Category: ပေတ

ပေတ ဗဟုတုသ

မဖဲဝါစီးတဲ့ကျား

မဖဲဝါစီးတဲ့ကျား (တာတေ – စ/ဆုံး) ခင်များတို့ကို ကျုပ်မပြောဘူးတဲ့ အကြောင်းတစ်ခုတော့ပြောရဦးမယ်ဗျာ။ ကျုပ်ဆရာတော် ဦးဂုဏအကြောင်းကတော့ မကြာမကြာပြောနေကျဆိုတော့ ခင်ဗျားသိနေလောက်ပြီပေါ့ဗျာ။ ဆရာတော်က ကျုပ်ဆိုရင် လွှတ်အားကိုးတာဗျ။ ဘာကိစ္စလေးရှိရှိ တာတေ့ကိုခေါ်နေကျဗျ။ တာတေဆိုတဲ့ ကျုပ်ကလည်း ရွာတော်တော်များများကို ဆရာတော်နဲ့လိုက်ဖူးသွားဖူးနေတာဗျ။ အလှူတို့ ကထိန်တို့လေဗျာ။ကုန်ကုန်ပြောရရင် အကျွတ်အလွတ်ပွဲတို့၊ ဘေးမဲ့ပွဲတို့တောင် ဆရာတော်က ကျုပ်ကိုခေါ်တာဗျ။ ကျုပ်က အလုပ်ရှိရင်သာ ဆရာတော်ကိုလျှောက်ပြီးနေခဲ့ရတာ။ ခင်ဗျားကိုကျုပ်ပြောမယ်ဆိုတာက တခြားမဟုတ်ဘူးဗျ။ ကျုပ်ဆရာတော် ဦးဂုဏက အဂ္ဂိရတ်ပညာအားကြီးဝါသနာပါတာ။ အဂ္ဂိရတ်ဆိုတာ ဖိုထိုးတာကို ပြောတာလေဗျာ။ ဆရာတော်ရဲ့ဖိုရုံထဲမှာ တာတေဖိုဆွဲနေကျပေါ့ဗျာ။ တစ်ခါတစ်ခါတော့လည်း ဆရာတော်က ဓါတ်ကြီးထိုးတယ်ဗျ။ တခါတခါတော့လည်း ရိက္ခါလမ်းကြောင်းထိုးတယ်ဗျ။ ဓါတ်ကြီးဆိုတာကတော့ ဆရာတော်တို့ အခေါ်အရ ပြောတာပေါ့ဗျာ။ဓါတ်လုံးထိုးတာကိုခေါ်တာဗျ။သံလုံးတို့၊ပြဒါးလုံးတို့၊ကြေးလုံးတို့ပေါ့ဗျာ။ကျုပ်ဆရာတော်က သံလုံးထိုးတာဗျ။ဆရာတော်ဆီမှာ သံလုံးလေးတစ်လုံးရှိတယ်။အရောင်က နီနီရဲရဲကလေးဗျ။ဓါတ်လုံးဆိုပေမဲ့ ဆရာတော် ဓါတ်လုံးက လုံးဝန်းနေတာမဟုတ်ဘူး။ခပ်ပြားပြားလေး ဖြစ်နေတာ။ […]

Back To Top