သတင္း

ေလျဖတ္ျခင္းအတြက္ ေရွးဦးကုသမႈ

(Zawgyi)
ေလျဖတ္ျခင္းအတြက္ ေရွးဦးကုသမႈ

အေရးေပၚကုသနည္းမ်ား

– မ်က္ႏွာ၊ လက္ (သို႔)ေျခေထာက္မ်ား ထုံက်င္ျခင္း၊ အထူးသျဖင့္ ခႏၶာကိုယ္တစ္ျခမ္း လႈပ္ရွားလို႔ မရေတာ့ျခင္း၊

– စကားကိုသဲကြဲစြာ မေျပာႏိုင္ျခင္း၊ ကေယာင္ေခ်ာက္ခ်ား မေရမရာစကားမ်ားေျပာေနျခင္း၊

– အျမင္အာ႐ုံထိခိုက္ျခင္း၊

– အားအင္ခ်ိနဲ႔၍ လမ္းမေလွ်ာက္ႏိုင္ျခင္း၊ မူးေဝျခင္း (သို႔) ခႏၶာကိုယ္ကို မထိန္းႏိုင္ေတာ့ျခင္း၊

– ႐ုတ္တရက္စိတ္ရႈပ္ေထြးျခင္း

– အလြန္အမင္း ေခါင္းကိုက္လာျခင္းစတဲ့လကၡဏာေတြဟာ အေရးေပၚအေျခအေနျဖစ္တာေၾကာင့္ ဆရာဝန္ႏွင့္ခ်က္ခ်င္းျပသသင့္ပါတယ္။

၁။ ပထမဆံုး ေရာဂါလကၡဏာျဖစ္ပြားတဲ့အခ်ိန္ကို မွတ္သားထားပါ။

အထက္ပါေရာဂါလကၡဏာေတြ စတင္ခံစားရတဲ့အခ်ိန္ တိတိက်က်ကို ဆရာဝန္အားေျပာျပပါ။

– ေလျဖတ္ၿပီး ၄ နာရီခြဲအတြင္း ကုသမႈခံယူႏိုင္ဖို႔အေရးႀကီးပါတယ္။ ဒါမွသာ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားကို ေလ်ာ့ခ်ႏိုင္မွာျဖစ္ပါတယ္။

– ဆီးခ်ိဳေရာဂါသည္ျဖစ္ပါက ေသြးတြင္းရွိ သၾကားပမာဏကို စစ္ေဆးပါ။ သၾကားဓာတ္ပမာဏ နည္းေနပါက glucose tablet ေဆးျပားတိုက္၍ေသာ္လည္းေကာင္း၊ လိေမၼာ္ရည္ကဲ့သို႔ေသာ သၾကားဓာတ္ပါဝင္တဲ့ ေဖ်ာ္ရည္ကို လူနာအားတိုက္ေကြၽးပါ။ လူနာက အရည္မေသာက္ႏိုင္သည့္ အေနအထားတြင္ ရွိပါက ဂလူးကာဂြန္ (Glu-cagon) ထိုးေဆးအသုံးျပဳႏိုင္ပါတယ္။

၂။ လိုအပ္ရင္ CPR လုပ္ပါ။

အသက္ရွဴ ရပ္သြားတယ္ဆိုရင္ လူနာကိုမာတဲ့ၾကမ္းျပင္မွာ ပက္လက္အိပ္ေစၿပီး ရင္ဘတ္ဖိနည္း CPR ျပဳလုပ္ေပးရပါမယ္။ လူႀကီးဆိုလွ်င္ မိမိ၏ လက္ဝါးႏွစ္ဖက္ကိုထပ္ၿပီး ရင္အုံႏွစ္ဖက္၏ အလယ္၊ ရင္ၫြန႔္႐ိုး အေပၚမွာတင္ပါ။ ကေလးငယ္ဆိုလွ်င္ ရင္ၫႊန႔္႐ိုးေပၚကို လက္ႏွစ္ေခ်ာင္းတင္ၿပီး ဖိေပးရပါမယ္။ မိမိ၏လက္ႏွစ္ဘက္ကို ဆန႔္တန္းထားၿပီး ကိုယ္အေလးခ်ိန္ကို မိမိလက္ႏွစ္ဖက္အေပၚသို႔ ေျပာင္းေ႐ႊ႕ကာ လက္ဝါးျဖင့္ ရင္ဘတ္ကို ၂ လက္မေလာက္ထိ နိမ့္သြားေအာင္ ဖိေပးရပါမယ္။ နံ႐ိုးေပၚကို မဖိမိေအာင္ ဂ႐ုစိုက္ရပါမယ္။ ႏို႔စို႔အ႐ြယ္ကေလးေတြကိုေတာ့ ၁ လက္မေလာက္သာ နိမ့္သြားေအာင္ ဖိေပးရပါမယ္။

ႏွစ္လက္မခန႔္ က်သြားေအာင္ဖိၿပီးပါက လက္ကို လုံးဝႂကြလိုက္ရပါမယ္။ တစ္မိနစ္လွ်င္ အႀကိမ္ ၁၀၀ ႏႈန္းနဲ႔ ရင္ဘတ္ကိုအႀကိမ္ ၃၀ ဖိေပးရပါမယ္။ တစ္ႀကိမ္နဲ႔တစ္ႀကိမ္ၾကား ရင္ဘတ္မို႔လာတဲ့အခ်ိန္ကို ခဏေစာင့္ေပးရပါမယ္။ အသက္ရွဴၿပီလားဆိုတာကိုလည္း အၿမဲသတိထားၾကည့္ရပါမယ္။ အသက္မရွဴလာမခ်င္း CPR ျပဳလုပ္ေပးပါ။

CPR ျပဳလုပ္တာနဲ႔ပတ္သက္ၿပီး ကြၽမ္းက်င္သူဆိုရင္ေတာ့လူနာ၏ေခါင္းကို ေမာ့ေပးျခင္း၊ ေမးေစ့ကို အေပၚသို႔ ပင့္ေပးျခင္းျဖင့္ အသက္ရွဴလမ္းေၾကာင္းကို ပြင့္ေအာင္လုပ္ေပးရပါမယ္။ ႏွာေခါင္းကို လက္နဲ႔ ညႇစ္ထားၿပီး လူနာနဲ႔ ပါးစပ္ခ်င္းေတ့ကာ ေလႏွစ္ခါမႈတ္သြင္းေပးၿပီး ရင္ဘတ္ကိုအႀကိမ္ ၃၀ ဖိေပးရပါမယ္။ ထိုသို႔ ရင္ဘတ္ကို အႀကိမ္ ၃၀ ဖိေပးျခင္း၊ ေလႏွစ္ခါမႈတ္ေပးျခင္းတို႔ကို အသက္မရွဴမခ်င္း ျပဳလုပ္ေပးရပါမယ္။

၃။ စမ္းသပ္ကုသမႈမ်ားကို ဆက္လက္ေဆာင္႐ြက္ပါ။

– ေဆး႐ုံတြင္ ဆရာဝန္က ေလျဖတ္ျခင္းဟာ ဦးေႏွာက္ထဲတြင္ ေသြးခဲေနျခင္းေၾကာင့္လား (သို႔) ေသြးယိုေနမႈေၾကာင့္လားဆိုတာကို စစ္ေဆးေပးမွာျဖစ္ပါတယ္။စစ္ေဆးျခင္းတြင္ MRI (သို႔) CT scan လုပ္ျခင္းတို႔ ပါဝင္ပါတယ္။

– ထို႔ေနာက္ ေရာဂါအေျခအေနေပၚမူတည္၍ ေသာက္ေဆးေပးျခင္း၊ လူနာ၏ ေနထိုင္စားေသာက္ပုံ ေျပာင္းလဲေပးျခင္း၊ လိုအပ္လွ်င္ ခြဲစိတ္ကုသေပးျခင္းတို႔ကို ဆက္လက္ေဆာင္႐ြက္ေပးသြားမွာ ျဖစ္ပါတယ္။

Credit – drmyanmar.com

(Unicode)
လေဖြတ်ခြင်းအတွက် ရှေးဦးကုသမှု

အရေးပေါ်ကုသနည်းများ

– မျက်နှာ၊ လက် (သို့)ခြေထောက်များ ထုံကျင်ခြင်း၊ အထူးသဖြင့် ခန္ဓာကိုယ်တစ်ခြမ်း လှုပ်ရှားလို့ မရတော့ခြင်း၊

– စကားကိုသဲကွဲစွာ မပြောနိုင်ခြင်း၊ ကယောင်ချောက်ချား မရေမရာစကားများပြောနေခြင်း၊

– အမြင်အာရုံထိခိုက်ခြင်း၊

– အားအင်ချိနဲ့၍ လမ်းမလျှောက်နိုင်ခြင်း၊ မူးဝေခြင်း (သို့) ခန္ဓာကိုယ်ကို မထိန်းနိုင်တော့ခြင်း၊

– ရုတ်တရက်စိတ်ရှုပ်ထွေးခြင်း

– အလွန်အမင်း ခေါင်းကိုက်လာခြင်းစတဲ့လက္ခဏာတွေဟာ အရေးပေါ်အခြေအနေဖြစ်တာကြောင့် ဆရာဝန်နှင့်ချက်ချင်းပြသသင့်ပါတယ်။

၁။ ပထမဆုံး ရောဂါလက္ခဏာဖြစ်ပွားတဲ့အချိန်ကို မှတ်သားထားပါ။

အထက်ပါရောဂါလက္ခဏာတွေ စတင်ခံစားရတဲ့အချိန် တိတိကျကျကို ဆရာဝန်အားပြောပြပါ။

– လေဖြတ်ပြီး ၄ နာရီခွဲအတွင်း ကုသမှုခံယူနိုင်ဖို့အရေးကြီးပါတယ်။ ဒါမှသာ နောက်ဆက်တွဲဆိုးကျိုးများကို လျော့ချနိုင်မှာဖြစ်ပါတယ်။

– ဆီးချိုရောဂါသည်ဖြစ်ပါက သွေးတွင်းရှိ သကြားပမာဏကို စစ်ဆေးပါ။ သကြားဓာတ်ပမာဏ နည်းနေပါက glucose tablet ဆေးပြားတိုက်၍သော်လည်းကောင်း၊ လိမ္မော်ရည်ကဲ့သို့သော သကြားဓာတ်ပါဝင်တဲ့ ဖျော်ရည်ကို လူနာအားတိုက်ကျွေးပါ။ လူနာက အရည်မသောက်နိုင်သည့် အနေအထားတွင် ရှိပါက ဂလူးကာဂွန် (Glu-cagon) ထိုးဆေးအသုံးပြုနိုင်ပါတယ်။

၂။ လိုအပ်ရင် CPR လုပ်ပါ။

အသက်ရှူ ရပ်သွားတယ်ဆိုရင် လူနာကိုမာတဲ့ကြမ်းပြင်မှာ ပက်လက်အိပ်စေပြီး ရင်ဘတ်ဖိနည်း CPR ပြုလုပ်ပေးရပါမယ်။ လူကြီးဆိုလျှင် မိမိ၏ လက်ဝါးနှစ်ဖက်ကိုထပ်ပြီး ရင်အုံနှစ်ဖက်၏ အလယ်၊ ရင်ညွန့်ရိုး အပေါ်မှာတင်ပါ။ ကလေးငယ်ဆိုလျှင် ရင်ညွှန့်ရိုးပေါ်ကို လက်နှစ်ချောင်းတင်ပြီး ဖိပေးရပါမယ်။ မိမိ၏လက်နှစ်ဘက်ကို ဆန့်တန်းထားပြီး ကိုယ်အလေးချိန်ကို မိမိလက်နှစ်ဖက်အပေါ်သို့ ပြောင်းရွှေ့ကာ လက်ဝါးဖြင့် ရင်ဘတ်ကို ၂ လက်မလောက်ထိ နိမ့်သွားအောင် ဖိပေးရပါမယ်။ နံရိုးပေါ်ကို မဖိမိအောင် ဂရုစိုက်ရပါမယ်။ နို့စို့အရွယ်ကလေးတွေကိုတော့ ၁ လက်မလောက်သာ နိမ့်သွားအောင် ဖိပေးရပါမယ်။

နှစ်လက်မခန့် ကျသွားအောင်ဖိပြီးပါက လက်ကို လုံးဝကြွလိုက်ရပါမယ်။ တစ်မိနစ်လျှင် အကြိမ် ၁၀၀ နှုန်းနဲ့ ရင်ဘတ်ကိုအကြိမ် ၃၀ ဖိပေးရပါမယ်။ တစ်ကြိမ်နဲ့တစ်ကြိမ်ကြား ရင်ဘတ်မို့လာတဲ့အချိန်ကို ခဏစောင့်ပေးရပါမယ်။ အသက်ရှူပြီလားဆိုတာကိုလည်း အမြဲသတိထားကြည့်ရပါမယ်။ အသက်မရှူလာမချင်း CPR ပြုလုပ်ပေးပါ။

CPR ပြုလုပ်တာနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူဆိုရင်တော့လူနာ၏ခေါင်းကို မော့ပေးခြင်း၊ မေးစေ့ကို အပေါ်သို့ ပင့်ပေးခြင်းဖြင့် အသက်ရှူလမ်းကြောင်းကို ပွင့်အောင်လုပ်ပေးရပါမယ်။ နှာခေါင်းကို လက်နဲ့ ညှစ်ထားပြီး လူနာနဲ့ ပါးစပ်ချင်းတေ့ကာ လေနှစ်ခါမှုတ်သွင်းပေးပြီး ရင်ဘတ်ကိုအကြိမ် ၃၀ ဖိပေးရပါမယ်။ ထိုသို့ ရင်ဘတ်ကို အကြိမ် ၃၀ ဖိပေးခြင်း၊ လေနှစ်ခါမှုတ်ပေးခြင်းတို့ကို အသက်မရှူမချင်း ပြုလုပ်ပေးရပါမယ်။

၃။ စမ်းသပ်ကုသမှုများကို ဆက်လက်ဆောင်ရွက်ပါ။

– ဆေးရုံတွင် ဆရာဝန်က လေဖြတ်ခြင်းဟာ ဦးနှောက်ထဲတွင် သွေးခဲနေခြင်းကြောင့်လား (သို့) သွေးယိုနေမှုကြောင့်လားဆိုတာကို စစ်ဆေးပေးမှာဖြစ်ပါတယ်။စစ်ဆေးခြင်းတွင် MRI (သို့) CT scan လုပ်ခြင်းတို့ ပါဝင်ပါတယ်။

– ထို့နောက် ရောဂါအခြေအနေပေါ်မူတည်၍ သောက်ဆေးပေးခြင်း၊ လူနာ၏ နေထိုင်စားသောက်ပုံ ပြောင်းလဲပေးခြင်း၊ လိုအပ်လျှင် ခွဲစိတ်ကုသပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

Credit – drmyanmar.com

Leave a Reply

Your email address will not be published. Required fields are marked *