သတင္း

ဘာေၾကာင့္ ကိုယ္ဝန္ပ်က္က်တာလဲႏွင့္ တလြဲအယူအဆမ်ား

(Zawgyi)
ဘာေၾကာင့္ ကိုယ္ဝန္ပ်က္က်တာလဲႏွင့္ တလြဲအယူအဆမ်ား

ကိုယ္ဝန္ပ်က္က်တာနဲ႔ ပတ္သတ္တဲ့ အမ်ားထင္မွားတတ္ၾကတဲ့ အယူအဆတလြဲေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ စိတ္သိပ္ပူတတ္တဲ့ မိခင္ေလာင္းေလးေတြ ဖတ္ဖို႔ပါ။

– အဝလြန္တာနဲ႔ ကေလးပ်က္က်တာ ဘာမွမဆိုင္ပါဘူး။ ဝဝလွလွ ကိုယ္ဝန္ေဆာင္ေလးေတြ အဲေလာက္ စိတ္မပူပါနဲ႔လို႔။ ဆက္စပ္မႈရွိတယ္ဆိုတဲ့ တိက်တဲ့အေျဖ မရွိေသးပါဘူး။

– တီဗီအၾကည့္မ်ားရင္ တီဗီကထြက္တဲ့ လွ်ပ္စစ္သံလိုက္လႈိင္းေတြေၾကာင့္ ကေလး ပ်က္တတ္တယ္ဆိုတာ မွားပါတယ္။ အဲဒီအတြက္ တိတိက်က် သိပၸံနည္းက် အခ်က္အလက္ မရွိေသးပါဘူး။

– အရင္က ကေလးဖ်က္ခ်ဘူးရင္ အခ်ိန္တန္တဲ့အခါ ကေလးပ်က္တယ္ဆိုတာ မဟုတ္ပါဘူး။ ကေလးဖ်က္ခ်ရာမွာ သုံးတဲ့ ေဆးဝါးေတြဟာ အခ်ိန္တန္တဲ့အခါ အာနိသင္ျပယ္သြားၿပီး ေနာက္ထပ္ ကိုယ္ဝန္အေပၚမွာ ကိုယ္ဝန္ပ်က္က်တာအတြက္ သက္ေရာက္မႈမရွိပါဘူး။

– စိတ္ဖိစီးလို႔ စိတ္ညစ္စရာမ်ားလို႔ သုေတသနေတြ ရွိေပမယ့္လည္း တိတိပပ အေၾကာင္းထုတ္ျပန္ႏိုင္ျခင္း မရွိေသးပါဘူး။ ကိုယ္ဝန္ကို စိတ္ညစ္ရင္ထြက္တဲ့ ေကာ္တီေဇာပမာဏဟာ ဘယ္ေလာက္ ထိခိုက္ေစတယ္ဆိုတာကို မသိရေသးလို႔ပါ။ ဒါေပမဲ့ စိတ္ခ်မ္းသာေနရသူ ကိုယ္ဝန္ေဆာင္ေလးေတြဟာ စိတ္ညစ္ရ၊ စိတ္ဆင္းရဲသူေလးေတြထက္ေတာ့ ပိုက်န္းမာေနတတ္မွာ အေသအခ်ာပါ။

– ကိုယ္ဝန္ေဆာင္ေနတုန္း အက္စပရင္ေသာက္ရင္ ကေလးပ်က္တယ္ဆိုတာ မွားပါတယ္။ ေသြးေရာဂါတစ္ခုမွာ သုံးတဲ့ အက္စပရင္ေဆးဝါးဟာ ကေလးပ်က္တာကိုေတာင္ ကာကြယ္ႏိုင္ပါေသးတယ္။ ကေလးကို တကယ္ထိေစတာက အကိုက္အခဲေပ်ာက္ေဆးေတြသာ ျဖစ္ပါတယ္။

– တားေဆးေတြ ေသာက္လြန္းရင္ ကေလးပ်က္က်တာ မရွိပါဘူး။ လုံးဝမဆိုင္တဲ့ကိစၥပါ။

– တျခားကေလးတစ္ေယာက္ကို ကိုယ္ဝန္ေဆာင္ေနရင္း ကေလးႀကီးကို ႏို႔တိုက္ရင္လည္း ပ်က္မက်ႏိုင္ပါဘူး။

– ေလ့က်င့္ခန္းနဲ႔ ကိုယ္ဝန္ပ်က္က်တာ မသက္ဆိုင္ပါဘူး။ သိပ္ျပင္းျပင္းထန္ထန္ မလုပ္ဖို႔သာ ဂ႐ုထားရမွာပါ။

– ေရေႏြးေႏြးေလးက အေၾကာေျပေစပါတယ္။ အပူခ်ိန္ ၁၀၀ ေအာက္ ေႏြး႐ုံေလးေႏြးတဲ့ ေရေႏြးနဲ႔ ၁၀ မိနစ္ေလာက္ခ်ိဳး႐ုံနဲ႔ ကေလး မပ်က္တတ္ပါဘူး။

– ကိုယ္ဝန္ေဆာင္ေလးေတြ ႏို႔နဲ႔ ႏို႔ထြက္ပစၥည္း စားရင္ ပ်က္က်တတ္တယ္ဆိုတာ မွားပါတယ္။ သန႔္ရွင္းလတ္ဆတ္တဲ့ ႏြားႏို႔၊ ဒိန္ခဲေတြ စားတာက ဘာမွထူးၿပီး အႏၲရာယ္မေပးတတ္ပါဘူး။

– ကိုယ္ဝန္သည္ေလးေတြဟာ ခ်စ္သူ ခင္ပြန္းနဲ႔ အတူေနလို႔ ရပါတယ္။ ဘာမွ မျဖစ္တတ္ပါဘူး။ ကေလးပ်က္က်မွာ မပူပါနဲ႔။ အခ်င္း ေရွ႕ေရာက္ရင္ေတာ့ ေနလို႔မရဘူးေနာ္။

– ပ႐ိုဂ်က္စထ႐ုန္း ခရင္ေတြ လူးေဆးေတြက ကေလး မပ်က္ေအာင္ မကာကြယ္ႏိုင္ပါဘူး။ တိက်တဲ့ သုေတသနအေျဖလည္း မရွိပါဘူး။ သုံးခ်င္တယ္ဆိုရင္ သားဖြားမီးယပ္ဆရာဝန္နဲ႔ တိုင္ပင္ဖို႔ လိုပါတယ္။

– ဖ်ားရင္း ကေလး ပ်က္က်တတ္တယ္။ မွားပါတယ္။ သားအိမ္မွာ ပိုးဝင္တာ အနံ႔ဆိုးတဲ့ အျဖဴဆင္းတာေတြ ဆိုရင္ေတာ့ ကေလးပ်က္က်ႏိုင္ေခ် ရွိေပမယ့္ ႐ိုး႐ိုးႏွာေစး ေခ်ာင္းဆိုး အဖ်ားေလာက္က ကေလးကို ဘာမွမထိခိုက္ေစပါဘူး။

– ကိုယ္ဝန္ေဆာင္ေလးေတြ ဗိုက္ကို ထိခိုက္မိရင္ ကေလး ပ်က္တတ္တယ္။ မ်ားေသာအားျဖင့္ အားမမ်ားရင္ ပ်က္ဖို႔ အလြန္ခဲယဥ္းပါတယ္။ ခိုင္တဲ့ကိုယ္ဝန္က ခိုင္ကို ခိုင္တာပါ။ ျပင္းျပင္းထန္ထန္ ထိခိုက္မိရင္ေတာ့ အခ်င္းကြာတာေတြျဖစ္ႏိုင္ၿပီး ပ်က္က်ႏိုင္ေျခ ရွိပါတယ္။

– အသက္ ၃၅ ေက်ာ္မွ ဗိုက္ႀကီးရင္ ပ်က္က်တတ္တယ္။ အသက္ ၃၂ ေအာက္ ကိုယ္ဝန္ေဆာင္တာ အေကာင္းဆုံးေပမယ့္ ၃၅ ႏွစ္ေက်ာ္ ကိုယ္ဝန္ေဆာင္ၿပီး က်န္းက်န္းမာမာ ေမြးဖြားလာသူေတြ တစ္ပုံႀကီးပါ။ ဂ႐ုတစိုက္ ေစာင့္ေရွာက္မႈေပးဖို႔သာ လိုပါတယ္။

ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)

(Unicode)
ဘာကြောင့် ကိုယ်ဝန်ပျက်ကျတာလဲနှင့် တလွဲအယူအဆများ

ကိုယ်ဝန်ပျက်ကျတာနဲ့ ပတ်သတ်တဲ့ အများထင်မှားတတ်ကြတဲ့ အယူအဆတလွဲတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ စိတ်သိပ်ပူတတ်တဲ့ မိခင်လောင်းလေးတွေ ဖတ်ဖို့ပါ။

– အဝလွန်တာနဲ့ ကလေးပျက်ကျတာ ဘာမှမဆိုင်ပါဘူး။ ဝဝလှလှ ကိုယ်ဝန်ဆောင်လေးတွေ အဲလောက် စိတ်မပူပါနဲ့လို့။ ဆက်စပ်မှုရှိတယ်ဆိုတဲ့ တိကျတဲ့အဖြေ မရှိသေးပါဘူး။

– တီဗီအကြည့်များရင် တီဗီကထွက်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကြောင့် ကလေး ပျက်တတ်တယ်ဆိုတာ မှားပါတယ်။ အဲဒီအတွက် တိတိကျကျ သိပ္ပံနည်းကျ အချက်အလက် မရှိသေးပါဘူး။

– အရင်က ကလေးဖျက်ချဘူးရင် အချိန်တန်တဲ့အခါ ကလေးပျက်တယ်ဆိုတာ မဟုတ်ပါဘူး။ ကလေးဖျက်ချရာမှာ သုံးတဲ့ ဆေးဝါးတွေဟာ အချိန်တန်တဲ့အခါ အာနိသင်ပြယ်သွားပြီး နောက်ထပ် ကိုယ်ဝန်အပေါ်မှာ ကိုယ်ဝန်ပျက်ကျတာအတွက် သက်ရောက်မှုမရှိပါဘူး။

– စိတ်ဖိစီးလို့ စိတ်ညစ်စရာများလို့ သုတေသနတွေ ရှိပေမယ့်လည်း တိတိပပ အကြောင်းထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။ ကိုယ်ဝန်ကို စိတ်ညစ်ရင်ထွက်တဲ့ ကော်တီဇောပမာဏဟာ ဘယ်လောက် ထိခိုက်စေတယ်ဆိုတာကို မသိရသေးလို့ပါ။ ဒါပေမဲ့ စိတ်ချမ်းသာနေရသူ ကိုယ်ဝန်ဆောင်လေးတွေဟာ စိတ်ညစ်ရ၊ စိတ်ဆင်းရဲသူလေးတွေထက်တော့ ပိုကျန်းမာနေတတ်မှာ အသေအချာပါ။

– ကိုယ်ဝန်ဆောင်နေတုန်း အက်စပရင်သောက်ရင် ကလေးပျက်တယ်ဆိုတာ မှားပါတယ်။ သွေးရောဂါတစ်ခုမှာ သုံးတဲ့ အက်စပရင်ဆေးဝါးဟာ ကလေးပျက်တာကိုတောင် ကာကွယ်နိုင်ပါသေးတယ်။ ကလေးကို တကယ်ထိစေတာက အကိုက်အခဲပျောက်ဆေးတွေသာ ဖြစ်ပါတယ်။

– တားဆေးတွေ သောက်လွန်းရင် ကလေးပျက်ကျတာ မရှိပါဘူး။ လုံးဝမဆိုင်တဲ့ကိစ္စပါ။

– တခြားကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်နေရင်း ကလေးကြီးကို နို့တိုက်ရင်လည်း ပျက်မကျနိုင်ပါဘူး။

– လေ့ကျင့်ခန်းနဲ့ ကိုယ်ဝန်ပျက်ကျတာ မသက်ဆိုင်ပါဘူး။ သိပ်ပြင်းပြင်းထန်ထန် မလုပ်ဖို့သာ ဂရုထားရမှာပါ။

– ရေနွေးနွေးလေးက အကြောပြေစေပါတယ်။ အပူချိန် ၁၀၀ အောက် နွေးရုံလေးနွေးတဲ့ ရေနွေးနဲ့ ၁၀ မိနစ်လောက်ချိုးရုံနဲ့ ကလေး မပျက်တတ်ပါဘူး။

– ကိုယ်ဝန်ဆောင်လေးတွေ နို့နဲ့ နို့ထွက်ပစ္စည်း စားရင် ပျက်ကျတတ်တယ်ဆိုတာ မှားပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ နွားနို့၊ ဒိန်ခဲတွေ စားတာက ဘာမှထူးပြီး အန္တရာယ်မပေးတတ်ပါဘူး။

– ကိုယ်ဝန်သည်လေးတွေဟာ ချစ်သူ ခင်ပွန်းနဲ့ အတူနေလို့ ရပါတယ်။ ဘာမှ မဖြစ်တတ်ပါဘူး။ ကလေးပျက်ကျမှာ မပူပါနဲ့။ အချင်း ရှေ့ရောက်ရင်တော့ နေလို့မရဘူးနော်။

– ပရိုဂျက်စထရုန်း ခရင်တွေ လူးဆေးတွေက ကလေး မပျက်အောင် မကာကွယ်နိုင်ပါဘူး။ တိကျတဲ့ သုတေသနအဖြေလည်း မရှိပါဘူး။ သုံးချင်တယ်ဆိုရင် သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

– ဖျားရင်း ကလေး ပျက်ကျတတ်တယ်။ မှားပါတယ်။ သားအိမ်မှာ ပိုးဝင်တာ အနံ့ဆိုးတဲ့ အဖြူဆင်းတာတွေ ဆိုရင်တော့ ကလေးပျက်ကျနိုင်ချေ ရှိပေမယ့် ရိုးရိုးနှာစေး ချောင်းဆိုး အဖျားလောက်က ကလေးကို ဘာမှမထိခိုက်စေပါဘူး။

– ကိုယ်ဝန်ဆောင်လေးတွေ ဗိုက်ကို ထိခိုက်မိရင် ကလေး ပျက်တတ်တယ်။ များသောအားဖြင့် အားမများရင် ပျက်ဖို့ အလွန်ခဲယဉ်းပါတယ်။ ခိုင်တဲ့ကိုယ်ဝန်က ခိုင်ကို ခိုင်တာပါ။ ပြင်းပြင်းထန်ထန် ထိခိုက်မိရင်တော့ အချင်းကွာတာတွေဖြစ်နိုင်ပြီး ပျက်ကျနိုင်ခြေ ရှိပါတယ်။

– အသက် ၃၅ ကျော်မှ ဗိုက်ကြီးရင် ပျက်ကျတတ်တယ်။ အသက် ၃၂ အောက် ကိုယ်ဝန်ဆောင်တာ အကောင်းဆုံးပေမယ့် ၃၅ နှစ်ကျော် ကိုယ်ဝန်ဆောင်ပြီး ကျန်းကျန်းမာမာ မွေးဖွားလာသူတွေ တစ်ပုံကြီးပါ။ ဂရုတစိုက် စောင့်ရှောက်မှုပေးဖို့သာ လိုပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Leave a Reply

Your email address will not be published. Required fields are marked *