သတင္း

လည္ပင္းႀကီးေရာဂါ သက္သာေစသည့္ ျမန္မာေဆးျမီးတို

(Zawgyi)
လည္ပင္းႀကီးေရာဂါ သက္သာေစသည့္ ျမန္မာေဆးျမီးတို

တျဖည္းျဖည္း ႀကီးလာတာ ၅ ႏွစ္ ရွိၿပီဟု ေျပာပါသည္။ မႏၲေလးၿမိဳ႕ စိန္ပန္းရပ္မွ ျဖစ္ပါသည္။ အဂၤလိပ္ေဆးလည္း ေန႔စဥ္ စားေနပါသည္။ လက္လုပ္လက္စားျဖစ္၍ စစ္ကိုင္း သီတဂူေဆး႐ုံသို႔ သြားျပသည္။ ေပးသည့္ေဆးကို ေန႔စဥ္တစ္ႀကိမ္ စားရသည္ဟု ဆိုသည္။ ေဆးကလည္း ေဈးမႀကီးပါ။ စားခဲ့တာ တစ္ႏွစ္ေက်ာ္။ သိပ္လည္းမထူးျခား အနည္းငယ္ ပိုႀကီးလာသည္ ထင္သည္ဟု ဆိုသည္။

အဘယ့္ေၾကာင့္ တိုင္းရင္းေဆးခန္း လာျပရသလဲ ေမးၾကည့္ေသာအခါ ဆရာ့ေဆးခန္းက ေဆးနဲ႔ေပ်ာက္သြားတဲ့ အေဒၚႀကီး တစ္ေယာက္နဲ႔ ေတြ႕ခဲ့လို႔ဟုေျပာသည္။ ဆရာက လည္ပင္းႀကီး မကုဖူးပါဟု ေျပာသည္။ ေပ်ာက္သူအေဒၚႀကီးက ကိုယ္တိုင္ေျပာသည္။ စစ္ကိုင္းနယ္ဖက္မွ ျဖစ္သည္။ ဒူးနာ၍ မႏၲေလး ဘုန္းႀကီးေက်ာင္း တစ္ေက်ာင္းတြင္ တည္းကုရန္ အမ်ိဳးဘုန္းႀကီးက ေခၚကုေပးျခင္း ျဖစ္သည္။

ဆရာ့ထံတြင္ ကုသရင္း ေရာဂါမွာ ဒူးနာျဖစ္ေသာ္လည္း ေတာ႐ြာမ်ားတြင္ ျဖစ္ေလ့ရွိၿပီး ကုသေလ့မရွိၾကေသာ လည္ပင္းႀကီး ျဖစ္ေနသည္ကို ဆရာကေတြ႕သျဖင့္ ေပ်ာက္လိုေပ်ာက္ျငား လိမ္းၾကည့္ပါဟု ေဆးျမစ္ကေလး ေပးလိုက္ပါသည္။

က်ားမႏိုင္ ေဆးျမစ္ဟုေခၚပါသည္။ လည္ပင္းတြင္လိမ္းရာ သက္သာၿပီး အသက္ရွဴေကာင္းလာသျဖင့္ ေရရွည္ေန႔စဥ္ လိမ္းပါသည္။ ေ႐ႊစာရံဘုရားပြဲတြင္ ဆရာေပးလိုက္သည့္ ေဆးျမစ္မ်ိဳး ေရာင္းသည္ကို ေတြ႕သျဖင့္ မ်ားမ်ားဝယ္ထားၿပီး ဆက္လိမ္းပါသည္။ အကုန္အစင္ ေပ်ာက္သြားၿပီဟု မဆိုႏိုင္ေသာ္လည္း သူ႔လည္ပင္းမွာ ၾကည့္ေပ်ာ္ရႈေပ်ာ္ အေနအထားသို႔ ေရာက္လာေၾကာင္း ေျပာျပ၍ လာျပသည္ဟု ေျပာပါသည္။

က်ားမႏိုင္သည္ ႏြယ္ပင္ႀကီး ျဖစ္ပါသည္။ ထက္ပိုင္းျဖတ္လိုက္ေသာအခါ ထိပ္တြင္ က်ားေျခရာကဲ့သို႔ ပုံပါသျဖင့္ က်ားမႏိုင္ ေဆးႏြယ္ျမစ္ဟု ေခၚျခင္းျဖစ္သည္။

ေ႐ႊစာရံဘုရားပြဲတြင္ ေတာထြက္ ေတာင္ထြက္ ေဆးပင္ ေဆးျမစ္ ေရာင္းခ်သူမ်ားက ႐ိုးရာေဆးအသုံးအျဖစ္ မ်က္စိနာလွ်င္ ေသြးကြင္းႏိုင္သည္။ ဝက္ၿခံဖုမ်ား ေပ်ာက္သည္။ အပူဖု အက်ိတ္မ်ား ေၾကသည္။ အေအး ေဆးျမစ္ျဖစ္သည္ အပူမေလာင္ပါ။ အေရာင္က်ေစသည္ သက္တံ့နာကိုပင္ ႏိုင္သည္။ အျပင္ထြက္သည့္ လိပ္ေခါင္းကိုပင္ ေသြးလိမ္းလွ်င္ ေပ်ာက္သည္ဟု ေျပာေရာင္းၾကသည္ကို ေတြ႕ရပါသည္။

အေနာက္တိုင္းေဆးႏွင့္ပင္ တစ္သက္လုံး ေဆးစားရမည့္ လည္ပင္းႀကီး ေရာဂါအတြက္ တန္ဘိုးမႀကီးေသာ ႐ိုးရာ ေဆးနည္းတိုျဖင့္ မေပ်ာက္သည့္တိုင္ သက္သာၿပီး ၾကည့္ေပ်ာ္ရႈေပ်ာ္ ျဖစ္သြားသည္ဆိုလွ်င္ တင္ျပရသည့္အတြက္ ကုသိုလ္ရမည္ ထင္ပါသည္။

Credit – ၾကည္လြင္ျမင့္(မုျဒာ)

(Unicode)
တဖြည်းဖြည်း ကြီးလာတာ ၅ နှစ် ရှိပြီဟု ပြောပါသည်။ မန္တလေးမြို့ စိန်ပန်းရပ်မှ ဖြစ်ပါသည်။ အင်္ဂလိပ်ဆေးလည်း နေ့စဉ် စားနေပါသည်။ လက်လုပ်လက်စားဖြစ်၍ စစ်ကိုင်း သီတဂူဆေးရုံသို့ သွားပြသည်။ ပေးသည့်ဆေးကို နေ့စဉ်တစ်ကြိမ် စားရသည်ဟု ဆိုသည်။ ဆေးကလည်း ဈေးမကြီးပါ။ စားခဲ့တာ တစ်နှစ်ကျော်။ သိပ်လည်းမထူးခြား အနည်းငယ် ပိုကြီးလာသည် ထင်သည်ဟု ဆိုသည်။

အဘယ့်ကြောင့် တိုင်းရင်းဆေးခန်း လာပြရသလဲ မေးကြည့်သောအခါ ဆရာ့ဆေးခန်းက ဆေးနဲ့ပျောက်သွားတဲ့ အဒေါ်ကြီး တစ်ယောက်နဲ့ တွေ့ခဲ့လို့ဟုပြောသည်။ ဆရာက လည်ပင်းကြီး မကုဖူးပါဟု ပြောသည်။ ပျောက်သူအဒေါ်ကြီးက ကိုယ်တိုင်ပြောသည်။ စစ်ကိုင်းနယ်ဖက်မှ ဖြစ်သည်။ ဒူးနာ၍ မန္တလေး ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် တည်းကုရန် အမျိုးဘုန်းကြီးက ခေါ်ကုပေးခြင်း ဖြစ်သည်။

ဆရာ့ထံတွင် ကုသရင်း ရောဂါမှာ ဒူးနာဖြစ်သော်လည်း တောရွာများတွင် ဖြစ်လေ့ရှိပြီး ကုသလေ့မရှိကြသော လည်ပင်းကြီး ဖြစ်နေသည်ကို ဆရာကတွေ့သဖြင့် ပျောက်လိုပျောက်ငြား လိမ်းကြည့်ပါဟု ဆေးမြစ်ကလေး ပေးလိုက်ပါသည်။

ကျားမနိုင် ဆေးမြစ်ဟုခေါ်ပါသည်။ လည်ပင်းတွင်လိမ်းရာ သက်သာပြီး အသက်ရှူကောင်းလာသဖြင့် ရေရှည်နေ့စဉ် လိမ်းပါသည်။ ရွှေစာရံဘုရားပွဲတွင် ဆရာပေးလိုက်သည့် ဆေးမြစ်မျိုး ရောင်းသည်ကို တွေ့သဖြင့် များများဝယ်ထားပြီး ဆက်လိမ်းပါသည်။ အကုန်အစင် ပျောက်သွားပြီဟု မဆိုနိုင်သော်လည်း သူ့လည်ပင်းမှာ ကြည့်ပျော်ရှုပျော် အနေအထားသို့ ရောက်လာကြောင်း ပြောပြ၍ လာပြသည်ဟု ပြောပါသည်။

ကျားမနိုင်သည် နွယ်ပင်ကြီး ဖြစ်ပါသည်။ ထက်ပိုင်းဖြတ်လိုက်သောအခါ ထိပ်တွင် ကျားခြေရာကဲ့သို့ ပုံပါသဖြင့် ကျားမနိုင် ဆေးနွယ်မြစ်ဟု ခေါ်ခြင်းဖြစ်သည်။

ရွှေစာရံဘုရားပွဲတွင် တောထွက် တောင်ထွက် ဆေးပင် ဆေးမြစ် ရောင်းချသူများက ရိုးရာဆေးအသုံးအဖြစ် မျက်စိနာလျှင် သွေးကွင်းနိုင်သည်။ ဝက်ခြံဖုများ ပျောက်သည်။ အပူဖု အကျိတ်များ ကြေသည်။ အအေး ဆေးမြစ်ဖြစ်သည် အပူမလောင်ပါ။အရောင်ကျစေသည် သက်တံ့နာကိုပင် နိုင်သည်။ အပြင်ထွက်သည့် လိပ်ခေါင်းကိုပင် သွေးလိမ်းလျှင် ပျောက်သည်ဟု ပြောရောင်းကြသည်ကို တွေ့ရပါသည်။

အနောက်တိုင်းဆေးနှင့်ပင် တစ်သက်လုံး ဆေးစားရမည့် လည်ပင်းကြီး ရောဂါအတွက် တန်ဘိုးမကြီးသော ရိုးရာ ဆေးနည်းတိုဖြင့် မပျောက်သည့်တိုင် သက်သာပြီး ကြည့်ပျော်ရှုပျော် ဖြစ်သွားသည်ဆိုလျှင် တင်ပြရသည့်အတွက် ကုသိုလ်ရမည် ထင်ပါသည်။

Credit – ကြည်လွင်မြင့်(မုဒြာ)

Leave a Reply

Your email address will not be published. Required fields are marked *