မဖဲဝါစီးတဲ့ကျား

မဖဲဝါစီးတဲ့ကျား

မဖဲဝါစီးတဲ့ကျား (တာတေ – စ/ဆုံး)

ခင်များတို့ကို ကျုပ်မပြောဘူးတဲ့ အကြောင်းတစ်ခုတော့ပြောရဦးမယ်ဗျာ။ ကျုပ်ဆရာတော် ဦးဂုဏအကြောင်းကတော့ မကြာမကြာပြောနေကျဆိုတော့ ခင်ဗျားသိနေလောက်ပြီပေါ့ဗျာ။ ဆရာတော်က ကျုပ်ဆိုရင် လွှတ်အားကိုးတာဗျ။ ဘာကိစ္စလေးရှိရှိ တာတေ့ကိုခေါ်နေကျဗျ။ တာတေဆိုတဲ့ ကျုပ်ကလည်း ရွာတော်တော်များများကို ဆရာတော်နဲ့လိုက်ဖူးသွားဖူးနေတာဗျ။ အလှူတို့ ကထိန်တို့လေဗျာ။ကုန်ကုန်ပြောရရင် အကျွတ်အလွတ်ပွဲတို့၊ ဘေးမဲ့ပွဲတို့တောင် ဆရာတော်က ကျုပ်ကိုခေါ်တာဗျ။ ကျုပ်က အလုပ်ရှိရင်သာ ဆရာတော်ကိုလျှောက်ပြီးနေခဲ့ရတာ။

ခင်ဗျားကိုကျုပ်ပြောမယ်ဆိုတာက တခြားမဟုတ်ဘူးဗျ။ ကျုပ်ဆရာတော် ဦးဂုဏက အဂ္ဂိရတ်ပညာအားကြီးဝါသနာပါတာ။ အဂ္ဂိရတ်ဆိုတာ ဖိုထိုးတာကို ပြောတာလေဗျာ။ ဆရာတော်ရဲ့ဖိုရုံထဲမှာ တာတေဖိုဆွဲနေကျပေါ့ဗျာ။ တစ်ခါတစ်ခါတော့လည်း ဆရာတော်က ဓါတ်ကြီးထိုးတယ်ဗျ။ တခါတခါတော့လည်း ရိက္ခါလမ်းကြောင်းထိုးတယ်ဗျ။ ဓါတ်ကြီးဆိုတာကတော့ ဆရာတော်တို့ အခေါ်အရ ပြောတာပေါ့ဗျာ။ဓါတ်လုံးထိုးတာကိုခေါ်တာဗျ။သံလုံးတို့၊ပြဒါးလုံးတို့၊ကြေးလုံးတို့ပေါ့ဗျာ။ကျုပ်ဆရာတော်က သံလုံးထိုးတာဗျ။ဆရာတော်ဆီမှာ သံလုံးလေးတစ်လုံးရှိတယ်။အရောင်က နီနီရဲရဲကလေးဗျ။ဓါတ်လုံးဆိုပေမဲ့ ဆရာတော် ဓါတ်လုံးက လုံးဝန်းနေတာမဟုတ်ဘူး။ခပ်ပြားပြားလေး ဖြစ်နေတာ။

“တာတေ ဒါ သံသေလုံးကွ၊မြင်ဖူးအောင်ကြည့်ထား၊ပြဒါးသေရင် ကြွားသတဲ့။သံသေရင်ပြားသတဲ့ကွ၊ဒါကြောင့် ငါ့ဓါတ်လုံးက ပြားပြားကလေး ဖြစ်နေတာ “

ဆရာတော်ဓါတ်လုံးကို ကျုပ်လက်နဲ့ကိုင်ရတာမဟုတ်ဘူးဗျ၊ ကြည့်ရုံပဲကြည့်ရတာ။ ရိက္ခါလမ်းဆိုတာကတော့ ရွှေဖြစ် ငွေဖြစ်ထိုးတာပေါ့ဗျာ၊ ဆရာတော်ဖိုရုံထဲမှာက ဖားဖိုကြီးနှစ်လုံးရှိတယ်။ တစ်လုံးက ဆရာတော်ဓါတ်ကြီးထိုးတာ နောက်တစ်လုံးက ဆရာတော်ရိက္ခါလမ်းထိုးတာဗျ။ ဖားဖိုကြီးနှစ်လုံးစလုံးက သုံးထပ်ဖိုတွေဗျ။ သုံးထပ်ဖိုဆိုတာက ပျဉ်ချပ်ဝိုင်းကြီးလေးချပ်နဲ့ လုပ်ထားတာဗျ။ လေအောင်းတဲ့ အခန်းသုံးခန်းရှိတာကို ပြောတာဗျာ။

“တာတေ ဆေးဖုတ်ဖို့ ထင်းနည်းနေပြီကွ” လို့ဆရာတော်က ကျုပ်ကိုမိန့်တာနဲ့ ကျုပ်က လှည်းကောက်ပြီး တောထဲဝင် ထင်းခုတ်တော့တာလေဗျာ။ ပုဗ္ဗာရုံကျောင်းဝင်းကြီးရဲ့ ရာဟုထောင့်မှာ မြေကျင်းတစ်ခုတူးထားတယ်ဗျ။ အဲ့ဒီဘက်မှာက ဘာကျောင်းမှမရှိဘူး၊မြေကွက်လပ်ကြီးလေဗျာ။ အဲ့ဒီမြေကျင်းထဲမှာ ဆရာတော်က နဘဲအိုးတစ်လုံးမြှုပ်ထားတယ်။ နဘဲအိုးဆိုတာ သောက်ရေအိုးကိုပြောတာဗျ။ အဲဒီထဲမှာ သွပ်ရယ်၊ ဒုတ္ထာရယ်၊ ဟင်းရိုင်းရယ်ထည့်ပြီး အပေါ်ကမဖောက်ထုံးအုပ်ထားတာ။ အဲ့ဒီအိုးမြှုပ်ထားတဲ့ မြေကျင်းထဲမှာ ထင်းချောင်းကို မပြတ်ထည့်ပြီး မီးရှို့ထားတာဗျ။ ကျုပ်တို့ရွာသားတွေက တောထဲသွားတိုင်း ထင်းချောင်းတွေခုတ်လာပြီး ဆရာတော်ကို ဆေးဖုတ်ဖို့ ပုံပေးထားကြတာ။ ထင်းပုံကြီးမှဟီးထနေတာဗျို့။ အဲ့ဒီကျင်းထဲက အိုးကို မီးမပြတ်အောင် လေး/ငါးလဖုတ်တာ။ ဆရာတော်က ဆေးဖုတ်တယ်လို့သာပြောတာပါဗျာ။ အချိန်တန်ရင် အဲ့ဒီနဘဲအိုးကိုဖော်ပြီးအထဲက နီနီရဲရဲအမှုန့်တွေကို ဖိုခန်းထဲမှာလုံနဲ့ထည့်ပြီး ထိုးတော့တာဗျ။ ကျုပ်မကြာမကြာ ထိုးပေးရတာပေါ့ဗျာ။ လုံခွဲတဲ့အချိန်ကျရင်တော့ ဆရာတော်က သူကိုယ်တိုင်ခွဲတာဗျ။ကျုပ်လဲ မကြည့်ရဘူး။

“တာတေ ဒီပညာနဲ့ ငါ့ကိုယ်ကျို းမသုံးမစွဲပါဘူးကွာ မရှိဆင်းရဲသားအတွက် ငါလုပ်တာပါ”

ဟုတ်တော့ ဟုတ်သားဗျ၊ ကျုပ်တို့တို့ရွာမှာ ကျောင်းမနေနိုင်သူတွေကို ဆရာတော်က ထားပေးတယ်။ ကုန်ကုန်ပြောရင် ကောလိပ်တွေဘာတွေအထိ ဆရာတော်က ထောက်ပံ့ပြီးထားပေးတာဗျ။ ကျုပ်ဆရာတော်က ရွှေဖြစ်တယ်ဆိုတာ ရွာထဲကလူတွေ တီးတိုးပြောလို့ကျုပ်ကြားဖူးပါတယ်။ ဟုတ်/မဟုတ်ဆိုတာတော့ ကျုပ်သေသေချာချာ မသိရပါဘူးဗျာ။ ဒါပေမဲ့ အဲဒီပညာကို ဆရာတော်က သင်ပေးတယ်ဆိုတာတော့မကြားမိပါဘူးဗျာ။ ကျုပ်ကိုလည်း တစ်ခါမှ လုပ်ပြတာမျိုး မရှိပါဘူး။ လုံခွဲကာနီးပြီဆိုရင်

“ထားခဲ့တော့ တာတေ ရပြီ ရပြီ” လို့ပြောပြီး ကျုပ်ကိုပြန်လွှတ်ပြီးမှ ဆရာတော်တစ်ပါးတည်းခွဲတာဗျ။ ဘယ်သူမှ ကြည့်ရတာမဟုတ်ဘူး။ ကျုပ်ရော ကျုပ်တို့ရွာသားတွေရော လွှတ်စည်းရှိတာဗျ။ ကျုပ်တို့ဆရာတော်က မမေးစေချင်ရင် ဘယ်သူမှမမေးကြဘူးဗျ။ မကြည့်စေချင်ရင်လည်း ဘယ်သူမှမကြည့်ကြပါဘူးဗျာ။ ဒီနေ့လည်း ဆရာတော်ခေါ်ခိုင်းလို့ လိုက်သွားပြီး ဖိုဆွဲပေးရတယ်။ တစ်လုံးကို မီးသွေးငါးအုပ်လောက်နဲ့ သုံးလုံးထိုးပေးရတယ်။ မီးကတော့ မီးပြင်းဗျ။ ဆရာတော်ပြောတာတော့ ဒဟတေဇောဆိုပဲ။ ကျုပ်ကတော့ ဒါတွေဘယ်သိမှာတုန်း။ ဆရာတော်က….

“ဟဲ့ တာတေ၊ ပြင်းပြင်းဆွဲ၊ မနားနဲ့” လို့ပြောရင် မနားတမ်းခပ်ပြင်းပြင်းဆွဲတာပေါ့ဗျာ။

“ရွီး၊ ရွီး ရွီး ရွီး” ဆိုတဲ့ ဖားဖိုကြီး မြည်တဲ့အသံကို ပြတ်မသွားအောင်ထိုးတာဗျ။ မီးထဲက လုံကို ရဲရဲတောက်နေတော့တာပေါ့ဗျာ။ ဆရာတော့်ကျောင်းကနေ အိမ်ပြန်ရောက်တော့ အမေတည်ထားတဲ့ ရေနွေးကြမ်းပူပူကလေးနဲ့ ထန်းလျက်ခဲလေးစားရင်း ချွေးတိတ်အောင် နားလို့ပေါ့ဗျာ။ မိုးလေးက ဖွဲဖွဲကလေး ရွာလိုက်သေးဗျ။မိုးတွင်းလေဗျာ။ ကျုပ်တို့အညာမိုးတွင်းဆိုတာက အောက်ပြည်လို အုန်းအုန်းဒိုင်းဒိုင်း ရွာတာမျိုးမဟုတ်ဘူးဗျ။ ခပ်ဖွဲဖွဲပဲရွာတာ။ နေရတာတော့ အိုက်စပ်စပ်ကြီးပေါ့ဗျာ။

“တာတေ ရေလေးဘာလေး ချိုးဦးမှာလား၊ ချိုးမှာဆိုလည်းချိုးဟဲ့၊ ပြီးရင် ထမင်းစားဖို့ ဒီမှာ နင့်အဘက ဗိုက်ဆာနေလို့တဲ့”

“အမေ ဘာဟင်းကောင်းများချက်လို့တုန်း”

“ဟင် ဟုတ်လား အမေ ဝက်သားဘယ်ကရလို့တုန်း”

“မြောက်ပိုင်းက ထွန်းပွင်းလာပို့တာနဲ့ ယူထားလိုက်တာ”

ဟင်းကကျုပ်အကြိုက်ကိုဗျ။ ဝက်သားနဲ့ ပုန်းရည်ကြီးဆိုကတည်းက ကျုပ်က ဗိုက်ဆာသွားတာဗျို့။

“မချိုးတော့ဘူးဗျ အမေရ ဆရာတော့်ကို ဖိုဆွဲပေးခဲ့တာ မီးနားကပ်လာတော့ ချက်ချင်းချိုးလို့မကောင်းဘူး”

“အေး ဒါဆိုလည်း စားပွဲခုံခင်းတော့ ထမင်းခူးမယ်” ကျုပ်ဖြင့် ထမင်းဝိုင်းမှာ ဆာဆာနဲ့ကြိတ်လိုက်တာ နည်းပါဘူးဗျာ၊ အဘကလည်း ကျုပ်လိုပဲ ဝက်သားနဲ့ပုန်းရည်ကြီး လွှတ်ကြိုက်တာဗျ။ ထမင်းစားပြီးတော့ နဂါးဆေးပေါ့လိပ်ကလေး မီးညှိလေးနဲ့ငါးဖွာ ဖွာလိုက်တော့ မျက်စိက စဉ်းလာရောဗျာ။ အိမ်ရှေ့ဖိနပ်ချွတ်မှာ ချွတ်ထားတဲ့ တန်းလျားရှည်လေးမှာ ဝါးပိုးချမ်းလေး ခေါင်းအုံးပြီး ကျုပ်မှေးလိုက်တယ်။ ကျုပ်ဖြင့်မှေးကနဲ အိပ်ပျော်ရုံရှိသေးသဗျ။

“တာတေရေ…တာတေ”

ကျုပ်လန့်နိုးသွားတယ်။ ခေါင်းထောင်ပြီး ဝိုင်းဝကိုကြည့်လိုက်တော့ ငွေတွင်းကုန်းက ကိုအောင်ဘကျော်ဗျ။ လူက မည်းမည်းတုတ်တုတ်ကြီး။ သူ့ကိုငွေတွင်းကုန်းသားတွေက အောင်ဗလကျော်လို့ ခေါ်ကြတာ။ ဖျင်ကြမ်းအင်္ကျီဖြူ လက်တိုဝတ်လို့၊ ခေါင်းမှာ ထန်းဖလက်ခမောက်တစ်လုံးဆောင်းတယ်။ လက်မှာတော့ နွားနှင်တံတုတ်ကို ကိုင်ထားတယ်ဗျ။ ကိုအောင်ဘကျော်နဲ့ ကျုပ် သိပေမဲ့ အခုလိုအိမ်တွေဘာတွေ တစ်ခါမှမလာဖူးပါဘူး၊ ကိုအောင်ဘကျော်က ကျုပ်ထက်တော့ ငါးနှစ်ခြောက်နှစ်လောက်ကြီးတယ်ဗျ။ ပြီးတော့ဒီလူက လူပျိုဗျ။ အိမ်ထောင်ရက်သားရှိတာမဟုတ်ဘူး။ ငွေတွင်းကုန်းမှာ ကိုအောင်ဘကျော်က ကာလသားခေါင်းလေ။ ကျုပ်တို့အညာအခေါ်တော့ မြောက်ခေါင်းခေါ်တာပေါ့ဗျာ။ ငွေတွင်းကုန်းရောက်ရင် မြောက်ခေါင်းအောင်ဘကျော်လို့ မေးရင် လူတိုင်းသိသပေါ့ဗျာ။

“ဟာ ကိုအောင်ဘကျော်ကြီး လာဗျို့.. လာ” ကျုပ်လှမ်းခေါ်လိုက်တော့ ဝိုင်းထဲကို ခေါင်းကြီးငိုက်ငိုက်နဲ့ ဝင်လာတယ်ဗျ။ ကိုဘကျော် အိမ်ပေါ်ရောက်တာနဲ့ ကျုပ်က “လာဗျ ကိုအောင်ဘကျော်ကြီး၊ ထိုင်” ပြောပြောဆိုဆိုနဲ့ ကျုပ်က ရေနွေးကြမ်းငှဲ့ပေးတယ်။ လက်ဖက်အစ်ကလေးလည်း ရှေ့တိုးပေးပြီး နဂါးဆေးပေါ့လိပ်တစ်လိပ်မီးညှိပြီး ကိုအောင်ဘကျော်ကို ကမ်းပေးလိုက်တယ်။

“ကဲ ကိုအောင်ဘကျော် အကြမ်းသောက်ဗျာ၊ လက်ဖက်လည်းစား၊ ဘယ်ကနေရောက်လာတာတုန်း၊ လက်ထဲမလည်းနွားနှင်တံကြီးနဲ့ဆိုတော့ လှည်းပါလာတယ်ထင်တယ်” “မင်းဆီကို သက်သက်လာတာကွ တာတေရ။ လှည်းပါတယ် အရှေ့ပိုင်းက ဘထွေးကြည်သောင်းတို့ဝိုင်းမှာဖြုတ်ထားခဲ့တယ်။ မင်းအိမ်တောင် မသိလို့ ဘထွေးကြည်သောင်းကို မေးပြီးလာရတာ ပြောရင်းနဲ့ ကိုအောင်ဘကျော်ကြီးက နဂါးဆေးပေါ့လိပ်ကလေးဖွာနေတယ်။

“ကိုအောင်ဘကျော် လက်ဖက်လည်းစားဗျာ ၊ နို့ ထမင်းရော စားခဲ့ပြီလား၊ မစားရသေးရင် ဒီမှာစားဗျာ”

“ဟာ စားပြီးပီ၊ စားပြီးပီ။ စားပြီးပီ ထွက်လာတာ”

” နို့… ကိုအောင်ဘကျော် ကိစ္စအထူးများရှိသလားဗျ”

ကျုပ်ကမေးလိုက်တော့ ဆေးလိပ်မီးခိုးကို နှာခေါင်းထဲက မှုတ်ထုတ်ရင်း ပြောတယ်။

“ကိစ္စမှ ထူးလိုက်ပါဘိ တာတေရာ”

“ဟင် ဘယ်လိုကိစ္စများတုန်းဗျ”

“ငါတို့ငွေတွင်းကုန်းမှာ ကျားတစ်ကောင်ရောက်နေလို့ကွ”

“ဘာ ကျား ……..ဟုတ်လား၊ ကိုကြီးဘကျော်”

“ဟုတ်ပ တာတေရာ၊ ကျားကွ၊ ကျားမှအနက်ကြီးဗျာ”

“ဟာ ခင်ဗျားတို့ရွာထဲကို ဝင်ရောလား”

“မဝင်ဘူးကွ၊ ရွာပြင်ကပဲပတ်ပြီးသွားနေတာ၊ ကျားဟိန်းသံကြီးကတော့ ငါတို့ ငွေတွင်းကုန်းတစ်ရွာလုံးကို လွှမ်းနေတာကွ၊ ပြီးတော့ ညသန်းခေါင်ကျော်မှ ကျားကလာတာ၊ ခုထိတော့ရွာထဲကို မဝင်သေးဘူးကွ၊ ရွာခရိုးအပြင်ကပဲ သွားနေတာ”

“ဘယ်လိုတုန်းဗျာ၊ ထူးဆန်းလှချည်လား၊ ကျုပ်တို့ဘက်တွေမှာ ဘယ်တုန်းက ကျားရှိဖူးလို့တုန်းဗျ၊ နို့ ကျားအနက်ဆိုတာကကော ဘယ်နှယ့်သိတာတုန်း”

“ဟာ… တာတေကလည်း ငါနဲ့ကာလသားတွေ ညဘက်သစ်ပင်ကြီးတွေပေါ်ကနေ တက်ပြီးကြည့်တာလေကွာ၊ အနက်မှမှောင်နေအောင်ကို နက်တာကွ။ အကောင်ကလည်း နည်းနည်းနောနောကြီးမဟုတ်ဘူးကွ၊ ငါ့စိတ်ထင်တော့ ကိုးတောင်ကျားမကဘူးထင်တယ်၊ ဆယ့်နှစ်တောင်လောက်များ ရှိနေမလားပဲကွ” ကျုပ်က ကိုအောင်ဘကျော်ပြောတာကိုနားထောင်ရင်း တွေးနေမိတာဗျ။

“ကိုအောင်ဘကျော် ကျုပ်တော့ ကျားနက်ရှိမှန်းတောင် မသိဘူးဗျ။ ကျုပ်ကြားဖူးတာ ကျားသစ်နက်ပဲ ကြားဖူးတာ”

“ဟာ… ကျားသစ်မဟုတ်ဘူး တာတေ၊ ကျားမှကျားအစစ်ကွ၊ ဟိန်းလိုက်တာမှ ဝုန်းကနဲ ဝုန်းကနဲ နေတာကွ၊ ညရောက်ရင် ငါတို့ရွာသားတွေ တံခါးတွေပိတ်ပြီး အိမ်ထဲမှာငြိမ်နေကြတာ။ ရွာလမ်းထဲမှာ လူကိုမရှိတော့တာကွ၊ ခွေးတွေဆိုလည်း အမြီးတွေကုပ်ပြီး ငြိမ်နေကြတာကွ၊ တင်းကုတ်ထဲက နွားတွေဆိုလဲ လှုပ်တောင်မလှုပ်ရဲဘူး၊ နှာမှုတ်သံ တဖူးဖူးပဲကြားရတယ်”

“ကျုပ်ကြားဖူးတာတော့ ဘင်္ဂလားကျား ဆိုတာတွေက ကိုးတောင် ဆယ်တောင်ရှိဆိုပဲဗျ၊ အခု ကိုဘကျော်ပြောသလိုဆိုရင် ဘင်္ဂလားကျားကြီးလားမှ မသိတာ၊ တောထဲတောင်ထဲသွားလာရင်း နယ်ကျွံလာတာဖစ်မှာပေါ့ဗျာ”

“ဟာ နယ်ကျွံလာရင် တခြားကိုသွားရောပေါ့ကွ၊ အခုဟာက ညတိုင်းသန်းခေါင်းကျော်ရင် ရောက်လာပြီး တဝုန်းဝုန်းနဲ့ ဟိန်းပြီး ရွာကို တစ်ပတ်ပြီးတစ်ပတ်ပတ်နေတာကွ”

“နို့ ခုဆိုရင် ဘယ်နှညရှိပြီတုန်း”

“ညကပါနဲ့ဆိုရင် လေးညတောင်ရှိပြီကွ”

“ဟင်……လေးညတောင်ရှိပြီဟုတ်လား၊ ဒါဆိုရင်တော့ ခရီးလွန်လာတဲ့ကျား ဟုတ်ဟန်မတူဘူးဗျ”

ကျုပ်လည်းတွေးနေမိတာပေါ့ဗျာ။

“နေပါဦး တာတေရ… ထူးခြားတာတစ်ခုလည်း မင်းကိုပြောရဦးမယ် “

“ဟင် ဘာတုန်း ကိုအောင်ဘကျော်”

“ငါတို့ ငွေတွင်းကုန်းက သင်္ချိုင်းကုန်းဇရပ်ထဲမှာ လူတစ်ယောက် ရောက်နေတယ်ကွ၊ နှုတ်ခမ်းမွေးကြီးကားကားနဲ့၊ သျှောင်တစောင်းကြီး ထုံးလို့ကွ၊ လွယ်အိတ်စုတ်ကြီး တစ်လုံးလည်း လွယ်ထားသေးတယ်၊ ရွာက နွားကျောင်းတဲ့ ကောင်လေးတွေပြောလို့ ငါမယောင်မလည်နဲ့ သွားကြည့်တာ၊ အဲဒီလူရွာသချိုင်းကို ရောက်လာပြီး နောက်နေ့မှာပဲ ဒီကျားကိစ္စပေါ်လာတာကွ”

“ရွာထဲမှာရော ဘာထူးခြားမှုရှိတုန်းဗျ”

ကိုအောင်ဘကျော်က မျက်မှောင်ကြီးကြုတ်ပြီးပြောတယ်

“ရွာထဲမှာတော့ ဘာမှမထူးခြားဘူးကွ တာတေရ”

” ကိုအောင်ဘကျော် ကျုပ်ဆီကိုလာတာ ဒီကိစ္စပြော ပြချင်လို့လား”

“ဟာ ပြောချင်လို့မဟုတ်ဘူးကွ၊ မင်းကို ခေါ်ချင်လို့ ငွေတွင်းကုန်းက လူငယ်တွေအားလုံးက မင်းကိုသွားခေါ်ပေးပါ်ဆိုလို့ ငါလာခဲ့တာကွ”
“အင်းခက်တော့ ခက်သားလားကိုအောင်ကကျော်ရဲ့၊ ကျုပ်ကလည်း ဆရာမဟုတ်ဘူးလေဗျာ၊ သရဲလေး တစ္ဆေလေးလောက်သာ လုပ်ဖူးတာဗျ၊ အခုလို ကျားနက်တွေ ဘာတွေကတာ့ ကျုပ်လည်း နားမလည်ဘူး ကိုအောင်ဘကျော်ရဲ့”

ကျုပ်တွေပြီးစဉ်းစားတယ်၊ ဒါဘာဖြစ်နိုင်သလဲဆိုတာ၊ ကျားနက်ကြီး ညသန်းခေါ်ကျော်ရင် ပုံမှန်ရောက်လာပြီး ရွာကိုပတ်ပြီး တဝုန်းဝုန်းနဲ့ ဟိန်းနေတာ၊ ကျားက ဆယ့်နှစ်တောင်လောက်တောင်ရှိမယ်ဆိုပဲ။ တွေးသာတွေးရတာပါဗျာ။ ဒါမျိုးကျုပ်တစ်ခါမှ ကြုံဖူးတာမဟုတ်ဘူးဗျ။ ရွာပြင်သုဿန်ထဲက သျှောင်ထုံးနဲ့နှုတ်ခမ်းမွေးကားကားကြီးနဲ့လူရောက်လာမှ ဒီကျားရောက်လာတာဆိုတော့ ဒီလူကရော ဘာတုန်း။ ကျားနတ်ကြီးနဲ့ ဒီလူနဲ့က ဘယ်လိုပတ်သက်နေတုန်း၊ ဘယ်လိုပဲတွေးတွေး အဖြေကတော့ မပေါ်ဘူးဗျာ။ ဘာပဲဖြစ်ဖြစ် ကျုပ်ငွေတွင်းကုန်း လိုက်သွားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အမေနဲ့အဘကို အကျိုးအကြောင်းပြောပြီး အဝတ်အပိုတစ်စုံယူတယ်။ ပြီးတော့ ကျုပ်ရဲ့ ဆေးလွယ်အိတ်၊ သစ်စုန်းဆေးတော်၊ မျက်ကွင်းဆေး ဘာမှမကျန်အောင် ကျုပ်ယူလာခဲ့တယ်။ ထနောင်းကုန်းကနေ နာရီပြန်နှစ်ချက်တီးလောက်ထွက်ခဲ့တယ်။ ကိုအောင်ဘကျော်က ကျုပ်တို့နယ်တကြောမှာ လှည်းမောင်းချန်ပီယံဗျ။ လှည်းမောင်းပြိုင်ပွဲမှာ မကြာမကြာဆုရခဲ့တဲ့လူ။ ခုမှပဲ ကိုအောင်ဘကျော်မောင်းတဲ့လှည်းကိုကျုပ်က စီးဖူးတာဗျ။ လှည်းမောင်းတဲ့နေရာမှာတော့ လွှတ်တော်တဲ့လူပါဗျ။ နွားငေါက်သံတောင် သိပ်မကြားရဘူး။ ပြေးလိုက်တဲံနွားတွေဗျာ။ သူ့နွားကြီးတွေကလည်း တကယ့်နွားကောင်းတွေဗျာ။ နွားဖီးကြီးတွေ။ အဖြူတစ်ကောင် အနီတစ်ကောင်ဗျ။ ညနေ ငါးနာရီလောက်ကျတော့ ငွေတွင်းကုန်းသင်္ချိုင်းကို ရောက်ပြီဗျ။

“တာတေ၊ ငါ ဇရပ်နားကဖြတ်မောင်းရမှာ၊ ဇရပ်ပေါ်က ဟိုလူကို မင်း မသိမသာ အကဲခတ်ကြည့်ကွ”

ကိုအောင်ဘကျော်က လှည်းကို သင်္ချိုင်းဇရပ်နဲ့ မနီးမဝေးက ဖြတ်မောင်းတယ်။ ကျုပ်က ဟိုကြည့်သလို၊ ဒီကြည့်သလိုနဲ့ သင်္ချိုင်းကုန်းထဲက ဇရပ်ပေါ်ကို ကြည့်တယ်။ ဟောတွေ့ပြီ။ သျှောင်တစောင်းနဲ့ နှုတ်ခမ်းမွေးကား ကားကြီးဗျ။ တစ်ခုခုကို တွေးနေတာဗျို့
ကျုပ်ကြည့်နေတာတောင် ဒီလူ မသိဘူး။ ကျုပ်တို့ သင်္ချိုင်းဇရပ်ကို ကျော်လာတော့မှ ကိုအောင်ဘကျော်က ကျုပ်ကိုမေးတယ်။

“ဘယ်လိုလဲတာတေ ၊ ဒီလူပုံစံက မရိုးဘူးထင်တယ်နော်’’

“ ဟုတ်တယ်ဗျ ကိုအောင်ဘကျော်ရဲ့၊ ကျုပ်အတွေ့အကြုံအရ ပြောရရင်တော့ ဒီလူဟာ ကဝေလား၊ အောက်လမ်းလားပဲဗျ၊ ခင်ဗျားပြောတဲ့ ကျားနက်ကြီးနဲ့ ဒီလူနဲ့ဟာ တစ်နည်းနည်းတော့ ပတ်သက်မှုရှိနေမှာ အမှန်ပဲဗျ’’

“ ဒီလူရောက်လာပြီးမှ ဒီကျားနက်ကြီးပေါ်လာတာကွ၊ ညတိုင်း ရွာကိုပတ်ပြီးဟိန်းနေတာ၊ ညရောက်ရင်မင်းတွေ့ရမှာပါကွ’’

“ ခင်ဗျားကျား ဒီညလာပါစေလို့ပဲ ဆုတောင်းရတော့မှာပါဗျာ’’

“ ဟာလာမှာပေါ့ တာတေရဲ့ ညတိုင်းလာနေတာ၊ လေးညဆက်တိုက်ရှိနေပြီပဲကွ’’

“ ဟာ……..တာတေပါလာပြီဟေ့ ’’

တစ်ယောက်ကအော်ပြောလိုက်တာနဲ့ တစ်ယောက်ပြီးတစ်ယောက်ရောက်လာတာဗျ။ ကျုပ်နဲ့ ကိုအောင်ဘကျော်လည်း ကာလသားဆယ့်လေးငါးယောက်နဲ့အတူ သွားရတော့တာပေါ့ဗျာ။ ကိုအောင်ဘကျော်တို့ဝိုင်းကြီးက ကျယ်သားဗျ၊ မကျည်းပင်၊ တမာပင်တွေနဲ့ အုံ့အုံ့ဆိုင်းဆိုင်းလေးဗျ’’ ကျုပ်တို့အားလုံး ကျွန်းလှေကားကြီးကနေ အိမ်ကြီးပေါ်ကိုတက်ခဲ့တယ်။

“ လာဟေ့ မောင်တာတေ ၊ ငါတို့လည်း မင်းကိုတွေ့ချင်လို့ စောင့်နေတာကွ”

ငွေတွင်းကုန်းက လူကြီးတွေလေးငါးယောက် ကျုပ်ထိုင်ပြီးစောင့်နေကြတာဗျ၊ ဒီထဲမှာ ကိုအောင်ဘကျော်ရဲ့ အဘလည်းပါမယ်ဗျ၊ ကျုပ်က သူ့အဘကို မြင်ဖူးတာမဟုတ်ဘူး

“ လာ… တာတေ ထိုင်ကွ၊ ဟောဒါ ငါ့အဘ၊ ဦးစိန်မြ၊ ဟောဒါငါ့အမေ ဒေါ်လုံးကြည် ”

ကျုပ်က ပြုံးပြီးနှုတ်ဆက်ရတယ်။

“ ဟောဒီဘက်က ဘိုးမောင်ဖြူ၊ ဒါက ဘိုးထွန်းညို၊ ဒါက ဘိုးအောင်ရင်၊ ဒါက ဘိုးစိန်ခိုကွ ” ကျုပ်က အားလုံးကို ပြုံးပြီးနှုတ်ဆက်ရတာပေါ့ဗျာ။ “ တာတေ ရော့…. မင်းက နဂါးပဲ သောက်တာ ” ဆိုပြီး ကိုအောင်ဘကျော်က ကျုပ်ကို နဂါးဆေးပေါ့လိပ် တစ်လိပ်နဲ့ ဓနုဖြူ ဒေါ်ရီ မီးခတ်ကမ်းပေးတယ်။ ကျုပ်လည်း မီးခတ် ခတ်ပြီး ဆေးလိပ်ဖွာလိုက်တယ်၊ အမောကိုပြေသွားတာဗျို့။

“အကျိုးကြောင်းတွေ မောင်တာတေ သိပြီးရောပေါ့ ဘယ်လိုများဖြစ်နိုင်လဲ တွေးလို့ရလားကွဲ့”

“ ကျုပ်လဲတစ်လမ်းလုံးတွေးလာတာ၊ ကျုပ်ဆရာကြီးနှစ်ယောက်နဲ့ လိုက်ခဲ့တုန်းကတော့ တစ်ခါမြင်ခဲ့ဖူးတယ်ဗျ”

“ဟေ … ဘာများတုန်း မောင်တာတေရဲ့”

“နာနာရုပ်အတက်ဆိုတာ ရှိတယ် ဘိုးရဲ့ ရုပ်ပြောင်းရုပ်လွဲအတက်ပေါ့ဗျာ၊ လူကနေ ကျားအသွင်ပြောင်းတာဗျ”

“ဟာ………ဒါမျိုးရှိသလား မောင်တာတေရဲ့ ”

“ ရှိတယ် ဘိုး၊ ကျုပ်ရှေ့မှာတင် မြင်ခဲ့ရတာတွေပါ”

“သမန်းကျားဆိုတာမျိုး ထင်တယ်”ာကာလသားတစ်ယောက်က ဝင်ပြောတာဗျ။ “အေး… ဟုတ်နိုင်တယ်ကွ၊ မင်းပြောတာ”
ကျုပ်က ချက်ချင်းပြန်ပြောလိုက်တယ်။

“ဒါဆိုရင် သချိုင်းဇရပ်ပေါ်က လူများ ရုပ်ပြောင်း ရုပ်လွဲလုပ်ပြီး ရွာကို ခြောက်လှန်နေတာများလား ဘိုးရယ်” နောက်ကာလသားတစ်ယောက်က ဝင်ပြောတာဗျ။ ငွေတွင်းကုန်းသားတွေ မဆိုးဘူးဗျာ၊ တွေးတက်ခေါ်တက်သားပဲ၊ ကျုပ်လည်း လာတဲ့လမ်းမှာ ဒါတွေ တွေးလာခဲ့တာလေဗျာ

“ ဖြစ်နိုင်တာတွေတော့ ရှိတာပေါ့ ဘိုး ဒါပေမဲ့ အတွေးနဲ့ ဆုံးဖြတ်လို့တော့ မဖြစ်ဘူးဗျ၊ သေချာအောင် ဒီည သွားကြည့်ရလိမ့်မယ် “ဗျာ…. သွားကြည့်မယ် ဟုတ်လား” ကာလသားတွေ လန့်ပြီး အော်ကြတယ်ဗျ။ “ ဟုတ်တယ်၊ သွားကြည့်ရမှာ ကိုအောင်ဘကျော်၊ ကျုပ်နဲ့ တယောက်လောက် အဖော်လိုက်ခဲ့မလား ” “ ဟာ တာတေကလည်း ငါလိုက်မှာပေါ့ကွ ” ကာလသားတွေကတော့ ငြိမ်နေတာဗျ။ ဘာမှကို မပြောကြဘူး။ ကျုပ်တို့ ထမင်းစားပြီးတော့ ည ၇ နာရီထိုးပြီ။ ၉ နာရီထိုးတာနဲ့ ကျုပ်နဲ့ ကိုအောင်ဘကျော် ရွာပြင်ကို ထွက်လာခဲ့တယ်။ လကွယ်ရက် နီးနေပြီဆိုတော့ လရောင်တော့ မရှိဘူးဗျ။ ကြယ်ရောင်ပဲရှိတယ်။ ကျုပ်တို့နှစ်ယောက်သစ်ပင်တွေ ခြုံပုတ်တွေနောက်မှာ ပုန်းရင်း သင်္ချိုင်းကုန်းကို တဖြည်းဖြည်း ကပ်လာခဲ့တယ်။ ကျုပ်က သင်္ချိုင်းအနေအထားကို အကဲခတ်ကြည့်လိုက်တယ်။ ဇရပ်ထဲက လူကတော့ ဆေးပေါ့လိပ်ကလေး မီးတရဲရဲနဲ့ဗျ။ ကျုပ်တို့ဘက်ကို ကျောခိုင်းထားတယ်။ ကျုပ်က ကိုအောင်ဘကျော်ကို လက်ကုတ်ပြီး မြရာပင်တွေ အရှည်ကြီးပေါက်နေတဲ့ဘက်က အုတ်ဂူကြီးတစ်လုံးကို လက်ညှိုးပြလိုက်တယ်။ ကိုအောင်ဘကျော်နဲ့ ကျုပ်နဲ့ အုတ်ဂူကြီးပေါ်ကိုတက်ထိုင်လိုက်တယ်။ မြရာပင်တွေကြားမှာ ကျုပ်တို့ နှစ်ယောက်ပျောက်သွားတယ်။ သင်္ချိုင်းဇရပ်ဘက်ကနေ လှမ်းကြည့်ရင် ကျုပ်တို့ကိုဘယ်သူကမှ မမြင်နိုင်ဘူးဗျ။ သန်းခေါင်းကြက်တွန်သံရွာဘက်က ကြားလိုက်ရတယ်။

“ ဝုန်း ဝုန်း ဝုန်း ဝုန်း ” ဟာ ကျားဟိန်းသံကြီးဗျာ၊ တကယ်ကို ကြောက်စရာကြီးပါလား၊ ဒါကြောင့်လည်း ငွေတွင်းကုန်းသားတွေ ကြောက်ကြတာပေါ့လေ။ ရှင်းသွားပြီပေါ့ဗျာ၊ ကျုပ်ထင်ထားသလို မဟုတ်ဘူးဆိုတာလေ။ ဇရပ်ပေါ်ကလူ ရုပ်ပြောင်းရုပ်လွှဲလုပ်ပြီး ကျားအသွင် ဖန်တီးတာတော့ လုံးဝမဟုတ်ဘူးဗျ၊ ဟိုလူက ဇရပ်ပေါ်မှာပဲ ဆေးလိပ်ထိုင်ဖွာနေတာဗျို့။

“ ကိုအောင်ဘကျော်……ကျားက ဘယ်ဘက်က စဟိန်းတာတုံးဗျ ”

“ရွာဦး နတ်စက်က ဟိန်းတာကွ၊ ညတိုင်းအဲ့ဒီဘက်ကပဲ စဟိန်းတာ ”

“ သြော် အဲဒါ နတ်စင်လား ”

“ အေး ဟုတ်တယ် ဘာဖစ်လို့တုန်း တာတေရ ”

ဟော ဟိုလူထလာပြီဗျို့၊ ကိုအောင်ဘကျော်မေးတာကိုတောင် ကျုပ်ပြန်မဖြေရသေးဘူးဗျ။

ကိုအောင်ဘကျော်လည်း ကျုပ်ကို ဆက်မမေးတော့ပဲ ဇရပ်ပေါ်ကလူကို မျက်တောင်မခတ်ကြည့်နေတော့တာပေါ့ဗျာ။

“ ဝုန်း ဝုန်း ဝုန်း ဝုန်း ” ဟော ကျားဟိန်းသံကြီးက တစ်ဖြည်းဖြည်းနဲ့ နီးလာပြီဗျ။

“ တာ….တ….တာတေ….ဖြစ်….ဖြစ်…ဖြစ်ပါ့မလားကွ ” ကိုအောင်ဘကျော်က အသံတုန်တုန်ကြီးနဲ့ ကျုပ်ကိုမေးတယ်။ “ ဟာ ဖြစ်ပါတယ်၊ ကိုအောင်ဘကျော်ရဲ့၊ ကျုပ်လွယ်အိတ်ထဲမှာ ဆေးဝါးအစုံပါပါတယ်ဗျ၊ မကြောက်ပါနဲ့ ” ပြောသာပြောတာဗျ၊ ကျုပ်လည်း ကြက်သီးတွေထနေတာပဲ။ ဟာ ကျားနက်ကြီးဗျို့၊ နည်းတဲ့အကောင်ကြီးမှ မဟုတ်တာဗျာ၊ ကိုအောင်ဘကျော်ပြောတာ ဟုတ်တာပေါ့၊ ဆယ့်နှစ်တောင်လောက်ကိုရှိမှာဗျ၊ ကြယ်ရောင်အောင်မှာမြင်ရတာဗျို့၊ ခါးကြီးနွဲ့နွဲ့ နွဲ့နွဲ့နဲ့ လျှောက်လာတာဗျ၊ မျက်လုံးနှစ်လုံးဆိုတာ မှောင်ထဲမှာကို နီရဲပြီး တောက်နေတာဗျို့။ ဟော ကျားက ဟိုလူဆီကို တန်းသွားတာဗျ၊ အောင်မယ် ဒီလူက ဆယ့်နှစ်တောင်ကျားကြီးကို လက်နဲ့သပ်နေတာဗျို့။

“ ငါ့သား၊ ကိစ္စတွေ ပြီးတော့မှာပါကွာ၊ မနက်ဖြန်ည လကွယ်ညပဲကွ မနက်ဖြန်ညရောက်ရင်သာ ဟိုကောင်မကိုချီပြီး ဂူကြီးကို အရောက်သွားပေတော့၊ ဆရာလည်း မင်းနောက်က ထပ်ချပ်မကွာ လိုက်ခဲ့မှာပါ၊ ဒါပေမဲ့ မင်းကကျား ငါက လူဆိုတော့ တောထဲတောင်ထဲကျ မင်းကိုမှီအောင်တော့ လိုက်နိုင်မှာ မဟုတ်ဘူးပေါ့ကွာ ”

ဟာ… ကျားနက်ကြီးက ဒီလူ့ခြေထောက်ကို ခေါင်းနဲ့ခွေ့နေတယ်ဗျို့၊ ဘယ်လိုဖြစ်လို့ ဒီလူဒီကျားကို ဒီလောက်ပိုင်နေတာပါလိမ့်။ ပြီးတော့ ကျားက သန်းခေါင်းမှ ပေါ်လာတာလေဗျာ။ တစ်နေ့လုံး ဒီကျားဘယ်မှာသွားနေတာတုန်း၊ ရွာကလူတွေ အလုပ်သွားလုပ်နေကြတာ။တစ်ယောက်ယောက်တော့ ဒီကျားနက်ကြီးကို မြင်ရမှာပေါ့ဗျာ။ ဟောဟိုလူကျားကြီးကို ဘာပြောလိုက်တယ်မသိဘူးဗျ၊ ကျားနက်ကြီးက ချာကနဲ လှည့်ထွက်ပြီး ရွာဘက်ကို ပြန်သွားပြီး ဟိန်းပြန်ရောဗျို့။ “ ဝုန်း ဝုန်း ဝုန်း ဝုန်း ” ကိုအောင်ဘကျော်နဲ့ ကျုပ်လည်း တုတ်တုတ်မှကိုမလှုပ်ရဲကြဘူးပေါ့ဗျာ။ အခုနေ ရွာပြန်သွားရင်လည်း ကျားနက်ကြီးနဲ့ပက်ပင်းတိုးမှာ သေချာတာပေါ့ဗျာ ။ ကျုပ်တို့နှစ်ယောက်လည်း ဂူကြီးပေါ်မှာ လှဲအိပ်ရင်း ကျားဟိန်းသံကို နားစွင့်နေ ရတာပေါ့ဗျာ။ မနက်အာရုဏ်တက်လောက်ကျတော့ ကျားဟိန်းသံပျောက်သွားတယ်ဗျ။ ဇရပ်ထဲကို လှမ်းကြည့်လိုက်တော့ ဟိုလူလည်းအိပ်နေသဗျ။ ကျုပ်နဲ့ ကိုအောင်ဘကျော်လည်း လာတုန်းကအတိုင်းခြုံတွေကြားကနေ ပြန်ထွက်ပြီး ရွာကို ပြန်ခဲ့ရတာပေါ့ဗျာ။

ဒါပေမဲ့ ကျုပ်စိတ်ထဲမှာတော့ “မနက်ဖြန် ညရောက်ရင်သာ ဟိုကောင်မကို ချီပြီး ဂူကြီးထဲကို ရောက်အောင်သွားပေတော့” ဆိုတဲ့ ဇရပ်
ပေါ်ကလူ ကျားနက်ကြီးကိုပြောလိုက်တဲ့စကားသံကြီးကိုသာ ကြားနေတော့တာ။ ကိုအောင်ဘကျော်တို့အိမ်ရောက်တော့လည်း ဒါကိုပဲ တွေးနေမိတာဗျ။ ဒါပေမဲ့ ဘယ်ကောင်မကို ကျားကချီမယ်ဆိုတာ ကျုပ်လုံးဝမသိဘူးဗျို့။ ကျုပ်တို့ ကိုအောင်ဘကျော်တို့အိမ်ကိုပြန်ရောက်တော့ မိုးလင်းစပြုပြီဗျ။ ကိုအောင်ဘကျော်ရဲ့ အဖေနဲ့ အမေဖြစ်တဲ့ဘိုးစိန်ဖြူနဲ့ အရီးလုံးကြည် တို့နှစ်ယောက်က ကျုပ်တို့နှစ်ယောက်ကို စိတ်ပူပြီး မျှော်နေကြတာဗျ။ စိတ်ပူမယ်ဆိုလည်း ပူစရာပေါ့ဗျာ။ တစ်ညလုံး ကျားနက်ကြီးက ရွာကိုပတ်ပြီး အသံနက်ကြီးနဲ့ ဟိန်းနေတာမို့လား။ ‘ ဟဲ့ ဟိုမှာ အောင်ဘကျော်နဲ့ တာတေ ပြန်လာကြပြီ။’ ဘိုးစိန်ဖြူက စပြီး ဝမ်းသာအားရ ပြောလိုက်တာဗျ။

“အောင်မယ်လေး တော်ပါသေးရဲ့ဟယ်၊ ငါတို့မှာ တစ်ညလုံး ကိုအိပ်မပျော်တာ၊ ကျားဟိန်းသံကြီး ကြားတိုင်း နင်တို့နှစ်ယောက် ကိုစိုးရိမ်နေတာ” ကျုပ်ထင်သလိုမဟုတ်ဘူးဗျို့ ” “ဟင်ဘယ်လိုများတုံးမောင်တာတေရဲ့ ” “သြော်ဒီလိုလေ ဘိုးရာ၊ ကျုပ်က ဇရပ်ပေါ်ကလူဟာ ရုပ်ပြောင်းရုပ်လွဲ ပညာနဲ့ ကျားနက်ပုံစုံပြောင်းပြီး ရွာကို ခြိမ်းခြောက်နေတယ်လို့ ထင်တာ၊ ညက တွေ့ရတော့မှပဲ ဒီလူ ကျားပုံပြောင်းတာမဟုတ်မှန်း သိတာဗျ။ ကျားနက်ကြီးက သပ်သပ်လာတာဗျ။ ဒါပေမဲ့ အဲဒီ ကျားနက် ကြီးကဇရပ်ပေါ်ကလူရဲ့ကျားတော့ ဟုတ်တယ်ဗျ။ နည်းတဲ့ အကောင်ကြီးမဟုတ်ပါဘူးဗျာ၊ ဆယ့်နှစ်တောင်တော့ အသာလေးရှိတယ် ဘိုးရ” “ဟေ ကိုးတောင်ကျားတောင် ကြီးလှပြီထင်နေတာ ၊ဆယ်နှစ်တောင်ကျားဆိုတော့ နည်းတဲ့အကောင်ကြီးမှ မဟုတ်တာ” ကိုအောင်ဘကျော်ရဲ့အဖေကပြောတာဗျ၊ ဒါထက် ဘိုးရဲ့ ညကရွာထဲမှာရော ဘာများထူးတုံးဗျ။ ဟေ–ထူးလိုက်တာမှ မောင်တာတေရယ် ၊အရီးတို့ဝိုင်းတောင်ဘက် နှစ်ဝိုင်းကျော်က အောင်ဖြူဆိုတဲ့ ကလေးမလေး ညတစ်ချက်တီးလောက်ကြီးမှ ထအော်လို့ပါလား။“ ဟင် ဘယ်လိုအော်လို့တုံး အမေရဲ့” ကိုအောင်ဘကျော်က အလန့်တကြား မေးလိုက်တာဗျ။

“လာပါပြီရှင်၊ လာပါပြီ၊ ဆိုပြီးတော့ အိမ်ထဲကနေ အပြင်ပြေးထွက်မယ်ချည်း လုပ်လို့ သူတို့အိမ်သားတွေမှာ ဝိုင်းပြီးဆွဲ တားလိုက်ရတာ
ဟယ်မပြောပါနဲ့တော့” ဟင်ဘယ်လိုဖြစ်လို့တုံးဗျ။ ကိုအောင်ဘကျော် က မျက်မှောင်ကြီးကြုတ်ပြီး မေးတာဗျ။ ကျုပ်လည်း အရီးလုံးကြည်ကို အံ့သြပြီးကြည့်နေမိတာပေါ့ဗျာ။ ဘယ်လိုဖြစ်တယ်တော့ မသိဘူး၊ အောင်ဘကျော်ရေ၊ ရွာပြင်က ကျားက တစ်ချက်ဟိန်းလိုက်တိုင်း အောင်ဖြူမက လာပြီရှင့်၊လာပါပြီဆိုပြီးထ၊ ထအော်တာတဲ့၊ ရွာထဲမှာကို ညံနေရောဟေ့ ၊တစ်ရွာလုံးက တိတ်နေတဲ့ အချိန်ဆိုတော့ အောင်ဖြူမ အော်တဲ့ အသံကြီးက ရွာထဲမှာ လူတိုင်းကြားရတော့တာပေါ့ဟာ၊ အောင်ဖြူမ အသံကလည်း တစ်မျိုးကြီးပဲဟဲ့၊ ဘယ်လိုကြီးမှန်းကို မသိပါဘူးဟာ။ ကျုပ် ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်လိုက်ပြီဗျ။

“ကိုအောင်ဘကျော် ကြက်တစ်ကောင် ချက်ခိုင်းဗျာ၊ ပြီးရင် ထမင်းတစ်ခွက်လောက်ချက်၊ ငှက်ပျောဖက်ခင်းပြီး ထမင်းတောင်းပြင်ရမယ်” “ဟာ ရမယ် တာတေ ရမယ်။ ဘယ်အချိန်ကို အပြီးလိုချင်တုန်း၊ နောက်ထပ်ရော ဘာလိုသေးလဲ၊ လိုတာရှိ အကုန်ပြောကွာ””ဒီရွာမှာ နတ်ဝင်သယ်ရှိလားဗျ” “ဟာ ရှိပါ့ဗျာ ဒေါ်ယုံးကြည်ဆိုတာ အမေဂျမ်းခေါင်းစွဲဆိုလား၊ အမေရေယဉ် ခေါင်းစွဲဆိုလားပဲကွ၊ အရှေ့ပိုင်းမှာနေတာ၊ ငါနဲ့လွှတ်ခင်တာကွ၊ အမေနဲ့လည်းခင်တယ်၊ ဒေါ်ယုံးကြည်ကို ငါတို့ဘာပြောပေးရမှာတုန်း”

“ညနေ ခြောက်နာရီကျော်လောက် အရောက်လာခဲ့ဖို့ပြောဗျာ၊ ပြီးတော့ မီးလောင်ကုန်းသင်္ချိုင်းကို ကျုပ်တို့လှည်းနဲ့သွားမယ်၊ မဖဲဝါကို ပင့်ဖို့ဆိုတာလည်း ထည့်ပြောဗျာ” “စိတ်ချ တာတေ၊ စိတ်ချ၊ ကဲထမင်းကြမ်းလေး စားသောက်ပြီးတစ်ရေးလောက် အိပ်လိုက်ကြရအောင်ကွာ” ကိုအောင်ဘကျော်က ပြောတော့ဘိုးစိန်ဖြူက ပြောတယ်ဗျ။ “မင်းတို့နှစ်ယောက် စိတ်ချလက်ချသာ အိပ်ကြပါကွာ၊ မောင်တာတေလိုတာတွေ ဘိုးတို့အားလုံး စီစဉ်ထားမှာပါ။ ခဏကြာရင် ရွာကလူကြီးတွေရောက်လာကြမှာကွ၊ အားလုံးက မောင်တာတေ လိုတာပြောဖို့ ဘိုးကိုမှာထားပါတယ်” ကိုအောင်ဘကျော်နဲ့ ကျုပ်နဲ့ ထမင်းကြမ်းစားပြီးတော့ နှစ်ယောက်သား အိပ်ကြတော့တာပေါ့ဗျာ။ တစ်ညလုံးအိပ်ရေးပျက်နေတာဆိုတော့ ချက်ချင်းကို အိပ်ပျော်သွားတာပေါ့ဗျာ။ ကျုပ်တို့နှစ်ယောက်အိပ်ရာနိုးတော့ ညနေ သုံးနာရီတောင်ထိုးနေပြီ၊ ကျုပ်လည်းကပျာကယာ အိပ်ရာကထ ရေမိုးချိုးလိုက်တယ်။ ဒီတော့မှ လူကလည်း လန်းသွားရောဗျို့။

“မောင်တာတေ အိပ်နေတုန်း ရွာကလူကြီးတွေလာကြတယ်၊ မောင်တာတေ ဘာပြောတုံးဆိုတာ သိချင်လို့ပေါ့ကွာ၊ ကျုပ်ကလည်း မောင်တာတေ ပြောပြတာတွေ အကုန်ပြောပြလိုက်တယ်။ လိုတာတွေလည်း ပြောပြလိုက်တယ်။ ညနေ ငါးနာရီထိုးတာနဲ့ ဆန်တစ်ခွက်နဲ့ ကြက်တစ်ကောင်ချက်ထားတဲ့ ထမင်းတောင်းရောက်လာလိမ့်မယ်၊ ယုံးကြည်ကိုတော့ မင်းအရီးသွားခေါ်ထားပြီးပြီ” “ဟာ ဒါဆိုရင်ရပါပြီ ဘိုးရဲ့၊ ဒီကျားနက်ကြီးနဲ့ ဇရပ်ပေါ်ကလူဟာ ဘာဆိုတာကိုတော့ ကျုပ်တို့က အတိအကျမပြောနိုင်သေးဘူးဗျ၊ ဒီည မဖဲဝါကို ပင့်ပြီးရင်တော့ ဘာဆိုတာကျုပ်ပြောပြလို့ရပါပြီ ဘိုးရာ” “ဟဲ့ တာတေနဲ့ အောင်ဘကျော်၊ နင်တို့နှစ်ယောက်လည်း ထမင်းကြမ်းစားပြီးကတည်းက အိပ်လိုက်ကြတာ ထမင်းလည်းထမစားကြဘူး ။ အရီးချက်ထားတဲ့ ထမင်းတွေ ဟင်းတွေက ဒီအတိုင်းပါကောလား” “အရီးရေ ညစာကျမှပေါင်းစားတော့မယ်ဗျာ” ကျုပ်က အရီးကိုပြောတော့ အရီးက ဘာမှမပြောဘဲရယ်နေတယ်ဗျ။ ကိုအောင်ဘကျော်က ခေါင်းကြီးရမ်းပြီးပြောလိုက်တယ်ဗျို့။ “အမေရယ် ကျုပ်ဖြင့်ညက ကြောက်လိုက်တာဗျာ ဇရပ်ပေါ်က သျှောင်ထုံးနဲ့ လူကြီးက ကျားနက်ကြီးကို ခေါင်းကြီးပွတ်ပေးနေတာတွေ့တော့ ကျုပ်မှာ အသည်းတွေအူတွေ ပြောင်းပြန်ဖြစ်သွားသလိုပါပဲဗျာ”

“ဟေ ဟုတ်လား၊ ဒါဆို ဒီကျားနက်ကြီးက ဒီလူရဲ့ကျားပေါ့ဟဲ့၊ ဘာအကြံနဲ့များငါတို့ရွာကို ကျားနဲ့ တိုက်ရတာတုန်း” “ဒါတော့ မသိသေးဘူးလေ၊ အမေရာ ဒီညတာတေ အလုပ်လုပ်မှာလေ၊ အဲဒါပြီးရင် သိရမယ်လို့တာတေပြောထားတာပဲ အမေရ” “အေး အေး ဒါဆိုရင် ဒီညသိရတော့မှာပေါ့ဟယ် ဒီလူနဲ့ ဒီကျားက တို့ရွာက အောင်ဖြူမကို ဘာများလုပ်မလို့တုန်းဟယ်” “ဒါလည်းမပူပါနဲ့ဗျာ၊ တာတေ စီစဉ်မှာပါဗျ” “အေးအေး ဟုတ်တာပေါ့၊ နင့်တာတေက အကောင်သာသေးတာဟဲ့၊ သတ ္တိတော့ တော်တော်ရှိတဲ့အကောင်ပဲ” “ဟား ဟား ဟား ဟား” ကျုပ်ရော ဘိုးစိန်ဖြူရော ကိုအောင်ဘကျော်ရော ရယ်ကြတော့တာပေါ့ဗျာ။ ကျုပ်တို့ အညာသူ၊ အညာသားတွေက ရိုးရိုးကြီးတွေဗျ။ ဘာပြောပြော ပွင့်ပွင့်လင်းလင်းကြီးတွေပေါ့ဗျာ။

ကျုပ်နဲ့ ကိုအောင်ဘကျော် မနက်စာနဲ့ညစာပေါင်းစားပြီးလို့ ဆေးလိပ်ထိုင်သောက်နေတုန်း ဝိုင်းထဲကို လှည်းတစ်စီးမောင်းဝယ်လာတယ်ဗျ။ “ဒါ ဘယ်သူတုန်းဗျ ကိုအောင်ဘကျော်””ဟာ အဲ့ဒါ နတ်ဝင်သည်ကြီး ဒေါ်ယုံးကြည်လေကွာ” “လှည်းက ထမင်းတောင်းယူရင်း ယုံးကြည်ကိုပါခေါ်လာခဲ့တာဟေ့” အရီးလုံးကြည်က ပြောတယ်ဗျာ။ လှည်းပေါ်မှာလည်း ကျောက်ခဲတို့အရွယ်လောက် ကောင်လေးနှစ်ယောက်လည်း ပါလာတယ်။ “ဟေ့ကောင် စံပ၊ မင်းလည်း အိမ်ပေါ်တက်ဦးလေကွာ” “ဟာ ကျုပ်မတက်တော့ဘူးဘိုးစိန်ဖြူရေ၊ အရီးဘုမတို့ ဝိုင်းထဲမှာ ပြောင်းရိုးသွားတိုက်ရဦးမှာမို့ဗျ” “သြော် အေးအေး ” ကောင်လေးတစ်ယောက်က ထမင်းတောင်းထမ်းပြီး အိမ်ပေါ်တက်လာတယ်။ ကျုပ်ကနတ်ဝင်သည် ဒေါ်ယုံးကြည်ကို ကျုပ်လုပ်မယ့် ပုံစံကိုပြောပြတယ်။ ဒေါ်ယုံးကြည်က အသားဖြူဖြူ၊ ထောင်ထောင် မောင်းမောင်း ကြီးဗျ။ “ကျုပ်က မောင်တာတေကို မမြင်ဘူးသေးပေမဲ့ ကြားဖူးပြီးသားပါတော်။ မထွန်းတို့ မတုတ်တို့ ကျုပ်နဲ့တွေ့တဲ့အခါတိုင်း မောင်တာတေ့အကြောင်းကို ပြောနေကြပါ။ မောင်တာတေကို မဖဲဝါတခါပင့်ပြီးတိုင်း ကျန်းမာရေးပိုကောင်းတဲ့ အကြောင်း၊ စီးပွားပိုဖြစ်တဲ့အကြောင်းတွေတောင် ပြောကြတာတော့”

“ဟင် ဟုတ်လား၊ အဲဒါတွေတော့ ကျုပ်တောင် မသိပါဘူးဗျာ” “ဒါကြောင့် ဒီကောင်မနှစ်ယောက်က မောင်တာတေလာခေါ်ရင် ဘယ်တော့မှ မငြင်းကြတာပေါ့” ကျုပ်က ပြုံးပြီးခေါင်းညိတ်လိုက်တယ်။ ညရှစ်နာရီမှာ ကိုအောင်ဘကျော်က လှည်းကောက်ပြီးကျုပ်ရယ်၊ ဒေါ်ယုံးကြည်ရယ်၊ ကောင်လေးနှစ်ယောက်ရယ် မီးလောင်ကုန်းသင်္ချိုင်းဘက်ကို ထွက်ခဲ့ကြာတာပေါ့ဗျာ။ ငွေတွင်းကုန်းသင်္ချိုင်းမှာ လုပ်လို့မဖြစ်ဘူးလေဗျာ။ ဇရပ်ပေါ်မှာ ကျားနက်ဆရာကြီး ရှိနေတယ်မို့လား။ မီးလောင်ကုန်းသင်္ချိုင်းကို ရောက်တာနဲ့ ခါတိုင်းလိုပဲ ဂူကြီးတစ်လုံးပေါ်မှာ မဖဲဝါအတွက် ထမင်းပွဲပြင်လိုက်တယ်။ အသင့်ယူလာတဲ့ ရေဖလားကြီးထဲကို ရေဖြည့်လိုက်တယ်။ ဖယောင်းတိုင် တစ်တိုင်လည်း ထွန်းလိုက်ရတာပေါ့ဗျာ။ နတ်ကတော် ဒေါ်ယုံးကြည်ကတော့ လုပ်ငန်းကျွမ်းကျင် ပြီးသားလေဗျာ။ ဂူရှေ့က မြတ်ခင်းလေးမှာ ဆံပင်ကိုဖားလျားချပြီး ကြုံ့ကြုံ့လေးထိုင်လို့ဗျ။ လက်အုပ်ကလေးကလည်း ချီပြီးသားလေ။

“အရှေ့နေထွက်၊ အနောက်နေဝင်၊ တောင်တံငါကွန်၊ မြောက်ဓူဝံအတွင်း သင်္ချိုင်းရှင်မ မဖဲဝါရှိလေရာ အရပ်ကနေ အမြန်ကြွလာခဲ့ပါ။ကျုပ်တာတေက မဖဲဝါအတွက် စားပွဲသောက်ပွဲနဲ့ ကြိုပါတယ်ဗျာ။ အမြန်ဆုံးကြွခဲ့ပါ မဖဲဝါခင်ဗျား” ကျုပ်က ခဏစောင့်ကြည့်တယ်၊ ကိုအောင်ဘကျော်နဲ့ငွေတွင်းကုန်းသား ကောင်လေးနှစ်ယောက်က ခပ်လှမ်းလှမ်းက သမုန်းပင်အောက်မှာ ရပ်နေကြတယ်ဗျ။ ကျုပ်လုပ်နေတာတွေကို မျက်တောင်မခတ်ကြည့်နေကြတာပေါ့ဗျာ.. “ဝူး….ဝူး…… ဝူး….ဝူး…… ဝူး….ဝူး……အီ အီ အီ”

ဟာ မဖဲဝါ ဒီတစ်ခါ တော်တော်မြန်တာပဲဗျ။ ဒီအနီးအနားမှာကို ရှိနေပုံပဲဗျို့။ “ဝူး….ဝူး…… ဝူး….ဝူး…… ဝူး….ဝူး……အီ အီ အီ” ဟာ…. ခွေးကြီးအသံက တဖြည်းဖြည်းနီးလာပြီဗျို့။ နွားတပေါက်တစ်လောက်ရှိရှိတဲ့ ခွေးနက်ကြီးဆိုတာတော့ အရင်စာအုပ်တွေမှာ ကျုပ်ရေးပြခဲ့ဖူးပါတယ်။ ဟာ ဟိုမှာဗျို့..ဟိုမှာ မဖဲဝါကြီး ရွေ့လာပြီဗျို့ ။ ဂူတွေပေါ်ကရွေ့လာတာဗျ။ အရပ်ကြီ:က ဆယ်ပေလောက်ကို ရှိတာဗျ။မျက်လုံးကြီးနှစ်လုံးကလည်း လက်ဖက်ရည်ပန်းကန်လောက် ရှိတာဗျ။ မှောင်ထဲမှာကို ရဲတောက်နေတာဗျာ။ ဖြူဖြူကြီးဗျ။ ဆံပင်ကဖားလျားကြီးချလို့ပေါ့ဗျာ။ ဟော သချိုင်းအလယ်လောက်ရောက်တော့ မဖဲဝါ တုံ့ကနဲရပ်သွားတယ်ဗျ။ ပြီးတော့ ဒေါ်ယုံးကြည်ကိုစိုက်ကြည့်လိုက်တယ်။ ဟာ… ဝင်သွားပြီဗျ။ ဒေါ်ယုံးကြည်ကိုယ်ထဲကို ထိုးဝင်သွားတာဗျာ။ ဟော ဟော ဒေါ်ယုံးကြည်ကြီး လက်ကြီးတွေအပေါ်မြောက်တတ်လာတယ်။ ကွေးကွေးကောက်ကောက်ကြီးတွေပေါ့ဗျာ။ ဟာ ဟာ လက်နှစ်ဖက်နဲ့ ခေါင်းကဆံပင်ကို သပ်တင်လိုက်တယ်ဗျ။ ဟာ ခုန်ပြီဗျို့။ မဖဲဝါ ခုန်လိုက်ပြီ။ ဂူကြီးပေါ်ကိုလွှားကနဲရောက်သွားတာဗျ။ ဟော ဒူးကြီးနှစ်ဖက်ထောင်ပြီး ထမင်းပွဲကို ငုံ့ကြည့်တယ်။ ဟောစားပြီဗျို့။ စားပြီ။ မဖဲဝါ အားရပါးရကို စားတာဗျို့။ ကြက်ရိုးတွေ ဝါးလိုက်တာများ ဂျိုးဂျိုးဂျွတ်ဂျွတ်ကို နေတာပဲဗျာ။ ကျုပ်နောက်ကို လှည့်ကြည့်လိုက်တော့ ကိုအောင်ဘကျော်ရော ကောင်လေးနှစ်ယောက်ပါ မဖဲဝါဝင်နေတဲ့ ဒေါ်လုံးကြည်ကိုကြည့်နေလိုက်ကြတာ မျက်တောင်တောင် မခတ်ကြဘူးဗျ။ ကျုပ်လည်း မဖဲဝါကိုမျက်တောင်မခတ်ကို ကြည့်နေရတာပေါ့ဗျာ။ ဟော… ကျုပ်ကိုကြည့်ပြီဗျ။ ကြည့်နေပြီ။ ဒီအကြည့်ကို ကျုပ်သိပြီးသားပေါ့ဗျာ။

“ဟဲ့ တာတေ ဘာအကြောင်းရှိလို့တုန်း” လို့မေးတဲ့မဖဲဝါကြီးရဲ့အကြည့်လေဗျာ။ “ဒီလိုပါ မဖဲဝါ ငွေတွင်းကုန်းမှာ ငါးညရှိသွားပြီ၊ ဆယ့်နှစ်တောင် လောက်ရှိတဲ့ ကျားနက်ကြီးတစ်ကောင်ဟာ ညသန်းခေါင်ရောက်တာနဲ့ ဘယ်ကပေါ်လာမှန်းမသိပဲ ပေါ်လာတော့တာပဲဗျ။ရွာကိုပတ်ပြီး တစ်ညလုံးဟိန်းတော့တာပဲဗျာ။ ငွေတွင်းကုန်းက သင်္ချိုင်းဇရပ်ပေါ်မှာလည်း သျှောင်ထုံးနဲ့လူကြီး တစ်ယောက်ရောက်နေတယ်။ မနေ့က ကျားနက်ကြီးရဲ့ ခေါင်းကို ပွတ်သပ်ပြီးတော့ စကားပြောနေတာဗျ။ ငွေတွင်းကုန်းရွာထဲမှာလည်း မအောင်ဖြူဆိုတဲ့ မိန်းကလေးတစ်ယောက်က လာပါပြီရှင့် ၊ လာပါပြီလို့ ညက အော်နေတယ်၊ မဖဲဝါ” “နင်နားထောင် တာတေ၊ အဲဒါ ကျားနက်ရှင် ငရွှေသင်ပဲဟဲ့၊ ကုန်းဘောင်ခေတ်ဦးကတည်းက ရှိခဲ့တာ။ အခုထိပဲ။ ကျားမှော်အောင်ထားတဲ့ အကောင်ပဲ။ ရွာဦးနတ်စင်ကနေ ကျားနက်ရုပ်ကလေးနဲ့ တိုက်နေတာဟေ့။ ငွေတွင်းကုန်းက တနင်္ဂနွေသမီးမအောင်ဖြူကို ကျားနဲ့ကိုက်သတ်ပြီး နှလုံးကိုဖောက်ထုတ်စားရမှာ။ ဒါမှ သူ့အသက် နှစ်တစ်ပြန်ဆက်လို့ရလိမ့်မယ်။ မနက်ဖြန်လကွယ်ညမှာ အောင်ဖြူရဲ့နှလုံးကို စားရမှဖြစ်မှာ”

“ဟာ ဖြစ်ရလေဗျာ၊ ကယ်ပါဦး သင်္ချိုင်းရှင်မကြီးရယ်” ကျုပ်က စိုးရိမ်တကြီးပြောလိုက်တော့ မဖဲဝါက ခေါင်းကြီးတစ်ဆက်ဆက်ညိတ်ပြီး ပြောတယ်ဗျ။ “ဘာမှမစိုးရိမ်နဲ့ တာတေ။ ကျားနက်ရှင် ငရွှေသင် မအောင်ဖြူရဲ့နှလုံးကို မစားရစေဘူး။ ဒီကောင် ကံကုန်ပြီ။ အဝီစိငရဲမှာ ခံရတော့မဲ့အချိန်ရောက်နေပြီ။ ဒီညသန်းခေါင်ကျော်ရင် ငွေတွင်းကုန်းသင်္ချိုင်းကို ငါအရောက်လာခဲ့မယ်” ပြောပြီးဆိုပြီး စားလည်းပြီးရောဗျာ ရေနဲ့လက်ဆေးပြီး တစ်ကြိုက်မော့သောက်လိုက်တယ်။ ပြီးတော့ မဖဲဝါထွက်သွားရောဗျို့။

ဂူပေါ်လဲကျသွားတဲ့ ဒေါ်ယုံးကြည့်ကို ကျုပ်နဲ့ကိုအောင်ဘကျော်က ပြေးပွေ့တယ်။ ကျုပ်က ဒေါ်ယုံးကြည်ရဲ့မျက်နှာကို ရေနဲ့တောက်လိုက်တော့မှ သတိရသွားတယ်ဗျ။ ကျုပ်တို့ ငွေတွင်းကုန်းကို လှည်းနဲ့ခပ်သုတ်သုတ် မောင်းပြီး ပြန်လာခဲ့ကြတယ်။ ရွာရောက်တော့ အိမ်မှ ာရွာထဲက ကာလသားတွေနဲ့ လူကြီးတွေ ရောက်နေကြတယ်။ ကျုပ်က မဖဲဝါပြောတာကို ထိုက်သင့်သလောက် ပြန်ပြောပြလိုက်တယ် ကျုပ်အခန်းထဲကိုဝင်ပြီး မျက်ကွင်းဆေးကွင်းတယ်။ ဆေးအိတ်ကို စလွယ်သိုင်းလွယ်ပြီး ငွေတွင်းကုန်းသင်္ချိုင်းကို ထွက်လာခဲ့တယ်။ ကိုအောင်ဘကျော်က ငါးတောင့်ထိုး အဲဗားဒရီဓါတ်မီးတစ်လတ်ကို ကိုင်ပြီးလိုက်လာတယ်ဗျ။ မနေ့ညက သွားကြတဲ့လမ်းကြောင်းအတိုင်းပဲ သွားကြပြီး မြရာပင်တွေကြားထဲက ဂူထဲမှာပဲ တက်နေလိုက်တယ်။ အခုမှ ည ဆယ်နာရီပဲရှိသေးတာဗျ။ ကျုပ်တို့ စောင့်ရဦးမှာပေါ့ဗျာ။ လူ့စိတ်ဆိုတာကလည်း ခက်သားလားဗျာ။ တစ်ခုခုအပေါ်မှာစိတ်စောနေရင် အချိန်တွေက ကုန်နိုင်ခဲတယ်လို့ ထင်ကြတယ်မို့လား။နှစ်နာရီလောက်အချိန်ကိုပဲ ကျုပ်တို့မှာ ကုန်နိုင်ခဲတယ်လို့ထင်နေတာဗျ။

“ဝုန်း ဝုန်း ဝုန်း” ဟော ကျားဟိန်းပြီဗျို့။ မဖဲဝါပြောတဲ့အတိုင်းပါပဲဗျာ။ ရွာဦးနတ်စင်ဘက်က အသံစကြားရတာဗျ။ “ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း” ဟော အသံကြီးက ကျုပ်တို့ဘက်ကို ရွေ့လာပြီဗျို့။ ကျားနက်ရှင်ငရွေသင်ကတော့ သင်္ချိုင်းဇရပ်ပေါ်က ဆင်းလာပြီဗျို့။အောင်မယ် ဒီလူ လွယ်အိတ်ကို စလွယ်သိုင်းလွယ်လို့ဗျ။ ဒီကနေ အပြီးသွားတော့မယ်ပုံပဲ။ ရွာထဲက မအောင်ဖြူကလည်း အခုလောက်ဆိုရင်အော်ဟစ်နေရောပေါ့ဗျာ။ ကျုပ်က ဒီကိုမလာခင်ကတည်းက မှာခဲ့ပြီးသားဗျ။ မအောင်ဖြူ အိမ်ကိုရွာထဲက အားကောင်းမောင်းသန် မိန်းမတွေရော ယောက်ကျားတွေပါခေါ်ထားပြီး မအောင်ဖြူကို မလွတ်တမ်းချုပ်ထားကြဖို့ပေါ့ဗျာ။ “ဝူး ဝူ ဝူ အီ အီ အီ”
ဟာ ခွေးသံကြီးဗျို့။

ဒါ မဖဲဝါရဲ့ခွေးကြီးအူတဲ့အသံဗျ၊ မဖဲဝါလည်း လာနေပြီပဲ။ “ဝူး၊ ဝူး၊ဝူး၊ဝူး၊ အီ၊အီ၊အီ” ဟာ မဖဲဝါကြီး ဂူတွေပေါ်က ရွေ့လာပြီဗျို့၊ အရပ်ကြီး ဆယ်ပေလောက်နဲ့ ဆံပင်ဖားလျားကြီးချလို့ဗျာ၊ သူရဲ့ခွေးကြီးက ဂူတွေကြားက ပြေးပြီးလိုက်လာတယ်။ ငရွှေသင်ဆိုတဲ့ ကျားနက်ရှင်က နောက်ကို တစ်ချက်လှည့်ကြည့်တယ်။

“အောင်မာ ရာရာစစ သရဲမက ဒီကို ဘာလာလုပ်တာတုံး” ဟာ ဒီလူ မဖဲဝါကို မြင်ရတာကိုး ကျုပ် တော်တော် အံ့သြသွားတယ်။ မဖဲဝါက ဂူပေါ်ကနေ အောက်ကို ကိုင်းကိုင်းကြီးလုပ်ပြီ: သူ့ခွေးကြီးရဲ့ကျောကို လက်နဲ့သပ်လိုက်တယ်၊ သုံးချက်သပ်တာဗျ၊ “ဝုန်း၊ ဝုန်း”
ဟာ မဖဲဝါရဲ့ ခွေးကြီးက ကျားကြီးဖြစ်သွားပါရောလားဗျ၊ ကျားမှ တကယ့်ဘင်္ဂလားကျားကြီးဗျ၊ အဝါနဲ့အနက်စင်းကြီးဗျို့၊ ဆယ့်ငါးတောင်လောက် ရှိမယ်၊ အရပ်ကြီးကလည်း နည်းနည်းနောနော မဟုတ်ဘူးဗျာ မြင်းကြီးတစ်ကောင်လောက်မြင့်တာဗျ၊ မဖဲဝါက ကျားကြီးရဲ့ ကျောပေါ်ကိုလွားကနဲ့ ခုန်တတ်လိုက်တယ်။

“ဟဲ့ သရဲမ ၊နင်နဲ့ဘာမှ မဆိုင်ဘူး၊ အခုချက်ချင်း ထွက်သွား”

“ဟား ဟား ဟား”

မဖဲဝါရဲ့ ရယ်သံကြီးဗျ၊ ကျားနက်ရှင် ငရွေသင်ကလည်း သူရဲ့ ကျားနက်ကြီးပေါ်ကို ခွပြီးစီးလိုက်တယ်။

“ကဲ လာခဲ့စမ်း သရဲမ၊ ဒီညတော့ နင်တစ်ခါထပ်ပြီး မသာပေါ်မယ့်ညပဲဟေ့”

“ဟီး၊ ဟီး၊ ဟီး ၊ဟီ:”

“ဝုန်း၊ ဝုန်း၊ ဝုန်း”

မဖဲဝါရဲ့ ကျားကြီးဟိန်းလိုက်တဲ့ အသံဗျို့။ ဟာ ကျားနက်ကြီးက အဲဒီအသံကြားတော့ နောက်ကိုခြေနှစ်လှမ်းဆုတ်သွားတယ်ဗျို့။”တယ် ငါလုပ်လိုက်ရ သေတော့မယ်။ အဲဒါကျားမဟုတ်ဘူးဟဲ့၊ ခွေး၊ ခွေး၊ ကျားက ခွေးကိုကြောက်ရတယ်လို့။ ကဲ အခုချက်ချင်း
ဒီခွေးစုတ် ၊ ခွေးဝဲစားကို ပြေးကိုက်လိုက်စမ်း”

“ဝုန်း၊ ဝုန်း”

မဖဲဝါစီးထားတဲ့ကျားကြီးက ဝုန်းကနဲ နှစ်ချက်ဆင့်ဟိန်းပြီး ကျားနက်ကို သူရဲ့လက်ဝါးကြီးနဲ့ လှမ်းပြီးပုတ်လိုက်တယ်။

“ဘုန်း” ဟာ ကျားနက်ကြီးဘုန်းကနဲ လဲကျသွားတာဗျို့။ ငရွှေသင်လည်း သင်္ချိူင်းမြေပေါ်ကို လွင့်ကျသွားရောဗျို့။

“တောက် ငါလုပ်လိုက်ရ သေတော့မယ် ၊ ဟဲ့ကောင် ခုထစမ်း”

ကျားနက်ကြီးလည်းလူပြီး ထသဗျ။ ငရွှေသင် ကလည်း ကျားနက်ကြီးကို ခွစီးပြန်ရောဗျ။

“ဝုန်း၊ ဝုန်း၊ ဝုန်း” အောင်မာ သူ့ကျားနက်ကလည်း အာဂပဲဗျ။ ဝုန်းကနဲ၊ ဝုန်းကနဲ ဟိန်းလိုက်ပြီးတော့ မဖဲဝါရဲ့ ကျားကြီးကို တစ်ရှိန် ထိုးပြေးဝင်တာဗျို့။

“ဝုန်း”

မဖဲဝါစီးတဲ့ ကျားကြီးက -ဝုန်း- ဆိုတစ်ချက်ဟိန်းပြီး ကျားနက်ရှင် ငရွှေသင်ကို ခုန်အုပ်ပြီး ပါးစပ်ကြီးနဲ့ ကိုက်လိုက်ရောဗျို့။

“ဝေါင်း၊ ဝေါင်း၊ ဝေါင်း” မဖဲဝါကျားကြီးရဲ့ မာန်ဖီသံက တကယ့်ကို ကြောက်စရာကြီးပါဗျာ။ ခါပြီဗျို့၊ ဆွဲခါနေပြီ ။ ဧရာမ ကျားပါးစပ်ကြီးထဲမှာ ငရွှေသင် ဆန့်ငင် ဆန့်ငင် ဖြစ်နေရောဗျာ။ ကျားကြီးက ငရွှေသင် ကို ဆွဲခါနေတာဗျ။ ကြောင်တွေများ ကြွက်ခုတ်တဲ့အခါ ကြွက်ကိုပါးစပ်ထဲမှာကိုက်ပြီး ခါနေသလိုပေါ့ဗျာ။

“ဟီး၊ ဟီး၊ ဟီး၊ ဟီး၊ ဟား၊ ဟား၊ ဟား”
မဖဲဝါရဲ့ ရယ်သံကြီးက သင်္ချိုင်းတစ်ခုလုံး ကိုလွှမ်းသွား တာဗျ။ ငရွှေသင်ရဲ့ ကျားနက်ကြီးကတော့ လှုပ်လည်း မလှုပ် တော့ဘူးဗျို့။ ငြီးပြီး အရုပ်ကြီးတစ်ရုပ်လိုကိုဖြစ်နေတာဗျ။ “အား” ငရွှေသင် အော်လိုက်တဲ့ ဝမ်းခေါင်းသံကြီးဗျ၊ မချိမဆံ့ အော်လိုက်တဲ့ အသံကြီး အဆုံးမှာ ကျားနက်ကြီး ပျောက်သွားတယ်။ ငရွှေသင် လည်း ငြိမ်းသွားတော့တာပေါ့ဗျာ။ သွားပြီလေ။ ကျားမှော်အောင်ထားတဲ့ ကျားနက်ရှင်ကြီးငရွှေသင်။ အသက်ရာ ကျော်ရှိတဲ့ မှော်ကဝေကြီးတော့ ဘဝနိဂုံး ချုပ်သွားပြီပေါ့ဗျာ။ မဖဲဝါရဲ့ ကျားကြီးက ပါးစပ်ထဲမှာ ကိုက်ပြီးခါနေတဲ့ ငရွှေသင်ကို မြေကြီးပေါ်မှာ ချထားလိုက်တယ်။ ပြီးတော့ ဂူတွေပေါ်ကိုကျော်လွှားပြီး လွှားကနဲ လွှားကနဲ ခုန်ပြီး သင်္ချိုင်းထဲက ပြေးထွက်သွားတယ်။ မဖဲဝါကတော့ ကျားကြီးရဲ့ကျောပေါ်မှာ စီးလျက်သားကြီးနဲ့ ပါသွားလေရဲ့ဗျာ။

ကျုပ်နဲ့ ကိုအောင်ဘကျော်လည်း စောစောက ကျားနက်ကြီး ပျောက်သွားတဲ့ နေရာကို အပြေးအလွှားသွားပြီး ဓါတ်မီးနဲ့ ထိုးကြည့်လိုက်တယ်။ “ဟာ ဒီမှာဗျို့ ၊ ကျားနက်ရုပ်ကလေး” ကျုပ်က မြက်ပင်တွေကြားက ကျားနက်ရုပ်ကလေးကို ကောက်ယူ လိုက်တယ်။ ရွှံ့နဲ့လုပ်ပြီး ဆေးသုတ်ထားတဲ့ နာနာရုပ်ကျားကလေးဗျ။ ဒါကို နတ်စင်မှာထားပြီး ရွာကို ကျားနက်နဲ့တိုက်တာပေါ့ဗျာ။ အခုတော့ ကျားနက်ရှင် ငရွှေသင် သွားပြီပေါ့။ မဖဲဝါ ပြောသလိုဆိုရင်တော့ မဟာအဝီစိငရဲအထိ ရောက်သွားမှာပေါ့။ ကျုပ်က ကျားနက်ရုပ်ကလေးကို သစ်ရွက်တစ်ရွက်ခူးပြီး ထုတ်လိုက်တယ် ။ ကျုပ်တို့ရွာထဲရောက်တော့ ရွာသားတွေလည်း အကျိုးအကြောင်း အားလုံးသိသွားပြီး ပျော်သွားကြတာပေါ့ဗျာ။ မအောင်ဖြူ လည်း ငြိမ်သွားပြီဗျို့။ ညတွင်းချင်းပဲ သင်္ချိုင်းထဲမှာ သေနေတဲ့ ကျားနက်ရှင် ငရွှေသင်ကိုမြှပ်လိုက်ကြတယ်ဗျ။ ကျုပ်ကိုတော့ နောက်တစ်နေ့မှာ ကိုအောင်ဘကျော်က လှည်းနဲ့ရွာအထိ လိုက်ပို့ပေးတယ်။

Credit-တာတေ

(Zawgyi)

မဖဲဝါစီးတဲ့က်ား (တာေတ – စ/ဆုံး)

ခင္မ်ားတို႔ကို က်ဳပ္မေျပာဘူးတဲ့ အေၾကာင္းတစ္ခုေတာ့ေျပာရဦးမယ္ဗ်ာ။ က်ဳပ္ဆရာေတာ္ ဦးဂုဏအေၾကာင္းကေတာ့ မၾကာမၾကာေျပာေနက်ဆိုေတာ့ ခင္ဗ်ားသိေနေလာက္ၿပီေပါ့ဗ်ာ။ ဆရာေတာ္က က်ဳပ္ဆိုရင္ လႊတ္အားကိုးတာဗ်။ ဘာကိစၥေလးရွိရွိ တာေတ့ကိုေခၚေနက်ဗ်။ တာေတဆိုတဲ့ က်ဳပ္ကလည္း ႐ြာေတာ္ေတာ္မ်ားမ်ားကို ဆရာေတာ္နဲ႔လိုက္ဖူးသြားဖူးေနတာဗ်။ အလႉတို႔ ကထိန္တို႔ေလဗ်ာ။ကုန္ကုန္ေျပာရရင္ အကြၽတ္အလြတ္ပြဲတို႔၊ ေဘးမဲ့ပြဲတို႔ေတာင္ ဆရာေတာ္က က်ဳပ္ကိုေခၚတာဗ်။ က်ဳပ္က အလုပ္ရွိရင္သာ ဆရာေတာ္ကိုေလွ်ာက္ၿပီးေနခဲ့ရတာ။

ခင္ဗ်ားကိုက်ဳပ္ေျပာမယ္ဆိုတာက တျခားမဟုတ္ဘူးဗ်။ က်ဳပ္ဆရာေတာ္ ဦးဂုဏက အဂၢိရတ္ပညာအားႀကီးဝါသနာပါတာ။ အဂၢိရတ္ဆိုတာ ဖိုထိုးတာကို ေျပာတာေလဗ်ာ။ ဆရာေတာ္ရဲ႕ဖို႐ုံထဲမွာ တာေတဖိုဆြဲေနက်ေပါ့ဗ်ာ။ တစ္ခါတစ္ခါေတာ့လည္း ဆရာေတာ္က ဓါတ္ႀကီးထိုးတယ္ဗ်။ တခါတခါေတာ့လည္း ရိကၡါလမ္းေၾကာင္းထိုးတယ္ဗ်။ ဓါတ္ႀကီးဆိုတာကေတာ့ ဆရာေတာ္တို႔ အေခၚအရ ေျပာတာေပါ့ဗ်ာ။ဓါတ္လုံးထိုးတာကိုေခၚတာဗ်။သံလုံးတို႔၊ျပဒါးလုံးတို႔၊ေၾကးလုံးတို႔ေပါ့ဗ်ာ။က်ဳပ္ဆရာေတာ္က သံလုံးထိုးတာဗ်။ဆရာေတာ္ဆီမွာ သံလုံးေလးတစ္လုံးရွိတယ္။အေရာင္က နီနီရဲရဲကေလးဗ်။ဓါတ္လုံးဆိုေပမဲ့ ဆရာေတာ္ ဓါတ္လုံးက လုံးဝန္းေနတာမဟုတ္ဘူး။ခပ္ျပားျပားေလး ျဖစ္ေနတာ။

“တာေတ ဒါ သံေသလုံးကြ၊ျမင္ဖူးေအာင္ၾကည့္ထား၊ျပဒါးေသရင္ ႂကြားသတဲ့။သံေသရင္ျပားသတဲ့ကြ၊ဒါေၾကာင့္ ငါ့ဓါတ္လုံးက ျပားျပားကေလး ျဖစ္ေနတာ “

ဆရာေတာ္ဓါတ္လုံးကို က်ဳပ္လက္နဲ႔ကိုင္ရတာမဟုတ္ဘူးဗ်၊ ၾကည့္႐ုံပဲၾကည့္ရတာ။ ရိကၡါလမ္းဆိုတာကေတာ့ ေ႐ႊျဖစ္ ေငြျဖစ္ထိုးတာေပါ့ဗ်ာ၊ ဆရာေတာ္ဖို႐ုံထဲမွာက ဖားဖိုႀကီးႏွစ္လုံးရွိတယ္။ တစ္လုံးက ဆရာေတာ္ဓါတ္ႀကီးထိုးတာ ေနာက္တစ္လုံးက ဆရာေတာ္ရိကၡါလမ္းထိုးတာဗ်။ ဖားဖိုႀကီးႏွစ္လုံးစလုံးက သုံးထပ္ဖိုေတြဗ်။ သုံးထပ္ဖိုဆိုတာက ပ်ဥ္ခ်ပ္ဝိုင္းႀကီးေလးခ်ပ္နဲ႔ လုပ္ထားတာဗ်။ ေလေအာင္းတဲ့ အခန္းသုံးခန္းရွိတာကို ေျပာတာဗ်ာ။

“တာေတ ေဆးဖုတ္ဖို႔ ထင္းနည္းေနၿပီကြ” လို႔ဆရာေတာ္က က်ဳပ္ကိုမိန႔္တာနဲ႔ က်ဳပ္က လွည္းေကာက္ၿပီး ေတာထဲဝင္ ထင္းခုတ္ေတာ့တာေလဗ်ာ။ ပုဗၺာ႐ုံေက်ာင္းဝင္းႀကီးရဲ႕ ရာဟုေထာင့္မွာ ေျမက်င္းတစ္ခုတူးထားတယ္ဗ်။ အဲ့ဒီဘက္မွာက ဘာေက်ာင္းမွမရွိဘူး၊ေျမကြက္လပ္ႀကီးေလဗ်ာ။ အဲ့ဒီေျမက်င္းထဲမွာ ဆရာေတာ္က နဘဲအိုးတစ္လုံးျမႇဳပ္ထားတယ္။ နဘဲအိုးဆိုတာ ေသာက္ေရအိုးကိုေျပာတာဗ်။ အဲဒီထဲမွာ သြပ္ရယ္၊ ဒုတၳာရယ္၊ ဟင္း႐ိုင္းရယ္ထည့္ၿပီး အေပၚကမေဖာက္ထုံးအုပ္ထားတာ။ အဲ့ဒီအိုးျမႇဳပ္ထားတဲ့ ေျမက်င္းထဲမွာ ထင္းေခ်ာင္းကို မျပတ္ထည့္ၿပီး မီးရႈိ႕ထားတာဗ်။ က်ဳပ္တို႔႐ြာသားေတြက ေတာထဲသြားတိုင္း ထင္းေခ်ာင္းေတြခုတ္လာၿပီး ဆရာေတာ္ကို ေဆးဖုတ္ဖို႔ ပုံေပးထားၾကတာ။ ထင္းပုံႀကီးမွဟီးထေနတာဗ်ိဳ႕။ အဲ့ဒီက်င္းထဲက အိုးကို မီးမျပတ္ေအာင္ ေလး/ငါးလဖုတ္တာ။ ဆရာေတာ္က ေဆးဖုတ္တယ္လို႔သာေျပာတာပါဗ်ာ။ အခ်ိန္တန္ရင္ အဲ့ဒီနဘဲအိုးကိုေဖာ္ၿပီးအထဲက နီနီရဲရဲအမႈန႔္ေတြကို ဖိုခန္းထဲမွာလုံနဲ႔ထည့္ၿပီး ထိုးေတာ့တာဗ်။ က်ဳပ္မၾကာမၾကာ ထိုးေပးရတာေပါ့ဗ်ာ။ လုံခြဲတဲ့အခ်ိန္က်ရင္ေတာ့ ဆရာေတာ္က သူကိုယ္တိုင္ခြဲတာဗ်။က်ဳပ္လဲ မၾကည့္ရဘူး။

“တာေတ ဒီပညာနဲ႔ ငါ့ကိုယ္က်ိဳ းမသုံးမစြဲပါဘူးကြာ မရွိဆင္းရဲသားအတြက္ ငါလုပ္တာပါ”

ဟုတ္ေတာ့ ဟုတ္သားဗ်၊ က်ဳပ္တို႔တို႔႐ြာမွာ ေက်ာင္းမေနႏိုင္သူေတြကို ဆရာေတာ္က ထားေပးတယ္။ ကုန္ကုန္ေျပာရင္ ေကာလိပ္ေတြဘာေတြအထိ ဆရာေတာ္က ေထာက္ပံ့ၿပီးထားေပးတာဗ်။ က်ဳပ္ဆရာေတာ္က ေ႐ႊျဖစ္တယ္ဆိုတာ ႐ြာထဲကလူေတြ တီးတိုးေျပာလို႔က်ဳပ္ၾကားဖူးပါတယ္။ ဟုတ္/မဟုတ္ဆိုတာေတာ့ က်ဳပ္ေသေသခ်ာခ်ာ မသိရပါဘူးဗ်ာ။ ဒါေပမဲ့ အဲဒီပညာကို ဆရာေတာ္က သင္ေပးတယ္ဆိုတာေတာ့မၾကားမိပါဘူးဗ်ာ။ က်ဳပ္ကိုလည္း တစ္ခါမွ လုပ္ျပတာမ်ိဳး မရွိပါဘူး။ လုံခြဲကာနီးၿပီဆိုရင္

“ထားခဲ့ေတာ့ တာေတ ရၿပီ ရၿပီ” လို႔ေျပာၿပီး က်ဳပ္ကိုျပန္လႊတ္ၿပီးမွ ဆရာေတာ္တစ္ပါးတည္းခြဲတာဗ်။ ဘယ္သူမွ ၾကည့္ရတာမဟုတ္ဘူး။ က်ဳပ္ေရာ က်ဳပ္တို႔႐ြာသားေတြေရာ လႊတ္စည္းရွိတာဗ်။ က်ဳပ္တို႔ဆရာေတာ္က မေမးေစခ်င္ရင္ ဘယ္သူမွမေမးၾကဘူးဗ်။ မၾကည့္ေစခ်င္ရင္လည္း ဘယ္သူမွမၾကည့္ၾကပါဘူးဗ်ာ။ ဒီေန႔လည္း ဆရာေတာ္ေခၚခိုင္းလို႔ လိုက္သြားၿပီး ဖိုဆြဲေပးရတယ္။ တစ္လုံးကို မီးေသြးငါးအုပ္ေလာက္နဲ႔ သုံးလုံးထိုးေပးရတယ္။ မီးကေတာ့ မီးျပင္းဗ်။ ဆရာေတာ္ေျပာတာေတာ့ ဒဟေတေဇာဆိုပဲ။ က်ဳပ္ကေတာ့ ဒါေတြဘယ္သိမွာတုန္း။ ဆရာေတာ္က….

“ဟဲ့ တာေတ၊ ျပင္းျပင္းဆြဲ၊ မနားနဲ႔” လို႔ေျပာရင္ မနားတမ္းခပ္ျပင္းျပင္းဆြဲတာေပါ့ဗ်ာ။

“႐ြီး၊ ႐ြီး ႐ြီး ႐ြီး” ဆိုတဲ့ ဖားဖိုႀကီး ျမည္တဲ့အသံကို ျပတ္မသြားေအာင္ထိုးတာဗ်။ မီးထဲက လုံကို ရဲရဲေတာက္ေနေတာ့တာေပါ့ဗ်ာ။ ဆရာေတာ့္ေက်ာင္းကေန အိမ္ျပန္ေရာက္ေတာ့ အေမတည္ထားတဲ့ ေရေႏြးၾကမ္းပူပူကေလးနဲ႔ ထန္းလ်က္ခဲေလးစားရင္း ေခြၽးတိတ္ေအာင္ နားလို႔ေပါ့ဗ်ာ။ မိုးေလးက ဖြဲဖြဲကေလး ႐ြာလိုက္ေသးဗ်။မိုးတြင္းေလဗ်ာ။ က်ဳပ္တို႔အညာမိုးတြင္းဆိုတာက ေအာက္ျပည္လို အုန္းအုန္းဒိုင္းဒိုင္း ႐ြာတာမ်ိဳးမဟုတ္ဘူးဗ်။ ခပ္ဖြဲဖြဲပဲ႐ြာတာ။ ေနရတာေတာ့ အိုက္စပ္စပ္ႀကီးေပါ့ဗ်ာ။

“တာေတ ေရေလးဘာေလး ခ်ိဳးဦးမွာလား၊ ခ်ိဳးမွာဆိုလည္းခ်ိဳးဟဲ့၊ ၿပီးရင္ ထမင္းစားဖို႔ ဒီမွာ နင့္အဘက ဗိုက္ဆာေနလို႔တဲ့”

“အေမ ဘာဟင္းေကာင္းမ်ားခ်က္လို႔တုန္း”

“ဟင္ ဟုတ္လား အေမ ဝက္သားဘယ္ကရလို႔တုန္း”

“ေျမာက္ပိုင္းက ထြန္းပြင္းလာပို႔တာနဲ႔ ယူထားလိုက္တာ”

ဟင္းကက်ဳပ္အႀကိဳက္ကိုဗ်။ ဝက္သားနဲ႔ ပုန္းရည္ႀကီးဆိုကတည္းက က်ဳပ္က ဗိုက္ဆာသြားတာဗ်ိဳ႕။

“မခ်ိဳးေတာ့ဘူးဗ် အေမရ ဆရာေတာ့္ကို ဖိုဆြဲေပးခဲ့တာ မီးနားကပ္လာေတာ့ ခ်က္ခ်င္းခ်ိဳးလို႔မေကာင္းဘူး”

“ေအး ဒါဆိုလည္း စားပြဲခုံခင္းေတာ့ ထမင္းခူးမယ္” က်ဳပ္ျဖင့္ ထမင္းဝိုင္းမွာ ဆာဆာနဲ႔ႀကိတ္လိုက္တာ နည္းပါဘူးဗ်ာ၊ အဘကလည္း က်ဳပ္လိုပဲ ဝက္သားနဲ႔ပုန္းရည္ႀကီး လႊတ္ႀကိဳက္တာဗ်။ ထမင္းစားၿပီးေတာ့ နဂါးေဆးေပါ့လိပ္ကေလး မီးညႇိေလးနဲ႔ငါးဖြာ ဖြာလိုက္ေတာ့ မ်က္စိက စဥ္းလာေရာဗ်ာ။ အိမ္ေရွ႕ဖိနပ္ခြၽတ္မွာ ခြၽတ္ထားတဲ့ တန္းလ်ားရွည္ေလးမွာ ဝါးပိုးခ်မ္းေလး ေခါင္းအုံးၿပီး က်ဳပ္ေမွးလိုက္တယ္။ က်ဳပ္ျဖင့္ေမွးကနဲ အိပ္ေပ်ာ္႐ုံရွိေသးသဗ်။

“တာေတေရ…တာေတ”

က်ဳပ္လန႔္ႏိုးသြားတယ္။ ေခါင္းေထာင္ၿပီး ဝိုင္းဝကိုၾကည့္လိုက္ေတာ့ ေငြတြင္းကုန္းက ကိုေအာင္ဘေက်ာ္ဗ်။ လူက မည္းမည္းတုတ္တုတ္ႀကီး။ သူ႔ကိုေငြတြင္းကုန္းသားေတြက ေအာင္ဗလေက်ာ္လို႔ ေခၚၾကတာ။ ဖ်င္ၾကမ္းအက်ႌျဖဴ လက္တိုဝတ္လို႔၊ ေခါင္းမွာ ထန္းဖလက္ခေမာက္တစ္လုံးေဆာင္းတယ္။ လက္မွာေတာ့ ႏြားႏွင္တံတုတ္ကို ကိုင္ထားတယ္ဗ်။ ကိုေအာင္ဘေက်ာ္နဲ႔ က်ဳပ္ သိေပမဲ့ အခုလိုအိမ္ေတြဘာေတြ တစ္ခါမွမလာဖူးပါဘူး၊ ကိုေအာင္ဘေက်ာ္က က်ဳပ္ထက္ေတာ့ ငါးႏွစ္ေျခာက္ႏွစ္ေလာက္ႀကီးတယ္ဗ်။ ၿပီးေတာ့ဒီလူက လူပ်ိဳဗ်။ အိမ္ေထာင္ရက္သားရွိတာမဟုတ္ဘူး။ ေငြတြင္းကုန္းမွာ ကိုေအာင္ဘေက်ာ္က ကာလသားေခါင္းေလ။ က်ဳပ္တို႔အညာအေခၚေတာ့ ေျမာက္ေခါင္းေခၚတာေပါ့ဗ်ာ။ ေငြတြင္းကုန္းေရာက္ရင္ ေျမာက္ေခါင္းေအာင္ဘေက်ာ္လို႔ ေမးရင္ လူတိုင္းသိသေပါ့ဗ်ာ။

“ဟာ ကိုေအာင္ဘေက်ာ္ႀကီး လာဗ်ိဳ႕.. လာ” က်ဳပ္လွမ္းေခၚလိုက္ေတာ့ ဝိုင္းထဲကို ေခါင္းႀကီးငိုက္ငိုက္နဲ႔ ဝင္လာတယ္ဗ်။ ကိုဘေက်ာ္ အိမ္ေပၚေရာက္တာနဲ႔ က်ဳပ္က “လာဗ် ကိုေအာင္ဘေက်ာ္ႀကီး၊ ထိုင္” ေျပာေျပာဆိုဆိုနဲ႔ က်ဳပ္က ေရေႏြးၾကမ္းငွဲ႔ေပးတယ္။ လက္ဖက္အစ္ကေလးလည္း ေရွ႕တိုးေပးၿပီး နဂါးေဆးေပါ့လိပ္တစ္လိပ္မီးညႇိၿပီး ကိုေအာင္ဘေက်ာ္ကို ကမ္းေပးလိုက္တယ္။

“ကဲ ကိုေအာင္ဘေက်ာ္ အၾကမ္းေသာက္ဗ်ာ၊ လက္ဖက္လည္းစား၊ ဘယ္ကေနေရာက္လာတာတုန္း၊ လက္ထဲမလည္းႏြားႏွင္တံႀကီးနဲ႔ဆိုေတာ့ လွည္းပါလာတယ္ထင္တယ္”

“မင္းဆီကို သက္သက္လာတာကြ တာေတရ။ လွည္းပါတယ္ အေရွ႕ပိုင္းက ဘေထြးၾကည္ေသာင္းတို႔ဝိုင္းမွာျဖဳတ္ထားခဲ့တယ္။ မင္းအိမ္ေတာင္ မသိလို႔ ဘေထြးၾကည္ေသာင္းကို ေမးၿပီးလာရတာ ေျပာရင္းနဲ႔ ကိုေအာင္ဘေက်ာ္ႀကီးက နဂါးေဆးေပါ့လိပ္ကေလးဖြာေနတယ္။

“ကိုေအာင္ဘေက်ာ္ လက္ဖက္လည္းစားဗ်ာ ၊ ႏို႔ထမင္းေရာစားခဲ့ၿပီလား၊ မစားရေသးရင္ ဒီမွာစားဗ်ာ”

“ဟာ စားၿပီးပီ၊ စားၿပီးပီ။ စားၿပီးပီ ထြက္လာတာ”

” ႏို႔… ကိုေအာင္ဘေက်ာ္ ကိစၥအထူးမ်ားရွိသလားဗ်”

က်ဳပ္ကေမးလိုက္ေတာ့ ေဆးလိပ္မီးခိုးကို ႏွာေခါင္းထဲကမႈတ္ထုတ္ရင္း ေျပာတယ္။

“ကိစၥမွ ထူးလိုက္ပါဘိ တာေတရာ”

“ဟင္ ဘယ္လိုကိစၥမ်ားတုန္းဗ်”

“ငါတို႔ေငြတြင္းကုန္းမွာ က်ားတစ္ေကာင္ေရာက္ေနလို႔ကြ”

“ဘာ က်ား ……..ဟုတ္လား၊ ကိုႀကီးဘေက်ာ္”

“ဟုတ္ပ တာေတရာ၊ က်ားကြ၊ က်ားမွအနက္ႀကီးဗ်ာ”

“ဟာ ခင္ဗ်ားတို႔႐ြာထဲကို ဝင္ေရာလား”

“မဝင္ဘူးကြ၊ ႐ြာျပင္ကပဲပတ္ၿပီးသြားေနတာ၊ က်ားဟိန္းသံႀကီးကေတာ့ ငါတို႔ ေငြတြင္းကုန္းတစ္႐ြာလုံးကို လႊမ္းေနတာကြ၊ ၿပီးေတာ့ ညသန္းေခါင္ေက်ာ္မွ က်ားကလာတာ၊ ခုထိေတာ့႐ြာထဲကို မဝင္ေသးဘူးကြ၊ ႐ြာခ႐ိုးအျပင္ကပဲ သြားေနတာ”

“ဘယ္လိုတုန္းဗ်ာ၊ ထူးဆန္းလွခ်ည္လား၊ က်ဳပ္တို႔ဘက္ေတြမွာ ဘယ္တုန္းက က်ားရွိဖူးလို႔တုန္းဗ်၊ ႏို႔ က်ားအနက္ဆိုတာကေကာ ဘယ္ႏွယ့္သိတာတုန္း”

“ဟာ… တာေတကလည္း ငါနဲ႔ကာလသားေတြ ညဘက္သစ္ပင္ႀကီးေတြေပၚကေန တက္ၿပီးၾကည့္တာေလကြာ၊ အနက္မွေမွာင္ေနေအာင္ကို နက္တာကြ။ အေကာင္ကလည္း နည္းနည္းေနာေနာႀကီးမဟုတ္ဘူးကြ၊ ငါ့စိတ္ထင္ေတာ့ ကိုးေတာင္က်ားမကဘူးထင္တယ္၊ ဆယ့္ႏွစ္ေတာင္ေလာက္မ်ား ရွိေနမလားပဲကြ” က်ဳပ္က ကိုေအာင္ဘေက်ာ္ေျပာတာကိုနားေထာင္ရင္း ေတြးေနမိတာဗ်။

“ကိုေအာင္ဘေက်ာ္ က်ဳပ္ေတာ့ က်ားနက္ရွိမွန္းေတာင္ မသိဘူးဗ်။ က်ဳပ္ၾကားဖူးတာ က်ားသစ္နက္ပဲ ၾကားဖူးတာ”

“ဟာ… က်ားသစ္မဟုတ္ဘူး တာေတ၊ က်ားမွက်ားအစစ္ကြ၊ ဟိန္းလိုက္တာမွ ဝုန္းကနဲ ဝုန္းကနဲ ေနတာကြ၊ ညေရာက္ရင္ ငါတို႔႐ြာသားေတြ တံခါးေတြပိတ္ၿပီး အိမ္ထဲမွာၿငိမ္ေနၾကတာ။ ႐ြာလမ္းထဲမွာ လူကိုမရွိေတာ့တာကြ၊ ေခြးေတြဆိုလည္း အၿမီးေတြကုပ္ၿပီး ၿငိမ္ေနၾကတာကြ၊ တင္းကုတ္ထဲက ႏြားေတြဆိုလဲ လႈပ္ေတာင္မလႈပ္ရဲဘူး၊ ႏွာမႈတ္သံ တဖူးဖူးပဲၾကားရတယ္”

“က်ဳပ္ၾကားဖူးတာေတာ့ ဘဂၤလားက်ား ဆိုတာေတြက ကိုးေတာင္ ဆယ္ေတာင္ရွိဆိုပဲဗ်၊ အခု ကိုဘေက်ာ္ေျပာသလိုဆိုရင္ ဘဂၤလားက်ားႀကီးလားမွ မသိတာ၊ ေတာထဲေတာင္ထဲသြားလာရင္း နယ္ကြၽံလာတာဖစ္မွာေပါ့ဗ်ာ”

“ဟာ နယ္ကြၽံလာရင္ တျခားကိုသြားေရာေပါ့ကြ၊ အခုဟာက ညတိုင္းသန္းေခါင္းေက်ာ္ရင္ ေရာက္လာၿပီး တဝုန္းဝုန္းနဲ႔ ဟိန္းၿပီး ႐ြာကို တစ္ပတ္ၿပီးတစ္ပတ္ပတ္ေနတာကြ”

“ႏို႔ ခုဆိုရင္ ဘယ္ႏွညရွိၿပီတုန္း”

“ညကပါနဲ႔ဆိုရင္ ေလးညေတာင္ရွိၿပီကြ”

“ဟင္……ေလးညေတာင္ရွိၿပီဟုတ္လား၊ ဒါဆိုရင္ေတာ့ ခရီးလြန္လာတဲ့က်ား ဟုတ္ဟန္မတူဘူးဗ်”

က်ဳပ္လည္းေတြးေနမိတာေပါ့ဗ်ာ။

“ေနပါဦး တာေတရ… ထူးျခားတာတစ္ခုလည္း မင္းကိုေျပာရဦးမယ္ “

“ဟင္ ဘာတုန္း ကိုေအာင္ဘေက်ာ္”

“ငါတို႔ ေငြတြင္းကုန္းက သခ်ႋဳင္းကုန္းဇရပ္ထဲမွာ လူတစ္ေယာက္ ေရာက္ေနတယ္ကြ၊ ႏႈတ္ခမ္းေမြးႀကီးကားကားနဲ႔၊ ေသွ်ာင္တေစာင္းႀကီး ထုံးလို႔ကြ၊ လြယ္အိတ္စုတ္ႀကီး တစ္လုံးလည္း လြယ္ထားေသးတယ္၊ ႐ြာက ႏြားေက်ာင္းတဲ့ ေကာင္ေလးေတြေျပာလို႔ ငါမေယာင္မလည္နဲ႔ သြားၾကည့္တာ၊ အဲဒီလူ႐ြာသခ်ိဳင္းကို ေရာက္လာၿပီး ေနာက္ေန႔မွာပဲ ဒီက်ားကိစၥေပၚလာတာကြ”

“႐ြာထဲမွာေရာ ဘာထူးျခားမႈရွိတုန္းဗ်”

ကိုေအာင္ဘေက်ာ္က မ်က္ေမွာင္ႀကီးၾကဳတ္ၿပီးေျပာတယ္

“႐ြာထဲမွာေတာ့ ဘာမွမထူးျခားဘူးကြ တာေတရ”

” ကိုေအာင္ဘေက်ာ္ က်ဳပ္ဆီကိုလာတာ ဒီကိစၥေျပာ ျပခ်င္လို႔လား”

“ဟာ ေျပာခ်င္လို႔မဟုတ္ဘူးကြ၊ မင္းကို ေခၚခ်င္လို႔ ေငြတြင္းကုန္းက လူငယ္ေတြအားလုံးက မင္းကိုသြားေခၚေပးပၚဆိုလို႔ ငါလာခဲ့တာကြ”
“အင္းခက္ေတာ့ ခက္သားလားကိုေအာင္ကေက်ာ္ရဲ႕၊ က်ဳပ္ကလည္း ဆရာမဟုတ္ဘူးေလဗ်ာ၊ သရဲေလး တေစၦေလးေလာက္သာ လုပ္ဖူးတာဗ်၊ အခုလို က်ားနက္ေတြ ဘာေတြကတာ့ က်ဳပ္လည္း နားမလည္ဘူး ကိုေအာင္ဘေက်ာ္ရဲ႕”

က်ဳပ္ေတြၿပီးစဥ္းစားတယ္၊ ဒါဘာျဖစ္ႏိုင္သလဲဆိုတာ၊ က်ားနက္ႀကီး ညသန္းေခၚေက်ာ္ရင္ ပုံမွန္ေရာက္လာၿပီး ႐ြာကိုပတ္ၿပီး တဝုန္းဝုန္းနဲ႔ ဟိန္းေနတာ၊ က်ားက ဆယ့္ႏွစ္ေတာင္ေလာက္ေတာင္ရွိမယ္ဆိုပဲ။ ေတြးသာေတြးရတာပါဗ်ာ။ ဒါမ်ိဳးက်ဳပ္တစ္ခါမွ ႀကဳံဖူးတာမဟုတ္ဘူးဗ်။ ႐ြာျပင္သုႆန္ထဲက ေသွ်ာင္ထုံးနဲ႔ႏႈတ္ခမ္းေမြးကားကားႀကီးနဲ႔လူေရာက္လာမွ ဒီက်ားေရာက္လာတာဆိုေတာ့ ဒီလူကေရာ ဘာတုန္း။ က်ားနတ္ႀကီးနဲ႔ ဒီလူနဲ႔က ဘယ္လိုပတ္သက္ေနတုန္း၊ ဘယ္လိုပဲေတြးေတြး အေျဖကေတာ့ မေပၚဘူးဗ်ာ။ ဘာပဲျဖစ္ျဖစ္ က်ဳပ္ေငြတြင္းကုန္း လိုက္သြားမယ္လို႔ ဆုံးျဖတ္လိုက္တယ္။ အေမနဲ႔အဘကို အက်ိဳးအေၾကာင္းေျပာၿပီး အဝတ္အပိုတစ္စုံယူတယ္။ ၿပီးေတာ့ က်ဳပ္ရဲ႕ ေဆးလြယ္အိတ္၊ သစ္စုန္းေဆးေတာ္၊ မ်က္ကြင္းေဆး ဘာမွမက်န္ေအာင္ က်ဳပ္ယူလာခဲ့တယ္။ ထေနာင္းကုန္းကေန နာရီျပန္ႏွစ္ခ်က္တီးေလာက္ထြက္ခဲ့တယ္။ ကိုေအာင္ဘေက်ာ္က က်ဳပ္တို႔နယ္တေၾကာမွာ လွည္းေမာင္းခ်န္ပီယံဗ်။ လွည္းေမာင္းၿပိဳင္ပြဲမွာ မၾကာမၾကာဆုရခဲ့တဲ့လူ။ ခုမွပဲ ကိုေအာင္ဘေက်ာ္ေမာင္းတဲ့လွည္းကိုက်ဳပ္က စီးဖူးတာဗ်။ လွည္းေမာင္းတဲ့ေနရာမွာေတာ့ လႊတ္ေတာ္တဲ့လူပါဗ်။ ႏြားေငါက္သံေတာင္ သိပ္မၾကားရဘူး။ ေျပးလိုက္တဲံႏြားေတြဗ်ာ။ သူ႔ႏြားႀကီးေတြကလည္း တကယ့္ႏြားေကာင္းေတြဗ်ာ။ ႏြားဖီးႀကီးေတြ။ အျဖဴတစ္ေကာင္ အနီတစ္ေကာင္ဗ်။ ညေန ငါးနာရီေလာက္က်ေတာ့ ေငြတြင္းကုန္းသခ်ႋဳင္းကို ေရာက္ၿပီဗ်။

“တာေတ၊ ငါ ဇရပ္နားကျဖတ္ေမာင္းရမွာ၊ ဇရပ္ေပၚက ဟိုလူကို မင္း မသိမသာ အကဲခတ္ၾကည့္ကြ”

ကိုေအာင္ဘေက်ာ္က လွည္းကို သခ်ႋဳင္းဇရပ္နဲ႔ မနီးမေဝးက ျဖတ္ေမာင္းတယ္။ က်ဳပ္က ဟိုၾကည့္သလို၊ ဒီၾကည့္သလိုနဲ႔ သခ်ႋဳင္းကုန္းထဲက ဇရပ္ေပၚကို ၾကည့္တယ္။ ေဟာေတြ႕ၿပီ။ ေသွ်ာင္တေစာင္းနဲ႔ ႏႈတ္ခမ္းေမြးကား ကားႀကီးဗ်။ တစ္ခုခုကို ေတြးေနတာဗ်ိဳ႕
က်ဳပ္ၾကည့္ေနတာေတာင္ ဒီလူ မသိဘူး။ က်ဳပ္တို႔ သခ်ႋဳင္းဇရပ္ကို ေက်ာ္လာေတာ့မွ ကိုေအာင္ဘေက်ာ္က က်ဳပ္ကိုေမးတယ္။

“ဘယ္လိုလဲတာေတ ၊ ဒီလူပုံစံက မ႐ိုးဘူးထင္တယ္ေနာ္’’

“ ဟုတ္တယ္ဗ် ကိုေအာင္ဘေက်ာ္ရဲ႕၊ က်ဳပ္အေတြ႕အႀကဳံအရ ေျပာရရင္ေတာ့ ဒီလူဟာ ကေဝလား၊ ေအာက္လမ္းလားပဲဗ်၊ ခင္ဗ်ားေျပာတဲ့ က်ားနက္ႀကီးနဲ႔ ဒီလူနဲ႔ဟာ တစ္နည္းနည္းေတာ့ ပတ္သက္မႈရွိေနမွာ အမွန္ပဲဗ်’’

“ ဒီလူေရာက္လာၿပီးမွ ဒီက်ားနက္ႀကီးေပၚလာတာကြ၊ ညတိုင္း ႐ြာကိုပတ္ၿပီးဟိန္းေနတာ၊ ညေရာက္ရင္မင္းေတြ႕ရမွာပါကြ’’

“ ခင္ဗ်ားက်ား ဒီညလာပါေစလို႔ပဲ ဆုေတာင္းရေတာ့မွာပါဗ်ာ’’

“ ဟာလာမွာေပါ့ တာေတရဲ႕ ညတိုင္းလာေနတာ၊ ေလးညဆက္တိုက္ရွိေနၿပီပဲကြ’’

“ ဟာ……..တာေတပါလာၿပီေဟ့ ’’

တစ္ေယာက္ကေအာ္ေျပာလိုက္တာနဲ႔ တစ္ေယာက္ၿပီးတစ္ေယာက္ေရာက္လာတာဗ်။ က်ဳပ္နဲ႔ ကိုေအာင္ဘေက်ာ္လည္း ကာလသားဆယ့္ေလးငါးေယာက္နဲ႔အတူ သြားရေတာ့တာေပါ့ဗ်ာ။ ကိုေအာင္ဘေက်ာ္တို႔ဝိုင္းႀကီးက က်ယ္သားဗ်၊ မက်ည္းပင္၊ တမာပင္ေတြနဲ႔ အုံ႔အုံ႔ဆိုင္းဆိုင္းေလးဗ်’’ က်ဳပ္တို႔အားလုံး ကြၽန္းေလွကားႀကီးကေန အိမ္ႀကီးေပၚကိုတက္ခဲ့တယ္။

“ လာေဟ့ ေမာင္တာေတ ၊ ငါတို႔လည္း မင္းကိုေတြ႕ခ်င္လို႔ ေစာင့္ေနတာကြ”

ေငြတြင္းကုန္းက လူႀကီးေတြေလးငါးေယာက္ က်ဳပ္ထိုင္ၿပီးေစာင့္ေနၾကတာဗ်၊ ဒီထဲမွာ ကိုေအာင္ဘေက်ာ္ရဲ႕ အဘလည္းပါမယ္ဗ်၊ က်ဳပ္က သူ႔အဘကို ျမင္ဖူးတာမဟုတ္ဘူး

“ လာ… တာေတ ထိုင္ကြ၊ ေဟာဒါ ငါ့အဘ၊ ဦးစိန္ျမ၊ ေဟာဒါငါ့အေမ ေဒၚလုံးၾကည္ ”

က်ဳပ္က ၿပဳံးၿပီးႏႈတ္ဆက္ရတယ္။

“ ေဟာဒီဘက္က ဘိုးေမာင္ျဖဴ၊ ဒါက ဘိုးထြန္းညိဳ၊ ဒါက ဘိုးေအာင္ရင္၊ ဒါက ဘိုးစိန္ခိုကြ ” က်ဳပ္က အားလုံးကို ၿပဳံးၿပီးႏႈတ္ဆက္ရတာေပါ့ဗ်ာ။

“ တာေတ ေရာ့…. မင္းက နဂါးပဲ ေသာက္တာ ” ဆိုၿပီး ကိုေအာင္ဘေက်ာ္က က်ဳပ္ကို နဂါးေဆးေပါ့လိပ္ တစ္လိပ္နဲ႔ ဓႏုျဖဴ ေဒၚရီ မီးခတ္ကမ္းေပးတယ္။ က်ဳပ္လည္း မီးခတ္ ခတ္ၿပီး ေဆးလိပ္ဖြာလိုက္တယ္၊ အေမာကိုေျပသြားတာဗ်ိဳ႕။

“အက်ိဳးေၾကာင္းေတြ ေမာင္တာေတ သိၿပီးေရာေပါ့ ဘယ္လိုမ်ားျဖစ္ႏိုင္လဲ ေတြးလို႔ရလားကြဲ႕”

“ က်ဳပ္လဲတစ္လမ္းလုံးေတြးလာတာ၊ က်ဳပ္ဆရာႀကီးႏွစ္ေယာက္နဲ႔ လိုက္ခဲ့တုန္းကေတာ့ တစ္ခါျမင္ခဲ့ဖူးတယ္ဗ်”

“ေဟ … ဘာမ်ားတုန္း ေမာင္တာေတရဲ႕”

“နာနာ႐ုပ္အတက္ဆိုတာ ရွိတယ္ ဘိုးရဲ႕ ႐ုပ္ေျပာင္း႐ုပ္လြဲအတက္ေပါ့ဗ်ာ၊ လူကေန က်ားအသြင္ေျပာင္းတာဗ်”

“ဟာ………ဒါမ်ိဳးရွိသလား ေမာင္တာေတရဲ႕ ”

“ ရွိတယ္ ဘိုး၊ က်ဳပ္ေရွ႕မွာတင္ ျမင္ခဲ့ရတာေတြပါ”

“သမန္းက်ားဆိုတာမ်ိဳး ထင္တယ္”ာကာလသားတစ္ေယာက္က ဝင္ေျပာတာဗ်။ “ေအး… ဟုတ္ႏိုင္တယ္ကြ၊ မင္းေျပာတာ”
က်ဳပ္က ခ်က္ခ်င္းျပန္ေျပာလိုက္တယ္။

“ဒါဆိုရင္ သခ်ိဳင္းဇရပ္ေပၚက လူမ်ား ႐ုပ္ေျပာင္း ႐ုပ္လြဲလုပ္ၿပီး ႐ြာကို ေျခာက္လွန္ေနတာမ်ားလား ဘိုးရယ္” ေနာက္ကာလသားတစ္ေယာက္က ဝင္ေျပာတာဗ်။ ေငြတြင္းကုန္းသားေတြ မဆိုးဘူးဗ်ာ၊ ေတြးတက္ေခၚတက္သားပဲ၊ က်ဳပ္လည္း လာတဲ့လမ္းမွာ ဒါေတြ ေတြးလာခဲ့တာေလဗ်ာ

“ ျဖစ္ႏိုင္တာေတြေတာ့ ရွိတာေပါ့ ဘိုး ဒါေပမဲ့ အေတြးနဲ႔ ဆုံးျဖတ္လို႔ေတာ့ မျဖစ္ဘူးဗ်၊ ေသခ်ာေအာင္ ဒီည သြားၾကည့္ရလိမ့္မယ္ “ဗ်ာ…. သြားၾကည့္မယ္ ဟုတ္လား” ကာလသားေတြ လန႔္ၿပီး ေအာ္ၾကတယ္ဗ်။ “ ဟုတ္တယ္၊ သြားၾကည့္ရမွာ ကိုေအာင္ဘေက်ာ္၊ က်ဳပ္နဲ႔ တေယာက္ေလာက္ အေဖာ္လိုက္ခဲ့မလား ” “ ဟာ တာေတကလည္း ငါလိုက္မွာေပါ့ကြ ” ကာလသားေတြကေတာ့ ၿငိမ္ေနတာဗ်။ ဘာမွကို မေျပာၾကဘူး။ က်ဳပ္တို႔ ထမင္းစားၿပီးေတာ့ ည ၇ နာရီထိုးၿပီ။ ၉ နာရီထိုးတာနဲ႔ က်ဳပ္နဲ႔ ကိုေအာင္ဘေက်ာ္ ႐ြာျပင္ကို ထြက္လာခဲ့တယ္။ လကြယ္ရက္ နီးေနၿပီဆိုေတာ့ လေရာင္ေတာ့ မရွိဘူးဗ်။ ၾကယ္ေရာင္ပဲရွိတယ္။ က်ဳပ္တို႔ႏွစ္ေယာက္သစ္ပင္ေတြ ၿခဳံပုတ္ေတြေနာက္မွာ ပုန္းရင္း သခ်ႋဳင္းကုန္းကို တျဖည္းျဖည္း ကပ္လာခဲ့တယ္။ က်ဳပ္က သခ်ႋဳင္းအေနအထားကို အကဲခတ္ၾကည့္လိုက္တယ္။ ဇရပ္ထဲက လူကေတာ့ ေဆးေပါ့လိပ္ကေလး မီးတရဲရဲနဲ႔ဗ်။ က်ဳပ္တို႔ဘက္ကို ေက်ာခိုင္းထားတယ္။ က်ဳပ္က ကိုေအာင္ဘေက်ာ္ကို လက္ကုတ္ၿပီး ျမရာပင္ေတြ အရွည္ႀကီးေပါက္ေနတဲ့ဘက္က အုတ္ဂူႀကီးတစ္လုံးကို လက္ညႇိဳးျပလိုက္တယ္။ ကိုေအာင္ဘေက်ာ္နဲ႔ က်ဳပ္နဲ႔ အုတ္ဂူႀကီးေပၚကိုတက္ထိုင္လိုက္တယ္။ ျမရာပင္ေတြၾကားမွာ က်ဳပ္တို႔ ႏွစ္ေယာက္ေပ်ာက္သြားတယ္။ သခ်ႋဳင္းဇရပ္ဘက္ကေန လွမ္းၾကည့္ရင္ က်ဳပ္တို႔ကိုဘယ္သူကမွ မျမင္ႏိုင္ဘူးဗ်။ သန္းေခါင္းၾကက္တြန္သံ႐ြာဘက္က ၾကားလိုက္ရတယ္။

“ ဝုန္း ဝုန္း ဝုန္း ဝုန္း ” ဟာ က်ားဟိန္းသံႀကီးဗ်ာ၊ တကယ္ကို ေၾကာက္စရာႀကီးပါလား၊ ဒါေၾကာင့္လည္း ေငြတြင္းကုန္းသားေတြ ေၾကာက္ၾကတာေပါ့ေလ။ ရွင္းသြားၿပီေပါ့ဗ်ာ၊ က်ဳပ္ထင္ထားသလို မဟုတ္ဘူးဆိုတာေလ။ ဇရပ္ေပၚကလူ ႐ုပ္ေျပာင္း႐ုပ္လႊဲလုပ္ၿပီး က်ားအသြင္ ဖန္တီးတာေတာ့ လုံးဝမဟုတ္ဘူးဗ်၊ ဟိုလူက ဇရပ္ေပၚမွာပဲ ေဆးလိပ္ထိုင္ဖြာေနတာဗ်ိဳ႕။

“ ကိုေအာင္ဘေက်ာ္……က်ားက ဘယ္ဘက္က စဟိန္းတာတုံးဗ် ”

“႐ြာဦး နတ္စက္က ဟိန္းတာကြ၊ ညတိုင္းအဲ့ဒီဘက္ကပဲ စဟိန္းတာ ”

“ ေၾသာ္ အဲဒါ နတ္စင္လား ”

“ ေအး ဟုတ္တယ္ ဘာဖစ္လို႔တုန္း တာေတရ ”

ေဟာ ဟိုလူထလာၿပီဗ်ိဳ႕၊ ကိုေအာင္ဘေက်ာ္ေမးတာကိုေတာင္ က်ဳပ္ျပန္မေျဖရေသးဘူးဗ်။

ကိုေအာင္ဘေက်ာ္လည္း က်ဳပ္ကို ဆက္မေမးေတာ့ပဲ ဇရပ္ေပၚကလူကို မ်က္ေတာင္မခတ္ၾကည့္ေနေတာ့တာေပါ့ဗ်ာ။

“ ဝုန္း ဝုန္း ဝုန္း ဝုန္း ” ေဟာ က်ားဟိန္းသံႀကီးက တစ္ျဖည္းျဖည္းနဲ႔ နီးလာၿပီဗ်။

“ တာ….တ….တာေတ….ျဖစ္….ျဖစ္…ျဖစ္ပါ့မလားကြ ” ကိုေအာင္ဘေက်ာ္က အသံတုန္တုန္ႀကီးနဲ႔ က်ဳပ္ကိုေမးတယ္။ “ ဟာ ျဖစ္ပါတယ္၊ ကိုေအာင္ဘေက်ာ္ရဲ႕၊ က်ဳပ္လြယ္အိတ္ထဲမွာ ေဆးဝါးအစုံပါပါတယ္ဗ်၊ မေၾကာက္ပါနဲ႔ ” ေျပာသာေျပာတာဗ်၊ က်ဳပ္လည္း ၾကက္သီးေတြထေနတာပဲ။ ဟာ က်ားနက္ႀကီးဗ်ိဳ႕၊ နည္းတဲ့အေကာင္ႀကီးမွ မဟုတ္တာဗ်ာ၊ ကိုေအာင္ဘေက်ာ္ေျပာတာ ဟုတ္တာေပါ့၊ ဆယ့္ႏွစ္ေတာင္ေလာက္ကိုရွိမွာဗ်၊ ၾကယ္ေရာင္ေအာင္မွာျမင္ရတာဗ်ိဳ႕၊ ခါးႀကီးႏြဲ႕ႏြဲ႕ ႏြဲ႕ႏြဲ႕နဲ႔ ေလွ်ာက္လာတာဗ်၊ မ်က္လုံးႏွစ္လုံးဆိုတာ ေမွာင္ထဲမွာကို နီရဲၿပီး ေတာက္ေနတာဗ်ိဳ႕။ ေဟာ က်ားက ဟိုလူဆီကို တန္းသြားတာဗ်၊ ေအာင္မယ္ ဒီလူက ဆယ့္ႏွစ္ေတာင္က်ားႀကီးကို လက္နဲ႔သပ္ေနတာဗ်ိဳ႕။

“ ငါ့သား၊ ကိစၥေတြ ၿပီးေတာ့မွာပါကြာ၊ မနက္ျဖန္ည လကြယ္ညပဲကြ မနက္ျဖန္ညေရာက္ရင္သာ ဟိုေကာင္မကိုခ်ီၿပီး ဂူႀကီးကို အေရာက္သြားေပေတာ့၊ ဆရာလည္း မင္းေနာက္က ထပ္ခ်ပ္မကြာ လိုက္ခဲ့မွာပါ၊ ဒါေပမဲ့ မင္းကက်ား ငါက လူဆိုေတာ့ ေတာထဲေတာင္ထဲက် မင္းကိုမွီေအာင္ေတာ့ လိုက္ႏိုင္မွာ မဟုတ္ဘူးေပါ့ကြာ ”

ဟာ… က်ားနက္ႀကီးက ဒီလူ႔ေျခေထာက္ကို ေခါင္းနဲ႔ေခြ႕ေနတယ္ဗ်ိဳ႕၊ ဘယ္လိုျဖစ္လို႔ ဒီလူဒီက်ားကို ဒီေလာက္ပိုင္ေနတာပါလိမ့္။ ၿပီးေတာ့ က်ားက သန္းေခါင္းမွ ေပၚလာတာေလဗ်ာ။ တစ္ေန႔လုံး ဒီက်ားဘယ္မွာသြားေနတာတုန္း၊ ႐ြာကလူေတြ အလုပ္သြားလုပ္ေနၾကတာ။တစ္ေယာက္ေယာက္ေတာ့ ဒီက်ားနက္ႀကီးကို ျမင္ရမွာေပါ့ဗ်ာ။ ေဟာဟိုလူက်ားႀကီးကို ဘာေျပာလိုက္တယ္မသိဘူးဗ်၊ က်ားနက္ႀကီးက ခ်ာကနဲ လွည့္ထြက္ၿပီး ႐ြာဘက္ကို ျပန္သြားၿပီး ဟိန္းျပန္ေရာဗ်ိဳ႕။ “ ဝုန္း ဝုန္း ဝုန္း ဝုန္း ” ကိုေအာင္ဘေက်ာ္နဲ႔ က်ဳပ္လည္း တုတ္တုတ္မွကိုမလႈပ္ရဲၾကဘူးေပါ့ဗ်ာ။ အခုေန ႐ြာျပန္သြားရင္လည္း က်ားနက္ႀကီးနဲ႔ပက္ပင္းတိုးမွာ ေသခ်ာတာေပါ့ဗ်ာ ။ က်ဳပ္တို႔ႏွစ္ေယာက္လည္း ဂူႀကီးေပၚမွာ လွဲအိပ္ရင္း က်ားဟိန္းသံကို နားစြင့္ေန ရတာေပါ့ဗ်ာ။ မနက္အာ႐ုဏ္တက္ေလာက္က်ေတာ့ က်ားဟိန္းသံေပ်ာက္သြားတယ္ဗ်။ ဇရပ္ထဲကို လွမ္းၾကည့္လိုက္ေတာ့ ဟိုလူလည္းအိပ္ေနသဗ်။ က်ဳပ္နဲ႔ ကိုေအာင္ဘေက်ာ္လည္း လာတုန္းကအတိုင္းၿခဳံေတြၾကားကေန ျပန္ထြက္ၿပီး ႐ြာကို ျပန္ခဲ့ရတာေပါ့ဗ်ာ။

ဒါေပမဲ့ က်ဳပ္စိတ္ထဲမွာေတာ့ “မနက္ျဖန္ ညေရာက္ရင္သာ ဟိုေကာင္မကို ခ်ီၿပီး ဂူႀကီးထဲကို ေရာက္ေအာင္သြားေပေတာ့” ဆိုတဲ့ ဇရပ္
ေပၚကလူ က်ားနက္ႀကီးကိုေျပာလိုက္တဲ့စကားသံႀကီးကိုသာ ၾကားေနေတာ့တာ။ ကိုေအာင္ဘေက်ာ္တို႔အိမ္ေရာက္ေတာ့လည္း ဒါကိုပဲ ေတြးေနမိတာဗ်။ ဒါေပမဲ့ ဘယ္ေကာင္မကို က်ားကခ်ီမယ္ဆိုတာ က်ဳပ္လုံးဝမသိဘူးဗ်ိဳ႕။ က်ဳပ္တို႔ ကိုေအာင္ဘေက်ာ္တို႔အိမ္ကိုျပန္ေရာက္ေတာ့ မိုးလင္းစျပဳၿပီဗ်။ ကိုေအာင္ဘေက်ာ္ရဲ႕ အေဖနဲ႔ အေမျဖစ္တဲ့ဘိုးစိန္ျဖဴနဲ႔ အရီးလုံးၾကည္ တို႔ႏွစ္ေယာက္က က်ဳပ္တို႔ႏွစ္ေယာက္ကို စိတ္ပူၿပီး ေမွ်ာ္ေနၾကတာဗ်။ စိတ္ပူမယ္ဆိုလည္း ပူစရာေပါ့ဗ်ာ။ တစ္ညလုံး က်ားနက္ႀကီးက ႐ြာကိုပတ္ၿပီး အသံနက္ႀကီးနဲ႔ ဟိန္းေနတာမို႔လား။ ‘ ဟဲ့ ဟိုမွာ ေအာင္ဘေက်ာ္နဲ႔ တာေတ ျပန္လာၾကၿပီ။’ ဘိုးစိန္ျဖဴက စၿပီး ဝမ္းသာအားရ ေျပာလိုက္တာဗ်။

“ေအာင္မယ္ေလး ေတာ္ပါေသးရဲ႕ဟယ္၊ ငါတို႔မွာ တစ္ညလုံး ကိုအိပ္မေပ်ာ္တာ၊ က်ားဟိန္းသံႀကီး ၾကားတိုင္း နင္တို႔ႏွစ္ေယာက္ ကိုစိုးရိမ္ေနတာ” က်ဳပ္ထင္သလိုမဟုတ္ဘူးဗ်ိဳ႕ ” “ဟင္ဘယ္လိုမ်ားတုံးေမာင္တာေတရဲ႕ ” “ေၾသာ္ဒီလိုေလ ဘိုးရာ၊ က်ဳပ္က ဇရပ္ေပၚကလူဟာ ႐ုပ္ေျပာင္း႐ုပ္လြဲ ပညာနဲ႔ က်ားနက္ပုံစုံေျပာင္းၿပီး ႐ြာကို ၿခိမ္းေျခာက္ေနတယ္လို႔ ထင္တာ၊ ညက ေတြ႕ရေတာ့မွပဲ ဒီလူ က်ားပုံေျပာင္းတာမဟုတ္မွန္း သိတာဗ်။ က်ားနက္ႀကီးက သပ္သပ္လာတာဗ်။ ဒါေပမဲ့ အဲဒီ က်ားနက္ ႀကီးကဇရပ္ေပၚကလူရဲ႕က်ားေတာ့ ဟုတ္တယ္ဗ်။ နည္းတဲ့ အေကာင္ႀကီးမဟုတ္ပါဘူးဗ်ာ၊ ဆယ့္ႏွစ္ေတာင္ေတာ့ အသာေလးရွိတယ္ ဘိုးရ” “ေဟ ကိုးေတာင္က်ားေတာင္ ႀကီးလွၿပီထင္ေနတာ ၊ဆယ္ႏွစ္ေတာင္က်ားဆိုေတာ့ နည္းတဲ့အေကာင္ႀကီးမွ မဟုတ္တာ” ကိုေအာင္ဘေက်ာ္ရဲ႕အေဖကေျပာတာဗ်၊ ဒါထက္ ဘိုးရဲ႕ ညက႐ြာထဲမွာေရာ ဘာမ်ားထူးတုံးဗ်။ ေဟ–ထူးလိုက္တာမွ ေမာင္တာေတရယ္ ၊အရီးတို႔ဝိုင္းေတာင္ဘက္ ႏွစ္ဝိုင္းေက်ာ္က ေအာင္ျဖဴဆိုတဲ့ ကေလးမေလး ညတစ္ခ်က္တီးေလာက္ႀကီးမွ ထေအာ္လို႔ပါလား။“ ဟင္ ဘယ္လိုေအာ္လို႔တုံး အေမရဲ႕” ကိုေအာင္ဘေက်ာ္က အလန႔္တၾကား ေမးလိုက္တာဗ်။

“လာပါၿပီရွင္၊ လာပါၿပီ၊ ဆိုၿပီးေတာ့ အိမ္ထဲကေန အျပင္ေျပးထြက္မယ္ခ်ည္း လုပ္လို႔ သူတို႔အိမ္သားေတြမွာ ဝိုင္းၿပီးဆြဲ တားလိုက္ရတာ
ဟယ္မေျပာပါနဲ႔ေတာ့” ဟင္ဘယ္လိုျဖစ္လို႔တုံးဗ်။ ကိုေအာင္ဘေက်ာ္ က မ်က္ေမွာင္ႀကီးၾကဳတ္ၿပီး ေမးတာဗ်။ က်ဳပ္လည္း အရီးလုံးၾကည္ကို အံ့ၾသၿပီးၾကည့္ေနမိတာေပါ့ဗ်ာ။ ဘယ္လိုျဖစ္တယ္ေတာ့ မသိဘူး၊ ေအာင္ဘေက်ာ္ေရ၊ ႐ြာျပင္က က်ားက တစ္ခ်က္ဟိန္းလိုက္တိုင္း ေအာင္ျဖဴမက လာၿပီရွင့္၊လာပါၿပီဆိုၿပီးထ၊ ထေအာ္တာတဲ့၊ ႐ြာထဲမွာကို ညံေနေရာေဟ့ ၊တစ္႐ြာလုံးက တိတ္ေနတဲ့ အခ်ိန္ဆိုေတာ့ ေအာင္ျဖဴမ ေအာ္တဲ့ အသံႀကီးက ႐ြာထဲမွာ လူတိုင္းၾကားရေတာ့တာေပါ့ဟာ၊ ေအာင္ျဖဴမ အသံကလည္း တစ္မ်ိဳးႀကီးပဲဟဲ့၊ ဘယ္လိုႀကီးမွန္းကို မသိပါဘူးဟာ။ က်ဳပ္ ဘာလုပ္ရမယ္ဆိုတာ ဆုံးျဖတ္လိုက္ၿပီဗ်။

“ကိုေအာင္ဘေက်ာ္ ၾကက္တစ္ေကာင္ ခ်က္ခိုင္းဗ်ာ၊ ၿပီးရင္ ထမင္းတစ္ခြက္ေလာက္ခ်က္၊ ငွက္ေပ်ာဖက္ခင္းၿပီး ထမင္းေတာင္းျပင္ရမယ္” “ဟာ ရမယ္ တာေတ ရမယ္။ ဘယ္အခ်ိန္ကို အၿပီးလိုခ်င္တုန္း၊ ေနာက္ထပ္ေရာ ဘာလိုေသးလဲ၊ လိုတာရွိ အကုန္ေျပာကြာ””ဒီ႐ြာမွာ နတ္ဝင္သယ္ရွိလားဗ်” “ဟာ ရွိပါ့ဗ်ာ ေဒၚယုံးၾကည္ဆိုတာ အေမဂ်မ္းေခါင္းစြဲဆိုလား၊ အေမေရယဥ္ ေခါင္းစြဲဆိုလားပဲကြ၊ အေရွ႕ပိုင္းမွာေနတာ၊ ငါနဲ႔လႊတ္ခင္တာကြ၊ အေမနဲ႔လည္းခင္တယ္၊ ေဒၚယုံးၾကည္ကို ငါတို႔ဘာေျပာေပးရမွာတုန္း”

“ညေန ေျခာက္နာရီေက်ာ္ေလာက္ အေရာက္လာခဲ့ဖို႔ေျပာဗ်ာ၊ ၿပီးေတာ့ မီးေလာင္ကုန္းသခ်ႋဳင္းကို က်ဳပ္တို႔လွည္းနဲ႔သြားမယ္၊ မဖဲဝါကို ပင့္ဖို႔ဆိုတာလည္း ထည့္ေျပာဗ်ာ” “စိတ္ခ် တာေတ၊ စိတ္ခ်၊ ကဲထမင္းၾကမ္းေလး စားေသာက္ၿပီးတစ္ေရးေလာက္ အိပ္လိုက္ၾကရေအာင္ကြာ” ကိုေအာင္ဘေက်ာ္က ေျပာေတာ့ဘိုးစိန္ျဖဴက ေျပာတယ္ဗ်။ “မင္းတို႔ႏွစ္ေယာက္ စိတ္ခ်လက္ခ်သာ အိပ္ၾကပါကြာ၊ ေမာင္တာေတလိုတာေတြ ဘိုးတို႔အားလုံး စီစဥ္ထားမွာပါ။ ခဏၾကာရင္ ႐ြာကလူႀကီးေတြေရာက္လာၾကမွာကြ၊ အားလုံးက ေမာင္တာေတ လိုတာေျပာဖို႔ ဘိုးကိုမွာထားပါတယ္” ကိုေအာင္ဘေက်ာ္နဲ႔ က်ဳပ္နဲ႔ ထမင္းၾကမ္းစားၿပီးေတာ့ ႏွစ္ေယာက္သား အိပ္ၾကေတာ့တာေပါ့ဗ်ာ။ တစ္ညလုံးအိပ္ေရးပ်က္ေနတာဆိုေတာ့ ခ်က္ခ်င္းကို အိပ္ေပ်ာ္သြားတာေပါ့ဗ်ာ။ က်ဳပ္တို႔ႏွစ္ေယာက္အိပ္ရာႏိုးေတာ့ ညေန သုံးနာရီေတာင္ထိုးေနၿပီ၊ က်ဳပ္လည္းကပ်ာကယာ အိပ္ရာကထ ေရမိုးခ်ိဳးလိုက္တယ္။ ဒီေတာ့မွ လူကလည္း လန္းသြားေရာဗ်ိဳ႕။

“ေမာင္တာေတ အိပ္ေနတုန္း ႐ြာကလူႀကီးေတြလာၾကတယ္၊ ေမာင္တာေတ ဘာေျပာတုံးဆိုတာ သိခ်င္လို႔ေပါ့ကြာ၊ က်ဳပ္ကလည္း ေမာင္တာေတ ေျပာျပတာေတြ အကုန္ေျပာျပလိုက္တယ္။ လိုတာေတြလည္း ေျပာျပလိုက္တယ္။ ညေန ငါးနာရီထိုးတာနဲ႔ ဆန္တစ္ခြက္နဲ႔ ၾကက္တစ္ေကာင္ခ်က္ထားတဲ့ ထမင္းေတာင္းေရာက္လာလိမ့္မယ္၊ ယုံးၾကည္ကိုေတာ့ မင္းအရီးသြားေခၚထားၿပီးၿပီ” “ဟာ ဒါဆိုရင္ရပါၿပီ ဘိုးရဲ႕၊ ဒီက်ားနက္ႀကီးနဲ႔ ဇရပ္ေပၚကလူဟာ ဘာဆိုတာကိုေတာ့ က်ဳပ္တို႔က အတိအက်မေျပာႏိုင္ေသးဘူးဗ်၊ ဒီည မဖဲဝါကို ပင့္ၿပီးရင္ေတာ့ ဘာဆိုတာက်ဳပ္ေျပာျပလို႔ရပါၿပီ ဘိုးရာ” “ဟဲ့ တာေတနဲ႔ ေအာင္ဘေက်ာ္၊ နင္တို႔ႏွစ္ေယာက္လည္း ထမင္းၾကမ္းစားၿပီးကတည္းက အိပ္လိုက္ၾကတာ ထမင္းလည္းထမစားၾကဘူး ။ အရီးခ်က္ထားတဲ့ ထမင္းေတြ ဟင္းေတြက ဒီအတိုင္းပါေကာလား” “အရီးေရ ညစာက်မွေပါင္းစားေတာ့မယ္ဗ်ာ” က်ဳပ္က အရီးကိုေျပာေတာ့ အရီးက ဘာမွမေျပာဘဲရယ္ေနတယ္ဗ်။ ကိုေအာင္ဘေက်ာ္က ေခါင္းႀကီးရမ္းၿပီးေျပာလိုက္တယ္ဗ်ိဳ႕။ “အေမရယ္ က်ဳပ္ျဖင့္ညက ေၾကာက္လိုက္တာဗ်ာ ဇရပ္ေပၚက ေသွ်ာင္ထုံးနဲ႔ လူႀကီးက က်ားနက္ႀကီးကို ေခါင္းႀကီးပြတ္ေပးေနတာေတြ႕ေတာ့ က်ဳပ္မွာ အသည္းေတြအူေတြ ေျပာင္းျပန္ျဖစ္သြားသလိုပါပဲဗ်ာ”

“ေဟ ဟုတ္လား၊ ဒါဆို ဒီက်ားနက္ႀကီးက ဒီလူရဲ႕က်ားေပါ့ဟဲ့၊ ဘာအႀကံနဲ႔မ်ားငါတို႔႐ြာကို က်ားနဲ႔ တိုက္ရတာတုန္း” “ဒါေတာ့ မသိေသးဘူးေလ၊ အေမရာ ဒီညတာေတ အလုပ္လုပ္မွာေလ၊ အဲဒါၿပီးရင္ သိရမယ္လို႔တာေတေျပာထားတာပဲ အေမရ” “ေအး ေအး ဒါဆိုရင္ ဒီညသိရေတာ့မွာေပါ့ဟယ္ ဒီလူနဲ႔ ဒီက်ားက တို႔႐ြာက ေအာင္ျဖဴမကို ဘာမ်ားလုပ္မလို႔တုန္းဟယ္” “ဒါလည္းမပူပါနဲ႔ဗ်ာ၊ တာေတ စီစဥ္မွာပါဗ်” “ေအးေအး ဟုတ္တာေပါ့၊ နင့္တာေတက အေကာင္သာေသးတာဟဲ့၊ သတ ၱိေတာ့ ေတာ္ေတာ္ရွိတဲ့အေကာင္ပဲ” “ဟား ဟား ဟား ဟား” က်ဳပ္ေရာ ဘိုးစိန္ျဖဴေရာ ကိုေအာင္ဘေက်ာ္ေရာ ရယ္ၾကေတာ့တာေပါ့ဗ်ာ။ က်ဳပ္တို႔ အညာသူ၊ အညာသားေတြက ႐ိုး႐ိုးႀကီးေတြဗ်။ ဘာေျပာေျပာ ပြင့္ပြင့္လင္းလင္းႀကီးေတြေပါ့ဗ်ာ။

က်ဳပ္နဲ႔ ကိုေအာင္ဘေက်ာ္ မနက္စာနဲ႔ညစာေပါင္းစားၿပီးလို႔ ေဆးလိပ္ထိုင္ေသာက္ေနတုန္း ဝိုင္းထဲကို လွည္းတစ္စီးေမာင္းဝယ္လာတယ္ဗ်။ “ဒါ ဘယ္သူတုန္းဗ် ကိုေအာင္ဘေက်ာ္””ဟာ အဲ့ဒါ နတ္ဝင္သည္ႀကီး ေဒၚယုံးၾကည္ေလကြာ” “လွည္းက ထမင္းေတာင္းယူရင္း ယုံးၾကည္ကိုပါေခၚလာခဲ့တာေဟ့” အရီးလုံးၾကည္က ေျပာတယ္ဗ်ာ။ လွည္းေပၚမွာလည္း ေက်ာက္ခဲတို႔အ႐ြယ္ေလာက္ ေကာင္ေလးႏွစ္ေယာက္လည္း ပါလာတယ္။ “ေဟ့ေကာင္ စံပ၊ မင္းလည္း အိမ္ေပၚတက္ဦးေလကြာ” “ဟာ က်ဳပ္မတက္ေတာ့ဘူးဘိုးစိန္ျဖဴေရ၊ အရီးဘုမတို႔ ဝိုင္းထဲမွာ ေျပာင္း႐ိုးသြားတိုက္ရဦးမွာမို႔ဗ်” “ေၾသာ္ ေအးေအး ” ေကာင္ေလးတစ္ေယာက္က ထမင္းေတာင္းထမ္းၿပီး အိမ္ေပၚတက္လာတယ္။ က်ဳပ္ကနတ္ဝင္သည္ ေဒၚယုံးၾကည္ကို က်ဳပ္လုပ္မယ့္ ပုံစံကိုေျပာျပတယ္။ ေဒၚယုံးၾကည္က အသားျဖဴျဖဴ၊ ေထာင္ေထာင္ ေမာင္းေမာင္း ႀကီးဗ်။ “က်ဳပ္က ေမာင္တာေတကို မျမင္ဘူးေသးေပမဲ့ ၾကားဖူးၿပီးသားပါေတာ္။ မထြန္းတို႔ မတုတ္တို႔ က်ဳပ္နဲ႔ေတြ႕တဲ့အခါတိုင္း ေမာင္တာေတ့အေၾကာင္းကို ေျပာေနၾကပါ။ ေမာင္တာေတကို မဖဲဝါတခါပင့္ၿပီးတိုင္း က်န္းမာေရးပိုေကာင္းတဲ့ အေၾကာင္း၊ စီးပြားပိုျဖစ္တဲ့အေၾကာင္းေတြေတာင္ ေျပာၾကတာေတာ့”

“ဟင္ ဟုတ္လား၊ အဲဒါေတြေတာ့ က်ဳပ္ေတာင္ မသိပါဘူးဗ်ာ” “ဒါေၾကာင့္ ဒီေကာင္မႏွစ္ေယာက္က ေမာင္တာေတလာေခၚရင္ ဘယ္ေတာ့မွ မျငင္းၾကတာေပါ့” က်ဳပ္က ၿပဳံးၿပီးေခါင္းညိတ္လိုက္တယ္။ ညရွစ္နာရီမွာ ကိုေအာင္ဘေက်ာ္က လွည္းေကာက္ၿပီးက်ဳပ္ရယ္၊ ေဒၚယုံးၾကည္ရယ္၊ ေကာင္ေလးႏွစ္ေယာက္ရယ္ မီးေလာင္ကုန္းသခ်ႋဳင္းဘက္ကို ထြက္ခဲ့ၾကာတာေပါ့ဗ်ာ။ ေငြတြင္းကုန္းသခ်ႋဳင္းမွာ လုပ္လို႔မျဖစ္ဘူးေလဗ်ာ။ ဇရပ္ေပၚမွာ က်ားနက္ဆရာႀကီး ရွိေနတယ္မို႔လား။ မီးေလာင္ကုန္းသခ်ႋဳင္းကို ေရာက္တာနဲ႔ ခါတိုင္းလိုပဲ ဂူႀကီးတစ္လုံးေပၚမွာ မဖဲဝါအတြက္ ထမင္းပြဲျပင္လိုက္တယ္။ အသင့္ယူလာတဲ့ ေရဖလားႀကီးထဲကို ေရျဖည့္လိုက္တယ္။ ဖေယာင္းတိုင္ တစ္တိုင္လည္း ထြန္းလိုက္ရတာေပါ့ဗ်ာ။ နတ္ကေတာ္ ေဒၚယုံးၾကည္ကေတာ့ လုပ္ငန္းကြၽမ္းက်င္ ၿပီးသားေလဗ်ာ။ ဂူေရွ႕က ျမတ္ခင္းေလးမွာ ဆံပင္ကိုဖားလ်ားခ်ၿပီး ႀကဳံ႕ႀကဳံ႕ေလးထိုင္လို႔ဗ်။ လက္အုပ္ကေလးကလည္း ခ်ီၿပီးသားေလ။

“အေရွ႕ေနထြက္၊ အေနာက္ေနဝင္၊ ေတာင္တံငါကြန္၊ ေျမာက္ဓူဝံအတြင္း သခ်ႋဳင္းရွင္မ မဖဲဝါရွိေလရာ အရပ္ကေန အျမန္ႂကြလာခဲ့ပါ။က်ဳပ္တာေတက မဖဲဝါအတြက္ စားပြဲေသာက္ပြဲနဲ႔ ႀကိဳပါတယ္ဗ်ာ။ အျမန္ဆုံးႂကြခဲ့ပါ မဖဲဝါခင္ဗ်ား” က်ဳပ္က ခဏေစာင့္ၾကည့္တယ္၊ ကိုေအာင္ဘေက်ာ္နဲ႔ေငြတြင္းကုန္းသား ေကာင္ေလးႏွစ္ေယာက္က ခပ္လွမ္းလွမ္းက သမုန္းပင္ေအာက္မွာ ရပ္ေနၾကတယ္ဗ်။ က်ဳပ္လုပ္ေနတာေတြကို မ်က္ေတာင္မခတ္ၾကည့္ေနၾကတာေပါ့ဗ်ာ.. “ဝူး….ဝူး…… ဝူး….ဝူး…… ဝူး….ဝူး……အီ အီ အီ”

ဟာ မဖဲဝါ ဒီတစ္ခါ ေတာ္ေတာ္ျမန္တာပဲဗ်။ ဒီအနီးအနားမွာကို ရွိေနပုံပဲဗ်ိဳ႕။ “ဝူး….ဝူး…… ဝူး….ဝူး…… ဝူး….ဝူး……အီ အီ အီ” ဟာ…. ေခြးႀကီးအသံက တျဖည္းျဖည္းနီးလာၿပီဗ်ိဳ႕။ ႏြားတေပါက္တစ္ေလာက္ရွိရွိတဲ့ ေခြးနက္ႀကီးဆိုတာေတာ့ အရင္စာအုပ္ေတြမွာ က်ဳပ္ေရးျပခဲ့ဖူးပါတယ္။ ဟာ ဟိုမွာဗ်ိဳ႕..ဟိုမွာ မဖဲဝါႀကီး ေ႐ြ႕လာၿပီဗ်ိဳ႕ ။ ဂူေတြေပၚကေ႐ြ႕လာတာဗ်။ အရပ္ႀကီ:က ဆယ္ေပေလာက္ကို ရွိတာဗ်။မ်က္လုံးႀကီးႏွစ္လုံးကလည္း လက္ဖက္ရည္ပန္းကန္ေလာက္ ရွိတာဗ်။ ေမွာင္ထဲမွာကို ရဲေတာက္ေနတာဗ်ာ။ ျဖဴျဖဴႀကီးဗ်။ ဆံပင္ကဖားလ်ားႀကီးခ်လို႔ေပါ့ဗ်ာ။ ေဟာ သခ်ိဳင္းအလယ္ေလာက္ေရာက္ေတာ့ မဖဲဝါ တုံ႔ကနဲရပ္သြားတယ္ဗ်။ ၿပီးေတာ့ ေဒၚယုံးၾကည္ကိုစိုက္ၾကည့္လိုက္တယ္။ ဟာ… ဝင္သြားၿပီဗ်။ ေဒၚယုံးၾကည္ကိုယ္ထဲကို ထိုးဝင္သြားတာဗ်ာ။ ေဟာ ေဟာ ေဒၚယုံးၾကည္ႀကီး လက္ႀကီးေတြအေပၚေျမာက္တတ္လာတယ္။ ေကြးေကြးေကာက္ေကာက္ႀကီးေတြေပါ့ဗ်ာ။ ဟာ ဟာ လက္ႏွစ္ဖက္နဲ႔ ေခါင္းကဆံပင္ကို သပ္တင္လိုက္တယ္ဗ်။ ဟာ ခုန္ၿပီဗ်ိဳ႕။ မဖဲဝါ ခုန္လိုက္ၿပီ။ ဂူႀကီးေပၚကိုလႊားကနဲေရာက္သြားတာဗ်။ ေဟာ ဒူးႀကီးႏွစ္ဖက္ေထာင္ၿပီး ထမင္းပြဲကို ငုံ႔ၾကည့္တယ္။ ေဟာစားၿပီဗ်ိဳ႕။ စားၿပီ။ မဖဲဝါ အားရပါးရကို စားတာဗ်ိဳ႕။ ၾကက္႐ိုးေတြ ဝါးလိုက္တာမ်ား ဂ်ိဳးဂ်ိဳးဂြၽတ္ဂြၽတ္ကို ေနတာပဲဗ်ာ။ က်ဳပ္ေနာက္ကို လွည့္ၾကည့္လိုက္ေတာ့ ကိုေအာင္ဘေက်ာ္ေရာ ေကာင္ေလးႏွစ္ေယာက္ပါ မဖဲဝါဝင္ေနတဲ့ ေဒၚလုံးၾကည္ကိုၾကည့္ေနလိုက္ၾကတာ မ်က္ေတာင္ေတာင္ မခတ္ၾကဘူးဗ်။ က်ဳပ္လည္း မဖဲဝါကိုမ်က္ေတာင္မခတ္ကို ၾကည့္ေနရတာေပါ့ဗ်ာ။ ေဟာ… က်ဳပ္ကိုၾကည့္ၿပီဗ်။ ၾကည့္ေနၿပီ။ ဒီအၾကည့္ကို က်ဳပ္သိၿပီးသားေပါ့ဗ်ာ။

“ဟဲ့ တာေတ ဘာအေၾကာင္းရွိလို႔တုန္း” လို႔ေမးတဲ့မဖဲဝါႀကီးရဲ႕အၾကည့္ေလဗ်ာ။ “ဒီလိုပါ မဖဲဝါ ေငြတြင္းကုန္းမွာ ငါးညရွိသြားၿပီ၊ ဆယ့္ႏွစ္ေတာင္ ေလာက္ရွိတဲ့ က်ားနက္ႀကီးတစ္ေကာင္ဟာ ညသန္းေခါင္ေရာက္တာနဲ႔ ဘယ္ကေပၚလာမွန္းမသိပဲ ေပၚလာေတာ့တာပဲဗ်။႐ြာကိုပတ္ၿပီး တစ္ညလုံးဟိန္းေတာ့တာပဲဗ်ာ။ ေငြတြင္းကုန္းက သခ်ႋဳင္းဇရပ္ေပၚမွာလည္း ေသွ်ာင္ထုံးနဲ႔လူႀကီး တစ္ေယာက္ေရာက္ေနတယ္။ မေန႔က က်ားနက္ႀကီးရဲ႕ ေခါင္းကို ပြတ္သပ္ၿပီးေတာ့ စကားေျပာေနတာဗ်။ ေငြတြင္းကုန္း႐ြာထဲမွာလည္း မေအာင္ျဖဴဆိုတဲ့ မိန္းကေလးတစ္ေယာက္က လာပါၿပီရွင့္ ၊ လာပါၿပီလို႔ ညက ေအာ္ေနတယ္၊ မဖဲဝါ” “နင္နားေထာင္ တာေတ၊ အဲဒါ က်ားနက္ရွင္ ငေ႐ႊသင္ပဲဟဲ့၊ ကုန္းေဘာင္ေခတ္ဦးကတည္းက ရွိခဲ့တာ။ အခုထိပဲ။ က်ားေမွာ္ေအာင္ထားတဲ့ အေကာင္ပဲ။ ႐ြာဦးနတ္စင္ကေန က်ားနက္႐ုပ္ကေလးနဲ႔ တိုက္ေနတာေဟ့။ ေငြတြင္းကုန္းက တနဂၤေႏြသမီးမေအာင္ျဖဴကို က်ားနဲ႔ကိုက္သတ္ၿပီး ႏွလုံးကိုေဖာက္ထုတ္စားရမွာ။ ဒါမွ သူ႔အသက္ ႏွစ္တစ္ျပန္ဆက္လို႔ရလိမ့္မယ္။ မနက္ျဖန္လကြယ္ညမွာ ေအာင္ျဖဴရဲ႕ႏွလုံးကို စားရမွျဖစ္မွာ”

“ဟာ ျဖစ္ရေလဗ်ာ၊ ကယ္ပါဦး သခ်ႋဳင္းရွင္မႀကီးရယ္” က်ဳပ္က စိုးရိမ္တႀကီးေျပာလိုက္ေတာ့ မဖဲဝါက ေခါင္းႀကီးတစ္ဆက္ဆက္ညိတ္ၿပီး ေျပာတယ္ဗ်။ “ဘာမွမစိုးရိမ္နဲ႔ တာေတ။ က်ားနက္ရွင္ ငေ႐ႊသင္ မေအာင္ျဖဴရဲ႕ႏွလုံးကို မစားရေစဘူး။ ဒီေကာင္ ကံကုန္ၿပီ။ အဝီစိငရဲမွာ ခံရေတာ့မဲ့အခ်ိန္ေရာက္ေနၿပီ။ ဒီညသန္းေခါင္ေက်ာ္ရင္ ေငြတြင္းကုန္းသခ်ႋဳင္းကို ငါအေရာက္လာခဲ့မယ္” ေျပာၿပီးဆိုၿပီး စားလည္းၿပီးေရာဗ်ာ ေရနဲ႔လက္ေဆးၿပီး တစ္ႀကိဳက္ေမာ့ေသာက္လိုက္တယ္။ ၿပီးေတာ့ မဖဲဝါထြက္သြားေရာဗ်ိဳ႕။

ဂူေပၚလဲက်သြားတဲ့ ေဒၚယုံးၾကည့္ကို က်ဳပ္နဲ႔ကိုေအာင္ဘေက်ာ္က ေျပးေပြ႕တယ္။ က်ဳပ္က ေဒၚယုံးၾကည္ရဲ႕မ်က္ႏွာကို ေရနဲ႔ေတာက္လိုက္ေတာ့မွ သတိရသြားတယ္ဗ်။ က်ဳပ္တို႔ ေငြတြင္းကုန္းကို လွည္းနဲ႔ခပ္သုတ္သုတ္ ေမာင္းၿပီး ျပန္လာခဲ့ၾကတယ္။ ႐ြာေရာက္ေတာ့ အိမ္မွ ာ႐ြာထဲက ကာလသားေတြနဲ႔ လူႀကီးေတြ ေရာက္ေနၾကတယ္။ က်ဳပ္က မဖဲဝါေျပာတာကို ထိုက္သင့္သေလာက္ ျပန္ေျပာျပလိုက္တယ္ က်ဳပ္အခန္းထဲကိုဝင္ၿပီး မ်က္ကြင္းေဆးကြင္းတယ္။ ေဆးအိတ္ကို စလြယ္သိုင္းလြယ္ၿပီး ေငြတြင္းကုန္းသခ်ႋဳင္းကို ထြက္လာခဲ့တယ္။ ကိုေအာင္ဘေက်ာ္က ငါးေတာင့္ထိုး အဲဗားဒရီဓါတ္မီးတစ္လတ္ကို ကိုင္ၿပီးလိုက္လာတယ္ဗ်။ မေန႔ညက သြားၾကတဲ့လမ္းေၾကာင္းအတိုင္းပဲ သြားၾကၿပီး ျမရာပင္ေတြၾကားထဲက ဂူထဲမွာပဲ တက္ေနလိုက္တယ္။ အခုမွ ည ဆယ္နာရီပဲရွိေသးတာဗ်။ က်ဳပ္တို႔ ေစာင့္ရဦးမွာေပါ့ဗ်ာ။ လူ႔စိတ္ဆိုတာကလည္း ခက္သားလားဗ်ာ။ တစ္ခုခုအေပၚမွာစိတ္ေစာေနရင္ အခ်ိန္ေတြက ကုန္ႏိုင္ခဲတယ္လို႔ ထင္ၾကတယ္မို႔လား။ႏွစ္နာရီေလာက္အခ်ိန္ကိုပဲ က်ဳပ္တို႔မွာ ကုန္ႏိုင္ခဲတယ္လို႔ထင္ေနတာဗ်။

“ဝုန္း ဝုန္း ဝုန္း” ေဟာ က်ားဟိန္းၿပီဗ်ိဳ႕။ မဖဲဝါေျပာတဲ့အတိုင္းပါပဲဗ်ာ။ ႐ြာဦးနတ္စင္ဘက္က အသံစၾကားရတာဗ်။ “ဝုန္း ဝုန္း ဝုန္း ဝုန္း ဝုန္း” ေဟာ အသံႀကီးက က်ဳပ္တို႔ဘက္ကို ေ႐ြ႕လာၿပီဗ်ိဳ႕။ က်ားနက္ရွင္ငေ႐ြသင္ကေတာ့ သခ်ႋဳင္းဇရပ္ေပၚက ဆင္းလာၿပီဗ်ိဳ႕။ေအာင္မယ္ ဒီလူ လြယ္အိတ္ကို စလြယ္သိုင္းလြယ္လို႔ဗ်။ ဒီကေန အၿပီးသြားေတာ့မယ္ပုံပဲ။ ႐ြာထဲက မေအာင္ျဖဴကလည္း အခုေလာက္ဆိုရင္ေအာ္ဟစ္ေနေရာေပါ့ဗ်ာ။ က်ဳပ္က ဒီကိုမလာခင္ကတည္းက မွာခဲ့ၿပီးသားဗ်။ မေအာင္ျဖဴ အိမ္ကို႐ြာထဲက အားေကာင္းေမာင္းသန္ မိန္းမေတြေရာ ေယာက္က်ားေတြပါေခၚထားၿပီး မေအာင္ျဖဴကို မလြတ္တမ္းခ်ဳပ္ထားၾကဖို႔ေပါ့ဗ်ာ။ “ဝူး ဝူ ဝူ အီ အီ အီ”
ဟာ ေခြးသံႀကီးဗ်ိဳ႕။

ဒါ မဖဲဝါရဲ႕ေခြးႀကီးအူတဲ့အသံဗ်၊ မဖဲဝါလည္း လာေနၿပီပဲ။ “ဝူး၊ ဝူး၊ဝူး၊ဝူး၊ အီ၊အီ၊အီ” ဟာ မဖဲဝါႀကီး ဂူေတြေပၚက ေ႐ြ႕လာၿပီဗ်ိဳ႕၊ အရပ္ႀကီး ဆယ္ေပေလာက္နဲ႔ ဆံပင္ဖားလ်ားႀကီးခ်လို႔ဗ်ာ၊ သူရဲ႕ေခြးႀကီးက ဂူေတြၾကားက ေျပးၿပီးလိုက္လာတယ္။ ငေ႐ႊသင္ဆိုတဲ့ က်ားနက္ရွင္က ေနာက္ကို တစ္ခ်က္လွည့္ၾကည့္တယ္။

“ေအာင္မာ ရာရာစစ သရဲမက ဒီကို ဘာလာလုပ္တာတုံး” ဟာ ဒီလူ မဖဲဝါကို ျမင္ရတာကိုး က်ဳပ္ ေတာ္ေတာ္ အံ့ၾသသြားတယ္။ မဖဲဝါက ဂူေပၚကေန ေအာက္ကို ကိုင္းကိုင္းႀကီးလုပ္ၿပီ: သူ႔ေခြးႀကီးရဲ႕ေက်ာကို လက္နဲ႔သပ္လိုက္တယ္၊ သုံးခ်က္သပ္တာဗ်၊ “ဝုန္း၊ ဝုန္း”
ဟာ မဖဲဝါရဲ႕ ေခြးႀကီးက က်ားႀကီးျဖစ္သြားပါေရာလားဗ်၊ က်ားမွ တကယ့္ဘဂၤလားက်ားႀကီးဗ်၊ အဝါနဲ႔အနက္စင္းႀကီးဗ်ိဳ႕၊ ဆယ့္ငါးေတာင္ေလာက္ ရွိမယ္၊ အရပ္ႀကီးကလည္း နည္းနည္းေနာေနာ မဟုတ္ဘူးဗ်ာ ျမင္းႀကီးတစ္ေကာင္ေလာက္ျမင့္တာဗ်၊ မဖဲဝါက က်ားႀကီးရဲ႕ ေက်ာေပၚကိုလြားကနဲ႔ ခုန္တတ္လိုက္တယ္။

“ဟဲ့ သရဲမ ၊နင္နဲ႔ဘာမွ မဆိုင္ဘူး၊ အခုခ်က္ခ်င္း ထြက္သြား”

“ဟား ဟား ဟား”

မဖဲဝါရဲ႕ ရယ္သံႀကီးဗ်၊ က်ားနက္ရွင္ ငေ႐ြသင္ကလည္း သူရဲ႕ က်ားနက္ႀကီးေပၚကို ခြၿပီးစီးလိုက္တယ္။

“ကဲ လာခဲ့စမ္း သရဲမ၊ ဒီညေတာ့ နင္တစ္ခါထပ္ၿပီး မသာေပၚမယ့္ညပဲေဟ့”

“ဟီး၊ ဟီး၊ ဟီး ၊ဟီ:”

“ဝုန္း၊ ဝုန္း၊ ဝုန္း”

မဖဲဝါရဲ႕ က်ားႀကီးဟိန္းလိုက္တဲ့ အသံဗ်ိဳ႕။ ဟာ က်ားနက္ႀကီးက အဲဒီအသံၾကားေတာ့ ေနာက္ကိုေျခႏွစ္လွမ္းဆုတ္သြားတယ္ဗ်ိဳ႕။”တယ္ ငါလုပ္လိုက္ရ ေသေတာ့မယ္။ အဲဒါက်ားမဟုတ္ဘူးဟဲ့၊ ေခြး၊ ေခြး၊ က်ားက ေခြးကိုေၾကာက္ရတယ္လို႔။ ကဲ အခုခ်က္ခ်င္း
ဒီေခြးစုတ္ ၊ ေခြးဝဲစားကို ေျပးကိုက္လိုက္စမ္း”

“ဝုန္း၊ ဝုန္း”

မဖဲဝါစီးထားတဲ့က်ားႀကီးက ဝုန္းကနဲ ႏွစ္ခ်က္ဆင့္ဟိန္းၿပီး က်ားနက္ကို သူရဲ႕လက္ဝါးႀကီးနဲ႔ လွမ္းၿပီးပုတ္လိုက္တယ္။

“ဘုန္း” ဟာ က်ားနက္ႀကီးဘုန္းကနဲ လဲက်သြားတာဗ်ိဳ႕။ ငေ႐ႊသင္လည္း သခ်ႋဴင္းေျမေပၚကို လြင့္က်သြားေရာဗ်ိဳ႕။

“ေတာက္ ငါလုပ္လိုက္ရ ေသေတာ့မယ္ ၊ ဟဲ့ေကာင္ ခုထစမ္း”

က်ားနက္ႀကီးလည္းလူၿပီး ထသဗ်။ ငေ႐ႊသင္ ကလည္း က်ားနက္ႀကီးကို ခြစီးျပန္ေရာဗ်။

“ဝုန္း၊ ဝုန္း၊ ဝုန္း” ေအာင္မာ သူ႔က်ားနက္ကလည္း အာဂပဲဗ်။ ဝုန္းကနဲ၊ ဝုန္းကနဲ ဟိန္းလိုက္ၿပီးေတာ့ မဖဲဝါရဲ႕ က်ားႀကီးကို တစ္ရွိန္ ထိုးေျပးဝင္တာဗ်ိဳ႕။

“ဝုန္း”

မဖဲဝါစီးတဲ့ က်ားႀကီးက -ဝုန္း- ဆိုတစ္ခ်က္ဟိန္းၿပီး က်ားနက္ရွင္ ငေ႐ႊသင္ကို ခုန္အုပ္ၿပီး ပါးစပ္ႀကီးနဲ႔ ကိုက္လိုက္ေရာဗ်ိဳ႕။

“ေဝါင္း၊ ေဝါင္း၊ ေဝါင္း” မဖဲဝါက်ားႀကီးရဲ႕ မာန္ဖီသံက တကယ့္ကို ေၾကာက္စရာႀကီးပါဗ်ာ။ ခါၿပီဗ်ိဳ႕၊ ဆြဲခါေနၿပီ ။ ဧရာမ က်ားပါးစပ္ႀကီးထဲမွာ ငေ႐ႊသင္ ဆန႔္ငင္ ဆန႔္ငင္ ျဖစ္ေနေရာဗ်ာ။ က်ားႀကီးက ငေ႐ႊသင္ ကို ဆြဲခါေနတာဗ်။ ေၾကာင္ေတြမ်ား ႂကြက္ခုတ္တဲ့အခါ ႂကြက္ကိုပါးစပ္ထဲမွာကိုက္ၿပီး ခါေနသလိုေပါ့ဗ်ာ။

“ဟီး၊ ဟီး၊ ဟီး၊ ဟီး၊ ဟား၊ ဟား၊ ဟား”
မဖဲဝါရဲ႕ ရယ္သံႀကီးက သခ်ႋဳင္းတစ္ခုလုံး ကိုလႊမ္းသြား တာဗ်။ ငေ႐ႊသင္ရဲ႕ က်ားနက္ႀကီးကေတာ့ လႈပ္လည္း မလႈပ္ ေတာ့ဘူးဗ်ိဳ႕။ ၿငီးၿပီး အ႐ုပ္ႀကီးတစ္႐ုပ္လိုကိုျဖစ္ေနတာဗ်။ “အား” ငေ႐ႊသင္ ေအာ္လိုက္တဲ့ ဝမ္းေခါင္းသံႀကီးဗ်၊ မခ်ိမဆံ့ ေအာ္လိုက္တဲ့ အသံႀကီး အဆုံးမွာ က်ားနက္ႀကီး ေပ်ာက္သြားတယ္။ ငေ႐ႊသင္ လည္း ၿငိမ္းသြားေတာ့တာေပါ့ဗ်ာ။ သြားၿပီေလ။ က်ားေမွာ္ေအာင္ထားတဲ့ က်ားနက္ရွင္ႀကီးငေ႐ႊသင္။ အသက္ရာ ေက်ာ္ရွိတဲ့ ေမွာ္ကေဝႀကီးေတာ့ ဘဝနိဂုံး ခ်ဳပ္သြားၿပီေပါ့ဗ်ာ။ မဖဲဝါရဲ႕ က်ားႀကီးက ပါးစပ္ထဲမွာ ကိုက္ၿပီးခါေနတဲ့ ငေ႐ႊသင္ကို ေျမႀကီးေပၚမွာ ခ်ထားလိုက္တယ္။ ၿပီးေတာ့ ဂူေတြေပၚကိုေက်ာ္လႊားၿပီး လႊားကနဲ လႊားကနဲ ခုန္ၿပီး သခ်ႋဳင္းထဲက ေျပးထြက္သြားတယ္။ မဖဲဝါကေတာ့ က်ားႀကီးရဲ႕ေက်ာေပၚမွာ စီးလ်က္သားႀကီးနဲ႔ ပါသြားေလရဲ႕ဗ်ာ။

က်ဳပ္နဲ႔ ကိုေအာင္ဘေက်ာ္လည္း ေစာေစာက က်ားနက္ႀကီး ေပ်ာက္သြားတဲ့ ေနရာကို အေျပးအလႊားသြားၿပီး ဓါတ္မီးနဲ႔ ထိုးၾကည့္လိုက္တယ္။ “ဟာ ဒီမွာဗ်ိဳ႕ ၊ က်ားနက္႐ုပ္ကေလး” က်ဳပ္က ျမက္ပင္ေတြၾကားက က်ားနက္႐ုပ္ကေလးကို ေကာက္ယူ လိုက္တယ္။ ႐ႊံ႕နဲ႔လုပ္ၿပီး ေဆးသုတ္ထားတဲ့ နာနာ႐ုပ္က်ားကေလးဗ်။ ဒါကို နတ္စင္မွာထားၿပီး ႐ြာကို က်ားနက္နဲ႔တိုက္တာေပါ့ဗ်ာ။ အခုေတာ့ က်ားနက္ရွင္ ငေ႐ႊသင္ သြားၿပီေပါ့။ မဖဲဝါ ေျပာသလိုဆိုရင္ေတာ့ မဟာအဝီစိငရဲအထိ ေရာက္သြားမွာေပါ့။ က်ဳပ္က က်ားနက္႐ုပ္ကေလးကို သစ္႐ြက္တစ္႐ြက္ခူးၿပီး ထုတ္လိုက္တယ္ ။ က်ဳပ္တို႔႐ြာထဲေရာက္ေတာ့ ႐ြာသားေတြလည္း အက်ိဳးအေၾကာင္း အားလုံးသိသြားၿပီး ေပ်ာ္သြားၾကတာေပါ့ဗ်ာ။ မေအာင္ျဖဴ လည္း ၿငိမ္သြားၿပီဗ်ိဳ႕။ ညတြင္းခ်င္းပဲ သခ်ႋဳင္းထဲမွာ ေသေနတဲ့ က်ားနက္ရွင္ ငေ႐ႊသင္ကိုျမႇပ္လိုက္ၾကတယ္ဗ်။ က်ဳပ္ကိုေတာ့ ေနာက္တစ္ေန႔မွာ ကိုေအာင္ဘေက်ာ္က လွည္းနဲ႔႐ြာအထိ လိုက္ပို႔ေပးတယ္။

Credit-တာေတ

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top