ထမင္းဝုိင္းမွာ လွ်ာလည္ေစမယ့္ ျမန္မာတုိ႔အႀကဳိက္ အေထာင္း (၅) မ်ဳိး (ျပဳလုပ္ရတာ အရမ္းလြယ္ကူပါတယ္)

ထမင္းဝုိင္းမွာ လွ်ာလည္ေစမယ့္ ျမန္မာတုိ႔အႀကဳိက္ အေထာင္း (၅) မ်ဳိး (ျပဳလုပ္ရတာ အရမ္းလြယ္ကူပါတယ္)

(Zawgyi)

ထမင္းဝိုင္းမွာ လွ်ာလည္ေစမယ့္ ျမန္မာတို႔အႀကိဳက္ အေထာင္း (၅) မ်ိဳး (ျပဳလုပ္ရတာ အရမ္းလြယ္ကူပါတယ္)

မရမ္းသီးေထာင္းနည္း ( မရမ္းသီးကိုငပိမပါပဲ ပုဇြန္ေျခာက္နဲ႔ေထာင္းထားတာေလးပါ )

ပါဝင္ပစၥည္းမ်ား- ပုဇြန္ေျခာက္လက္တစ္ဆုပ္ မရမ္းသီးက်ပ္သား ၾကက္သြန္ျဖဴ ဗမာတစ္ဥ င႐ုတ္သီးစိမ္း အစပ္စားႏိုင္ သေလာက္။

ျပဳလုပ္ပုံ- အရင္ဆုံး မရမ္းသီးႏုႏုေလးေတြကို ထပ္ျခမ္းခြဲ ေရေဆးၿပီးဆားရည္စိမ္ထားပါ။ ဒါဆိုမရမ္းသီးက မမဲေတာ့ပဲစိမ္း ေနပါမယ္။ ၾကက္သြန္ျဖဴကို စေထာင္းပါ။ ၿပီးရင္ င႐ုတ္သီးစိမ္းထည့္ေထာင္း ၿပီးရင္ ပုဇြန္ေျခာက္ထည့္ေထာင္း ဆား၊ အရသာ၊ ငံျပာရည္အနည္းငယ္ထည့္ေပးပါ။ ေနာက္ဆုံးမွမရမ္းသီးထည့္ေထာင္းၿပီး ပဲဆီစိမ္းေလးေလာင္းပါ။ ပုဇြန္ေျခာက္ က ဆီနဲ႔ေတြ႕ၿပီးပြလာေတာ့ တစ္မ်ိဳးေလးစားေကာင္းတယ္ရွင့္။

ေရွာက္ဖတ္ငပိေထာင္း

ေသြးတိုးရွိတဲ့သူလဲ စားလို႔ရတယ္။ ဆီျမႇဳပ္ေအာင္ထည့္ထားရင္ အၾကာႀကီးလဲခံတယ္။ အလုပ္သြားရတဲ့သူေတြ တစ္ပတ္စာေထာင္းထားရင္ ထမင္းၿမိန္ၿမိန္စားလို႔ရတယ္။ အရမ္းခံတြင္းၿမိန္ပါတယ္။

ပါဝင္ပစၥည္းမ်ား- ငပိေကာင္းေကာင္း၁၀သား င႐ုတ္သီးစပ္စပ္ႀကိဳက္ရင္မ်ားမ်ား(ေမႊးေအာင္ေလွာ္ထားပါ) ၾကက္သြန္ျဖဴ ဗမာဥ (၅) လုံး အခ်ိဳမႈန႔္အနည္းငယ္ ဆားအနည္းငယ္ ေရွာက္သီးစိမ္းစိမ္းအေနေတာ္၁လုံး(ေရွာက္သီးက အဝါေရာင္ သန္းၿပီးမွည့္ေနရင္ အရည္႐ႊမ္းလို႔မေကာင္းပါ။ ခါးတတ္သည္။)

ျပဳလုပ္ပုံ- ငပိကိုေမႊး႐ုံေလးမီးကင္ပါ (တူးသြားရင္ ခါးၿပီးငပိအနံ႔လည္းသိပ္မေမႊးေတာ့ပါ) င႐ုတ္သီးစိမ္းလဲေမႊးေအာင္ ေလွာ္ပါ။ ၾကက္သြန္ျဖဴလဲေလွာ္ပါ။ င႐ုတ္သီး၊ ၾကက္သြန္ျဖဴကို မညက္တညက္ေထာင္း ၿပီးရင္ ငပိပါ အခ်ိဳမႈန႔္အနည္းငယ္နဲ႔ ေထာင္းၿပီးမွ ေရွာက္သီးကိုအခြံခြာၿပီး အဖတ္ကေလးမ်ားမွ်င္ပါ။ ဆားအနည္းငယ္ႏွင့္နယ္ၿပီး ငပိထဲထည့္ေထာင္းပါ (ႏွံ႔ွ႐ုံ ဖြဖြေလးေထာင္းပါ၊ ေရွာက္သီးဖတ္ေတြေၾကမသြားေစရ) ၿပီးရင္ဗူးေလးထဲထည့္ၿပီးအေပၚကဆီျမဳပ္ေအာင္ ထည့္ထား ရင္ အၾကာႀကီးထားစားလို႔ရပါတယ္။ သတိထားရမွာက ငပိဖုတ္ထားတာကို အပူအတိုင္းထည့္ေထာင္းရင္ ေရွာက္သီးက ခါးသြား တတ္ပါတယ္။ ဒါ့ေၾကာင့္ငပိမီးဖုတ္ထားတာလုံးဝေအးသြားမွ ေထာင္းပါ…

ငပိလွ်ာဂြၽမ္းျပန္ေထာင္း

ပါဝင္ပစၥည္းမ်ား- ငပိအနည္းငယ္ ပုဇြန္ေျခာက္ ေရေႏြးစိမ္ၿပီးစစ္ထားတာအနည္းငယ္ ၾကက္သြန္ျဖဴ အနည္းငယ္ သိပ္မစပ္တဲ့င႐ုတ္သီးက ငပိထက္ပိုမ်ားရပါမယ္ ငံျပာရည္အနည္းငယ္ အရသာမႈန႔္အနည္းငယ္ ေရွာက္သီး(သို႔)သံပုရာသီး

ျပဳလုပ္ပုံ- ဦးစြာ ၾကက္သြန္ျဖဴကိုေထာင္းပါ။ ၿပီးရင္ င႐ုတ္သီးေထာင္းပါ။ ပုစြန္ေျခာက္ပါ ထည့္ေထာင္းပါ။ ၿပီးေနာက္ ငပိ၊ ငံျပာရည္နဲ႔ အရသာမႈန႔္မ်ားကို ထည့္ေထာင္းပါ။ ေနာက္ဆုံးတြင္ ေရွာက္သီး(သို႔)သံပုရာသီး အရည္အနည္းငယ္ကို ညႇစ္ၿပီး ေထာင္းပါ…. ခံတြင္းၿမိန္၊ ထမင္းၿမိန္ေစတဲ့ ငပိေထာင္းေလးရပါၿပီရွင္…

ငါးမီးကင္ေထာင္းနည္း

အရင္ဆုံး ငါးပေနာ္ကိုေရေဆးသန႔္စင္ ဓားနဲ႔၂ခ်က္စီေလာက္မႊန္းၿပီး မီးကင္ပါ။ (မီးေသြးမီးဖိုနဲ႔ ငါးကိုဖုတ္ရင္ပိုေမႊးပါတယ္)။ အထဲကလဲက်က္ ေမႊးလဲေမႊးလာေအာင္ကင္ပါ။ ငါးကင္လို႔ၿပီးရင္ အ႐ိုးႏႊင္ၿပီး အသားေလးေတြ ဖြထားပါ။ ၾကက္သြန္ျဖဴနဲ႔၊ င႐ုတ္သီးစိမ္းေလွာ္ကို မညက္တညက္ေလးစေထာင္းပါ။ ၿပီးရင္ ငါးကင္ကို ဆား၊ အရသာမႈန႔္အနည္းငယ္ထည့္ၿပီး ဖြဖြေလး ေထာင္းပါ။ ေနာက္ဆုံးမွ နံနံပင္ေလးညႇပ္ထည့္၊ ပဲဆီစိမ္းေလးေလာင္းၿပီး ဖြဖြနယ္ရင္ရပါၿပီ။ သူကအဆိမ့္အရသာေလး စားရတာမို႔ ဆား၊ အရသာမႈန႔္ကိုေလွ်ာ့ထည့္ပါ။ ဗူးသီးဟင္းခါးေလးတခြက္ပါရင္ေတာ့ တျခားဘာဟင္းမွေတာင္ မလိုေတာ့ ဘူး…

ေဂြးသီးေထာင္းနည္း

ပါဝင္ပစၥည္း- ေဂြးသီး၁၀လုံး င႐ုတ္သီးစိမ္း(စိတ္ႀကိဳက္) ပုဇြန္ေျခာက္အနည္းငယ္ ၾကက္သြန္ျဖဴ (၁) ဥ

ျပဳလုပ္ပုံ- အရင္ဆုံး ေဂြးသီးကိုေရေဆးၿပီး အခြံခြာပါးပါးလွီးထားပါ။ င႐ုတ္သီးစိမ္းကို ေမႊးေနေအာင္ေလွာ္ထားပါ။ ပုဇြန္ ေျခာက္ကို ညက္ေအာင္ေထာင္း၊ ညက္လာရင္ ၾကက္သြန္ျဖဴထည့္ေထာင္း၊ ၿပီးရင္ ေဂြးသီးနဲ႔ င႐ုတ္သီးစိမ္း၊ အရသာမႈန႔္နဲ႔ ဆားထည့္ေထာင္းပါ။ ညက္လာရင္ ပန္းကန္ထဲထည့္အေပၚက ပဲဆီစိမ္းေလးဆမ္းၿပီး စားလို႔ရပါၿပီ…

Credit-Original Uploader

(Unicode)

ထမင်းဝိုင်းမှာ လျှာလည်စေမယ့် မြန်မာတို့အကြိုက် အထောင်း (၅) မျိုး (ပြုလုပ်ရတာ အရမ်းလွယ်ကူပါတယ်)

မရမ်းသီးထောင်းနည်း ( မရမ်းသီးကိုငပိမပါပဲ ပုဇွန်ခြောက်နဲ့ထောင်းထားတာလေးပါ )

ပါဝင်ပစ္စည်းများ- ပုဇွန်ခြောက်လက်တစ်ဆုပ် မရမ်းသီးကျပ်သား ကြက်သွန်ဖြူ ဗမာတစ်ဥ ငရုတ်သီးစိမ်း အစပ်စားနိုင် သလောက်။

ပြုလုပ်ပုံ- အရင်ဆုံး မရမ်းသီးနုနုလေးတွေကို ထပ်ခြမ်းခွဲ ရေဆေးပြီးဆားရည်စိမ်ထားပါ။ ဒါဆိုမရမ်းသီးက မမဲတော့ပဲစိမ်း နေပါမယ်။ ကြက်သွန်ဖြူကို စထောင်းပါ။ ပြီးရင် ငရုတ်သီးစိမ်းထည့်ထောင်း ပြီးရင် ပုဇွန်ခြောက်ထည့်ထောင်း ဆား၊ အရသာ၊ ငံပြာရည်အနည်းငယ်ထည့်ပေးပါ။ နောက်ဆုံးမှမရမ်းသီးထည့်ထောင်းပြီး ပဲဆီစိမ်းလေးလောင်းပါ။ ပုဇွန်ခြောက် က ဆီနဲ့တွေ့ပြီးပွလာတော့ တစ်မျိုးလေးစားကောင်းတယ်ရှင့်။

ရှောက်ဖတ်ငပိထောင်း

သွေးတိုးရှိတဲ့သူလဲ စားလို့ရတယ်။ ဆီမြှုပ်အောင်ထည့်ထားရင် အကြာကြီးလဲခံတယ်။ အလုပ်သွားရတဲ့သူတွေ တစ်ပတ်စာထောင်းထားရင် ထမင်းမြိန်မြိန်စားလို့ရတယ်။ အရမ်းခံတွင်းမြိန်ပါတယ်။

ပါဝင်ပစ္စည်းများ- ငပိကောင်းကောင်း၁၀သား ငရုတ်သီးစပ်စပ်ကြိုက်ရင်များများ(မွှေးအောင်လှော်ထားပါ) ကြက်သွန်ဖြူ ဗမာဥ (၅) လုံး အချိုမှုန့်အနည်းငယ် ဆားအနည်းငယ် ရှောက်သီးစိမ်းစိမ်းအနေတော်၁လုံး(ရှောက်သီးက အဝါရောင် သန်းပြီးမှည့်နေရင် အရည်ရွှမ်းလို့မကောင်းပါ။ ခါးတတ်သည်။)

ပြုလုပ်ပုံ- ငပိကိုမွှေးရုံလေးမီးကင်ပါ (တူးသွားရင် ခါးပြီးငပိအနံ့လည်းသိပ်မမွှေးတော့ပါ) ငရုတ်သီးစိမ်းလဲမွှေးအောင် လှော်ပါ။ ကြက်သွန်ဖြူလဲလှော်ပါ။ ငရုတ်သီး၊ ကြက်သွန်ဖြူကို မညက်တညက်ထောင်း ပြီးရင် ငပိပါ အချိုမှုန့်အနည်းငယ်နဲ့ ထောင်းပြီးမှ ရှောက်သီးကိုအခွံခွာပြီး အဖတ်ကလေးများမျှင်ပါ။ ဆားအနည်းငယ်နှင့်နယ်ပြီး ငပိထဲထည့်ထောင်းပါ (နှံ့ှရုံ ဖွဖွလေးထောင်းပါ၊ ရှောက်သီးဖတ်တွေကြေမသွားစေရ) ပြီးရင်ဗူးလေးထဲထည့်ပြီးအပေါ်ကဆီမြုပ်အောင် ထည့်ထား ရင် အကြာကြီးထားစားလို့ရပါတယ်။ သတိထားရမှာက ငပိဖုတ်ထားတာကို အပူအတိုင်းထည့်ထောင်းရင် ရှောက်သီးက ခါးသွား တတ်ပါတယ်။ ဒါ့ကြောင့်ငပိမီးဖုတ်ထားတာလုံးဝအေးသွားမှ ထောင်းပါ…

ငပိလျှာဂျွမ်းပြန်ထောင်း

ပါဝင်ပစ္စည်းများ- ငပိအနည်းငယ် ပုဇွန်ခြောက် ရေနွေးစိမ်ပြီးစစ်ထားတာအနည်းငယ် ကြက်သွန်ဖြူ အနည်းငယ် သိပ်မစပ်တဲ့ငရုတ်သီးက ငပိထက်ပိုများရပါမယ် ငံပြာရည်အနည်းငယ် အရသာမှုန့်အနည်းငယ် ရှောက်သီး(သို့)သံပုရာသီး

ပြုလုပ်ပုံ- ဦးစွာ ကြက်သွန်ဖြူကိုထောင်းပါ။ ပြီးရင် ငရုတ်သီးထောင်းပါ။ ပုစွန်ခြောက်ပါ ထည့်ထောင်းပါ။ ပြီးနောက် ငပိ၊ ငံပြာရည်နဲ့ အရသာမှုန့်များကို ထည့်ထောင်းပါ။ နောက်ဆုံးတွင် ရှောက်သီး(သို့)သံပုရာသီး အရည်အနည်းငယ်ကို ညှစ်ပြီး ထောင်းပါ…. ခံတွင်းမြိန်၊ ထမင်းမြိန်စေတဲ့ ငပိထောင်းလေးရပါပြီရှင်…

ငါးမီးကင်ထောင်းနည်း

အရင်ဆုံး ငါးပနော်ကိုရေဆေးသန့်စင် ဓားနဲ့၂ချက်စီလောက်မွှန်းပြီး မီးကင်ပါ။ (မီးသွေးမီးဖိုနဲ့ ငါးကိုဖုတ်ရင်ပိုမွှေးပါတယ်)။ အထဲကလဲကျက် မွှေးလဲမွှေးလာအောင်ကင်ပါ။ ငါးကင်လို့ပြီးရင် အရိုးနွှင်ပြီး အသားလေးတွေ ဖွထားပါ။ ကြက်သွန်ဖြူနဲ့၊ ငရုတ်သီးစိမ်းလှော်ကို မညက်တညက်လေးစထောင်းပါ။ ပြီးရင် ငါးကင်ကို ဆား၊ အရသာမှုန့်အနည်းငယ်ထည့်ပြီး ဖွဖွလေး ထောင်းပါ။ နောက်ဆုံးမှ နံနံပင်လေးညှပ်ထည့်၊ ပဲဆီစိမ်းလေးလောင်းပြီး ဖွဖွနယ်ရင်ရပါပြီ။ သူကအဆိမ့်အရသာလေး စားရတာမို့ ဆား၊ အရသာမှုန့်ကိုလျှော့ထည့်ပါ။ ဗူးသီးဟင်းခါးလေးတခွက်ပါရင်တော့ တခြားဘာဟင်းမှတောင် မလိုတော့ ဘူး…

ဂွေးသီးထောင်းနည်း

ပါဝင်ပစ္စည်း- ဂွေးသီး၁၀လုံး ငရုတ်သီးစိမ်း(စိတ်ကြိုက်) ပုဇွန်ခြောက်အနည်းငယ် ကြက်သွန်ဖြူ (၁) ဥ

ပြုလုပ်ပုံ- အရင်ဆုံး ဂွေးသီးကိုရေဆေးပြီး အခွံခွာပါးပါးလှီးထားပါ။ ငရုတ်သီးစိမ်းကို မွှေးနေအောင်လှော်ထားပါ။ ပုဇွန် ခြောက်ကို ညက်အောင်ထောင်း၊ ညက်လာရင် ကြက်သွန်ဖြူထည့်ထောင်း၊ ပြီးရင် ဂွေးသီးနဲ့ ငရုတ်သီးစိမ်း၊ အရသာမှုန့်နဲ့ ဆားထည့်ထောင်းပါ။ ညက်လာရင် ပန်းကန်ထဲထည့်အပေါ်က ပဲဆီစိမ်းလေးဆမ်းပြီး စားလို့ရပါပြီ…

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top