Month: December 2019

  • ဟင်းသီးဟင်းရွက်တွေကို မညိုးဘဲနဲ့ ကြာရှည်ခံအောင် ဘယ်လိုလုပ်မလဲ။

    (Unicode)

    ဟင်းသီးဟင်းရွက်တွေကို မညိုးဘဲနဲ့ ကြာရှည်ခံအောင် ဘယ်လိုလုပ်မလဲ။

    ဟင်းသီးဟင်းရွက်တွေကို ကြော်စားမယ်၊ Salad လုပ်စားမယ်ဆိုပြီး ရေဆေးလိုက်ပြီးမှ မစားဖြစ်တော့ရင် နွမ်းသွားတာနဲ့ နှမြောဖို့ကောင်းပါတယ်။ ဒါ့ကြောင့် ဒီလို ဟင်းသီးဟင်းရွက်တွေကို ကြာကြာထားခံအောင် ဘယ်လိုလုပ်မလဲ။ ဒီနည်းအတိုင်းပြုလုပ်ရင် ၁ဝ ရက်လောက်အထားခံနိုင်ပါတယ်။

    ရေဆေးပြီးသားအရွက်တွေကို ရေကုန်တဲ့အထိ ရေစစ်လိုက်ပါ။ မီးဖိုချောင်မှာသုံးတဲ့ တစ်ရှူးအထူစား Paper Towels ကို ဝယ်ပြီး အရွက်တွေကို Paper Towels နဲ့ပတ်လိုက်ပါ။ နှိပ်ပြီးပိတ်လို့ရတဲ့ လေလုံတဲ့ ပလပ်စတစ်အိတ်တစ်လုံးဝယ်လိုက်ပါ။ ခုနက Paper Towels ပတ်ထားတဲ့ အရွက်တွေကို ပလပ်စတစ်အိတ်ထဲထည့်ပြီး လေကို တတ်နိုင်သမျှ ပလပ်စတစ်အိတ်ကို ဖိပြီး ထုတ်လိုက်ပါ။ ပြီးရင် ရေခဲသေတ္တာရဲ့ ဟင်းသီးဟင်းရွက်တွေ သိုလှောင်တဲ့နေရာမှာ သိမ်းထားလိုက်ပါ။ Paper Towels က အရွက်မှာရှိတဲ့ စိုစွတ်တဲ့ ဓာတ်ကို စုပ်ယူနိုင်ပြီး အရွက်တွေကို မနွမ်းသွားအောင် ကာကွယ်ပေးပါတယ်။ လေတွေအဝင်အထွက်တွေဖြစ်ပြီး ဟင်းသီးဟင်းရွက်မနွမ်းသွားအောင် လေလုံ ပလပ်စတစ်အိတ်က ကူညီပေးပါတယ်။

    Credit-MyFood Myanmar

    (Zawgyi)

    ဟင္းသီးဟင္း႐ြက္ေတြကို မညိဳးဘဲနဲ႔ ၾကာရွည္ခံေအာင္ ဘယ္လိုလုပ္မလဲ။

    ဟင္းသီးဟင္း႐ြက္ေတြကို ေၾကာ္စားမယ္၊ Salad လုပ္စားမယ္ဆိုၿပီး ေရေဆးလိုက္ၿပီးမွ မစားျဖစ္ေတာ့ရင္ ႏြမ္းသြားတာနဲ႔ ႏွေျမာဖို႔ေကာင္းပါတယ္။ ဒါ့ေၾကာင့္ ဒီလို ဟင္းသီးဟင္း႐ြက္ေတြကို ၾကာၾကာထားခံေအာင္ ဘယ္လိုလုပ္မလဲ။ ဒီနည္းအတိုင္းျပဳလုပ္ရင္ ၁ဝ ရက္ေလာက္အထားခံႏိုင္ပါတယ္။

    ေရေဆးၿပီးသားအ႐ြက္ေတြကို ေရကုန္တဲ့အထိ ေရစစ္လိုက္ပါ။ မီးဖိုေခ်ာင္မွာသုံးတဲ့ တစ္ရႉးအထူစား Paper Towels ကို ဝယ္ၿပီး အ႐ြက္ေတြကို Paper Towels နဲ႔ပတ္လိုက္ပါ။ ႏွိပ္ၿပီးပိတ္လို႔ရတဲ့ ေလလုံတဲ့ ပလပ္စတစ္အိတ္တစ္လုံးဝယ္လိုက္ပါ။

    ခုနက Paper Towels ပတ္ထားတဲ့ အ႐ြက္ေတြကို ပလပ္စတစ္အိတ္ထဲထည့္ၿပီး ေလကို တတ္ႏိုင္သမွ် ပလပ္စတစ္အိတ္ကို ဖိၿပီး ထုတ္လိုက္ပါ။ ၿပီးရင္ ေရခဲေသတၱာရဲ႕ ဟင္းသီးဟင္း႐ြက္ေတြ သိုေလွာင္တဲ့ေနရာမွာ သိမ္းထားလိုက္ပါ။ Paper Towels က အ႐ြက္မွာရွိတဲ့ စိုစြတ္တဲ့ ဓာတ္ကို စုပ္ယူႏိုင္ၿပီး အ႐ြက္ေတြကို မႏြမ္းသြားေအာင္ ကာကြယ္ေပးပါတယ္။ ေလေတြအဝင္အထြက္ေတြျဖစ္ၿပီး ဟင္းသီးဟင္း႐ြက္မႏြမ္းသြားေအာင္ ေလလုံ ပလပ္စတစ္အိတ္က ကူညီေပးပါတယ္။

    Credit-MyFood Myanmar

  • လေယာဉ်နဲ့ ခရီးထွက်မယ်ဆို ခရီးဆောင်အိတ်ထဲ သယ်မလာဖို့ ကန့်သတ်ထားတဲ့ ပစ္စည်းများ

    (Zawgyi)

    ေလယာဥ္နဲ႔ ခရီးထြက္မယ္ဆို ခရီးေဆာင္အိတ္ထဲ သယ္မလာဖို႔ ကန႔္သတ္ထားတဲ့ ပစၥည္းမ်ား

    အႏၲရာယ္ရွိတဲ့ ပစၥည္းေတြကိုလည္း ေလယာဥ္ေပၚတင္ခြင့္ ကန႔္သတ္ထားပါတယ္။ ခရီးသြားတဲ့အခါ ေလဆိပ္မွာ အဆင္ေျပေျပနဲ႔ ထြက္ဖို႔ဆိုရင္ ထုတ္ျပန္ထားတဲ့ စည္ကမ္းခ်က္ေတြကို သတိျပဳဖို႔လိုပါတယ္။ ေလဆိပ္လုံၿခဳံေရးအတြက္ ထုတ္ျပန္ထားတဲ့ အခ်က္အလက္ေတြကို ခရီးမသြားခင္ ႀကိဳတင္ျပင္ဆင္မွ ေလယာဥ္အခ်ိန္မီေအာင္ ျဖတ္ေက်ာ္ႏိုင္မွာပါ။ ေလဆိပ္မွာ အခ်ိန္ၾကန႔္ၾကာမႈ မရွိေအာင္ ဘာေတြျပင္ဆင္သြားမလဲ။

    အရည္ေတြဆို ေလယာဥ္ဝမ္းဗိုက္ထဲထည့္မယ့္ ခရီးေဆာင္အိတ္ထဲ ထည့္ပါ။ ကိုယ္နဲ႔ တပါတည္း သယ္ခြင့္ေပးထားတဲ့ အိတ္နဲ႔ဆို အရည္အမ်ားႀကီး သယ္ခြင့္ မရွိပါဘူး။ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ အရည္အတြက္ လက္တဆြဲ သယ္ခြင့္ ၁၀၀ မီလီမီတာထက္ မပိုရလို႔ သတ္မွတ္ထားပါတယ္။ အရည္ပါတဲ့ ဘူးေတြကိုလည္း ျမင္သာထင္သာရွိတဲ့ ပလတ္စတစ္ အၾကည္အိတ္ေတြနဲ႔ သယ္ရပါမယ္။

    အရည္အျဖစ္ သတ္မွတ္ထားတဲ့ပစၥည္းေတြက ေသာက္ေရအပါအဝင္၊ ယို၊ ပ်ားရည္တို႔လို အရည္အနည္းငယ္ပါတဲ့ အစားအေသာက္မ်ား၊ အလွကုန္ပစၥည္းမ်ား၊ စပေရးဗူးမ်ား၊ သြားတိုက္ေဆး၊ ေရခ်ိဳးဆပ္ျပာရည္၊ မ်က္ကပ္မွန္ ေဆးရည္နဲ႔ တျခားအရည္ပါတဲ့ပစၥည္းေတြကို လက္တဆြဲ အမ်ားႀကီး သယ္ခြင့္မရွိတာကို သတိျပဳပါ။

    အရည္မဟုတ္ေပမယ့္ အႏၲရာယ္ရွိတဲ့ ပစၥည္းေတြကိုလည္း ေလယာဥ္ေပၚတင္ခြင့္ ကန႔္သတ္ထားပါေသးတယ္။ ေပါက္ကြဲေစလြယ္တဲ့ ပစၥည္းမ်ား၊ အဆိပ္၊ ဖိအားမ်ားရင္ ေပါက္ကြဲေစႏိုင္တဲ့ ပစၥည္းမ်ား၊ သံလိုက္ဓာတ္ပါတဲ့ ပစၥည္းမ်ား၊ ေရဒီယိုသတၱဳႂကြပါတဲ့ ပစၥည္းမ်ား၊ မူးယစ္ေဆးဝါးမ်ား၊ ရွားပါးတိရစာၦန္မ်ိဳးစိတ္မ်ား၊ ကိုယ္ခႏၶာအစိတ္အပိုင္း စတာေတြကိုေတာ့ ေလယာဥ္ေပၚတင္ခြင့္ ကန႔္သတ္ထားတာမို႔ ဘယ္ခရီးေဆာင္အိတ္နဲ႔မွ သယ္ေဆာင္ခြင့္ မရွိပါဘူး။

    ကိုယ္ေပၚမွာ သတၱဳနဲ႔ ပတ္သက္တဲ့ ပစၥည္းေတြ မဝတ္တာ အေကာင္းဆုံးပါပဲ။ လက္ဝတ္ရတနာ၊ နာရီ နဲ႔ ခါးပတ္ေတြဟာ လုံၿခဳံေရးစက္ေတြနဲ႔ ရွာတဲ့အခါ အခ်က္ေပးသံျမည္လို႔ ခြၽတ္ရတာမ်ိဳးေတြ၊ တခ်ိဳ႕အရမ္းေသးတဲ့ ပစၥည္းေတြဆို တခါတည္းနဲ႔ မေပၚလို႔ ၂ ေခါက္ ၃ ေခါက္ အစစ္ခံရတာေတြေၾကာင့္ မၾကာသင့္ဘဲ ၾကန႔္ၾကာတတ္ပါတယ္။ တကယ္လို႔ ဝတ္လာခဲ့မိရင္လည္း လုံၿခဳံေရးဂိတ္ မျဖတ္ခင္ကတည္းက အကုန္ခြၽတ္ၿပီး ေဘးဘက္ပုံးထဲ ထည့္ေပးလိုက္ပါ။

    ခြၽတ္လို႔၊ ျပန္စြပ္လို႔ လြယ္တဲ့ ဖိနပ္မ်ိဳး ဝတ္ပါ။ ရႈးဖိနပ္လို ေျခအိတ္ေတြခြၽတ္၊ ဖိနပ္ႀကိဳးေတြ ျဖည္ေနရမယ့္ ဖိနပ္ေတြက လုံၿခဳံေရးစစ္တဲ့အခါ သင့္ကို မၾကာသင့္ဘဲ ၾကန႔္ၾကာေစသလို၊ ဝတ္လိုက္ ခြၽတ္လိုက္လုပ္ေနရတာ စိတ္ရႈပ္ရပါတယ္။ ဒါေၾကာင့္ အလြယ္တကူ ခြၽတ္လို႔လြယ္တဲ့ ဖိနပ္မ်ိဳးေတြကို စီးတာ အဆင္ေျပဆုံးပါပဲ။

    ဒါ့ျပင္ ကိုယ္နဲ႔ တပါတည္း သယ္ေဆာင္ခြင့္ေပးထားတဲ့ ဘက္ထရီ၊ လက္ေတာ့ပ္နဲ႔ တျခား တကိုယ္ရည္သုံး အီလက္ထေရာနစ္ ပစၥည္းမ်ား၊ power bank ၊ ေငြေၾကးနဲ႔ ဆက္စပ္ေနတဲ့ ပစၥည္းေတြကေတာ့ သယ္ေဆာင္ခြင့္ ရွိပါတယ္။ ကန႔္သတ္ထားတဲ့ပစၥည္းေတြဟာ ႏိုင္ငံတႏိုင္ငံနဲ႔ တႏိုင္ငံ အနည္းငယ္ ကြဲျပားႏိုင္တာမို႔ ေလေၾကာင္းခရီး မသြားခင္ အရင္ႀကိဳတင္ ေလ့လာထားပါမွ ေလဆိပ္မွာ အခ်ိန႔္မၾကာဘဲ ေခ်ာေမာစြာ ျဖတ္သန္းႏိုင္ၾကမွာပါ။

    Ref: Culture Trip

    Credit-Aurora, The Irrawaddy – Burmese Edition

    (Unicode)

    လေယာဉ်နဲ့ ခရီးထွက်မယ်ဆို ခရီးဆောင်အိတ်ထဲ သယ်မလာဖို့ ကန့်သတ်ထားတဲ့ ပစ္စည်းများ

    အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကိုလည်း လေယာဉ်ပေါ်တင်ခွင့် ကန့်သတ်ထားပါတယ်။ ခရီးသွားတဲ့အခါ လေဆိပ်မှာ အဆင်ပြေပြေနဲ့ ထွက်ဖို့ဆိုရင် ထုတ်ပြန်ထားတဲ့ စည်ကမ်းချက်တွေကို သတိပြုဖို့လိုပါတယ်။ လေဆိပ်လုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကို ခရီးမသွားခင် ကြိုတင်ပြင်ဆင်မှ လေယာဉ်အချိန်မီအောင် ဖြတ်ကျော်နိုင်မှာပါ။ လေဆိပ်မှာ အချိန်ကြန့်ကြာမှု မရှိအောင် ဘာတွေပြင်ဆင်သွားမလဲ။

    အရည်တွေဆို လေယာဉ်ဝမ်းဗိုက်ထဲထည့်မယ့် ခရီးဆောင်အိတ်ထဲ ထည့်ပါ။ ကိုယ်နဲ့ တပါတည်း သယ်ခွင့်ပေးထားတဲ့ အိတ်နဲ့ဆို အရည်အများကြီး သယ်ခွင့် မရှိပါဘူး။ နိုင်ငံတော်တော်များများမှာ အရည်အတွက် လက်တဆွဲ သယ်ခွင့် ၁၀၀ မီလီမီတာထက် မပိုရလို့ သတ်မှတ်ထားပါတယ်။ အရည်ပါတဲ့ ဘူးတွေကိုလည်း မြင်သာထင်သာရှိတဲ့ ပလတ်စတစ် အကြည်အိတ်တွေနဲ့ သယ်ရပါမယ်။

    အရည်အဖြစ် သတ်မှတ်ထားတဲ့ပစ္စည်းတွေက သောက်ရေအပါအဝင်၊ ယို၊ ပျားရည်တို့လို အရည်အနည်းငယ်ပါတဲ့ အစားအသောက်များ၊ အလှကုန်ပစ္စည်းများ၊ စပရေးဗူးများ၊ သွားတိုက်ဆေး၊ ရေချိုးဆပ်ပြာရည်၊ မျက်ကပ်မှန် ဆေးရည်နဲ့ တခြားအရည်ပါတဲ့ပစ္စည်းတွေကို လက်တဆွဲ အများကြီး သယ်ခွင့်မရှိတာကို သတိပြုပါ။

    အရည်မဟုတ်ပေမယ့် အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကိုလည်း လေယာဉ်ပေါ်တင်ခွင့် ကန့်သတ်ထားပါသေးတယ်။ ပေါက်ကွဲစေလွယ်တဲ့ ပစ္စည်းများ၊ အဆိပ်၊ ဖိအားများရင် ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းများ၊ သံလိုက်ဓာတ်ပါတဲ့ ပစ္စည်းများ၊ ရေဒီယိုသတ္တုကြွပါတဲ့ ပစ္စည်းများ၊ မူးယစ်ဆေးဝါးများ၊ ရှားပါးတိရစ္ဆာန်မျိုးစိတ်များ၊ ကိုယ်ခန္ဓာအစိတ်အပိုင်း စတာတွေကိုတော့ လေယာဉ်ပေါ်တင်ခွင့် ကန့်သတ်ထားတာမို့ ဘယ်ခရီးဆောင်အိတ်နဲ့မှ သယ်ဆောင်ခွင့် မရှိပါဘူး။

    ကိုယ်ပေါ်မှာ သတ္တုနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ မဝတ်တာ အကောင်းဆုံးပါပဲ။ လက်ဝတ်ရတနာ၊ နာရီ နဲ့ ခါးပတ်တွေဟာ လုံခြုံရေးစက်တွေနဲ့ ရှာတဲ့အခါ အချက်ပေးသံမြည်လို့ ချွတ်ရတာမျိုးတွေ၊ တချို့အရမ်းသေးတဲ့ ပစ္စည်းတွေဆို တခါတည်းနဲ့ မပေါ်လို့ ၂ ခေါက် ၃ ခေါက် အစစ်ခံရတာတွေကြောင့် မကြာသင့်ဘဲ ကြန့်ကြာတတ်ပါတယ်။ တကယ်လို့ ဝတ်လာခဲ့မိရင်လည်း လုံခြုံရေးဂိတ် မဖြတ်ခင်ကတည်းက အကုန်ချွတ်ပြီး ဘေးဘက်ပုံးထဲ ထည့်ပေးလိုက်ပါ။

    ချွတ်လို့၊ ပြန်စွပ်လို့ လွယ်တဲ့ ဖိနပ်မျိုး ဝတ်ပါ။ ရှုးဖိနပ်လို ခြေအိတ်တွေချွတ်၊ ဖိနပ်ကြိုးတွေ ဖြည်နေရမယ့် ဖိနပ်တွေက လုံခြုံရေးစစ်တဲ့အခါ သင့်ကို မကြာသင့်ဘဲ ကြန့်ကြာစေသလို၊ ဝတ်လိုက် ချွတ်လိုက်လုပ်နေရတာ စိတ်ရှုပ်ရပါတယ်။ ဒါကြောင့် အလွယ်တကူ ချွတ်လို့လွယ်တဲ့ ဖိနပ်မျိုးတွေကို စီးတာ အဆင်ပြေဆုံးပါပဲ။

    ဒါ့ပြင် ကိုယ်နဲ့ တပါတည်း သယ်ဆောင်ခွင့်ပေးထားတဲ့ ဘက်ထရီ၊ လက်တော့ပ်နဲ့ တခြား တကိုယ်ရည်သုံး အီလက်ထရောနစ် ပစ္စည်းများ၊ power bank ၊ ငွေကြေးနဲ့ ဆက်စပ်နေတဲ့ ပစ္စည်းတွေကတော့ သယ်ဆောင်ခွင့် ရှိပါတယ်။ ကန့်သတ်ထားတဲ့ပစ္စည်းတွေဟာ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ အနည်းငယ် ကွဲပြားနိုင်တာမို့ လေကြောင်းခရီး မသွားခင် အရင်ကြိုတင် လေ့လာထားပါမှ လေဆိပ်မှာ အချိန့်မကြာဘဲ ချောမောစွာ ဖြတ်သန်းနိုင်ကြမှာပါ။

    Ref: Culture Trip

    Credit-Aurora, The Irrawaddy – Burmese Edition

  • ကားအမည်ပေါက် ပြောင်းမည်ဆိုလျှင် ယောင်ချာချာမဖြစ်အောင် ယူဆောင်သွားရမည့် အချက်အလက်များ။

    (Zawgyi)

    ကားအမည္ေပါက္ ေျပာင္းမည္ဆိုလွ်င္ ေယာင္ခ်ာခ်ာမျဖစ္ေအာင္ ယူေဆာင္သြားရမည့္ အခ်က္အလက္မ်ား

    (သိၿပီးေသာသူမ်ားအတြက္ မဟုတ္ပါ။ စမ္းတဝါးဝါးျဖင့္ ဘယ္သြားၿပီး ဘာလုပ္ရမလဲဟု သိခ်င္ေနသူမ်ားအတြက္သာ ျဖစ္သည္။ ခက္ခဲသည့္ကိစၥ မဟုတ္ေသာ္လည္း procedure ကို မသိပါက ႀကိတ္ႀကိတ္တိုးေနေသာ ကညန႐ုံးတြင္ ၂ ခါျပန္ တန္းစီရလွ်င္ပင္ အေတာ္ပင္ပန္းၿပီး စိတ္ပ်က္ရပါသည္။ ကြၽန္ေတာ္လဲ စမ္းတဝါးဝါးျဖင့္ လုပ္ခဲ့ရပါသည္။

    ကညနတြင္ ခ႐ိုင္ဦးစီးမႉးႏွင့္ေတြ႕ရန္ အခ်ိန္အေတာ္ၾကာ တန္းစီခဲ့ရၿပီး အလွည့္ေရာက္ခါနီးတြင္ စာေရးက ကြန္ပ်ဴတာခန္းမွာ အရင္သြားစစ္ေဆးပါဟု ဆိုသျဖင့္ ကြန္ပ်ဴတာခန္းသို႔ ေျပးၿပီး ယာဥ္ စစ္ရသည္။ ထို႔ေနာက္ ဦးစီးမႉးႏွင့္ ေတြ႕ရန္ ထပ္မံတန္းစီရာ အလွည့္ေရာက္ခါနီးမွ ထမင္းစားခ်ိန္ နားသျဖင့္ တစ္နာရီ ထပ္မံေစာင့္ရျပန္ပါသည္။ ထိုသို႔ မျဖစ္ရေလေအာင္ ႀကဳံေတြ႕ခဲ့ရသည္မ်ားကို မွ်ေဝေပးျခင္းသာ ျဖစ္ပါသည္။ )

    မိမိကား အမည္ေဖာက္လုပ္ရန္အတြက္ အရင္ဆုံး မိမိေနထိုင္ရာ ၿမိဳ႕နယ္ အခြန္႐ုံးသို႔ ေအာက္ပါ စာ႐ြက္စာတမ္းမ်ားႏွင့္အတူ သြားေရာက္ ေလွ်ာက္ထားရပါမည္။

    ၁။သန္းေခါင္စာရင္း (မူရင္း၊ မိတၱဴ)

    ၂။မွတ္ပုံတင္ (မူရင္း၊ မိတၱဴ)

    ၃။အံုနာဘုတ္(မူရင္း၊ မိတၱဴ)

    ၄။၀ွီးတက္(မူရင္း၊ မိတၱဴ)

    ၅။အေရာင္းအဝယ္စာခ်ဳပ္ (မူရင္း၊ မိတၱဴ) (အေရာင္းအဝယ္စာခ်ဳပ္သည္ အမည္ေပါက္ႏွင့္ မိမိ တိုက္႐ိုက္ခ်ဳပ္ဆိုထားေသာ စာခ်ဳပ္ျဖစ္ရပါမည္။)

    ၆။ကားဓာတ္ပုံ ( ေရွ႕ပုံ၊ အေနာက္ပုံ၊ ေဘးတိုက္ပုံ အားလုံးေပါင္း ၃ ပုံ။ ဓာတ္ပုံကို မိမိကိုယ္တိုင္ ဖုန္းျဖင့္႐ိုက္၍ ဓာတ္ပုံဆိုင္မွာ သြားကူးပါ။)

    (ကားဓာတ္ပုံမွအပ က်န္စာ႐ြက္စာတမ္းမ်ားအား မိတၱဴ ၂ စုံ ကူးပါ။ အခြန္႐ုံးအတြက္ တစ္စုံ၊ ကညန ႐ုံးအတြက္တစ္စုံ)

    အထက္ေဖာ္ျပပါ စာ႐ြက္စာတမ္းမ်ား ျပည့္စုံပါက အခြန္႐ုံးရွိ မိမိရပ္ကြက္ကို ကိုင္ေသာ စာေရး ထံတြင္တင္ရပါမည္။စာေရးမွ မိမိကားအား ရာျဖတ္မွ သတ္မွတ္ေပးထါးေသာ ဇယားတြင္ တန္ ဖိုးကို ၾကည့္၍ ၃ ရာခိုင္ႏႈန္းတြက္ခ်က္ပါသည္။ ထို႔ေနာက္ ဘဏ္သို႔ ေငြသြင္းခ်လန္ ရရွိရန္ ေစာင့္ရပါသည္။ ခ်လန္ရရွိပါက ျမန္မာ့စီးပြားေရး ဘဏ္တြင္ ေငြသြားသြင္းရပါသည္။ (ေတာင္ဥကၠလာအတြက္ သရက္ေတာ မွတ္တိုင္ရွိ ျမန္ မာ့စီးပြားဘဏ္)

    (ဘဏ္ေငြသြင္းရာတြင္ ေငြသြင္းခ်လန္စာ႐ြက္၏ ေနာက္ေက်ာတြင္ သြင္းမည့္ေငြတြင္ ၅၀၀၀ တန္ ဘယ္န႐ြက္၊ တစ္ေသာင္းတန္ ဘယ္န႐ြက္ စသျဖင့္ အတိအက်ေရးထားေပးပါ။) ဘဏ္တြင္ ေငြသြင္းၿပီးပါက ေငြသြင္းေျပစာကို မိတၱဴတစ္႐ြက္ကူး၍ အခြန္႐ုံးစာေရးထံသို႔တခါ သြားေရာက္ေပးအပ္ရပါမည္။အခြန္႐ုံးမွ အခြန္စိမ္းစာ႐ြက္ ၂ ႐ြက္ ထုတ္ေပးပါမည္။မူူရင္းဟု ေရးထားေသာစာ႐ြက္မွာ ကညန ႐ုံးသို႔ ေပးရပါမည္။

    ပ-မူရင္းဟု ေရးထားေသာစာ႐ြက္ႏွင့္ ဘဏ္ေငြသြင္းခ်လန္မွာ မိမိသိမ္းထားရပါမည္။ တစ္ရက္ ကုန္သြားပါမည္။ (ေစာေစာၿပီးသူမ်ားပင္ ေန႔ခင္း ၁နာရီခန႔္မွ ၿပီးပါသည္။)( အခြန္စိမ္းစာ႐ြက္သည္ ကားျပန္ေရာင္းသည့္အခါ ထည့္မေပးရပါ။ မိမိကိုယ္တိုင္ အခြန္ေဆာင္ထားေသာ စာ႐ြက္ျဖစ္သျဖင့္ မိမိႏွင့္သာ သက္ဆိုင္သည္။)

    ေနာက္တစ္ေန႔တြင္ သင္၏ကား ယခင္သက္တမ္းတိုးခဲ့ဖူးေသာ ကညန႐ုံးသို႔ စာရင္း အထြက္ သြားလုပ္ပါ။ (ဥပမာ ယခင္အမည္ေပါက္သူသည္ လႈိင္ၿမိဳ႕နယ္လိပ္စာျဖစ္ပါက အင္းစိန္ ကညန သို႔သြားရပါမည္။ )

    ေအာက္ပါစာ႐ြက္စာတမ္းမ်ား လိုအပ္ပါသည္။

    သန္းေခါင္စာရင္း (မူရင္း၊ မိတၱဴ)၊ မွတ္ပုံတင္ (မူရင္း၊ မိတၱဴ)၊ အံုနာဘုတ္(မူရင္း၊ မိတၱဴ)၊ ၀ွီးတက္(မူရင္း၊ မိတၱဴ)၊ အေရာင္းအဝယ္စာခ်ဳပ္ (မူရင္း၊ မိတၱဴ)၊ အခြန္႐ုံးကထုတ္ေပးလိုက္ေသာ မူရင္း ဟုေရးထားေသာ အခြန္စိမ္းစာ႐ြက္ (မူရင္း)
    မူရင္းမ်ားကို ေတာင္းၾကည့္မွ ထုတ္ျပပါ။

    ယာဥ္အား စစ္ေဆးမည္မဟုတ္ပါ။ ကားကို မယူသြားလဲရပါသည္။ အံုနာဘုတ္ႏွင့္ ၀ွီးတက္တြင္ ပိုင္ရွင္ အမည္ႏွင့္ ေနရပ္လိပ္စာေျပာင္းေပး႐ုံသာျဖစ္သည္။ ၀ွီးတက္အသစ္ ထုတ္ေပးပါသည္။

    ကညန ႐ုံးတြင္ ကားအမည္ေျပာင္းအတြက္ဟုေျပာကာ ေဖာင္ထုတ္ယူပါ။ ေဖာင္ျဖည့္ၿပီး Computer ဌာနတြင္ စစ္ပါ။ ထို႔ေနာက္ ခ႐ိုင္ဦးစီးမႉးႏွင့္ ဝင္ေတြ႕ပါ။ တန္းစီေစာင့္ရသည္။ လူမ်ားလွ်င္ အေတာ္ၾကာ ၾကာ ေစာင့္ရပါသည္။ ထို႔ေနာက္ ေငြတြက္ေကာင္တာတြင္ သြင္းရမည့္ေငြကို တြက္ပါ။ (ေကာင္တာမ်ားတြင္ ကားနံပါတ္ ေရွ႕အကၡရာမ်ား ေရးထားပါသည္။ မိမိကားနံပါတ္အကၡရာရွိေသာ ေကာင္ တာသို႔ သြားပါ။) ေငြသြင္းေကာင္တာတြင္ ေငြသြင္းပါ။ ေျပစာရမည္။ေငြတြက္ခဲ့ေသာ ေကာင္တာသို႔ ျပန္သြားတင္ပါ။

    ေတာ္ၾကာၾကာေစာင့္ၿပီးေနာက္ အံုနာဘုတ္ (အတြင္းစာမ်က္ႏွာတြင္ သင္၏ အမည္ပါၿပီး)၊ ၀ွီးတက္အသစ္(သင္၏ အမည္ျဖင့္)၊ အထြက္စာ ၂ ေစာင္တို႔ကို ထုတ္ေပးပါသည္။ ဝင္စာထြက္စာ ေကာင္တာသို႔သြားပါ။ မွတ္တမ္း စာအုပ္တြင္ စာရင္းသြင္းၿပီး အထြက္စာ တစ္ေစာင္ကို သိမ္းယူခဲ့ကာ က်န္တစ္ေစာင္ကို စာအိတ္ျဖင့္ တုံးထုပိတ္ၿပီး ျပန္ေပးပါသည္။ ေငြတြက္ခဲ့ေသာ ေကာင္တာသို႔ ျပန္သြားပါ။ သူတို႔စီစစ္ စာရင္းသြင္းၿပီးပါက အထြက္ကိစၥ ျပီးပါၿပီ။ အံုနာဘုတ္၊ ၀ွီးတက္အသစ္ႏွင့္ စာအိတ္ထဲထည့္ထားေသာ အထြက္စာ၊ ကညန ေငြသြင္းခ်လန္တို႔ကို ျပန္ေပးပါသည္။

    တစ္ေန႔ကုန္သြားပါသည္။ ေနာက္တစ္ေန႔တြင္ သင္ေနထိုင္ရာ လိပ္စာ၏ အပိုင္ ကညန႐ုံးသို႔ အထြက္႐ုံးကေပးလိုက္ေသာ စာ႐ြက္စာတမ္းမ်ားျဖင့္သြားကာ အဝင္စာရင္းသြင္းရပါသည္။ လက္ရွိ လုပ္ထုံးလုပ္နည္းမ်ားႏွင့္ ကိုယ္တိုင္ႀကဳံေတြ႕ သိရွိလာရသည္မ်ားကို မွ်ေဝျခင္းသာ ျဖစ္ပါသည္။ အားလုံး အဆင္ေျပႏိုင္ၾကပါေစ။

    Credit-Thein Zaw

    (Unicode)

    ကားအမည်ပေါက် ပြောင်းမည်ဆိုလျှင် ယောင်ချာချာမဖြစ်အောင် ယူဆောင်သွားရမည့် အချက်အလက်များ

    (သိပြီးသောသူများအတွက် မဟုတ်ပါ။ စမ်းတဝါးဝါးဖြင့် ဘယ်သွားပြီး ဘာလုပ်ရမလဲဟု သိချင်နေသူများအတွက်သာ ဖြစ်သည်။ ခက်ခဲသည့်ကိစ္စ မဟုတ်သော်လည်း procedure ကို မသိပါက ကြိတ်ကြိတ်တိုးနေသော ကညနရုံးတွင် ၂ ခါပြန် တန်းစီရလျှင်ပင် အတော်ပင်ပန်းပြီး စိတ်ပျက်ရပါသည်။ ကျွန်တော်လဲ စမ်းတဝါးဝါးဖြင့် လုပ်ခဲ့ရပါသည်။

    ကညနတွင် ခရိုင်ဦးစီးမှူးနှင့်တွေ့ရန် အချိန်အတော်ကြာ တန်းစီခဲ့ရပြီး အလှည့်ရောက်ခါနီးတွင် စာရေးက ကွန်ပျူတာခန်းမှာ အရင်သွားစစ်ဆေးပါဟု ဆိုသဖြင့် ကွန်ပျူတာခန်းသို့ ပြေးပြီး ယာဉ် စစ်ရသည်။ ထို့နောက် ဦးစီးမှူးနှင့် တွေ့ရန် ထပ်မံတန်းစီရာ အလှည့်ရောက်ခါနီးမှ ထမင်းစားချိန် နားသဖြင့် တစ်နာရီ ထပ်မံစောင့်ရပြန်ပါသည်။ ထိုသို့ မဖြစ်ရလေအောင် ကြုံတွေ့ခဲ့ရသည်များကို မျှဝေပေးခြင်းသာ ဖြစ်ပါသည်။ )

    မိမိကား အမည်ဖောက်လုပ်ရန်အတွက် အရင်ဆုံး မိမိနေထိုင်ရာ မြို့နယ် အခွန်ရုံးသို့ အောက်ပါ စာရွက်စာတမ်းများနှင့်အတူ သွားရောက် လျှောက်ထားရပါမည်။

    ၁။သန်းခေါင်စာရင်း (မူရင်း၊ မိတ္တူ)

    ၂။မှတ်ပုံတင် (မူရင်း၊ မိတ္တူ)

    ၃။အုံနာဘုတ်(မူရင်း၊ မိတ္တူ)

    ၄။ဝှီးတက်(မူရင်း၊ မိတ္တူ)

    ၅။အရောင်းအဝယ်စာချုပ် (မူရင်း၊ မိတ္တူ) (အရောင်းအဝယ်စာချုပ်သည် အမည်ပေါက်နှင့် မိမိ တိုက်ရိုက်ချုပ်ဆိုထားသော စာချုပ်ဖြစ်ရပါမည်။)

    ၆။ကားဓာတ်ပုံ ( ရှေ့ပုံ၊ အနောက်ပုံ၊ ဘေးတိုက်ပုံ အားလုံးပေါင်း ၃ ပုံ။ ဓာတ်ပုံကို မိမိကိုယ်တိုင် ဖုန်းဖြင့်ရိုက်၍ ဓာတ်ပုံဆိုင်မှာ သွားကူးပါ။)

    (ကားဓာတ်ပုံမှအပ ကျန်စာရွက်စာတမ်းများအား မိတ္တူ ၂ စုံ ကူးပါ။ အခွန်ရုံးအတွက် တစ်စုံ၊ ကညန ရုံးအတွက်တစ်စုံ)

    အထက်ဖော်ပြပါ စာရွက်စာတမ်းများ ပြည့်စုံပါက အခွန်ရုံးရှိ မိမိရပ်ကွက်ကို ကိုင်သော စာရေး ထံတွင်တင်ရပါမည်။စာရေးမှ မိမိကားအား ရာဖြတ်မှ သတ်မှတ်ပေးထါးသော ဇယားတွင် တန် ဖိုးကို ကြည့်၍ ၃ ရာခိုင်နှုန်းတွက်ချက်ပါသည်။ ထို့နောက် ဘဏ်သို့ ငွေသွင်းချလန် ရရှိရန် စောင့်ရပါသည်။ ချလန်ရရှိပါက မြန်မာ့စီးပွားရေး ဘဏ်တွင် ငွေသွားသွင်းရပါသည်။ (တောင်ဥက္ကလာအတွက် သရက်တော မှတ်တိုင်ရှိ မြန် မာ့စီးပွားဘဏ်)

    (ဘဏ်ငွေသွင်းရာတွင် ငွေသွင်းချလန်စာရွက်၏ နောက်ကျောတွင် သွင်းမည့်ငွေတွင် ၅၀၀၀ တန် ဘယ်နရွက်၊ တစ်သောင်းတန် ဘယ်နရွက် စသဖြင့် အတိအကျရေးထားပေးပါ။) ဘဏ်တွင် ငွေသွင်းပြီးပါက ငွေသွင်းပြေစာကို မိတ္တူတစ်ရွက်ကူး၍ အခွန်ရုံးစာရေးထံသို့တခါ သွားရောက်ပေးအပ်ရပါမည်။အခွန်ရုံးမှ အခွန်စိမ်းစာရွက် ၂ ရွက် ထုတ်ပေးပါမည်။မူူရင်းဟု ရေးထားသောစာရွက်မှာ ကညန ရုံးသို့ ပေးရပါမည်။

    ပ-မူရင်းဟု ရေးထားသောစာရွက်နှင့် ဘဏ်ငွေသွင်းချလန်မှာ မိမိသိမ်းထားရပါမည်။ တစ်ရက် ကုန်သွားပါမည်။ (စောစောပြီးသူများပင် နေ့ခင်း ၁နာရီခန့်မှ ပြီးပါသည်။)( အခွန်စိမ်းစာရွက်သည် ကားပြန်ရောင်းသည့်အခါ ထည့်မပေးရပါ။ မိမိကိုယ်တိုင် အခွန်ဆောင်ထားသော စာရွက်ဖြစ်သဖြင့် မိမိနှင့်သာ သက်ဆိုင်သည်။)

    နောက်တစ်နေ့တွင် သင်၏ကား ယခင်သက်တမ်းတိုးခဲ့ဖူးသော ကညနရုံးသို့ စာရင်း အထွက် သွားလုပ်ပါ။ (ဥပမာ ယခင်အမည်ပေါက်သူသည် လှိုင်မြို့နယ်လိပ်စာဖြစ်ပါက အင်းစိန် ကညန သို့သွားရပါမည်။ )

    အောက်ပါစာရွက်စာတမ်းများ လိုအပ်ပါသည်။

    သန်းခေါင်စာရင်း (မူရင်း၊ မိတ္တူ)၊ မှတ်ပုံတင် (မူရင်း၊ မိတ္တူ)၊ အုံနာဘုတ်(မူရင်း၊ မိတ္တူ)၊ ဝှီးတက်(မူရင်း၊ မိတ္တူ)၊ အရောင်းအဝယ်စာချုပ် (မူရင်း၊ မိတ္တူ)၊ အခွန်ရုံးကထုတ်ပေးလိုက်သော မူရင်း ဟုရေးထားသော အခွန်စိမ်းစာရွက် (မူရင်း)
    မူရင်းများကို တောင်းကြည့်မှ ထုတ်ပြပါ။

    ယာဉ်အား စစ်ဆေးမည်မဟုတ်ပါ။ ကားကို မယူသွားလဲရပါသည်။ အုံနာဘုတ်နှင့် ဝှီးတက်တွင် ပိုင်ရှင် အမည်နှင့် နေရပ်လိပ်စာပြောင်းပေးရုံသာဖြစ်သည်။ ဝှီးတက်အသစ် ထုတ်ပေးပါသည်။

    ကညန ရုံးတွင် ကားအမည်ပြောင်းအတွက်ဟုပြောကာ ဖောင်ထုတ်ယူပါ။ ဖောင်ဖြည့်ပြီး Computer ဌာနတွင် စစ်ပါ။ ထို့နောက် ခရိုင်ဦးစီးမှူးနှင့် ဝင်တွေ့ပါ။ တန်းစီစောင့်ရသည်။ လူများလျှင် အတော်ကြာ ကြာ စောင့်ရပါသည်။ ထို့နောက် ငွေတွက်ကောင်တာတွင် သွင်းရမည့်ငွေကို တွက်ပါ။ (ကောင်တာများတွင် ကားနံပါတ် ရှေ့အက္ခရာများ ရေးထားပါသည်။ မိမိကားနံပါတ်အက္ခရာရှိသော ကောင် တာသို့ သွားပါ။) ငွေသွင်းကောင်တာတွင် ငွေသွင်းပါ။ ပြေစာရမည်။ငွေတွက်ခဲ့သော ကောင်တာသို့ ပြန်သွားတင်ပါ။

    တော်ကြာကြာစောင့်ပြီးနောက် အုံနာဘုတ် (အတွင်းစာမျက်နှာတွင် သင်၏ အမည်ပါပြီး)၊ ဝှီးတက်အသစ်(သင်၏ အမည်ဖြင့်)၊ အထွက်စာ ၂ စောင်တို့ကို ထုတ်ပေးပါသည်။ ဝင်စာထွက်စာ ကောင်တာသို့သွားပါ။ မှတ်တမ်း စာအုပ်တွင် စာရင်းသွင်းပြီး အထွက်စာ တစ်စောင်ကို သိမ်းယူခဲ့ကာ ကျန်တစ်စောင်ကို စာအိတ်ဖြင့် တုံးထုပိတ်ပြီး ပြန်ပေးပါသည်။ ငွေတွက်ခဲ့သော ကောင်တာသို့ ပြန်သွားပါ။ သူတို့စီစစ် စာရင်းသွင်းပြီးပါက အထွက်ကိစ္စ ပြီးပါပြီ။ အုံနာဘုတ်၊ ဝှီးတက်အသစ်နှင့် စာအိတ်ထဲထည့်ထားသော အထွက်စာ၊ ကညန ငွေသွင်းချလန်တို့ကို ပြန်ပေးပါသည်။

    တစ်နေ့ကုန်သွားပါသည်။ နောက်တစ်နေ့တွင် သင်နေထိုင်ရာ လိပ်စာ၏ အပိုင် ကညနရုံးသို့ အထွက်ရုံးကပေးလိုက်သော စာရွက်စာတမ်းများဖြင့်သွားကာ အဝင်စာရင်းသွင်းရပါသည်။ လက်ရှိ လုပ်ထုံးလုပ်နည်းများနှင့် ကိုယ်တိုင်ကြုံတွေ့ သိရှိလာရသည်များကို မျှဝေခြင်းသာ ဖြစ်ပါသည်။ အားလုံး အဆင်ပြေနိုင်ကြပါစေ။

    Credit-Thein Zaw

  • ပျောက်ကွယ်လုနီးပြီ ဖြစ်သော မြန်မာ့ရှေးသုံး အတိုင်းအထွာများအကြောင်း။ ေပ်ာက္ကြယ္လုနီးၿပီ ျဖစ္ေသာ ျမန္မာ့ေရွးသုံး အတိုင္းအထြာမ်ားအေၾကာင္း။

    (Zawgyi)

    ေပ်ာက္ကြယ္လုနီးၿပီ ျဖစ္ေသာ ျမန္မာ့ေရွးသုံး အတိုင္းအထြာမ်ားအေၾကာင္း

    ျမန္မာအတိုင္းအထြာ ဇယားေတြထဲမွာ “မိုက္”တို႔ “ထြာ”တို႔ ေတာ့ပါၿပီး “ေဆးတံတို ၊တစ္ညိဳေလာက္ ေရာ့ေသာက္ေတာ့ ေပး” ဆိုတဲ့ကဗ်ာထဲက “ညိဳ”က်ေတာ့ မပါၾကဘူး။

    တခါက ဦးႀကီးတစ္ေယာက္က သူ႔သနပ္ခါးပင္ လုံးပတ္ဟာ ထြာဆိုင္ေလာက္ရွိၿပီ လို႔ေျပာတာနဲ႔ က်ေနာ္က အခ်င္းေျပာစမ္းပါ ဆိုေတာ့….သူက ေကာင္ေလးကလည္း..အခ်င္းဆို တစ္ညိဳေလ်ာ့ေလ်ာ့၊ တစ္မိုက္ေလာက္ေပါ့..တဲ့။

    ဘာလည္းခင္ဗ်ား..တစ္ညိဳက ဆိုၿပီး ေမးေတာ့ တစ္မိုက္ဆိုတာ လက္သီးဆုပ္ၿပီး လက္မကို လက္သီးဆုပ္ရဲ႕ ေဘးကန႔္လန႔္ ဆန႔္ထုတ္လိုက္၊ လက္သီးဆုပ္နဲ႔ လက္မအတိုင္းအတာႏွစ္ခုေပါင္းပဲတဲ့။ တစ္ညိဳဆိုတာက လက္မနဲ႔လက္ညိဳးကို ဟႏိုင္သ၍ ဟၿပီးထားလို႔ရတဲ့ပမာဏ။ တစ္ထြာဆိုတာက လက္မနဲ႔လက္သန္းကို ဟႏိုင္သ၍ ဟၿပီးထားလို႔ ရတဲ့ ပမာဏ…တဲ့။ ဒီဦးႀကီး ေျပာတာဟုတ္လားဗ်ာ…။

    စာျဖည့္
    ျမန္မာ့ေရွးပညာမ်ားဆိုတဲ့ ေပ့ခ်္ထဲမွာ ကို Zaw Min-Oo ကဝင္ျဖည့္ေပးလို႔ အသိတိုးရတယ္။ ဒါကိုျဖည့္ေပးလိုက္ပါတယ္..

    ဟုတ္ပါတယ္။ က်ေနာ္တို႔ငယ္စဥ္က ေဂၚလီ႐ိုက္ရင္ တညိဳတထြာ ဆိုတာေတြနဲ႔ တိုင္းတာဆုံးျဖတ္အႏိုင္ယူပါတယ္။ ႏိုင္ဖို႔ အတြက္ လက္ၿဖဲေလ့က်င့္ခန္း ေန႔စဥ္လုပ္ပါတယ္။ ေထြလိုက္ရင္ နီးမနီး ကိုယ့္အထြာအညိဳေတြက အေရးပါလို႔ပါ။ ညိဳ ထြာ ဆုပ္ မိုက္ ေတာင္အျပင္ လူ႔လက္နဲ႔တိုင္းတဲ့ တျခားေဝါဟာရေတြက တေဖာင္ တသူ စတာေတြပါ။ လုံးပတ္ကိုတိုင္းရင္ တေဖာင္လို႔ေခၚၿပီး အနက္အျမင့္ေစာက္ကို ပုံမွန္အရပ္ရွိလူ လက္ဆန႔္အျမင့္ကို တသူ ေခၚပါတယ္။ အသူတရာနက္ေသာ ေခ်ာက္ဆိုတာ ဒီကလာပါတယ္။

    ပါဠိသကၠတေဝါဟာရေတြျဖစ္တဲ့ အဂၤုလိ ဟတၳ မု႒ိ (မုတၳိ) စတာေတြကိုလည္း မဇၩိမပုရိသနဲ႔တိုင္းပါတယ္။ ဟတၳကို ဘာသာျပန္ ကြဲၾကလို႔ ဘုရားရွင္အရပ္ေတာ္ ၁၈ ေတာင္လား မိုက္လား ယူဆခ်က္ကြဲျပန္ပါတယ္။ က်ေနာ္စုေပါင္းၿပီး ေဆာင္းပါးတပုဒ္ ေရးထားသင့္ၿပီလို႔ ေတြးမိပါတယ္။ မွတ္သားခ်က္မ်ားအရ ကြာဟလိုအပ္ရင္ ေထာက္ျပ လမ္းၫႊန္ပါ။ တတ္ႏိုင္က လုပ္ၾကပါ။

    မု႒ိက လက္ဆုပ္ျဖစ္ေတာ့ အကိုေျပာတဲ့ မိုက္က လက္ဆုပ္နဲ႔ ဦးႀကီး ေရာေနပုံရပါတယ္။ လက္ဆုပ္အ႐ြယ္ ဗုဒၶဆင္းတု ပဋိမာေတြကို ရွင္မုတၳီး ဘုရားေတြလို႔ေခၚေဝၚပါတယ္။ စစ္ေဆးတဲ့နည္းကေတာ့ တေတာင္မွာ သုံးမိုက္ တေတာင္ မွတ္ပါတယ္။ က်ေနာ္ အလြတ္ေျပာလို႔ က်မ္းအဆိုနဲ႔ ျပန္ၾကည့္ၿပီး လြဲရင္ျပင္ပါ့မယ္။

    ေဖာင္က ဘယ္ညာလက္ႏွစ္ဖက္ကို ေဘးကို အစြမ္းကုန္ လက္ဝါးပါျဖန႔္လ်က္ ကိုယ္ခႏၶာအဝင္အပါ တိုင္းတာမႈ ယူနစ္ တခုပါ။ သစ္ပင္လုံးပတ္ေတြအျပင္ အလ်ားဗ်က္ေတြကိုပါ တိုင္းႏိုင္ပါတယ္။လက္ခုပ္ လက္စြန္း လက္စြန္းဝက္ လက္တေပြ႕ ဆိုတာေတြက ခပ္ယူခ်င္တြယ္တာမ်ိဳးမွာ သုံးပါတယ္။

    Credit-SoeMoe Naing

    (Unicode)

    ပျောက်ကွယ်လုနီးပြီ ဖြစ်သော မြန်မာ့ရှေးသုံး အတိုင်းအထွာများအကြောင်း

    မြန်မာအတိုင်းအထွာ ဇယားတွေထဲမှာ “မိုက်”တို့ “ထွာ”တို့ တော့ပါပြီး “ဆေးတံတို ၊တစ်ညိုလောက် ရော့သောက်တော့ ပေး” ဆိုတဲ့ကဗျာထဲက “ညို”ကျတော့ မပါကြဘူး။

    တခါက ဦးကြီးတစ်ယောက်က သူ့သနပ်ခါးပင် လုံးပတ်ဟာ ထွာဆိုင်လောက်ရှိပြီ လို့ပြောတာနဲ့ ကျနော်က အချင်းပြောစမ်းပါ ဆိုတော့….သူက ကောင်လေးကလည်း..အချင်းဆို တစ်ညိုလျော့လျော့၊ တစ်မိုက်လောက်ပေါ့..တဲ့။

    ဘာလည်းခင်ဗျား..တစ်ညိုက ဆိုပြီး မေးတော့ တစ်မိုက်ဆိုတာ လက်သီးဆုပ်ပြီး လက်မကို လက်သီးဆုပ်ရဲ့ ဘေးကန့်လန့် ဆန့်ထုတ်လိုက်၊ လက်သီးဆုပ်နဲ့ လက်မအတိုင်းအတာနှစ်ခုပေါင်းပဲတဲ့။ တစ်ညိုဆိုတာက လက်မနဲ့လက်ညိုးကို ဟနိုင်သ၍ ဟပြီးထားလို့ရတဲ့ပမာဏ။ တစ်ထွာဆိုတာက လက်မနဲ့လက်သန်းကို ဟနိုင်သ၍ ဟပြီးထားလို့ ရတဲ့ ပမာဏ…တဲ့။ ဒီဦးကြီး ပြောတာဟုတ်လားဗျာ…။

    စာဖြည့်
    မြန်မာ့ရှေးပညာများဆိုတဲ့ ပေ့ချ်ထဲမှာ ကို Zaw Min-Oo ကဝင်ဖြည့်ပေးလို့ အသိတိုးရတယ်။ ဒါကိုဖြည့်ပေးလိုက်ပါတယ်..

    ဟုတ်ပါတယ်။ ကျနော်တို့ငယ်စဉ်က ဂေါ်လီရိုက်ရင် တညိုတထွာ ဆိုတာတွေနဲ့ တိုင်းတာဆုံးဖြတ်အနိုင်ယူပါတယ်။ နိုင်ဖို့ အတွက် လက်ဖြဲလေ့ကျင့်ခန်း နေ့စဉ်လုပ်ပါတယ်။ ထွေလိုက်ရင် နီးမနီး ကိုယ့်အထွာအညိုတွေက အရေးပါလို့ပါ။ ညို ထွာ ဆုပ် မိုက် တောင်အပြင် လူ့လက်နဲ့တိုင်းတဲ့ တခြားဝေါဟာရတွေက တဖောင် တသူ စတာတွေပါ။ လုံးပတ်ကိုတိုင်းရင် တဖောင်လို့ခေါ်ပြီး အနက်အမြင့်စောက်ကို ပုံမှန်အရပ်ရှိလူ လက်ဆန့်အမြင့်ကို တသူ ခေါ်ပါတယ်။ အသူတရာနက်သော ချောက်ဆိုတာ ဒီကလာပါတယ်။

    ပါဠိသက္ကတဝေါဟာရတွေဖြစ်တဲ့ အင်္ဂုလိ ဟတ္ထ မုဋ္ဌိ (မုတ္ထိ) စတာတွေကိုလည်း မဇ္ဈိမပုရိသနဲ့တိုင်းပါတယ်။ ဟတ္ထကို ဘာသာပြန် ကွဲကြလို့ ဘုရားရှင်အရပ်တော် ၁၈ တောင်လား မိုက်လား ယူဆချက်ကွဲပြန်ပါတယ်။ ကျနော်စုပေါင်းပြီး ဆောင်းပါးတပုဒ် ရေးထားသင့်ပြီလို့ တွေးမိပါတယ်။ မှတ်သားချက်များအရ ကွာဟလိုအပ်ရင် ထောက်ပြ လမ်းညွှန်ပါ။ တတ်နိုင်က လုပ်ကြပါ။

    မုဋ္ဌိက လက်ဆုပ်ဖြစ်တော့ အကိုပြောတဲ့ မိုက်က လက်ဆုပ်နဲ့ ဦးကြီး ရောနေပုံရပါတယ်။လက်ဆုပ်အရွယ် ဗုဒ္ဓဆင်းတု ပဋိမာတွေကို ရှင်မုတ္ထီး ဘုရားတွေလို့ခေါ်ဝေါ်ပါတယ်။ စစ်ဆေးတဲ့နည်းကတော့ တတောင်မှာ သုံးမိုက် တတောင် မှတ်ပါတယ်။ ကျနော် အလွတ်ပြောလို့ ကျမ်းအဆိုနဲ့ ပြန်ကြည့်ပြီး လွဲရင်ပြင်ပါ့မယ်။

    ဖောင်က ဘယ်ညာလက်နှစ်ဖက်ကို ဘေးကို အစွမ်းကုန် လက်ဝါးပါဖြန့်လျက် ကိုယ်ခန္ဓာအဝင်အပါ တိုင်းတာမှု ယူနစ် တခုပါ။ သစ်ပင်လုံးပတ်တွေအပြင် အလျားဗျက်တွေကိုပါ တိုင်းနိုင်ပါတယ်။လက်ခုပ် လက်စွန်း လက်စွန်းဝက် လက်တပွေ့ ဆိုတာတွေက ခပ်ယူချင်တွယ်တာမျိုးမှာ သုံးပါတယ်။

    Credit-SoeMoe Naing

  • သင့္ပိုက္ဆံအိတ္ထဲမွာ မထားသင့္တဲ့ အရာမ်ား (လာဘ္ပိတ္ေစတဲ့ စြမ္းအင္ေတြ)။ သင့်ပိုက်ဆံအိတ်ထဲမှာ မထားသင့်တဲ့ အရာများ (လာဘ်ပိတ်စေတဲ့ စွမ်းအင်တွေ)။

    (Zawgyi)

    သင့္ပိုက္ဆံအိတ္ထဲမွာ မထားသင့္တဲ့ အရာမ်ား (လာဘ္ပိတ္ေစတဲ့ စြမ္းအင္ေတြ)

    စြမ္းအင္ေတြအေၾကာင္းကို ေလ့လာၾကည့္တဲ့အခါ ဝါစတုသွ်တၱရပညာအရ စၾကာဝဠာထဲမွာ အလို အေလ်ာက္ သဘာဝအတိုင္း ျဖစ္ေပၚလာတဲ့ အရာေတြေရာ လူသားေတြ ဖန္တီးျပဳလုပ္ထားတဲ့ မည္သည့္အရာမဆို အကုန္လုံးမွာ တစ္ခုထက္ပိုတဲ့ စြမ္းအင္ ရွိေနၾကတယ္ဆိုတာ ေလ့လာသိရွိခဲ့ရသလို ဒီအထဲမွာမွ မိမိအသုံးျပဳေနတဲ့ ပိုက္ဆံအိတ္ထဲမွာ မလိုအပ္တဲ့ အရာေတြ ထည့္ထားမိတဲ့အခါ မေကာင္းတဲ့ စြမ္းအင္ေတြ ျဖစ္ေပၚတတ္ပါတယ္။

    –ေငြကုန္ေၾကးက်၊ ေငြယိုေပါက္ေတြ မ်ားလိမ့္မယ္။ က်န္းမာေရး၊ လူမႈေရး ထိခိုက္မႈေတြ ႀကဳံရသလို လာဘ္ပိတ္တာေတြ။ ေငြေၾကး အလိမ္ခံရတာေတြ ျဖစ္တတ္ၿပီး ေကာင္းေသာစြမ္းအင္ေတြ ျဖစ္ေစတတ္သည့္အရာေတြကို သင့္ပိုက္ဆံအိတ္ထဲမွာ ထည့္ထားခဲ့မည္ဆိုလွ်င္ ေငြေၾကး အဆက္မျပတ္ဝင္သလို၊ က်န္းမာ ခ်မ္းသာကာ၊ ေငြကုန္ရတဲ့ ေငြထြက္ေပါက္ေတြ ပိတ္ပစ္လိုက္ႏိုင္ပါလိမ့္မယ္။

    သင့္ပိုက္ဆံအိတ္ထဲမွာ

    –ေဘလ္၊ ေျပစာေဟာင္းမ်ား၊ receipt ေဟာင္းမ်ား

    –ညစ္ညမ္းပုံမ်ား၊ ေသဆုံးၿပီး သူမ်ားပုံ၊ ၾကမ္းတမ္းရက္စက္ေသာ ပုံမ်ား။(မေကာင္းတဲ့ စြမ္းအင္မ်ား ျဖစ္ေစပါတယ္။)

    – လီမိုလီ မွတ္စုမ်ား၊ လိပ္စာကဒ္ အေဟာင္းမ်ား၊

    –သက္တမ္းကုန္ေနတဲ့- membership card မ်ား

    –သုံးမရေအာင္ စုတ္ျပတ္ေနတဲ့ ေငြစကၠဴမ်ား

    –ေခါက္တြန႔္ ေနတဲ့ ေငြစကၠဴမ်ား (ေခါက္ေနတဲ့ ပိုက္ဆံကို ျဖန႔္ထည့္ပါ။)

    –သြားရည္စာမုန႔္ေတြနဲ႔ ေဆးမ်ား။ (ေဆးမ်ားဟာ- က်န္းမာေရး ျပသနာကို ထပ္ေခၚေပးေနလို႔ ခြဲေဆာင္ပါ။)

    –လက္သည္းညႇပ္နဲ႔ ကပ္ေၾကး အပါအဝင္ ခြၽန္ထက္တဲ့ အရာမ်ား။

    –ကြၽမ္းက်င္ေသာ နကၡတ္ပညာရွင္အဆင့္ ဆရာ၏ အႀကံေပးျခင္း မဟုတ္ေသာ အေဆာင္မ်ား၊

    –ပရိတ္ခ်ည္၊ လက္ဖြဲ႕ စသည္မ်ား (သီးသန႔္ထားပါ။)

    သင့္ပိုက္ဆံအိတ္(သို႔မဟုတ္) ေငြေသတၱာထဲမွာ ထည့္ထားသင့္တဲ့အရာေတြကေတာ့ .

    –ေငြ၊ ေၾကး ျဖင့္ ျပဳလုပ္ထားေသာ နိမိတ္ေကာင္း အရာမ်ား။

    –အထူးသျဖင့္ ေငြဒဂၤါး။

    –လက္ခ်မီး မယ္ေတာ္ပုံ- ႐ုပ္ပုံေတာ္ျဖစ္ေစ ေၾကးဒဂၤါး ျဖစ္ေစ.

    –ေဗာဓိေညာင္႐ြက္ (အထူးသျဖင့္ ႏွလုံးေရာဂါ ရွိသူမ်ားအတြက္)

    –ပင္လယ္ခ႐ုခြံမ်ား (စၾကာဝဠာစြမ္းအင္ေၾကာင့္ ျဖစ္ပါသည္။)

    –ဆန္ေစ့ ၂၁ေစ့ (အင္မတန္ အက်ိဳးမ်ားပါတယ္။ ေနာက္ပိုင္း ရွင္းျပေပးပါ့မယ္။)

    -ဂ်င္းဖက္ေလးအနည္းငယ္ (ေငြကိုဆြဲေဆာင္ႏိုင္ေစသည္) ကို ထည့္ထားျခင္းျဖင့္ ေကာင္းေသာစြမ္းအင္ေတြကို ျဖစ္ေပၚေစကာ အက်ိဳးစီးပြား လာဘ္လာဘတိုးတက္ၾကေစ။

    Credit-YTM

    (Unicode)

    သင့်ပိုက်ဆံအိတ်ထဲမှာ မထားသင့်တဲ့ အရာများ (လာဘ်ပိတ်စေတဲ့ စွမ်းအင်တွေ)

    စွမ်းအင်တွေအကြောင်းကို လေ့လာကြည့်တဲ့အခါ ဝါစတုသျှတ္တရပညာအရ စကြာဝဠာထဲမှာ အလို အလျောက် သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ အရာတွေရော လူသားတွေ ဖန်တီးပြုလုပ်ထားတဲ့ မည်သည့်အရာမဆို အကုန်လုံးမှာ တစ်ခုထက်ပိုတဲ့ စွမ်းအင် ရှိနေကြတယ်ဆိုတာ လေ့လာသိရှိခဲ့ရသလို ဒီအထဲမှာမှ မိမိအသုံးပြုနေတဲ့ ပိုက်ဆံအိတ်ထဲမှာ မလိုအပ်တဲ့ အရာတွေ ထည့်ထားမိတဲ့အခါ မကောင်းတဲ့ စွမ်းအင်တွေ ဖြစ်ပေါ်တတ်ပါတယ်။

    –ငွေကုန်ကြေးကျ၊ ငွေယိုပေါက်တွေ များလိမ့်မယ်။ ကျန်းမာရေး၊ လူမှုရေး ထိခိုက်မှုတွေ ကြုံရသလို လာဘ်ပိတ်တာတွေ။ ငွေကြေး အလိမ်ခံရတာတွေ ဖြစ်တတ်ပြီး ကောင်းသောစွမ်းအင်တွေ ဖြစ်စေတတ်သည့်အရာတွေကို သင့်ပိုက်ဆံအိတ်ထဲမှာ ထည့်ထားခဲ့မည်ဆိုလျှင် ငွေကြေး အဆက်မပြတ်ဝင်သလို၊ ကျန်းမာ ချမ်းသာကာ၊ ငွေကုန်ရတဲ့ ငွေထွက်ပေါက်တွေ ပိတ်ပစ်လိုက်နိုင်ပါလိမ့်မယ်။

    သင့်ပိုက်ဆံအိတ်ထဲမှာ

    –ဘေလ်၊ ပြေစာဟောင်းများ၊ receipt ဟောင်းများ

    –ညစ်ညမ်းပုံများ၊ သေဆုံးပြီး သူများပုံ၊ ကြမ်းတမ်းရက်စက်သော ပုံများ။(မကောင်းတဲ့ စွမ်းအင်များ ဖြစ်စေပါတယ်။)

    – လီမိုလီ မှတ်စုများ၊ လိပ်စာကဒ် အဟောင်းများ၊

    –သက်တမ်းကုန်နေတဲ့- membership card များ

    –သုံးမရအောင် စုတ်ပြတ်နေတဲ့ ငွေစက္ကူများ

    –ခေါက်တွန့် နေတဲ့ ငွေစက္ကူများ (ခေါက်နေတဲ့ ပိုက်ဆံကို ဖြန့်ထည့်ပါ။)

    –သွားရည်စာမုန့်တွေနဲ့ ဆေးများ။ (ဆေးများဟာ- ကျန်းမာရေး ပြသနာကို ထပ်ခေါ်ပေးနေလို့ ခွဲဆောင်ပါ။)

    –လက်သည်းညှပ်နဲ့ ကပ်ကြေး အပါအဝင် ချွန်ထက်တဲ့ အရာများ။

    –ကျွမ်းကျင်သော နက္ခတ်ပညာရှင်အဆင့် ဆရာ၏ အကြံပေးခြင်း မဟုတ်သော အဆောင်များ၊

    –ပရိတ်ချည်၊ လက်ဖွဲ့ စသည်များ (သီးသန့်ထားပါ။)

    သင့်ပိုက်ဆံအိတ်(သို့မဟုတ်) ငွေသေတ္တာထဲမှာ ထည့်ထားသင့်တဲ့အရာတွေကတော့ .

    –ငွေ၊ ကြေး ဖြင့် ပြုလုပ်ထားသော နိမိတ်ကောင်း အရာများ။

    –အထူးသဖြင့် ငွေဒင်္ဂါး။

    –လက်ချမီး မယ်တော်ပုံ- ရုပ်ပုံတော်ဖြစ်စေ ကြေးဒင်္ဂါး ဖြစ်စေ.

    –ဗောဓိညောင်ရွက် (အထူးသဖြင့် နှလုံးရောဂါ ရှိသူများအတွက်)

    –ပင်လယ်ခရုခွံများ (စကြာဝဠာစွမ်းအင်ကြောင့် ဖြစ်ပါသည်။)

    –ဆန်စေ့ ၂၁စေ့ (အင်မတန် အကျိုးများပါတယ်။ နောက်ပိုင်း ရှင်းပြပေးပါ့မယ်။)

    -ဂျင်းဖက်လေးအနည်းငယ် (ငွေကိုဆွဲဆောင်နိုင်စေသည်) ကို ထည့်ထားခြင်းဖြင့် ကောင်းသောစွမ်းအင်တွေကို ဖြစ်ပေါ်စေကာ အကျိုးစီးပွား လာဘ်လာဘတိုးတက်ကြစေ။

    Credit-YTM

  • ေယာက်ာၤးအားေဆး၊ ကင္ဆာကာကြယ္၊ သန္က်ေစတဲ့ ေရႊဖရံုသီးအေစ့အစြမ္း။ ယောကျာၤးအားဆေး၊ ကင်ဆာကာကွယ်၊ သန်ကျစေတဲ့ ရွှေဖရုံသီးအစေ့အစွမ်း။

    (Zawgyi)

    ေရႊဖ႐ံုသီးေစ့ဆိုတာ ကြ်န္ေတာ္တို႔ ႏိုင္ငံမွာ ေစ်းလည္းမႀကီး၊ ရွားလည္းမရွားတဲ့ သဘာဝ အစားအေသာက္တစ္မ်ိဳးပါ။ ေရႊဖ႐ံုသီးေစ့ကို ေလွာ္ၿပီး အခြံခြာ ဒီအတိုင္းစားၾကသလို ျမန္မာ့႐ိုးရာ လက္ဖက္သုပ္၊ ခ်င္းသုပ္ထဲ ေရာစားၾကေလ့ရွိပါတယ္။ ေရႊဖ႐ံုသီးေစ့သာမက ဖ႐ံုေစ့အနက္ ဆိုတာလည္း လူႀကိဳက္မ်ားတဲ့ စားစရာတစ္မ်ိဳးပါပဲ။

    ေရႊဖ႐ံုသီးေစ့၏ က်န္းမာေရးအေပၚ ထူးျခားစြာ အက်ိဳးျပဳေသာ အာနိသင္ (၁၀) ခု

    (၁) အမ်ိဳးသား သဘာဝ စြမ္းေဆာင္ရည္ကို ျမႇင့္တင္ေပးျခင္း

    အမ်ိဳးသားေကာ အမ်ိဳးသမီးပါ လိင္မႈကိစၥ ပံုမွန္စိတ္ဝင္စားဖို႔၊ စြမ္းေဆာင္ႏိုင္ဖို႔ ဇင့္ (Zinc) နဲ႔ အျခားေသာ အမိုင္ႏိုအက္ဆစ္မ်ား လိုအပ္ပါတယ္။ ဒီလိုအပ္ခ်က္ေတြကို ျဖည့္ဖို႔ ဖ႐ံုေစ့ဟာ အေတာ္ေလးေကာင္းတဲ့ စားေသာက္ဖြယ္ရာ တစ္ခု ျဖစ္ပါတယ္။

    (၂) ကင္ဆာေရာဂါမ်ား ကာကြယ္ေပးျခင္း

    Phytosterol ဟာ ကိုလက္စထေရာ က်ဆင္းေစလို႔ ကိုလက္စထေရာေၾကာင့္ ျဖစ္ရတဲ့ ကင္ဆာ အေတာ္မ်ားမ်ား (ဥပမာ – ရင္သားကင္ဆာ) ကို ကာကြယ္ေပးႏိုင္တဲ့ အာနိသင္ ရွိပါတယ္။

    (၃) သန္ေကာင္ႏွင့္ ကပ္ပါးေကာင္မ်ားကို ႏိုင္နင္းျခင္း

    ေရႊဖ႐ံုသီး အေစ့ကို သန္က်ေဆး၊ သန္ေသေဆး အျဖစ္ အသံုးျပဳႏိုင္ပါတယ္။ ကမ႓ာအရပ္ရပ္က အခ်ိဳ႕ေသာ တိုင္းရင္းသားေတြမွာ သန္ခ်ေဆးအျဖစ္ ႀကိတ္ေခ်ၿပီး သဘာဝအတိုင္း သံုးၾကတာမ်ိဳး ရွိပါတယ္။ ဒါ့အျပင္ မသန္႔ရွင္းတဲ့ေရ ေသာက္သံုးျခင္း၊ ထိေတြ႕ျခင္းနဲ႔ ခ႐ုေတြဆီက ကူးစက္တတ္တဲ့ Schistosomiasis ေခၚ အျပင္းဖ်ား ကပ္ပါးေရာဂါမ်ိဳးကိုလည္း သဘာဝအတိုင္း ႏွိမ္နင္းႏိုင္တဲ့ အာနိသင္ရွိေနလို႔ ေဆးဝါး အေနနဲ႔ အသံုးခ်ႏိုင္ေအာင္ ဆက္လက္ေလ့လာမႈမ်ား ျပဳလုပ္ေနၾကပါတယ္။ ဒါေၾကာင့္ လိုရင္းေျပာရရင္ေတာ့ ေရႊဖ႐ံုသီးေစ့ဟာ ကပ္ပါးပိုးကူးစက္မႈမ်ား (Parasitic Infections) အတြက္ ကိုယ္ခံအားကို ျမႇင့္ေပးႏိုင္ပါတယ္။

    (၄) မေကာင္းေသာ ကိုလက္စထေရာ က်ေစျခင္း

    ဖ႐ံုေစ့ထဲမွာ Phytosterol ေခၚ အပင္ထြက္ အဆီဓာတ္ တစ္မ်ိဳး ပါဝင္ပါတယ္။ ၎ဟာ ေသြးထဲက LDL ေခၚ မေကာင္းတဲ့ ကိုလက္စထေရာ အဆီဓာတ္ ပမာဏကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ဒါဟာ ဖ႐ံုသီးေစ့သာမက အခြံမာသီးအဆံမ်ားမွာလည္း ဒီအာနိသင္ ရွိပါတယ္။

    (၅) အ႐ိုးပြေရာဂါကို ကာကြယ္ေပးျခင္း

    ဇင့္ဟာ ခႏၶာကိုယ္ရဲ႕ အေရးႀကီးေသာ ပံုမွန္ဇီဝျဖစ္စဥ္ႀကီး ၇ ခုမွာ အေရးပါေသာ ဓာတ္ကူပစၥည္း အေနနဲ႔ပါသလို အ႐ိုးတည္ေဆာက္ရာမွာလည္း မထင္ရွားေပမယ့္ အေရးႀကီးေသာ အခန္းက႑က ပါဝင္ပါတယ္။ အ႐ိုးပြျခင္းကို ကာကြယ္ဖုိ႔ ကယ္လ္စီယမ္နဲ႔ ဗင္တာမင္ဒီေတြခ်ည္းပဲ စားေနလို႔ မရဘဲ ဇင့္ပါ ပါဝင္ေအာင္ စားသံုးေပးရပါမယ္။ ဖ႐ံုသီးေစ့မ်ားဟာ ဇင့္ (Zinc) ေခၚ သြပ္ဓာတ္ ႂကြယ္ဝပါတယ္။

    (၆) ဆီးေက်ာက္တည္ျခင္းကို ကာကြယ္ျခင္း

    ဖ႐ံုသီး အေစ့ထဲမွာ ဆီးေက်ာက္ရဲ႕ အဓိက ကုန္ၾကမ္းျဖစ္တဲ့ ကယ္လ္စီယမ္ေအာက္ဇဲလိတ္ (Calcium Oxalate) အနည္က် ဖြဲ႕တည္ျခင္းကို တားဆီးႏိုင္တဲ့ ျဒပ္ေပါင္းမ်ား ပါဝင္ေၾကာင္း ေလ့လာမႈမ်ားအရ သိရပါတယ္။

    (၇) စိတ္က်ေရာဂါကို ကာကြယ္ေပးျခင္း

    ေရႊဖရံုသီးအေစ့ဟာ L-Tryp-tophan လို႔ေခၚတဲ့ အမိုင္ႏိုအက္ဆစ္ဓာတ္ ႂကြယ္ဝတာမို႔ စိတ္က်ေရာဂါဝင္လာျခင္းကို ေကာင္းေကာင္း တားဆီးေပးႏိုင္ပါတယ္။

    (၈) သဘာဝ အေရာင္က်ေဆး

    ေရႊဖ႐ံုသီး အေစ့ မ်ားမ်ားစားေပးရင္ ေရာင္ယမ္းနာက်င္မႈကို အတိုင္းအတာ တစ္ခုအထိ ေလွ်ာ့ခ်ေပးႏိုင္ေၾကာင္း သုေတသနမ်ားစြာအရ သိရပါတယ္။

    (၉) ဆီးကိ်တ္ေရာဂါမ်ား ကာကြယ္ႏိုင္ျခင္း

    ေရႊဖ႐ံုသီးေစ့ထဲမွာပါတဲ့ သဘာဝ အာဟာရ ျဒပ္ေပါင္းေတြဟာ ဆီးက်ိတ္က်န္းမာေရးကို ေစာင့္ေရွာက္ေပးႏိုင္ၿပီး အသက္ ၅၀ ေက်ာ္ အမ်ိဳးသား ဆယ္ဦးမွာ သံုးဦး ခံစားရေလ့ရွိတဲ့ ဆီးကိ်တ္ႀကီးေရာဂါ (Benign Prostate Hypertrophy, BPH)၊ အဲဒီကေနတစ္ဆင့္ ဆက္ျဖစ္သြားတတ္တဲ့ ဆီးက်ိတ္ကင္ဆာ (Prostate Cancer) ေရာဂါေတြကို ကာကြယ္ေပးႏိုင္ပါတယ္။ ဆီးက်ိတ္ႀကီးေရာဂါ ခံစားေနရသူေတြမွာလည္း ဆီးသြားရခက္တဲ့ ျပႆနာကို ေလွ်ာ့ခ်ေပးႏိုင္တာ ေတြ႕ရပါတယ္။

    (၁၀) ဆီးအိမ္၏ လုပ္ငန္းစြမ္းေဆာင္ရည္ကို တိုးတက္ေစျခင္း

    ဆီးအိမ္ရဲ႕ အညစ္အေၾကး စြန္႔ထုတ္ႏိုင္မႈကို ေကာင္းမြန္ေစလို႔ ဆီးအိမ္ကင္ဆာ ကင္းေဝးေရးပါ အက်ိဳးျပဳပါတယ္။

    အထက္ပါ က်န္းမာေရး အာနိသင္ေကာင္းမ်ား ရရွိဖို႔ ဖ႐ံုေစ့ကို မၾကာခဏ စားသံုးေပးသင့္ေၾကာင္း ေဖာ္ျပေပးလိုက္ပါတယ္။

    Credit-ဆက္ပိုင္လင္းခန္႔ (ေဆး-၂)

    (Unicode)

    ရွှေဖရုံသီးစေ့ဆိုတာ ကျွန်တော်တို့ နိုင်ငံမှာ ဈေးလည်းမကြီး၊ ရှားလည်းမရှားတဲ့ သဘာဝ အစားအသောက်တစ်မျိုးပါ။ ရွှေဖရုံသီးစေ့ကို လှော်ပြီး အခွံခွာ ဒီအတိုင်းစားကြသလို မြန်မာ့ရိုးရာ လက်ဖက်သုပ်၊ ချင်းသုပ်ထဲ ရောစားကြလေ့ရှိပါတယ်။ ရွှေဖရုံသီးစေ့သာမက ဖရုံစေ့အနက် ဆိုတာလည်း လူကြိုက်များတဲ့ စားစရာတစ်မျိုးပါပဲ။

    ရွှေဖရုံသီးစေ့၏ ကျန်းမာရေးအပေါ် ထူးခြားစွာ အကျိုးပြုသော အာနိသင် (၁၀) ခု

    (၁) အမျိုးသား သဘာဝ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း

    အမျိုးသားကော အမျိုးသမီးပါ လိင်မှုကိစ္စ ပုံမှန်စိတ်ဝင်စားဖို့၊ စွမ်းဆောင်နိုင်ဖို့ ဇင့် (Zinc) နဲ့ အခြားသော အမိုင်နိုအက်ဆစ်များ လိုအပ်ပါတယ်။ ဒီလိုအပ်ချက်တွေကို ဖြည့်ဖို့ ဖရုံစေ့ဟာ အတော်လေးကောင်းတဲ့ စားသောက်ဖွယ်ရာ တစ်ခု ဖြစ်ပါတယ်။

    (၂) ကင်ဆာရောဂါများ ကာကွယ်ပေးခြင်း

    Phytosterol ဟာ ကိုလက်စထရော ကျဆင်းစေလို့ ကိုလက်စထရောကြောင့် ဖြစ်ရတဲ့ ကင်ဆာ အတော်များများ (ဥပမာ – ရင်သားကင်ဆာ) ကို ကာကွယ်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။

    (၃) သန်ကောင်နှင့် ကပ်ပါးကောင်များကို နိုင်နင်းခြင်း

    ရွှေဖရုံသီး အစေ့ကို သန်ကျဆေး၊ သန်သေဆေး အဖြစ် အသုံးပြုနိုင်ပါတယ်။ ကမ္ဘာအရပ်ရပ်က အချို့သော တိုင်းရင်းသားတွေမှာ သန်ချဆေးအဖြစ် ကြိတ်ချေပြီး သဘာဝအတိုင်း သုံးကြတာမျိုး ရှိပါတယ်။ ဒါ့အပြင် မသန့်ရှင်းတဲ့ရေ သောက်သုံးခြင်း၊ ထိတွေ့ခြင်းနဲ့ ခရုတွေဆီက ကူးစက်တတ်တဲ့ Schistosomiasis ခေါ် အပြင်းဖျား ကပ်ပါးရောဂါမျိုးကိုလည်း သဘာဝအတိုင်း နှိမ်နင်းနိုင်တဲ့ အာနိသင်ရှိနေလို့ ဆေးဝါး အနေနဲ့ အသုံးချနိုင်အောင် ဆက်လက်လေ့လာမှုများ ပြုလုပ်နေကြပါတယ်။ ဒါကြောင့် လိုရင်းပြောရရင်တော့ ရွှေဖရုံသီးစေ့ဟာ ကပ်ပါးပိုးကူးစက်မှုများ (Parasitic Infections) အတွက် ကိုယ်ခံအားကို မြှင့်ပေးနိုင်ပါတယ်။

    (၄) မကောင်းသော ကိုလက်စထရော ကျစေခြင်း

    ဖရုံစေ့ထဲမှာ Phytosterol ခေါ် အပင်ထွက် အဆီဓာတ် တစ်မျိုး ပါဝင်ပါတယ်။ ၎င်းဟာ သွေးထဲက LDL ခေါ် မကောင်းတဲ့ ကိုလက်စထရော အဆီဓာတ် ပမာဏကို လျှော့ချပေးနိုင်ပါတယ်။ ဒါဟာ ဖရုံသီးစေ့သာမက အခွံမာသီးအဆံများမှာလည်း ဒီအာနိသင် ရှိပါတယ်။

    (၅) အရိုးပွရောဂါကို ကာကွယ်ပေးခြင်း

    ဇင့်ဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးသော ပုံမှန်ဇီဝဖြစ်စဉ်ကြီး ၇ ခုမှာ အရေးပါသော ဓာတ်ကူပစ္စည်း အနေနဲ့ပါသလို အရိုးတည်ဆောက်ရာမှာလည်း မထင်ရှားပေမယ့် အရေးကြီးသော အခန်းကဏ္ဍက ပါဝင်ပါတယ်။ အရိုးပွခြင်းကို ကာကွယ်ဖို့ ကယ်လ်စီယမ်နဲ့ ဗင်တာမင်ဒီတွေချည်းပဲ စားနေလို့ မရဘဲ ဇင့်ပါ ပါဝင်အောင် စားသုံးပေးရပါမယ်။ ဖရုံသီးစေ့များဟာ ဇင့် (Zinc) ခေါ် သွပ်ဓာတ် ကြွယ်ဝပါတယ်။

    (၆) ဆီးကျောက်တည်ခြင်းကို ကာကွယ်ခြင်း

    ဖရုံသီး အစေ့ထဲမှာ ဆီးကျောက်ရဲ့ အဓိက ကုန်ကြမ်းဖြစ်တဲ့ ကယ်လ်စီယမ်အောက်ဇဲလိတ် (Calcium Oxalate) အနည်ကျ ဖွဲ့တည်ခြင်းကို တားဆီးနိုင်တဲ့ ဒြပ်ပေါင်းများ ပါဝင်ကြောင်း လေ့လာမှုများအရ သိရပါတယ်။

    (၇) စိတ်ကျရောဂါကို ကာကွယ်ပေးခြင်း

    ရွှေဖရုံသီးအစေ့ဟာ L-Tryp-tophan လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ဓာတ် ကြွယ်ဝတာမို့ စိတ်ကျရောဂါဝင်လာခြင်းကို ကောင်းကောင်း တားဆီးပေးနိုင်ပါတယ်။

    (၈) သဘာဝ အရောင်ကျဆေး

    ရွှေဖရုံသီး အစေ့ များများစားပေးရင် ရောင်ယမ်းနာကျင်မှုကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်ကြောင်း သုတေသနများစွာအရ သိရပါတယ်။

    (၉) ဆီးကျိတ်ရောဂါများ ကာကွယ်နိုင်ခြင်း

    ရွှေဖရုံသီးစေ့ထဲမှာပါတဲ့ သဘာဝ အာဟာရ ဒြပ်ပေါင်းတွေဟာ ဆီးကျိတ်ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်ပြီး အသက် ၅၀ ကျော် အမျိုးသား ဆယ်ဦးမှာ သုံးဦး ခံစားရလေ့ရှိတဲ့ ဆီးကျိတ်ကြီးရောဂါ (Benign Prostate Hypertrophy, BPH)၊ အဲဒီကနေတစ်ဆင့် ဆက်ဖြစ်သွားတတ်တဲ့ ဆီးကျိတ်ကင်ဆာ (Prostate Cancer) ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဆီးကျိတ်ကြီးရောဂါ ခံစားနေရသူတွေမှာလည်း ဆီးသွားရခက်တဲ့ ပြဿနာကို လျှော့ချပေးနိုင်တာ တွေ့ရပါတယ်။

    (၁၀) ဆီးအိမ်၏ လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးတက်စေခြင်း

    ဆီးအိမ်ရဲ့ အညစ်အကြေး စွန့်ထုတ်နိုင်မှုကို ကောင်းမွန်စေလို့ ဆီးအိမ်ကင်ဆာ ကင်းဝေးရေးပါ အကျိုးပြုပါတယ်။

    အထက်ပါ ကျန်းမာရေး အာနိသင်ကောင်းများ ရရှိဖို့ ဖရုံစေ့ကို မကြာခဏ စားသုံးပေးသင့်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

    Credit-ဆက်ပိုင်လင်းခန့် (ဆေး-၂)

  • ျပည္ပႏိုင္ငံမ်ားမွာ ေမာင္းလို႔ရတဲ့ ယာဥ္ေမာင္းလိုင္စင္ ဒီေန႔လုပ္ ဒီေန႔ရတယ္။ ပြည်ပနိုင်ငံများမှာ မောင်းလို့ရတဲ့ ယာဉ်မောင်းလိုင်စင် ဒီနေ့လုပ် ဒီနေ့ရတယ်။

    (Zawgyi)

    ျပည္ပႏိုင္ငံမ်ားမွာ ေမာင္းလို႔ရတဲ့ ယာဥ္ေမာင္းလိုင္စင္ ဒီေန႔လုပ္ ဒီေန႔ရတယ္။

    “ဆရာ ကြၽန္ေတာ့္သားေလး ကိုးရီးယားကို ပညာေတာ္သင္ ပါတယ္ဆရာ။ အဲ့ဒီမွာ ကားလည္းေမာင္းရမယ္လို႔ေျပာတယ္။ ဘယ္လိုယာဥ္ေမာင္းလိုင္စင္ လုပ္ရမလဲဆရာ”တဲ့

    “ဆရာ ကြၽန္ေတာ္ကို ကုမၸဏီက လႊတ္လို႔ ေဟာင္ေကာင္ကို ယာဥ္ေမာင္းအေနနဲ႔ သြားရမယ္။ အဲ့ဒါ ဘယ္လိုယာဥ္ေမာင္းလိုင္စင္မ်ိဳးနဲ႔ ေဟာင္ေကာင္မွာ ေမာင္းႏိုင္မလဲဆရာ”တဲ့

    စသည္ျဖင့္ ျပည္ပႏိုင္ငံအသီးသီးမွာ အလည္အပတ္ေသာ္လည္းေကာင္း၊ ဌာနတာဝန္၊ ကုမၸဏီလုပ္ငန္းတာဝန္နဲ႔ေသာ္လည္းေကာင္း သြားရလို႔ ယာဥ္ေမာင္းရမယ္ဆိုရင္ အဆိုပါႏိုင္ငံေတြမွာေမာင္းလို႔ရတဲ့ ယာဥ္ေမာင္းလိုင္စင္အေၾကာင္းကို ဒီေန႔ေျပာျပခ်င္ပါတယ္။

    သူကေတာ့ အျပည္ျပည္ဆိုင္ရာယာဥ္ေမာင္းလိုင္စင္ (INTERNATIONAL DRIVING PERMIT) ပါ။ ဘယ္မွာ လုပ္ရတာလဲဆိုရင္ ေနျပည္ေတာ္ ႐ုံးအမွတ္(၂၉)မွာပါ။ အျခားၿမိဳ႕ေတြမွာလုပ္လို႔မရပါဘူး။ ကုန္က်စရိတ္ (၁၅၀၀၀၀)ပါ။ ဒီေန႔လုပ္ ဒီေန႔ရပါတယ္ တစ္ရက္ပါပဲ။

    လိုအပ္တာေတြကေတာ့ အနည္းဆုံး မိမိမွာ “ခ” ယာဥ္ေမာင္းလိုင္စင္ ကိုင္ေဆာင္ထားရွိသူ ျဖစ္ရပါ့မယ္။ “ဃ”တို႔ “င”တို႔ဆိုလဲ ရပါတယ္။ သက္တမ္းရွိ Passport မိတၳဴ၊ ေနာက္ခံအျပာေရာင္ပက္စပို႔ပုံ (၃) ပုံ၊ ေစာေစာကေျပာတဲ့ သက္တမ္းရွိ ျမန္မာႏိုင္ငံယာဥ္ေမာင္း လိုင္စင္မူရင္း၊ မိတၳဴတို႔ လိုအပ္ပါတယ္။ မိမိ မလာေရာက္ႏိုင္ခဲ့ရင္လည္း ကိုယ္စားလွယ္နဲ႔ လုပ္လို႔ရပါတယ္။ ဒီအခါကိုယ္စားလွယ္ရဲ႕ကိုယ္စား ကိုင္ေဆာင္ခြင့္ေလွ်ာက္လႊာ၊ ကိုယ္စားလွယ္ရဲ႕ မွတ္ပုံတင္မိတၳဴ (၁)ေစာင္ လိုပါတယ္။

    အျပည္ျပည္ဆိုင္ရာ ယာဥ္ေမာင္းႏွင္ခြင့္ လက္မွတ္ရဲ႕ သက္တမ္းကေတာ့ တစ္ႏွစ္ပါ။ ပုံပါလိုင္စင္ပါပဲ။ စမက္ကဒ္ မဟုတ္ပါဘူး။ ေမာင္းႏွင္ခြင့္ျပဳထားတာက ပုံထဲကအတိုင္းA နဲ႔ B ပါ။

    A ကေတာ့ ေမာ္ေတာ္ဆိုင္ကယ္ျဖစ္ၿပီး၊ B ကေတာ့အမ်ိဳးအစားA အမ်ိဳးအစားမ်ားမွလြဲ၍ ေမာ္ေတာ္ယာဥ္မ်ား၊ ခြင့္ျပဳထားေသာ အမ်ားဆုံး အေလးခ်ိန္မွာ ၃၅၀၀ ကီလိုဂရမ္ (၇၇၀၀ ေပါင္)ႏွင့္ ယာဥ္ေမာင္းသူထိုင္ခုံအျပင္ ထိုင္ခုံရွစ္ခုထက္ မပိုေသာ ယာဥ္မ်ား ျဖစ္သည္လို႔ ဆိုထားပါတယ္ခင္ဗ်ာ။

    (ေလာေလာလတ္လတ္ အျပည္ျပည္ဆိုင္ရာ ယာဥ္ေမာင္းလိုင္စင္ေလးကို လာေရာက္ေဆြးေႏြးအသုံးျပဳခြင့္ေပးတဲ့ ကို TUN MIN AUNG ေက်းဇူးပါခင္ဗ်ာ)

    Credit-ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ

    (Unicode)

    ပြည်ပနိုင်ငံများမှာ မောင်းလို့ရတဲ့ ယာဉ်မောင်းလိုင်စင် ဒီနေ့လုပ် ဒီနေ့ရတယ်။

    “ဆရာ ကျွန်တော့်သားလေး ကိုးရီးယားကို ပညာတော်သင် ပါတယ်ဆရာ။ အဲ့ဒီမှာ ကားလည်းမောင်းရမယ်လို့ပြောတယ်။ ဘယ်လိုယာဉ်မောင်းလိုင်စင် လုပ်ရမလဲဆရာ”တဲ့

    “ဆရာ ကျွန်တော်ကို ကုမ္ပဏီက လွှတ်လို့ ဟောင်ကောင်ကို ယာဉ်မောင်းအနေနဲ့ သွားရမယ်။ အဲ့ဒါ ဘယ်လိုယာဉ်မောင်းလိုင်စင်မျိုးနဲ့ ဟောင်ကောင်မှာ မောင်းနိုင်မလဲဆရာ”တဲ့

    စသည်ဖြင့် ပြည်ပနိုင်ငံအသီးသီးမှာ အလည်အပတ်သော်လည်းကောင်း၊ ဌာနတာဝန်၊ ကုမ္ပဏီလုပ်ငန်းတာဝန်နဲ့သော်လည်းကောင်း သွားရလို့ ယာဉ်မောင်းရမယ်ဆိုရင် အဆိုပါနိုင်ငံတွေမှာမောင်းလို့ရတဲ့ ယာဉ်မောင်းလိုင်စင်အကြောင်းကို ဒီနေ့ပြောပြချင်ပါတယ်။

    သူကတော့ အပြည်ပြည်ဆိုင်ရာယာဉ်မောင်းလိုင်စင် (INTERNATIONAL DRIVING PERMIT) ပါ။ ဘယ်မှာ လုပ်ရတာလဲဆိုရင် နေပြည်တော် ရုံးအမှတ်(၂၉)မှာပါ။ အခြားမြို့တွေမှာလုပ်လို့မရပါဘူး။ ကုန်ကျစရိတ် (၁၅၀၀၀၀)ပါ။ ဒီနေ့လုပ် ဒီနေ့ရပါတယ် တစ်ရက်ပါပဲ။

    လိုအပ်တာတွေကတော့ အနည်းဆုံး မိမိမှာ “ခ” ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားရှိသူ ဖြစ်ရပါ့မယ်။ “ဃ”တို့ “င”တို့ဆိုလဲ ရပါတယ်။ သက်တမ်းရှိ Passport မိတ္ထူ၊ နောက်ခံအပြာရောင်ပက်စပို့ပုံ (၃) ပုံ၊ စောစောကပြောတဲ့ သက်တမ်းရှိ မြန်မာနိုင်ငံယာဉ်မောင်း လိုင်စင်မူရင်း၊ မိတ္ထူတို့ လိုအပ်ပါတယ်။ မိမိ မလာရောက်နိုင်ခဲ့ရင်လည်း ကိုယ်စားလှယ်နဲ့ လုပ်လို့ရပါတယ်။ ဒီအခါကိုယ်စားလှယ်ရဲ့ကိုယ်စား ကိုင်ဆောင်ခွင့်လျှောက်လွှာ၊ ကိုယ်စားလှယ်ရဲ့ မှတ်ပုံတင်မိတ္ထူ (၁)စောင် လိုပါတယ်။

    အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းနှင်ခွင့် လက်မှတ်ရဲ့ သက်တမ်းကတော့ တစ်နှစ်ပါ။ ပုံပါလိုင်စင်ပါပဲ။ စမက်ကဒ် မဟုတ်ပါဘူး။ မောင်းနှင်ခွင့်ပြုထားတာက ပုံထဲကအတိုင်းA နဲ့ B ပါ။

    A ကတော့ မော်တော်ဆိုင်ကယ်ဖြစ်ပြီး၊ B ကတော့အမျိုးအစားA အမျိုးအစားများမှလွဲ၍ မော်တော်ယာဉ်များ၊ ခွင့်ပြုထားသော အများဆုံး အလေးချိန်မှာ ၃၅၀၀ ကီလိုဂရမ် (၇၇၀၀ ပေါင်)နှင့် ယာဉ်မောင်းသူထိုင်ခုံအပြင် ထိုင်ခုံရှစ်ခုထက် မပိုသော ယာဉ်များ ဖြစ်သည်လို့ ဆိုထားပါတယ်ခင်ဗျာ။

    (လောလောလတ်လတ် အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းလိုင်စင်လေးကို လာရောက်ဆွေးနွေးအသုံးပြုခွင့်ပေးတဲ့ ကို TUN MIN AUNG ကျေးဇူးပါခင်ဗျာ)

    Credit-ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

  • တစ္ျပည္လုံးမွာရွိတဲ့ ရထားအခ်ိန္စာရင္းနဲ႔ ရထားလက္မွတ္‌ေစ်းမ်ား။တစ်ပြည်လုံးမှာရှိတဲ့ ရထားအချိန်စာရင်းနဲ့ ရထားလက်မှတ်‌ဈေးများ။

    (Zawgyi)

    တစ္ျပည္လုံးမွာရွိတဲ့ ရထားအခ်ိန္စာရင္းနဲ႔ ရထားလက္မွတ္ တန္ဖိုးေတြကို တင္ေပးလိုက္ၿပီေနာ္။

    (ရန္ကုန္မွ မႏၲေလး)- မနက္အျမန္ရထား- နံနက္ 6 :00 AM၊ ႐ိုး႐ိုးတန္း – 4650က်ပ္၊အထက္တန္း – 9300က်ပ္

    ေလအိတ္ရထား ညေန 3:00 PM၊ ႐ိုး႐ိုးတန္း – 4650က်ပ္၊အထက္တန္း – 9300က်ပ္

    ည အျမန္ရထား ညေန 5:00 PM၊ ႐ိုး႐ိုးတန္း – 4650က်ပ္၊အထက္တန္း – 9300က်ပ္

    (မႏၲေလးမွ ရန္ကုန္)၊ မနက္အျမန္ရထား၊ မနက္ 6:00 AM၊ ႐ိုး႐ိုးတန္း – 4650က်ပ္၊အထက္တန္း -9300က်ပ္

    ေလအိတ္ရထား ညေန 3:00 PM၊ ႐ိုး႐ိုးတန္း -4650က်ပ္၊ အထက္တန္း – 9300က်ပ္

    ည အျမန္ရထား ညေန 5:00 PM၊ ႐ိုး႐ိုးတန္း – 4650က်ပ္၊ အထက္တန္း – 9300က်ပ္

    (မႏၲေလး – ျမစ္ႀကီးနား လမ္းပိုင္း)-မႏၲေလးမွ ျမစ္ႀကီးနား- မန္တလာ ရထား မနက္္ 8:45 AM၊႐ိုး႐ိုးတန္း – 4150က်ပ္၊ အထက္တန္း- 8300က်ပ္

    ျမစ္ဆုံ-မႏၲလာရထား 11:30 AM၊ ႐ိုး႐ိုးတန္း – 8250က်ပ္၊ အထက္တန္း 16500က်ပ္

    ေလအိတ္ရထား 1:00 PM၊႐ိုး႐ိုးတန္း – 9300က်ပ္၊ အထက္တန္း- 18600က်ပ္

    အထူးအျမန္ရထား 4:00 PM၊ ႐ိုး႐ိုးတန္း – 4150က်ပ္၊ အထက္တန္း- 8300က်ပ္

    ဒုတိယ အျမန္ရထား 5:45 PM၊ ႐ိုး႐ိုးတန္း – 3500က်ပ္၊ အထက္တန္း- 7000က်ပ္

    ( ျမစ္ႀကီးနားမွ မႏၲေလး )- အထူးအျမန္ရထား- 8:15 AM၊ ႐ိုး႐ိုးတန္း -4150က်ပ္၊ အထက္တန္း -8300က်ပ္

    ဒုတိယ အျမန္ရထား 9:30 AM၊ ႐ိုး႐ိုးတန္း-3500က်ပ္၊ အထက္တန္း-7000က်ပ္

    ျမစ္ဆုံ- မႏၲလာရထား 10:30 AM၊ ႐ိုး႐ိုးတန္း- 8250က်ပ္၊ အထက္တန္း- 16500က်ပ္

    ေလအိတ္ရထား 12:45 PM၊ ႐ိုး႐ိုးတန္း-9300က်ပ္၊ အထက္တန္း- 18600က်ပ္

    မန္တလာ ရထား 4:00 PM၊ ႐ိုး႐ိုးတန္း – 4150က်ပ္၊ အထက္တန္း- 8300က်ပ္

    (ရန္ကုန္- ေမာ္လၿမိဳင္ လမ္းပိုင္း) ရန္ကုန္မွ ေမာ္လၿမိဳင္- မနက္အျမန္ရထား 7:15 AM၊ ႐ိုး႐ိုးတန္း – 2150က်ပ္၊အထက္တန္း- 4300က်ပ္

    ထားဝယ္ရထား- 6:25 PM၊ ႐ိုး႐ိုးတန္း- 2150က်ပ္၊ အထက္တန္း-4300က်ပ္ ညအျမန္ရထား 8:00 PM၊ ႐ိုး႐ိုးတန္း – 2150က်ပ္၊ အထက္တန္း-4300က်ပ္

    ေမာ္လၿမိဳင္မွ ရန္ကုန္- မနက္အျမန္ရထား- 8:00 AM၊ ႐ိုး႐ိုးတန္း – 2150က်ပ္၊ အထက္တန္း -4300က်ပ္

    ညအျမန္ရထား 7:30 PM၊ ႐ိုး႐ိုးတန္း – 2150က်ပ္၊ အထက္တန္း- 4300က်ပ္

    ထားဝယ္ရထား 9:25 PM၊ ႐ိုး႐ိုးတန္း- 2150က်ပ္၊ အထက္တန္း -4300က်ပ္

    (ရန္ကုန္- ျပည္ လမ္းပိုင္း) ရန္ကုန္ မွ ျပည္- ေလအိတ္အျမန္ရထား 1:00 PM၊ ႐ိုး႐ိုးတန္း – 1950က်ပ္၊

    ျပည္ မွ ရန္ကုန္- ေလအိတ္အျမန္ရထား 10:30 PM၊ ႐ိုး႐ိုးတန္း – 1950က်ပ္၊ (ရန္ကုန္ – ေတာင္ႀကီး လမ္းပိုင္း)

    ရန္ကုန္မွ ေတာင္ႀကီး- အျမန္ရထား 11:00 AM၊ ႐ိုး႐ိုးတန္း -4050က်ပ္၊အထက္တန္း – 8100က်ပ္

    ေတာင္ႀကီးမွ ရန္ကုန္- အျမန္ရထား 8:00 AM၊ ႐ိုး႐ိုးတန္း – 4050က်ပ္၊ အထက္တန္း – 8100က်ပ္

    (ရန္ကုန္ – ပုဂံ လမ္းပိုင္း)- ရန္ကုန္မွ ပုဂံ- အျမနိရထား 4:00 PM၊ ႐ိုး႐ိုးတန္း -4500က်ပ္၊အထက္တန္း -12000က်ပ္

    ပုဂံမွ ရန္ကုန္- အျမန္ရထား 4:00 PM၊ ႐ိုး႐ိုးတန္း -4500က်ပ္၊ အထက္တန္း- 12000က်ပ္

    (ရန္ကုန္ – ေနျပည္ေတာ္ လမ္းပိုင္း)-ရန္ကုန္ မွ ေနျပည္ေတာ္- မနက္အျမန္ရထား 8:00 AM၊႐ိုး႐ိုးတန္း -2800က်ပ္၊ အထက္တန္း -5600က်ပ္

    ည အျမန္ရထား 9:00 PM၊ ႐ိုး႐ိုးတန္း -2800က်ပ္၊ အထက္တန္း-5600က်ပ္၊

    ေနျပည္ေတာ္မွ ရန္ကုန္- မနက္အျမန္ရထား 8:00 AM၊ ႐ိုး႐ိုးတန္း- 2800က်ပ္၊အထက္တန္း-5600က်ပ္

    ညအျမန္ရထား 9:00 PM၊ ႐ိုး႐ိုးတန္း-2800က်ပ္၊ အထက္တနိး-5600က်ပ္

    (ေနျပည္ေတာ္ – ေမာ္လၿမိဳင္ လမ္းပိုင္း)-ေနျပည္ေတာ္မွ ေမာ္လၿမိဳင္- အျမန္ရထား 6:00 AM၊႐ိုး႐ိုးတန္း-3400က်ပ္၊ အထက္တန္း-6800က်ပ္

    ေမာ္လၿမိဳင္မွ ေနျပည္ေတာ္- အျမနိရထား 6:15 AM၊ ႐ိုး႐ိုးတန္း- 3400က်ပ္၊အထက္တန္း-6800က်ပ္

    (ပုသိမ္- ဟသၤာတ- ႀကံခင္း လမ္းပိုင္း)- ပုသိမ္ မွ ႀကံခင္း- အျမန္ရထား 5:00 AM၊ ႐ိုး႐ိုးတန္း-1800က်ပ္၊ အထက္တန္း-3600က်ပ္

    ႀကံခင္းမွ ပုသိမ္- အျမန္ရထား 4:00 AM၊ ႐ိုး႐ိုးတန္း-1800က်ပ္၊ အထက္တန္း-3600က်ပ္

    (မႏၲေလး- ျမင္းၿခံ-ပုဂံ လမ္းပိုင္း)- မႏၲေလး မွ ပုဂံ၊ အျမန္ရထား 9:00 PM၊ ႐ိုး႐ိုးတန္း -1450က်ပ္၊ အထက္တန္း-2900က်ပ္

    ပုဂံ မွ မႏၲေလး- အျမန္ရထား 9:00 PM၊ ႐ိုး႐ိုးတန္း-1450က်ပ္၊ အထက္တန္း-2900က်ပ္

    Credit-Shoon Wati Mg

    (Unicode)

    တစ်ပြည်လုံးမှာရှိတဲ့ ရထားအချိန်စာရင်းနဲ့ ရထားလက်မှတ် တန်ဖိုးတွေကို တင်ပေးလိုက်ပြီနော်။

    (ရန်ကုန်မှ မန္တလေး)- မနက်အမြန်ရထား- နံနက် 6 :00 AM၊ ရိုးရိုးတန်း – 4650ကျပ်၊အထက်တန်း – 9300ကျပ်

    လေအိတ်ရထား ညနေ 3:00 PM၊ ရိုးရိုးတန်း – 4650ကျပ်၊အထက်တန်း – 9300ကျပ်

    ည အမြန်ရထား ညနေ 5:00 PM၊ ရိုးရိုးတန်း – 4650ကျပ်၊အထက်တန်း – 9300ကျပ်

    (မန္တလေးမှ ရန်ကုန်)၊ မနက်အမြန်ရထား၊ မနက် 6:00 AM၊ ရိုးရိုးတန်း – 4650ကျပ်၊အထက်တန်း -9300ကျပ်

    လေအိတ်ရထား ညနေ 3:00 PM၊ ရိုးရိုးတန်း -4650ကျပ်၊ အထက်တန်း – 9300ကျပ်

    ည အမြန်ရထား ညနေ 5:00 PM၊ ရိုးရိုးတန်း – 4650ကျပ်၊ အထက်တန်း – 9300ကျပ်

    (မန္တလေး – မြစ်ကြီးနား လမ်းပိုင်း)-မန္တလေးမှ မြစ်ကြီးနား- မန်တလာ ရထား မနက် 8:45 AM၊ရိုးရိုးတန်း – 4150ကျပ်၊ အထက်တန်း- 8300ကျပ်

    မြစ်ဆုံ-မန္တလာရထား 11:30 AM၊ ရိုးရိုးတန်း – 8250ကျပ်၊ အထက်တန်း 16500ကျပ်

    လေအိတ်ရထား 1:00 PM၊ရိုးရိုးတန်း – 9300ကျပ်၊ အထက်တန်း- 18600ကျပ်

    အထူးအမြန်ရထား 4:00 PM၊ ရိုးရိုးတန်း – 4150ကျပ်၊ အထက်တန်း- 8300ကျပ်

    ဒုတိယ အမြန်ရထား 5:45 PM၊ ရိုးရိုးတန်း – 3500ကျပ်၊ အထက်တန်း- 7000ကျပ်

    ( မြစ်ကြီးနားမှ မန္တလေး )- အထူးအမြန်ရထား- 8:15 AM၊ ရိုးရိုးတန်း -4150ကျပ်၊ အထက်တန်း -8300ကျပ်

    ဒုတိယ အမြန်ရထား 9:30 AM၊ ရိုးရိုးတန်း-3500ကျပ်၊ အထက်တန်း-7000ကျပ်

    မြစ်ဆုံ- မန္တလာရထား 10:30 AM၊ ရိုးရိုးတန်း- 8250ကျပ်၊ အထက်တန်း- 16500ကျပ်

    လေအိတ်ရထား 12:45 PM၊ ရိုးရိုးတန်း-9300ကျပ်၊ အထက်တန်း- 18600ကျပ်

    မန်တလာ ရထား 4:00 PM၊ ရိုးရိုးတန်း – 4150ကျပ်၊ အထက်တန်း- 8300ကျပ်

    (ရန်ကုန်- မော်လမြိုင် လမ်းပိုင်း) ရန်ကုန်မှ မော်လမြိုင်- မနက်အမြန်ရထား 7:15 AM၊ ရိုးရိုးတန်း – 2150ကျပ်၊အထက်တန်း- 4300ကျပ်

    ထားဝယ်ရထား- 6:25 PM၊ ရိုးရိုးတန်း- 2150ကျပ်၊ အထက်တန်း-4300ကျပ် ညအမြန်ရထား 8:00 PM၊ ရိုးရိုးတန်း – 2150ကျပ်၊ အထက်တန်း-4300ကျပ်

    မော်လမြိုင်မှ ရန်ကုန်- မနက်အမြန်ရထား- 8:00 AM၊ ရိုးရိုးတန်း – 2150ကျပ်၊ အထက်တန်း -4300ကျပ်

    ညအမြန်ရထား 7:30 PM၊ ရိုးရိုးတန်း – 2150ကျပ်၊ အထက်တန်း- 4300ကျပ်

    ထားဝယ်ရထား 9:25 PM၊ ရိုးရိုးတန်း- 2150ကျပ်၊ အထက်တန်း -4300ကျပ်

    (ရန်ကုန်- ပြည် လမ်းပိုင်း) ရန်ကုန် မှ ပြည်- လေအိတ်အမြန်ရထား 1:00 PM၊ ရိုးရိုးတန်း – 1950ကျပ်၊

    ပြည် မှ ရန်ကုန်- လေအိတ်အမြန်ရထား 10:30 PM၊ ရိုးရိုးတန်း – 1950ကျပ်၊ (ရန်ကုန် – တောင်ကြီး လမ်းပိုင်း)

    ရန်ကုန်မှ တောင်ကြီး- အမြန်ရထား 11:00 AM၊ ရိုးရိုးတန်း -4050ကျပ်၊အထက်တန်း – 8100ကျပ်

    တောင်ကြီးမှ ရန်ကုန်- အမြန်ရထား 8:00 AM၊ ရိုးရိုးတန်း – 4050ကျပ်၊ အထက်တန်း – 8100ကျပ်

    (ရန်ကုန် – ပုဂံ လမ်းပိုင်း)- ရန်ကုန်မှ ပုဂံ- အမြနိရထား 4:00 PM၊ ရိုးရိုးတန်း -4500ကျပ်၊အထက်တန်း -12000ကျပ်

    ပုဂံမှ ရန်ကုန်- အမြန်ရထား 4:00 PM၊ ရိုးရိုးတန်း -4500ကျပ်၊ အထက်တန်း- 12000ကျပ်

    (ရန်ကုန် – နေပြည်တော် လမ်းပိုင်း)-ရန်ကုန် မှ နေပြည်တော်- မနက်အမြန်ရထား 8:00 AM၊ရိုးရိုးတန်း -2800ကျပ်၊ အထက်တန်း -5600ကျပ်

    ည အမြန်ရထား 9:00 PM၊ ရိုးရိုးတန်း -2800ကျပ်၊ အထက်တန်း-5600ကျပ်၊

    နေပြည်တော်မှ ရန်ကုန်- မနက်အမြန်ရထား 8:00 AM၊ ရိုးရိုးတန်း- 2800ကျပ်၊အထက်တန်း-5600ကျပ်

    ညအမြန်ရထား 9:00 PM၊ ရိုးရိုးတန်း-2800ကျပ်၊ အထက်တနိး-5600ကျပ်

    (နေပြည်တော် – မော်လမြိုင် လမ်းပိုင်း)-နေပြည်တော်မှ မော်လမြိုင်- အမြန်ရထား 6:00 AM၊ရိုးရိုးတန်း-3400ကျပ်၊ အထက်တန်း-6800ကျပ်

    မော်လမြိုင်မှ နေပြည်တော်- အမြနိရထား 6:15 AM၊ ရိုးရိုးတန်း- 3400ကျပ်၊အထက်တန်း-6800ကျပ်

    (ပုသိမ်- ဟင်္သာတ- ကြံခင်း လမ်းပိုင်း)- ပုသိမ် မှ ကြံခင်း- အမြန်ရထား 5:00 AM၊ ရိုးရိုးတန်း-1800ကျပ်၊ အထက်တန်း-3600ကျပ်

    ကြံခင်းမှ ပုသိမ်- အမြန်ရထား 4:00 AM၊ ရိုးရိုးတန်း-1800ကျပ်၊ အထက်တန်း-3600ကျပ်

    (မန္တလေး- မြင်းခြံ-ပုဂံ လမ်းပိုင်း)- မန္တလေး မှ ပုဂံ၊ အမြန်ရထား 9:00 PM၊ ရိုးရိုးတန်း -1450ကျပ်၊ အထက်တန်း-2900ကျပ်

    ပုဂံ မှ မန္တလေး- အမြန်ရထား 9:00 PM၊ ရိုးရိုးတန်း-1450ကျပ်၊ အထက်တန်း-2900ကျပ်

    Credit-Shoon Wati Mg

  • သဘာဝငံပြာရည်စစ်စစ်…ပြုလုပ်နည်း

    (Zawgyi)

    “သဘာဝငံျပာရည္စစ္စစ္…ျပဳလုပ္နည္း”

    ဧရာဝတီသား ရဲ႕ မိသားစု တစ္ႏွစ္စာနဲ႔ လက္ေဆာင္ေပးဖို႔ သဘာဝစစ္စစ္ ေရခ်ိဳငံျပာရည္ေလးေတြ ဒီေန႔ စ ခ်ပါၿပီ လုပ္နည္းေလးပါ မွ်ေဝပါရေစ။

    ” ေရခ်ိဳ ငံျပာရည္စစ္စစ္ လုပ္နည္းေလးပါ။ ”

    ငါးပိ ငါးေျခာက္ ငံျပာရည္ ငါးခ်ဥ္ လုပ္နည္းေတြ တင္ေပးေပမဲ့ စိတ္ဝင္စားသူ နည္းပါးေၾကာင္း ေတြ႕ရပါတယ္ ဒါေပမဲ့ ကြၽန္ေတာ္ စိတ္မပ်က္ပါဘူး ဗဟုသုတ ယူတတ္သူရတာေပါ့

    ငါးေခါင္း ငါးအေသးေလေတြ ငါးအႀကီး ဆိုဒ္စုံ လုပ္လို႔ရတယ္ ေန႔စဥ္ ဝယ္ယူလာတဲ့ ငါး ပုစြန္ေတြထဲက အနည္းငယ္စီ တစ္ေန႔နည္းနည္းနဲ႔ ထည့္ေပးသြားမယ္ဆိုရင္လည္း သီးျခား ငံျပာရည္လုပ္ဖို႔ ဝယ္ေနစရာမလိုေတာ့ပဲ အဆင္ေျပပါတယ့္။

    အရင္ဆုံး ထည့္မည့္အိုး ( စဥ့္အိုး အႀကီးက အေကာင္းဆုံး) ထဲကို ဆားက ငါးရဲ႕ သုံးပုံ ပုံ ႏွစ္ပုံ ထည့္ရမယ္ အိုးကို ေနေရာင္ ေကာင္းေကာင္း ရမည့္ေနရာမွာ ထားပါ ေရမဝင္ပါေစနဲ႔ မိုးရာသီ ဆိုရင္ အေပၚက ေရမဝင္ေအာင္ ေသခ်ာ အုပ္ထားပါ ။

    အိုးထဲ မွာ ၆ လ ေလာက္ ႏွပ္ထားရပါမည္ ၆ လေလာက္ၾကာတဲ့ အခါ ထည့္ထားတဲ့ ငါးေတြက ႏူးအိသြားမွာပါ ဒါဆိုငံျပာရည္ စၿပီးလုပ္လို႔ရပါၿပီ။

    အရင္ဆုံးဆားေရ က်ိဳပါ။

    ခြက္စိတ္ဝင္အိုး တစ္လုံးစာအတြက္ေရ (၈) ဂါလံ ကို ဆား၂ပိႆာခြဲနဲ႔ႀကိဳၿပီး ေလာင္းရမွာပါ။

    က်ိဳထားတဲ့ ဆားေရ ဖလားနဲ႔ ငါးခြက္ နဲ႔ ႏူးအိေနတဲ့ ငါးရယ္ဆားရယ္ က သုံးခြက္နဲ႔ စပ္ပါ ၿပီးရင္ ငံျပာရည္ ေတြက်ေစဖို႔ စင္ေလးေဆာက္ပါ။

    (၂ )ေတာင္အျမင့္ရွိတဲ့တိုင္ေလး တိုင္ကို တစ္ေတာင့္ထြာ ခြါၿပီး ေလးေထာင့္က်က် စိုက္ပါ။

    ၿပီးရင္ ၾကက္သြန္အိပ္ အခ်ိန္၂၀ ဝင္ အိပ္ကို (အိပ္ အခြံ)တိုင္ေလးတိုင္မွာ ခိုင္ခိုင္ ခ်ည္ပါ။

    ခ်ည္ထားတဲ့ အိပ္အခြံ ေပၚ ကို သူနဲ႔ အ႐ြယ္တူ ပိတ္ျဖဴ အစ ကိုထပ္ၿပီးခင္းေပးပါ။

    ခင္းထားတဲ့ ပိတ္စအေပၚကို ေစာေစာကစပ္ထားတဲ့ ဟာကို ေလာင္းထည့္ထားပါ ပိတ္စနဲ႔ အိပ္ခြံ ေအာက္မွာက်လာမည့္ ငံျပာေရခံဖို႔ ခြက္ႀကီးႀကီးထားေပးပါ။

    ၿပီးရင္ အင္တုံထဲ ထည့္ ေနလွမ္းပါ။ေနေရာင္ ေကာင္းေကာင္းနဲ႔ ေလးရက္ေလာက္ လွမ္းရင္ ငံျပာရည္ ရၿပီေပါ့။

    Credit to:မူရင္း Nay Linhtun (ဧရာဝတီသား)

    (Unicode)

    “သဘာဝငံပြာရည်စစ်စစ်…ပြုလုပ်နည်း”

    ဧရာဝတီသား ရဲ့ မိသားစု တစ်နှစ်စာနဲ့ လက်ဆောင်ပေးဖို့ သဘာဝစစ်စစ် ရေချိုငံပြာရည်လေးတွေ ဒီနေ့ စ ချပါပြီ လုပ်နည်းလေးပါ မျှဝေပါရစေ။

    ” ရေချို ငံပြာရည်စစ်စစ် လုပ်နည်းလေးပါ။ ”

    ငါးပိ ငါးခြောက် ငံပြာရည် ငါးချဉ် လုပ်နည်းတွေ တင်ပေးပေမဲ့ စိတ်ဝင်စားသူ နည်းပါးကြောင်း တွေ့ရပါတယ် ဒါပေမဲ့ ကျွန်တော် စိတ်မပျက်ပါဘူး ဗဟုသုတ ယူတတ်သူရတာပေါ့

    ငါးခေါင်း ငါးအသေးလေတွေ ငါးအကြီး ဆိုဒ်စုံ လုပ်လို့ရတယ် နေ့စဉ် ဝယ်ယူလာတဲ့ ငါး ပုစွန်တွေထဲက အနည်းငယ်စီ တစ်နေ့နည်းနည်းနဲ့ ထည့်ပေးသွားမယ်ဆိုရင်လည်း သီးခြား ငံပြာရည်လုပ်ဖို့ ဝယ်နေစရာမလိုတော့ပဲ အဆင်ပြေပါတယ့်။

    အရင်ဆုံး ထည့်မည့်အိုး ( စဉ့်အိုး အကြီးက အကောင်းဆုံး) ထဲကို ဆားက ငါးရဲ့ သုံးပုံ ပုံ နှစ်ပုံ ထည့်ရမယ် အိုးကို နေရောင် ကောင်းကောင်း ရမည့်နေရာမှာ ထားပါ ရေမဝင်ပါစေနဲ့ မိုးရာသီ ဆိုရင် အပေါ်က ရေမဝင်အောင် သေချာ အုပ်ထားပါ ။

    အိုးထဲ မှာ ၆ လ လောက် နှပ်ထားရပါမည် ၆ လလောက်ကြာတဲ့ အခါ ထည့်ထားတဲ့ ငါးတွေက နူးအိသွားမှာပါ ဒါဆိုငံပြာရည် စပြီးလုပ်လို့ရပါပြီ။

    အရင်ဆုံးဆားရေ ကျိုပါ။

    ခွက်စိတ်ဝင်အိုး တစ်လုံးစာအတွက် ရေ (၈) ဂါလံ ကို ဆား၂ပိဿာခွဲနဲ့ကြိုပြီး လောင်းရမှာပါ။

    ကျိုထားတဲ့ ဆားရေ ဖလားနဲ့ ငါးခွက် နဲ့ နူးအိနေတဲ့ ငါးရယ်ဆားရယ် က သုံးခွက်နဲ့ စပ်ပါ ပြီးရင် ငံပြာရည် တွေကျစေဖို့ စင်လေးဆောက်ပါ။

    (၂ )တောင်အမြင့်ရှိတဲ့တိုင်လေး တိုင်ကို တစ်တောင့်ထွာ ခွါပြီး လေးထောင့်ကျကျ စိုက်ပါ။

    ပြီးရင် ကြက်သွန်အိပ် အချိန်၂၀ ဝင် အိပ်ကို (အိပ် အခွံ)တိုင်လေးတိုင်မှာ ခိုင်ခိုင် ချည်ပါ။

    ချည်ထားတဲ့ အိပ်အခွံ ပေါ် ကို သူနဲ့ အရွယ်တူ ပိတ်ဖြူ အစ ကိုထပ်ပြီးခင်းပေးပါ။

    ခင်းထားတဲ့ ပိတ်စအပေါ်ကို စောစောကစပ်ထားတဲ့ ဟာကို လောင်းထည့်ထားပါ ပိတ်စနဲ့ အိပ်ခွံ အောက်မှာကျလာမည့် ငံပြာရေခံဖို့ ခွက်ကြီးကြီးထားပေးပါ။

    ပြီးရင် အင်တုံထဲ ထည့် နေလှမ်းပါ။ နေရောင် ကောင်းကောင်းနဲ့ လေးရက်လောက် လှမ်းရင် ငံပြာရည် ရပြီပေါ့။

    Credit to:မူရင်း Nay Linhtun (ဧရာဝတီသား)