သတင္း

အသီးတွေ လှီးဖြတ်ထားတာကြာရင် အာဟာရဓာတ်ဆုံးရှုံးနိုင်လား

(Unicode)

အသီးတွေ လှီးဖြတ်ထားတာကြာရင် အာဟာရဓာတ်ဆုံးရှုံးနိုင်လား

=================================

လူတွေက စားလို့မကုန်လို့ ကျန်နေတဲ့ လှီးဖြတ်ပြီးသား အသီးအနှံတွေကို ရေခဲသေတ္တာထဲထည့်ပြီးသိမ်းထားကာ နောက်ရက်တွေမှစားရင် အာဟာရဓာတ်တွေ ဆုံးရှုံးသွားတယ်လို့ ထင်နေကြပါတယ်။

တကယ်တော့ လှီးဖြတ်ပြီးထုပ်ပိုးထားတဲ့ သစ်သီးဝလံများဟာ ဒီတိုင်းထားရင် ထူးပြီး အာဟာရဓာတ်ဆုံးရှုံးမှုမရှိပါဘူးတဲ့။

လေ့လာသူ သုတေသီတွေက ကီဝီသီး၊ စတော်ဘယ်ရီသီး၊ နာနတ်သီးနဲ့ ဖရဲသီး အလုံးလိုက်တွေရဲ့ အာဟာရဓာတ်ပါဝင်မှုကို ဓာတ်ခွဲမှတ်တမ်းတင်ခဲ့ပါတယ်။

ပြီးတော့ အလုံးလိုက်နဲ့ လှီးဖြတ်ပြီးသားများကို ရေခဲသေတ္တာထဲမှာ (၆) ရက်ကြာ ထားခဲ့ပါတယ်။

(၆) ရက်ကြာပြီးနောက် အလုံးလိုက်အသီးတွေက လှီးဖြတ်ပြီးထားတဲ့ အတုံးများထက် လတ်ဆတ်ပုံပေါက်ပေမဲ့ နှစ်မျိုးစလုံးမှာ လျော့နည်းသွားတဲ့ ဗီတာမင်ဓာတ်များရဲ့ ပမာဏကတော့ အတူတူပဲဖြစ်ပါတယ်တဲ့။

လှီးဖြတ်ထားတဲ့ သစ်သီးတုံးတွေက အာဟာရဓာတ်တန်ဖိုး တကယ်မဆုံးရှုံးမီမှာပဲ အမြင်မှာ ပျက်စီးပုံရပါတယ်လို့ ထိုလေ့လာမှုမှာ ဖော်ပြထားပါတယ်။

(Zawgyi)

အသီးေတြ လွီးျဖတ္ထားတာၾကာရင္ အာဟာရဓာတ္ဆုံးရႈံးႏိုင္လား

=================================

လူေတြက စားလို႔မကုန္လို႔ က်န္ေနတဲ့ လွီးျဖတ္ၿပီးသား အသီးအႏွံေတြကို ေရခဲေသတၱာထဲထည့္ၿပီးသိမ္းထားကာ ေနာက္ရက္ေတြမွစားရင္ အာဟာရဓာတ္ေတြ ဆုံးရႈံးသြားတယ္လို႔ ထင္ေနၾကပါတယ္။

တကယ္ေတာ့ လွီးျဖတ္ၿပီးထုပ္ပိုးထားတဲ့ သစ္သီးဝလံမ်ားဟာ ဒီတိုင္းထားရင္ ထူးၿပီး အာဟာရဓာတ္ဆုံးရႈံးမႈမရွိပါဘူးတဲ့။

ေလ့လာသူ သုေတသီေတြက ကီဝီသီး၊ စေတာ္ဘယ္ရီသီး၊ နာနတ္သီးနဲ႔ ဖရဲသီး အလုံးလိုက္ေတြရဲ႕ အာဟာရဓာတ္ပါဝင္မႈကို ဓာတ္ခြဲမွတ္တမ္းတင္ခဲ့ပါတယ္။

ၿပီးေတာ့ အလုံးလိုက္နဲ႔ လွီးျဖတ္ၿပီးသားမ်ားကို ေရခဲေသတၱာထဲမွာ (၆) ရက္ၾကာ ထားခဲ့ပါတယ္။

(၆) ရက္ၾကာၿပီးေနာက္ အလုံးလိုက္အသီးေတြက လွီးျဖတ္ၿပီးထားတဲ့ အတုံးမ်ားထက္ လတ္ဆတ္ပုံေပါက္ေပမဲ့ ႏွစ္မ်ိဳးစလုံးမွာ ေလ်ာ့နည္းသြားတဲ့ ဗီတာမင္ဓာတ္မ်ားရဲ႕ ပမာဏကေတာ့ အတူတူပဲျဖစ္ပါတယ္တဲ့။

လွီးျဖတ္ထားတဲ့ သစ္သီးတုံးေတြက အာဟာရဓာတ္တန္ဖိုး တကယ္မဆုံးရႈံးမီမွာပဲ အျမင္မွာ ပ်က္စီးပုံရပါတယ္လို႔ ထိုေလ့လာမႈမွာ ေဖာ္ျပထားပါတယ္။

Credit Health Digest

Leave a Reply

Your email address will not be published. Required fields are marked *