည်။ ဆေးအသုံပြုပုံ- -အစေးနှင့် အခေါက် (၁) တရုတ်စကားခေါက်ကို […]

ဗဟုတုသ

ထမင်းဝိုင်းမှာ လျှာလည်စေမယ့် မြန်မာတို့အကြိုက် အထောင်း (၅) မျိုး (ပြုလုပ်ရတာ အရမ်းလွယ်ကူပါတယ်)

(Zawgyi) ထမင်းဝိုင်းမှာ လျှာလည်စေမယ့် မြန်မာတို့အကြိုက် အထောင်း (၅) မျိုး (ပြုလုပ်ရတာ အရမ်းလွယ်ကူပါတယ်) မရမ်းသီးထောင်းနည်း ( မရမ်းသီးကိုငပိမပါပဲ ပုဇွန်ခြောက်နဲ့ထောင်းထားတာလေးပါ ) ပါဝင်ပစ္စည်းများ- ပုဇွန်ခြောက်လက်တစ်ဆုပ် မရမ်းသီးကျပ်သား ကြက်သွန်ဖြူ ဗမာတစ်ဥ ငရုတ်သီးစိမ်း အစပ်စားနိုင် သလောက်။ ပြုလုပ်ပုံ- အရင်ဆုံး မရမ်းသီးနုနုလေးတွေကို ထပ်ခြမ်းခွဲ ရေဆေးပြီးဆားရည်စိမ်ထားပါ။ ဒါဆိုမရမ်းသီးက မမဲတော့ပဲစိမ်း နေပါမယ်။ ကြက်သွန်ဖြူကို စထောင်းပါ။ ပြီးရင် ငရုတ်သီးစိမ်းထည့်ထောင်း ပြီးရင် ပုဇွန်ခြောက်ထည့်ထောင်း ဆား၊ အရသာ၊ ငံပြာရည်အနည်းငယ်ထည့်ပေးပါ။ နောက်ဆုံးမှမရမ်းသီးထည့်ထောင်းပြီး ပဲဆီစိမ်းလေးလောင်းပါ။ ပုဇွန်ခြောက် က ဆီနဲ့တွေ့ပြီးပွလာတော့ တစ်မျိုးလေးစားကောင်းတယ်ရှင့်။ ရှောက်ဖတ်ငပိထောင်း သွေးတိုးရှိတဲ့သူလဲ စားလို့ရတယ်။ ဆီမြှုပ်အောင်ထည့်ထားရင် အကြာကြီးလဲခံတယ်။ အလုပ်သွားရတဲ့သူတွေ တစ်ပတ်စာထောင်းထားရင် ထမင်းမြိန်မြိန်စားလို့ရတယ်။ အရမ်းခံတွင်းမြိန်ပါတယ်။ ပါဝင်ပစ္စည်းများ- […]

ဗဟုတုသ

တုပ်ကွေးမြန်မြန်ပျောက်ဖို့ တုပ်ကွေးဖြစ်နေချိန် စားပေးသင့်တဲ့ အစားအစာများ

(Zawgyi) တုပ်ကွေးမြန်မြန်ပျောက်ဖို့ တုပ်ကွေးဖြစ်နေချိန် စားပေးသင့်တဲ့ အစားအစာများ အခုလို တုပ်ကွေးဖျားနာတာတွေ အဖြစ်များနေချိန်မှာ တုပ်ကွေး လျင်လျင်မြန်မြန် ပျောက်ကင်းဖို့ အစားအသောက်ရွေးချယ် စားသုံးတတ်ဖို့ကလည်း အရေးကြီးပါတယ်။ တုပ်ကွေးဖြစ်နေချိန်မှာ အသင့်စား အစားအစာတွေ၊ ကဖင်းဓာတ် ပါဝင်တဲ့ လက်ဖက်ရည်၊ ကော်ဖီ စတာမျိုးတွေနဲ့ အယ်လ်ကိုဟော သောက်သုံးခြင်းတို့ကို ရှောင်ကြဉ်သင့်ပြီး အခုဖော်ပြပေးမယ့် အစားအစာတွေကို များများ စားသုံးပေးသင့်ပါတယ်။ (၁) စွပ်ပြုတ် ကြက်စွပ်ပြုတ်လိုမျိုး အသားစွပ်ပြုတ်တွေဟာ တုပ်ကွေးဖြစ်နေချိန်မှာ အားနည်းနေတဲ့ ကိုယ်ခံအားစနစ်ကို အလျင်အမြန် ပြန်လည် ဖြည့်တင်းပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်တွင်း ရေဓာတ်ကိုလည်း ပြည့်ဝစေနိုင်ပါတယ်။ ဒါ့အပြင် တုပ်ကွေးကြောင့် ခံတွင်းပျက်ခြင်းနဲ့ လည်ချောင်းနာခြင်းတို့လို နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုပါ ကာကွယ်ပေးနိုင်ပါသေးတယ်။ (၂) ဒိန်ချဉ် ဒိန်ချဉ်မှာပါတဲ့ ပရိုတင်းဓာတ်ဟာ ခန္ဓာကိုယ် […]

သတင်း

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ပုတီးစိပ်နည်း

(Zawgyi) မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ပုတီးစိပ်နည်း ဒို့လည်း ကျင့်ခဲ့တုန်းက ပုတီးနဲ့ ကျင့်ခဲ့ရတာ။ ပုတီးကျတော့ လက်ကလည်း ကြမ်းသဗျ၊ ပုတီးကလည်း ကြမ်းသဗျ။အကြမ်းနှစ်ခု ထိတော့ ဒီနေရာ အသိကပ်လို့ လွယ်သပေါ့။ ဒီဂုဏ်တော်စိပ်လို့ ဘာအကျိုးရမယ်၊ ညာအကျိုးရမယ်လို့ မမျှော်နဲ့။ လိုချင်တာက မတွေးဖြစ်ဖို့ပဲ။ ကိုယ့်ဘက်က အမှတ်များနေလို့ရှိရင် အတွေးနောက်ဆုတ်မှာပဲ။ ကျုပ်တုန်းကတော့ ဘာဂုဏ်တော်စိပ်လို့ ဘာသိဒ္ဓိကြီး၊ညာသိဒ္ဓိကြီး မလိုက်ဘူး။ တစ်လုံးထိ တစ်လုံးသိပဲ။ ကျုပ်ရဲ့ ပုတီးစိပ်တဲ့ ပန်းတိုင်က “ငါ့ စိတ်ကလေး ငါ့လက်ထဲ ရောက်ရမယ်။ ကိုယ့်စိတ်ကလေး ကိုယ့်လက်ထဲရောက်ရင် ကိုယ်ထားချင်တဲ့နေရာ ထားလို့ ရပြီပေါ့ဗျ။ ကျုပ်တုန်းက ပုတီးမပါလည်းပဲ လက်ညိုးနဲ့ လက်မ ပွတ်ပြီးတော့ ‘ အရဟံသိဒ္ဓိ ‘ ‘ အရဟံသိဒ္ဓိ ‘ လို့ […]

ဗဟုတုသ

ဘယ်လောက်speed နဲ့မောင်းလျှင် ဘယ်အချိန်ရောက်မလဲ? ခရီးအကွာဝေး မိုင်တွက်နည်း

(Zawgyi) ခရီးအကွာဝေး မိုင်တွက်နည်း 1 .6 kilometer = 1 mile 48 kilometer 48 ÷ 1.6 ) × 1 = 30 × 1 = 30 miles ဒိုင်ခွက်ထဲက လက်တံ က 48 km မှာထားပီး မောင်းလျှင် 1 နာရီမှာ မိုင် 30 ရောက်ပါမည်။ 80 kilometer = (80 ÷ 1.6 )× 1 = 50 × 1 = 50 Miles 80 kilometer နှုန်းနဲ့ မောင်းလျှင် […]

ကျန်းမာရေးဗဟုသုတ ဗဟုတုသ

ရေနွေးကြမ်း အိုးထဲက လက်ဖက်ခြောက်ဖတ်တွေ

ရေနွေးကြမ်း အိုးထဲက လက်ဖက်ခြောက်ဖတ်တွေ မလွှင့် ပစ်ဘဲ …သုံးတတ်ရင် အကိုးရှိတယ်ဆိုတာသင်သိပါသလား?? ဒါတွေ အတွက် အသုံးတည့်တယ် ဆိုပါလား ? ဈေးက ဝယ်လာတဲ့ ငါး ကတော်တော်ညှီတဲ့ငါးဆိုရင် လက်ဖက်ခြောက်ဖတ် နဲ့အတူ ညှီနေတဲ့ငါးကို အိုးတစ်ခု တည်းထဲ့ပြုပ် လိုက်ပါ ။ငါးညှီနဲ့ လုံးဝ ပျောက်သွား ပါလိမ့်မယ် ။ လက်ဖက်ခြောက်ဖတ် တွေကို ရေအေးနဲ့ရောပြီး မှန် ပြတင်းပေါက် အိမ်သုံးပစည်း နဲ့ ရွှံ့ပေနေတဲ့ ဘွတ်ဖိနပ်တွေကို ဆေးကြောပွတ်တိုက် ပါ ။ပြီးမှ အဝတ်သန့်နဲ့ ပြန်သုတ် လိုက်ပါ ။ သန့်ပြီး တောက်ပြောင်သွား ပါလိမ့်မယ် ။ လဖက်ခြောက်ဖတ် တွေ ကိုရေအေးနဲ့ ရောစပ်ပြီး မြေသြဇာရည် အဖြစ် အပင်တွေ ကို […]

ဗဟုတုသ

အစွန်းချွတ်ဆေး မလိုဘဲ အဝတ်တွေကို သဘာဝအတိုင်း ဖြူစင်စေမယ့် နည်းလမ်း ၃ မျိုး

(Zawgyi) အစွန်းချွတ်ဆေး မလိုဘဲ အဝတ်တွေကို သဘာဝအတိုင်း ဖြူစင်စေမယ့် နည်းလမ်း ၃ မျိုး အဖြူရောင် အဝတ်အထည်တွေကို အစွန်းချွတ်ဆေး မသုံးဘဲ သဘာဝအတိုင်း ဖြူစင်အောင် လျှော်ဖွပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အဖြူရောင် အဝတ်အစားတွေဟာ အချိန်ကြာလာတာနဲ့အမျှ ဝါညစ်ညစ် အရောင်မျိုး ဖြစ်လာတတ်ပြီး အသစ်အတိုင်း ဖြူစင်လာဖို့ ခဲယဉ်းတတ်ပါတယ်။ အစွန်းချွတ်ဆေးတွေဟာ အဝတ်တွေကို ဆွေးမြေ့လာစေပြီး အရေပြားကိုလည်း ထိခိုက်စေနိုင်တာကြောင့် အခုဖော်ပြမယ့် သဘာဝနည်းလမ်းတွေနဲ့ ပြုလုပ်ကြည့်ဖို့ ဖော်ပြပေးချင်ပါတယ်။ (၁) ရှာလကာရည် ဝါညစ်ညစ်ဖြစ်နေတဲ့ အဖြူရောင် အဝတ်အစားတွေကို ဖြူစင်အောင် ပြုလုပ်ဖို့ ရှာလကာရည်ကို ရှာလကာရည် ဘူးအဖုံးခွက် ၁ ခွက် (သို့မဟုတ်) ၂ ခွက်နဲ့ ရေအနည်းငယ်တို့ကို ရောစပ်ကာ ၁၅ မိနစ်ခန့် […]

ဗဟုတုသ

ကံညံ့တော့မယ်ဆိုရင် ကြုံတွေ့ရမယ့် အချက်(၅)ချက်

(Zawgyi) လူတစ်ယောက် ကံညံ့ချိန် ကြုံတွေ့ရမယ့် အချက် (၅) ချက် ၁။ လူကြီးသူမရဲ့ ဆိုဆုံးမစကားတွေကို နားငြီးသလို ခံစားရလိမ့်မယ်။ ၂။ မကောင်းတဲ့သူငယ်ချင်း အတုအယောင်တွေကို စိတ်ရင်းနဲ့ပေါင်းသင်းလာတတ်ပါတယ်။ ၃။ မထင်မှတ်ထားတဲ့ အပြောင်းအလဲကြီး တစ်ခု ကြုံလာပါလိမ့်မယ်။ ၄။ အပျော်ဘက်လိုက်ပြီး မကောင်းမှုတွေ ဆက်တိုက် လုပ်မိလာပါလိမ့်မယ်။ ၅။ စားစရာတွေကို ရုန်းကန် စားသောက်ရတတ်ပြီး အိပ်မပျော်တဲ့ညတွေ များလာပါလိမ့်မယ်။ ထိုအချက်တွေ ဖြစ်လာပါက သင်ကံညံ့တော့မယ်ဆိုတာကို သတိထားပြီး ဘုရားဂုဏ်တော်အားစိတ်နှလုံးသွင်းပြီး တရားထိုင်ခြင်း ဘုရားရှစ်ခိုးခြင်းများ ပြုလုပ်၍ ကံတရားအား ပြောင်းလဲ ပစ်နိုင်ပါတယ် Sayar Paing လူတစ်ယောက် ကံညံ့ချိန် ကြုံတွေ့ရမယ့် အချက် (၅) ချက် ၁။ လူကြီးသူမရဲ့ ဆိုဆုံးမစကားတွေကို နားငြီးသလို […]

ဗဟုတုသ

ဗုဒ္ဓဘာသာမှန်လျှင် သိထားသင့်သည့် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၏ ထူးခြားချက်များ

(Zawgyi) ဗုဒ္ဓဘာသာမှန်လျှင် သိထားသင့်သည့် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၏ ထူးခြားချက်များ ဝါဆိုလသည် မြန်မာလများတွင် စတုတ္တမြောက်လဖြစ်၍ နွေဥတု၊ မိုးဥတု နှစ်ဥတုလုံး၌ ပါဝင်သည်။နွေရာသီ သက်သက် မဟုတ်၊ နွေတစ်ပိုင်း၊ မိုးတစ်ပိုင်းရောနှောနေသော ရာသီဖြစ်၍ ကဆုန်၊ နယုန်လများကဲ့ သို့ အပူရှိန်ပြင်းထန်ခြင်း မရှိတော့ပေ။ ရွာသွန်းသောမိုးရေမှာ အလွန် အေးမြ၏။ ‘ဝါဆိုငယ်မှဝါခေါင်၊ ရေဖောင်ဖောင်နှင့် ရွာ့တောင်က ချောင်း’ဟူသော အိုင်ချင်းနှင့်အညီ ဝါဆိုလတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များ၌ ရေပြည့်လျှံနေသည်ကို မြင်ရမည်။ ဝါဆိုလပြည့်နေ့ကား ‘သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိ ဟာ’ ဆိုသည့်အတိုင်း သဗ္ဗညုတ ဉာဏ်ရှင်ဘုရား သခင်ကို ပဋိသန္ဓေ နေတော်မူခြင်း၊ ဘုရားလောင်း သိဒ္ဓတ္ထမင်းသား တောထွက […]

ဗဟုတုသ

ရဟန်းများက ပရိတ်တရားများကို ရွတ်ဆိုနေတဲ့အခါမှာ လူအများ လိုက်ရွတ် သင့်/ မသင့်

(Zawgyi) ရဟန်းများက ပရိတ်တရားများကို ရွတ်ဆိုနေတဲ့အခါမှာ လူအများ လိုက်ရွတ် သင့်/ မသင့် ရဟန်းတော်များကို ဆွမ်းစားပင့်တဲ့အခါမှာ ရဟန်းတော်များက ပရိတ်တရားများကို ရွတ်ပေးလေ့ရှိပါတယ်။ အဲ့လို ရွတ်ပေးတဲ့အခါ အချို့သော ဒကာ ဒကာမတွေက ရဟန်းတော်များနှင့်အတူ ပရိတ်တရားများကို လိုက်ရွက်တတ်ကြတယ်။ ပရိတ်တရားများ ရွတ်ဆိုတာကောင်းပေမဲ့ ရဟန်းတော်များဟာ လူတွေနဲ့အတူ ပါဠိတော် အဋ္ဌကထာများကို လူတွေနဲ့အတူ ရွက်ဆိုခြင်းကို ဘုရားရှင်က ခွင့်ပြုတော်မမူခဲ့ပါဘူး။ ရွတ်ဆိုခဲ့ရင် ဝတ်နည်းအရ အပြစ်ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ၎င်းတခါက အရှင်မဟာမောဂ္ဂ နှင့် အရှင်မဟာ ကသဿပမထေရ်တို့ ဖျားနားတော့ ဘုရားရှင်ဟာ ဗောဇ္ဈင်္ဂသုတ်တရားများကို ရွတ်ဆိုပေးတဲ့အခါ ရိုသေစွာ နာယူခြင်းကြောင့် ရောဂါမှ ပျောက်ကင်းချမ်းသာခဲ့ပါတယ်။ မြတ်စွာဘုရားရှင် ရောဂါဝေဒနာတွေဖြစ်တော့လည်း ဗောဇ္ဈင်္ဂသုတ်တရားကို အရှင်စုန္ဒမထေရ်က ရွတ်ပေးတဲ့အခါဘုရားရှင်က ရိုသေစွာပဲ နာယူခဲ့ပါတယ်။ […]

Back To Top