Month: February 2018

သတင်း

လူသိနည်းလှသောမြန်မာပြည်၏ ဗီယက်နမ်စစ် ၁၉၉၂ ခုနှစ်အတွင်း

လူသိနည်းလှသောမြန်မာပြည်၏ ဗီယက်နမ်စစ် ၁၉၉၂ ခုနှစ်အတွင်း နေရာ နာဂဒေသ နန်းယွန်းမြို့လေး ကေအိုင်အေ တပ်မဟာ(၂) အင်အား ၃၀၀၀ ခန့်သည် ၄င်းတို့၏ လက်တံကို နာဂတောင်တန်းဒေသအထိဖြန့်ထုတ်ရန် စီစဉ်လာခဲ့ချေသည် လမ်းပန်းဆက်သွယ်ေ၇းခက်ခဲလှသောစစ်ကိုင်းတိုင်း နာဂတောင်တန်း ပန်ဆောင်နန်းယွန်းဒေသတွင် တပ်မတော်မှ ဒေသခံ တပ်ရင်းတစ်ရင်း တပ်စခန်း (၂) နှင့်ရဲကင်း တစ်ခု စုစုပေါင်းအင်အား က ၃၀၀ ထက်မပို ကေအိုင်အေတို့သည် ယရက်မတိုင်မီ ကတည်းက ပင် နန်းယွမ်းမြို့တွင်းသို့ ၄င်းတို့ ၏ အမာခံအင်အားစုများကိုကိုယ်ယောင်ဖျောက် ကာမြုပ်နှံပြီးဖြစ်သည် ဒေသခံတပ်ဖွဲ့များ၏ ထောက်လှမ်းရေးသတင်းအားနည်းမှု ယခင်က အေးချမ်းခဲ့သော နယ်မြေအခြေတို့ကြောင့် ကေအိုင်အေတို့စီမံချက်အတိုင်းဖြစ်လာခဲ့သည်။ ကေအိုင်အေ၏ အဓိကရည်ရွယ်ချက်မှာနန်းယွမ်းမြို့ရှိတပ်မတော်ရိက္ခာဂိုဒေါင်များအားသိမ်းပိုက်ရန်နှင့်တပ်မတော်တပ်စခန်းနေရာများအားချေမှုန်းရန်ဖြစ်သည် ကေအိုင်အေတို့၏ အင်အားအလုံးအရင်း အငိုက်ဖမ်းတိုက်ခိုက်မှုတွင်ဒေသခံတပ်စခန်းများ အချိန်ပိုင်းတွင်း ကျဆုံးခဲ့ရသည်။ နန်းယွမ်းမြ်ု့သိမ်းတိုက်ပွဲ သည် မကြာလိုက် […]

ဗဟုတုသ

ပန်းဆယ်မျိုးအကြောင်း

ပန်းဆယ်မျိုးအကြောင်း ပန်းဆယ်မျိုးဆိုသည်မှာ မြန်မာ့သုခုမ အနုပညာရပ်များဖြစ်သည့် (၁)ပန်းပု (၂)ပန်းပွတ် (၃) ပန်းတမော့ (၄) ပန်းတဉ်း (၅) ပန်းယွန်း (၆) ပန်းပဲ (၇) ပန်းချီ (၈) ပန်းတိမ် (၉) ပန်းတော့ (၁၀) ပန်းရံ ဘုရားမတင်၊ နတ်မ၀င်၊ လူတွင် ဆယ်ပွင့်ပန်း(သို့)ဘုရားမတင်၊ နတ်မ၀င်၊ လူတွင် ပန်းဆယ်မျိုး ဟုလည်း ခေါ်စမှတ်ပြုသည်။ ရာဇောဝါဒကျမ်းတွင် ပဲ၊ ထိမ်၊ တဉ်း၊ တော့၊ ရန်၊ ပု၊ မော့၊ မှတ်လော့ ပွတ်ချီယွန်း ဟူ၍ ဖွဲ့ဆိုထားသည်။ ပဲ = ပန်းပဲ(သံထည်ထုလုပ်ခြင်း အတတ်ပညာ) ထိမ် = ပန်းထိမ်(ရွှေငွေ စသည့်လက်ဝတ်တန်ဆာမှစ၍ အသုံးအဆောင်ပစ္စည်းအမျိုးမျိးကို သွန်းထု ခတ်လုပ်သည့်ပညာ) တဉ်း […]

သတင်း

လာမယ့် 2018-2019 ဘောလုံးရာသီမှာ ပြောင်းလဲကျင်းပတော့မယ့် ချန်ပီယံလိဂ် ပြိုင်ပွဲ ပုံစံသစ်

လာမယ့် 2018-2019 ဘောလုံးရာသီမှာ ပြောင်းလဲကျင်းပတော့မယ့် ချန်ပီယံလိဂ် ပြိုင်ပွဲ ပုံစံသစ် ========================== ချန်ပီယံလိဂ် ပြိုင်ပွဲ ပုံစံသစ် ဥရောပ ဘောလုံးအဖွဲ့ချုပ်ကတော့ လာမယ့်ရာသီကနေ စတင်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲကြီးရဲ့ ကျင်းပမယ့် ပုံစံကို ပြောင်းလဲသွားမည်ဖြစ်ကြောင်း အတည်ပြု ကြေငြာလိုက်ပြီဖြစ်ပါတယ်။ ကျင်းပတဲ့ ပုံစံအသစ်အရ UEFA Coefficients အများဆုံးရရှိထားတဲ့ 4 နိုင်ငံက (စပိန်၊ ဂျာမဏီ၊ အင်္ဂလန်၊ အီတလီ) ထိပ်သီးလိဂ်ပြိုင်ပွဲမှာပါ အမြင့်ဆုံးရပ်တည်နိုင်တဲ့ 4 သင်းစလုံးဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်ကို တိုက်ရိုတ်ဝင်ခွင့်ရရှိသွားမှာ ဖြစ်သလို၊ ချန်ပီယံလိဂ်ဆုဖလားရှင်နဲ့ ယူရိုပါလိဂ်ဆုဖလားရှင်တို့ဟာလဲ နောက်ရာသီမှာ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ တိုက်ရိုတ် ယှဉ်ပြိုင်ကစားခွင့်ရရှိသွားမှာဖြစ်ပါတယ်။ အသစ်ပြောင်းလဲလိုက်တဲ့ စည်းမျဉ်းတွေအရ ချန်ပီယံလိဂ်ကနေ ထွက်လိုက်ရတဲ့အသင်းတိုင်းဟာ ဒုတိယအကြိမ် အခွင့်အရေးအဖြစ် ယူရိုပါလိဂ် […]

သတင်း

လိုချင်တဲ့ယောက်ျားလေးပုံစံပြောပြခဲ့တဲ့ ပန်းရောင်ခြယ်

လိုချင်တဲ့ယောက်ျားလေးပုံစံပြောပြခဲ့တဲ့ ပန်းရောင်ခြယ် By Lwin Pyin – February 27, 2018 အဆိုတော်ကြီး ဂရေဟမ်ရဲ့ ချစ်ရသော သမီးချောချောလေးဖြစ်တဲ့ ပန်းရောင်ခြယ်ကတော့ သူ့ရဲ့ မိဘတွေက သူငယ်ချင်းလိုပေါင်းသင်း လို့ရတာကြောင့် ဘယ်ကိစ္စမဆိုတိုင်ပင်ဖြစ်တယ်လို့ သိရပါတယ်။ အချစ်ရေးအကြောင်းလည်းတိုင်ပင်ဖြစ်မှာဆိုတော့ ပန်းရောင်က ဘယ်လို ယောက်ျားလေးမျိုးကို စဉ်းစားဖြစ်မလဲဆိုတာ Duwun Media ကနေပြောပြခဲ့ပါတယ်။ ” ဖေဖေရော၊မေမေရောက ပန်းရောင်တို့ ညီအစ်မနှစ်ယောက်စလုံးကို သူငယ်ချင်းလိုပဲ ပေါင်းတယ်။ ပွင့်ပွင့်လင်းလင်းပြောပြလို့ရတယ်၊ တိုင်ပင်လို့ရတယ်ကိုယ်ဘယ်လိုခံစားနေရတယ်ဆိုတာကအစ တိုင်ပင်လို့ရတယ်၊ အချစ်ရေးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းပဲဆိုတော့ ကောင်းတာရော မကောင်းတာရော သေချာပြောပြပေးတယ်။ ဘာပဲဖြစ်ဖြစ်တိုင်ပင်လို့ရတာကြောင့် ပန်းရောင်ကံကောင်းတယ်လို့ထင်တယ်” လို့ ဆိုပါတယ်။ ဘယ်လိုယောက်ျားလေးမျိုးလိုချင်တယ်ဆိုတာ သိပ်တော့ မစဉ်းစားတတ်ဘူးလို့ဆိုပါတယ်။ ” ဘယ်လိုယောက်ျားလေးပုံစံကြိုက်သလဲဆိုတာတော့ ပန်းရောင် တစ်ခါမှ မစဉ်းစားဖူးပါဘူး။ […]

သတင်း

အိမ်ပြန်ခွင့်ပေးပါ

အိမ်ပြန်ခွင့်ပေးပါ ================== ================== အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး(KNU)အပါအဝင် ကရင်ပြည်နယ်ရှိ လက်နက်ကိုင်သုံးဖွဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီးနောက် ကရင်ပြည်နယ်ရှိ ဒေသများအတွင်းသေနတ်သံများ ချုပ်ငြိမ်းခဲ့ပြီးထိုက်သင့်သော ဒေသဖွံ့ဖြိုးတိုးတက်မှုများပြုလုပ်လာနိုင်ခဲ့ကာ ဖွံ့ဖြိုးမှု၏အကျိုးကို ပြည်သူများခံစားခဲ့ရသည်။ သို့သော် သေနတ်သံအလုံး စုံချုပ်ငြိမ်းသည့် ကရင်ပြည်နယ် ဆိုသော အခြေအနေကို ကရင်တိုင်းရင်းသားများ အချိန်ကြာကြာ ခံစားခွင့်မရခဲ့ပေ။ တပ်မတော်၊ နယ်ခြားစောင့်ပူးပေါင်းအဖွဲ့နှင့်ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) မှ ခွဲထွက်သွားသည့် DKBA ခွဲထွက်အဖွဲ့တို့အကြား တိုက်ပွဲများ ၂၀၁၆ နှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့သည်။NCA လက်မှတ်ထိုးပြီး တစ်နှစ်ခန့်အကြာတွင်ဖြစ်သည်။ ထိုတိုက်ပွဲများ၏ အကျိုး ဆက်ကြောင့် ကရင်ပြည်နယ်တစ် ၀န်း မူလရှိနှင့်ပြီးသော မြေမြှုပ် မိုင်းများကိုပင် မဖယ်ရှားရသေးမီ ကရင်တိုင်းရင်းသားများအတွက် မြေမြှုပ်မိုင်း အန္တရာယ်ရှိသော ဒေသအသစ်များကိုပါ အမွေ […]

သတင်း

လိင်ပြောင်းအမျိုးသားနဲ့ ခင်ပွန်းဖြစ်သူတို့ သွေးသားရင်းကိုယ်ဝန်လွယ်ပြီး ကလေးမီးဖွားခဲ့

လိင်ပြောင်းအမျိုးသားနဲ့ ခင်ပွန်းဖြစ်သူတို့ သွေးသားရင်းကိုယ်ဝန်လွယ်ပြီး ကလေးမီးဖွားခဲ့ —————————————————————————— 27-2-2018 အမျိုးသားတွေ ကလေးမမွေးနိုင်ဘူးလို့ ဘယ်သူကပြောလဲ။ လောကသဘာဝတရားကြီးနဲ့တောင် ဆန့်ကျင်ပြီးတော့ အမျိုးသားတွေ ကိုယ်ဝန်ဆောင်ပြီး မီးဖွားလာတာ တကယ့်လက်တွေ့မှာဖြစ်လာခဲ့ ပါပြီ။ လူတွေအားလုံးပြောကြတဲ့ အမျိုးသမီးတွေသာ ကိုယ် ဝန်ဆောင်နိုင်တယ်ဆိုတဲ့ အရာကို၊ အမျိုးသားတွေ ကိုယ်ဝန်ဆောင်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုတဲ့အရာကို ချိုးဖျက်ပြီးတော့ လိင်ပြောင်း အမျိုးသားနှစ်ဦးက သူတို့ရဲ့ သွေးသားရင်းကိုယ်ဝန်ဆောင်ပြီး ကလေးမီးဖွားခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ပေါ့လန်၊ အော်ရီကွန်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ မိန်းကလေးတစ် ဦးအဖြစ် မွေးဖွားလာခဲ့ပေမယ့် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်အချိန်မှာဆိုရင် သူ့ဘဝရဲ့ရွေးချယ်မှုဖြစ်တဲ့ လိင်ပြောင်းအမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲခံယူခဲ့ပါတယ်။ နောက်ပြီး သူနဲ့အတူ သူ့ရဲ့ ခင်ပွန်း သည်ဖြစ်လာတဲ့ အမျိုးသားတစ်ဦးလည်း ရှိပါတယ်။ သူတို့နှစ်ဦးသားဟာ အတူနေထိုင်ပြီး မိသားစု ဘဝတစ်ခုအဖြစ် […]

သတင်း

ဖုန်းဘီလ်အခွန်ငွေ ယမန်နှစ် ၆ လပတ်ထက် ကျပ် ၁၅ဘီလီယံကျော်ပိုမိုရရှိ

ဖုန်းဘီလ်အခွန်ငွေ ယမန်နှစ် ၆ လပတ်ထက် ကျပ် ၁၅ဘီလီယံကျော်ပိုမိုရရှိ ================== ================== တယ်လီဖုန်းဘီလ်က ကောက်ခံရရှိတဲ့ အခွန်ဟာ မနှစ်က ၆ လပတ်ထက် ကျပ်သန်းပေါင်း တသောင်းခွဲလောက် ပိုရထားတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။ မနေ့က လွှတ်တော် အစည်းအဝေးမှာ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်ရဲ့ အခွန်ကောက်ခံရရှိတဲ့ အခြေအနေကို ရှင်းပြရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။ တယ်လီဖုန်းဘီလ်ကနေ ဖြတ်တောက်ရရှိတဲ့ ကုန်သွယ်လုပ်ငန်းခွန်ဟာ ၄၉ ဒသမ ၅၉၃ ဘီလီယံ (ကျပ်သန်းပေါင်း ၅ သောင်းလောက်) ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ အရင်နှစ် ပထမ ၆ လပတ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၁၅ ဘီလီယံကျော် (ကျပ်သန်းပေါင်း တသောင်းခွဲကျော်) ပိုရတာ လို့လည်း […]

သတင်း

ကျောင်းသား၊ ကျောင်းသူနှစ်သောင်းကျော်ကို အခြေခံကွန်ပျူတာနှင့် မိုဘိုင်းဖုန်းအသုံးပြုနည်းအခမဲ့သင်ကြားပေးမည်

ကျောင်းသား၊ ကျောင်းသူနှစ်သောင်းကျော်ကို အခြေခံကွန်ပျူတာနှင့် မိုဘိုင်းဖုန်းအသုံးပြုနည်းအခမဲ့သင်ကြားပေးမည် ========================== ========================== ဒစ်ဂျစ်တယ်စာတတ် မြောက်မှုနှုန်း မြင့်မားလာစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ရှိ ကျောင်းသား၊ ကျောင်းသူနှစ် သောင်းခွဲကို အခြေခံကွန်ပျူတာ နှင့် မိုဘိုင်းဖုန်းအသုံးပြုနည်း အခမဲ့သင်ပေးရန် တယ်လီနောနှင့် KMD ကွန်ပျူတာစင်တာတို့ ဖေဖော်ဝါရီ၂၃ ရက်တွင် သဘောတူညီခဲ့သည်။ နယ်မြို့များရှိ KMD ကွန်ပျူ တာစင်တာများတွင် အခြေခံ ကွန် ပျူတာနှင့် မိုဘိုင်းဖုန်းအသုံးပြု နည်း အခမဲ့သင်ကြားမည်ဖြစ်ပြီးကုန်ကျစရိတ်ကို တယ်လီနောက ကျခံမည်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူ နှစ်သောင်းခွဲကို နွေရာသီကျောင်း ပိတ်ရက်အတွင်း သင်တန်းပို့ချ မည်ဖြစ်ပြီး Ericsson, Irrawaddy Green Towers နှင့် MIDO တို့ကစီမံကိန်းကို ပံ့ပိုးကူညီထား ကြောင်း တယ်လီနောမြန်မာက ထုတ်ပြန်သည်။ ကျေးလက်ဒေသ […]

ကျန်းမာရေးဗဟုသုတ

Gym သွားရကျိုး နပ်ရဲ့လား

(Zawgyi) Gym သွားရကျိုး နပ်ရဲ့လား ================== ================== >> Gym သွားပြီး လေ့ကျင့်ခန်း ပင်ပင်ပန်းပန်း ပြုလုပ်သမျှဟာ အကျိုးထူးရဲ့လား? လေ့ကျင့်ခန်းလုပ်ချိန်မှာ အကျိုးထူးစေနိုင်ရန် အားအင်ဖြည့်တင်းပေးဖို့ ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်ခြင်းဟာလည်း လိုအပ်ပါတယ်။ ဒါကြောင့် Gym သွားတဲ့အခါ အကောင်းဆုံးသော အကျိုးရလဒ် ရရှိနိုင်အောင် အောက်ပါနည်းလမ်းများကို လုက်နာဆောင်ရွက်ကြည့်လိုက်ပါ။ • လေ့ကျင့်ခန်း မလုပ်ခင် 1. လုံလောက်စွာ အိပ်ပါ။ လေ့ကျင့်ခန်း မလုပ်မီရော၊ လုပ်ပြီးတဲ့အခါမှာပါ ကောင်းကောင်းအိပ်ပေးဖို့ အရေးကြီးပါတယ်။ ကျန်းမာဖို့အတွက် အိပ်ရေးဝ အားပြည့်နေမှ ဖြစ်မှာပါ။ 2. ရေများများ (များများ) သောက်ပါ။ ရေများများ သောက်ခြင်းဟာ ကျန်းမာရေးအတွက် အရေးကြီးမှန်း သိကြပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ရာမှာလည်း ထွက်သွားတဲ့ ချွေးပမာဏကို […]

သတင်း

“ဆယ်လ်မွန်ငါးတို့အပြန်”

အဆို​တော်​ ခင်​ဝမ်း နဲ့ ခင်​​မောင်​တိုး တို့သီဆိုခဲ့ကြတဲ့ “ဆယ်​လ်​မွန်​ငါးတို့အပြန်​” ဆိုတဲ့သီချင်း​လေးရဲ့ အဓိပ္ပါယ်​ကို အခုမှဘဲ​သေချာနားလည်​​တော့တယ်​.. “ဆယ်လ်မွန်ငါးတို့အပြန်” ————- ဆယ်လ်မွန်ငါးတွေဟာ ရေချိုမှာမွေးဖွားပြီး ရေငံ(ပင်လယ်)မှာကြီးပြင်းတဲ့ငါးမျိုးဖြစ်တယ်… မိခင်ဆယ်လ်မွန်ငါးဥမှ (၃)လကြာမှာ ငါးသားလောင်းတွေအဖြစ်ထွက်လာပါတယ်.. ရေချိုမှာ ပျမ်းမျှ(၂)နှစ်ခန့် ကြီးထွားအောင်နေပြီးမှ ပင်လယ်ပြင်ကြီးဆီထွက်လာပါတယ်.. ပင်လယ်ပြင်မှာ (၃)နှစ်ကြာရင် ကြင်ဖေါ်ရှာပြီး မိမိတို့မွေးဖွားရာ ရေချိုအရပ်ဆီကိုပြန်ကြပါတယ်.. တချို့ဆယ်လ်မွန်တွေကတော့ ကြင်ဖေါ်မတွေ့နိုင်ပဲ ပင်လယ်သမုဒ္ဓရာထဲ (၅)နှစ်အထိကြာတတ်ပါတယ်.. ဒီကြားထဲမှာတော့ လူသားတွေရဲ့ဖမ်းဆီးခြင်းခံရတာမျိုးရှိပြီး မွေးရပ်ပြန်မျိုးဆက်မပွားနိုင်တာလည်းများတယ်.. သုတေသီတို့တွေ့ရှိချက်အရ (၁၀)%သာ မွေးရပ်ပြန်မျိုးပွားနိုင်ကြောင်းတွေ့ရှိရပါတယ်။ ဆယ်လ်မွန်ငါးတို့ရဲ့ အပြန်ခရီးဟာ မိုင်ပေါင်း(၂၀၀၀)လောက်ရှိကြတယ်တဲ့.. ချစ်ဖေါ်နဲ့လက်တွဲမျိုးဆက်သစ်မွေးဖွားဖို့ အပြန်ခရီးစတင်ပြီဆိုတာနဲ့ ဆယ်လ်မွန်စုံတွဲဟာ လုံးဝအစာမစားတော့ပါ….. အဲလိုနဲ့ မိမိတို့မွေးဖွားရာအရပ်ရောက်ရင် ဆယ်လ်မွန်ငါးတို့ ချစ်ရည်လူးပြီး အမဖြစ်သူဟာ ဥချရန် ၎င်းရဲ့အမြီးနဲ့ ကျောက်စရစ်သားကိုတူးဆွပြီး တွင်းချိုင့်ဖြစ်အောင်လုပ်တယ်.. ဆယ်လ်မွန်ငါးတွေဥချမွေးဖွားရာအရပ်စာ ကျောက်စရစ်မြေခံရေကြည်ရာအရပ်ဖြစ်တယ်..။ တခါဥရင် […]

Back To Top