သတင်း

လူသိနည်းလှသောမြန်မာပြည်၏ ဗီယက်နမ်စစ် ၁၉၉၂ ခုနှစ်အတွင်း

လူသိနည်းလှသောမြန်မာပြည်၏ ဗီယက်နမ်စစ်

၁၉၉၂ ခုနှစ်အတွင်း

နေရာ နာဂဒေသ နန်းယွန်းမြို့လေး

ကေအိုင်အေ တပ်မဟာ(၂) အင်အား ၃၀၀၀ ခန့်သည် ၄င်းတို့၏ လက်တံကို နာဂတောင်တန်းဒေသအထိဖြန့်ထုတ်ရန် စီစဉ်လာခဲ့ချေသည်
လမ်းပန်းဆက်သွယ်ေ၇းခက်ခဲလှသောစစ်ကိုင်းတိုင်း နာဂတောင်တန်း
ပန်ဆောင်နန်းယွန်းဒေသတွင် တပ်မတော်မှ ဒေသခံ တပ်ရင်းတစ်ရင်း
တပ်စခန်း (၂) နှင့်ရဲကင်း တစ်ခု စုစုပေါင်းအင်အား က ၃၀၀ ထက်မပို

ကေအိုင်အေတို့သည် ယရက်မတိုင်မီ ကတည်းက ပင် နန်းယွမ်းမြို့တွင်းသို့ ၄င်းတို့ ၏ အမာခံအင်အားစုများကိုကိုယ်ယောင်ဖျောက် ကာမြုပ်နှံပြီးဖြစ်သည်
ဒေသခံတပ်ဖွဲ့များ၏ ထောက်လှမ်းရေးသတင်းအားနည်းမှု ယခင်က အေးချမ်းခဲ့သော နယ်မြေအခြေတို့ကြောင့် ကေအိုင်အေတို့စီမံချက်အတိုင်းဖြစ်လာခဲ့သည်။
ကေအိုင်အေ၏ အဓိကရည်ရွယ်ချက်မှာနန်းယွမ်းမြို့ရှိတပ်မတော်ရိက္ခာဂိုဒေါင်များအားသိမ်းပိုက်ရန်နှင့်တပ်မတော်တပ်စခန်းနေရာများအားချေမှုန်းရန်ဖြစ်သည်

ကေအိုင်အေတို့၏ အင်အားအလုံးအရင်း အငိုက်ဖမ်းတိုက်ခိုက်မှုတွင်ဒေသခံတပ်စခန်းများ အချိန်ပိုင်းတွင်း ကျဆုံးခဲ့ရသည်။ နန်းယွမ်းမြ်ု့သိမ်းတိုက်ပွဲ သည် မကြာလိုက် ကေအိုင်အေသည် အောင်ပွဲတွင်ယစ်မူးခဲ့သည် တပ်မတော်၏ စစ်ကစားနိုင်မှုကိုလျော့တွက်ခဲ့သည်

ဒေသခံတပ်နှင့်အဆက်သွယ်ပြတ်တောက် မှုဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် အဆက်သွယ်ပြတ်တောက်သွားသောအခြေအနေတွင် တိုင်းစစ်ဌာနချုပ်သည်
မြစ်ကြီးနား မိုးကောင်းမိုးညှင်း ရှိ ခြေမြန်တပ်ရင်းများအား တနိုင်းသို့ ချက်ချင်းပင် ဖော်ကာလေယာဉ်များ နှင့် ချီတက်စေသည်
တနိုင်းရှိတပ်ရင်း ၂ ရင်းပါထပ်ပေါင်းကာ
၎င်းတပ်ရင်းများကို ရှင်ဘွေယန် နှင့်နန်းယွမ်းကြား ၂၇ မိုင်လေယာဉ် အနီး မြက်ခင်းလွင်ပြင် ထံသို့ ဆိုကိုလ် အဲလူးဝတ် ဘဲလ် ၂၀၅ ရဟတ်ယာဉ်များ
ဖြင့်တင်ဆောင်ကာ လေကြောင်းဆင်း ချီတက်စေသည် PC-6- PC 7 လေယာဉ်များသည် အနီးကပ်ပစ်ကူပေးနှင့် အကဲကြည့်တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ဆင်ရေးတပ်များသည် မြို့သိမ်းတိုက်ပွဲပြီး နောက်တစ်ရက်မှာပင် ရန်သူ့ပစ်ခတ်မှုများကြားမှပင်လေကြောင်းဆင်းကာ ရှင်ဘွေယန် နန်းယွမ်းလမ်းကြောင်းကိုထိန်းချုပ်နိုင်ခဲ့သည်။စစ်သည်များသည် ရန်သူ့ပစ်ခတ်မှုအောက်တွင်ရဟတ်ယာဉ်များပေါ်မှခုန်ဆင်းတိုက်ခိုက်ခဲ့ကြသည်။

၂၄နာရီအတွင်းမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ကာ လီဒိုလမ်းတစ်လျှောက် ဆုတ်ခွာသွားသောရန်သူများအား ၂လတိုင်တိုင်ထပ်ချပ် ချေမှုန်းခဲ့ရာကေအိုင်အေ တပ်မဟာ ၂ တပ်လုံးနီးပါးပြုတ်ခဲ့ရသည်။ ကေအိုင်အေတို့ ၏ အရိုးစုများကို ၂၀၀၃ ခုနှစ်အထိ လမ်းတလျောက်တွေ့နေရဆဲဖြစ်သည်။တိုက်ပွတွင်တပ်မတေယ်ရဲတပ်ဖွဲ့ဝင် ၁၅၀ ခန့်ကျဆုံးခဲ့ကာ ရန်သူကေအိုင်အေနှင့်ပူးပေါင်းနာဂသောင်းကျန်းသူ ၁၈၀၀ ခန့်ကျဆုံးခဲ့သည်။

ရန်သူသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကို အခွင့်ကောင်းယူကာ အငိုက်ချေမှုန်ူခြင်းဖြစ်သည်။ သို့သော် တပ်မတော်၏စစ်ကစားမှုကို လျော့တွက်ခဲ့သည် ရက်မကူးပဲလေကြောင်းချီစစ်ဆင်နိုင်မှုသည်တိုက်ပွုအလှည့်အပြောင်းဖြစ်သည်
လေကြောင်းစွမ်းအား၏အရေးပါမှုကိုပြဆိုသောပွဲလည်းဖြစ်သည်။

အချက်အလက်မှားယွင်းခဲ့ပါကထောက်ပြပြင်ဆင်ပေးပါခငိဗျား

  1. (ကြယ်နီ)

Leave a Reply

Your email address will not be published. Required fields are marked *