သတင္း

ရဟန်းတော်များ ခေါင်းရိတ်ကြရတဲ့ အကြောင်းရင်း ရေရေရာရာသိရအောင် (ဗဟုသုတ)

(Zawgyi)
ရဟန္းေတာ္မ်ား ေခါင္းရိတ္ၾကရတဲ့ အေၾကာင္းရင္း (ဗဟုသုတ)

ရဟန္းေတာ္ေတြ ကိုရင္ေလးေတြ သီလရွင္ေလးေတြ ဘာေၾကာင့္ေခါင္းရိတ္ၾကရတာလဲဆိုတဲ့ အေၾကာင္းေလးကို သိေစခ်င္ပါတယ္။ အဲဒီအေၾကာင္းကို အရွင္နာဂသိန္ေထရ္ေလာင္းလ်ာ သူငယ္ေလးက ေမးလို႔ အရွင္ေရာဟန ေထရ္က ေျဖၾကားထားတဲ့ ဆံပင္မွာ ဗလိေဗာဓေၾကာင့္ၾကဖြယ္ အျပစ္ ၁၆ ပါးရွိတယ္လို႔ဆိုပါတယ္။ အဲဒီ (၁၆) ပါးေသာ အျပစ္ေၾကာင့္ ရဟန္းေတာ္မ်ား၊ ကိုရင္မ်ား၊ သီလရွင္မ်ား ေခါင္းရိတ္ၾကရတာ ျဖစ္ပါတယ္။ အဲဒီအျပစ္ တစ့္ဆယ္ေျခာက္ပါးက ဘာေတြလဲလို႔ဆိုေတာ့

(၁) ဆံပင္ကို တန္ဆာဆင္ရျခင္း။

(၂) ေျပျပစ္ေခ်ာေမြ႕ေအာင္ ျပဳျပင္ရျခင္း(ယခုေခတ္အလို ဆံပင္ေျဖာင့္ျခင္း ေကာက္ျခင္း)။

(၃) ဆီလိမ္းရျခင္း။

(၄) ေခါင္းေလွ်ာ္ရျခင္း။

(၅) ပန္းပန္ရျခင္း။

(၆) ေခါင္းလိမ္းဆီေမႊးသုတ္လိမ္းရျခင္း။

(၇) ေခါင္းေလွ်ာ္ရန္ ကင္ပြန္းသီး၊ ဆီ စသည္တို႔ျဖင့္ (ထုံရ)ႏွဲရျခင္း။

(၈) သဖန္းခါးသီး ရွာရျခင္း။

(၉) သွ်စ္သွ်ားသီး ရွာရျခင္း။

(၁၀) ဆံပင္နက္ေအာင္ ေဆးဆိုးရျခင္း။

(၁၁) ဦးေသွ်ာင္ထုံးရျခင္း။

(၁၂) ဘီးျဖင့္ ၿဖီးရျခင္း။

(၁၃) ျပဳရ၊ျပင္ရျခင္း။

(၁၄) ထုံးၿပီး ဦးေသွ်ာင္ကို အခါအားေလွ်ာ္စြာျပန္ျပင္ရျခင္း။

(၁၅) သန္းရွာျခင္း၊

(၁၆) ဆံပင္ကြၽတ္ခဲ့ေသာ္ ျပတ္ခဲ့ေသာ္ စိုးရိမ္ရျခင္း၊ ပင္ပန္းရျခင္း၊ငိုေႂကြးျမည္တမ္းရျခင္း၊ ရင္ဘတ္စည္တီးရျခင္း ညည္းတြားရျခင္း လြန္စြာေတြေဝရျခင္းတို႔ ျဖစ္ပါတယ္။

ရဟန္းေတာ္မ်ား၊ ကိုရင္မ်ား၊ သီလရွင္မ်ား ဆံပင္မ်ားရွိေနပါက ၾကည္ညိဳဖြယ္မျဖစ္သလို ထိုဆံပင္ေၾကာင့္ အခ်ိန္ပိုကာ အခ်ိန္မ်ားစြာေပးရကာ ပရိယတၱိအလုပ္မ်ားကို ေကာင္းစြာမလုပ္ႏိုင္သလို ပဋိပတ္ဆိုတဲ့ ဝိပႆနာအလုပ္မ်ားကိုလည္း အားေလ်ာ့ေစပါတယ္။ ဒီအျပစ္ေတြေၾကာင့္ သာသနာကိုဝင္ရင္ ေခါင္းရိတ္ၾကရတာ ျဖစ္တယ္ဆိုတဲ့အေၾကာင္း အားလုံးကို သိေစအပ္ပါသည္။

ကိုးကား- မင္းဘူးအရွင္ကၪၥန (ဘာသာေရးျပႆနာအေျဖ)စာအုပ္

အားလုံး ကိုယ္စိတ္ႏွစ္ပါး က်န္းမာခ်မ္းသာၾကပါေစ။

Credit – အရွင္ဝိမလဝံသ (နာလႏၵာတကၠသိုလ္၊ အိႏၵိယႏိုင္ငံ)

(Unicode)
ရဟန်းတော်များ ခေါင်းရိတ်ကြရတဲ့ အကြောင်းရင်း (ဗဟုသုတ)

ရဟန်းတော်တွေ ကိုရင်လေးတွေ သီလရှင်လေးတွေ ဘာကြောင့် ခေါင်းရိတ်ကြရတာလဲဆိုတဲ့ အကြောင်းလေးကို သိစေချင်ပါတယ်။ အဲဒီအကြောင်းကို အရှင်နာဂသိန်ထေရ်လောင်းလျာ သူငယ်လေးက မေးလို့ အရှင်ရောဟန ထေရ်က ဖြေကြားထားတဲ့ ဆံပင်မှာ ဗလိဗောဓကြောင့်ကြဖွယ် အပြစ် ၁၆ ပါးရှိတယ်လို့ဆိုပါတယ်။ အဲဒီ (၁၆) ပါးသော အပြစ်ကြောင့် ရဟန်းတော်များ၊ ကိုရင်များ၊ သီလရှင်များ ခေါင်းရိတ်ကြရတာ ဖြစ်ပါတယ်။ အဲဒီအပြစ် တစ့်ဆယ်ခြောက်ပါးက ဘာတွေလဲလို့ဆိုတော့

(၁) ဆံပင်ကို တန်ဆာဆင်ရခြင်း။

(၂) ပြေပြစ်ချောမွေ့အောင် ပြုပြင်ရခြင်း(ယခုခေတ်အလို ဆံပင်ဖြောင့်ခြင်း ကောက်ခြင်း)။

(၃) ဆီလိမ်းရခြင်း။

(၄) ခေါင်းလျှော်ရခြင်း။

(၅) ပန်းပန်ရခြင်း။

(၆) ခေါင်းလိမ်းဆီမွှေးသုတ်လိမ်းရခြင်း။

(၇) ခေါင်းလျှော်ရန် ကင်ပွန်းသီး၊ ဆီ စသည်တို့ဖြင့် (ထုံရ)နှဲရခြင်း။

(၈) သဖန်းခါးသီး ရှာရခြင်း။

(၉) သျှစ်သျှားသီး ရှာရခြင်း။

(၁၀) ဆံပင်နက်အောင် ဆေးဆိုးရခြင်း။

(၁၁) ဦးသျှောင်ထုံးရခြင်း။

(၁၂) ဘီးဖြင့် ဖြီးရခြင်း။

(၁၃) ပြုရ၊ပြင်ရခြင်း။

(၁၄) ထုံးပြီး ဦးသျှောင်ကို အခါအားလျှော်စွာပြန်ပြင်ရခြင်း။

(၁၅) သန်းရှာခြင်း၊

(၁၆) ဆံပင်ကျွတ်ခဲ့သော် ပြတ်ခဲ့သော် စိုးရိမ်ရခြင်း၊ ပင်ပန်းရခြင်း၊ငိုကြွေးမြည်တမ်းရခြင်း၊ ရင်ဘတ်စည်တီးရခြင်း ညည်းတွားရခြင်း လွန်စွာတွေဝေရခြင်းတို့ ဖြစ်ပါတယ်။

ရဟန်းတော်များ၊ ကိုရင်များ၊ သီလရှင်များ ဆံပင်များရှိနေပါက ကြည်ညိုဖွယ်မဖြစ်သလို ထိုဆံပင်ကြောင့် အချိန်ပိုကာ အချိန်များစွာပေးရကာ ပရိယတ္တိအလုပ်များကို ကောင်းစွာမလုပ်နိုင်သလို ပဋိပတ်ဆိုတဲ့ ဝိပဿနာအလုပ်များကိုလည်း အားလျော့စေပါတယ်။ ဒီအပြစ်တွေကြောင့် သာသနာကိုဝင်ရင် ခေါင်းရိတ်ကြရတာ ဖြစ်တယ်ဆိုတဲ့အကြောင်း အားလုံးကို သိစေအပ်ပါသည်။

ကိုးကား- မင်းဘူးအရှင်ကဉ္စန (ဘာသာရေးပြဿနာအဖြေ)စာအုပ်

အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

Credit – အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်၊ အိန္ဒိယနိုင်ငံ)

Leave a Reply

Your email address will not be published. Required fields are marked *