Category: ကျန်းမာ‌‌ရေးအသိ

ကျန်းမာ‌‌ရေးအသိ

သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးတစ်ယောက်နေ့တိုင်းလေ့ကျင့်ခန်းအားကစားလုပ်တာကို သူ့မိတ်ဆွေကမေးတယ်

သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးတစ်ယောက် နေ့တိုင်းလေ့ကျင့်ခန်းအားကစားလုပ်တာကို သူ့မိတ်ဆွေကမေးတယ် တစ်နေကုန်အလုပ်လည်းပင်ပန်းလာပြီးပြီ၊ ရတဲ့လစာလေးကလည်းနည်းနည်း၊ ဘာလို့ကျန်းမာရေးကိုဒီလောက်ဂရုစိုက်နေရသလဲ သူမရဲ့အဖြေဟာ အားလုံးကိုနိုးထလာစေတယ် လွန်ခဲ့တဲ့ (၁၀) နှစ်က ကျွန်မရဲ့အဖေဟာ၊ သူစုထားတဲ့ငွေဘတ်(၈) သိန်း ကိုအဖိုးရဲ့ကျန်းမာရေးအတွက် အကုန်ခံကုသခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က၊ ကျွန်မရဲ့(၁၀) နှစ်စာစုမိထားတဲ့ငွေ ဘတ်(၂) သန်း လည်း ကျမ ရဲ့အဖေ့ကျန်းမာရေးအတွက် အကုန်ခံကုသခဲ့ရပြန်တယ်။ ကျွန်မတို့( ၂) မျိုးဆက်လုံး (Generation) ဟာ ဆေးရုံအတွက်ပင်ပင်ပန်းပန်းအလုပ်တွေလုပ်ခဲ့ရတယ် ကျွန်မရဲ့သားသမီးတွေကို၊ ကျွန်မလို ဒုက္ခမပေးချင်ဘူး။ မျိုးဆက်နံပါတ် (၃) ကိုလည်းဆေးရုံအတွက် ပင်ပင်ပန်းပန်းအလုပ် မလုပ်ပေးရအောင် ဒီနေ့ ကျွန်မကျန်းမာတုန်း၊ မဖျားမနာတုန်း ကျွန်မရဲ့ ကျန်းမာရေး ကို ကျွန်မ ဂရုစိုက်ရပါမယ် ။ ကျန်းမာရေးကိုဂရုစိုက်ကြပါ ကျန်းမာရေးစောင့်ရှောက်ဖို့အတွက် စရိတ်ဘယ်လောက်ကြီးကြီး၊ ဆေးရုံဆေးခန်းကုသစရိတ်၊ ဆေးဖိုးဝါးစရိတ်ထက်မကြီးဘူးဆိုတာ ယုံလိုက်ပါ။ […]

ကျန်းမာ‌‌ရေးအသိ

ဆေးလိပ်သောက် ကွမ်းယာစားသူတွေသိထားသင့်တဲ့ ဆေးရွက်ကြီးအကြောင်း

အခုတစ်ခေါက်မှာတော့ ဆေးလိပ် နှင့် ဆေးရွက်ကြီးရဲ့အန္တရာယ်များအကြောင်းပြောပြပေးပါမယ္။ ဆေးရွက်ကြီးထွက်ပစ္စည်းအမျိုးအစား၊ ဆေးရွက်ကြီးထွက်ပစ္စည်းကို (၂)မျိုးခွဲခြားနိုင်သည်။ (၁) အငွေ့ထွက်သောဆေးရွက်ကြီးထွက်ပစ္စည်း ( စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်၊ ဆေးတံ၊ ပြောင်းဖူးဖက်လိပ်၊ကွမ်းဖက်လိပ်၊ ရေပြောင်း၊ ပွတ်ချွန်း၊ ဘီဒီ စသည်တို့ပါဝင်သည်။) (၂) အငွေ့မထွက်သောဆေးရွက်ကြီးထွက်မစ္စည်း ( ကွမ်းထဲတွင် ဗမာဆေး၊ နှပ်ဆေး၊ ဆေးပေါင်း စသည့်ဆေး ထည့်စားခြင်း၊ ဆေးရွက်ကြီးငုံခြင်း စသည်တို့ပါဝင်သည်။) ဆေးလိပ်မီးခိုးငွေ့တွင်ပါဝင်သောဓါတ်ပစ္စည်းများ ဆေးလိပ်မီးခိုးငွေ့တွင်ကင်ဆာရောဂါဖြစ်စေတတ်သော ဓါတ်ပစ္စည်း (၅၀) ကျော်အပါအဝင် ဓါတ်ပစ္စည်းပေါင်း ( ၄၀၀၀) ကျော်ပါဝင်သည်။ ဆေးလိပ်၊ ဆေးရွက်ကြီးကိုအဘယ်ကြောင့်စွဲလမ်းကြသနည်း။ ဆေးရွက်ကြီးတွင်ပါဝင်သော နီကိုတင်းဓါတ်ကိုစွဲလမ်းကြခြင်းဖြစ်ပါသည်။ နီကိုတင်း၏ စွဲလမ်းတတ်သော အာနိသင်ကြောင့် စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ် တို့ကို စတင်စမ်းသပ်သောက်သုံး ကြည့်ရာမှတဖြည်းဖြည်းပို၍စွဲလမ်းလာပြီး ဆေးလိပ်မသောက်ရမနေနိုင်အောင်၊ ကွမ်းမစား/ဆေးမငုံရ မနေနိုင်အောင်ဖြစ်လာကြသည်။ […]

ကျန်းမာ‌‌ရေးအသိ

ခေါင်းကိုက်သူများ၊ ဒူးနာသူများအတွက်

(Unicode) ခေါင်းကိုက်သူများ၊ ဒူးနာသူများအတွက် ခေါင်းတအားကိုက်နေလျှင် မသိသေးရင် မျှဝေထားပါ။ ခေါင်းတအားကိုက်လို့ အိပ်ယာထဲလှဲနေစဉ်… ချစ်သူငယ်ချင်း မ KyiSein ရောက်လာ ဆေးဖော်ပေးတာ။ မီးဖိုချောင်မှာရှိတဲ့ ဂျင်း၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ငရုပ်ကာင်းမှုန့်၊ နှင့် ဆားများကို ရေနွေးပူနဲ့ရောပြီး ဇလုံထဲထည့်ပြီး ပူနေစဉ် ခြေဖဝါးကို အငွေ့ခံ …. ခံနိုင်လောက်တဲ့ အပူကိုရောက်ရင် ခြေမျက်စိထိစိမ်လိုက်တော့ ချွေးတွေပြန်ပြီး ခေါင်းကိုက်တာ သက်သာသွားတယ်။ ခုတော့ ကျွန်မ အလုပ်ထိုင်လုပ်လို့ ရပြီပေါ့။ ကျေးဇူး မကြည်စိန်။ မှတ်ချက်။ မိတ်တလင်၊ ပင်စိမ်းနဲ့ စပါးလင်ပါရင်ပိုကောင်းတယ်တဲ့။ ကျောက်ခဲပါထည့်စိမ်ပြီး နင်းနိုင်ပါတယ်တဲ့။ စိမ်ပြီးရင် အဝတ်နဲ့ခြောက်အောင်သုတ်ပြီး ၂ နာရီလောက် ရေအေးမထိရဘူး၊ တမံတလင်းပေါ် ခြေဗလာနဲ့ မနင်းရဘူးတဲ့။ ရေနွေးပူလေးတစ်ခွက်ပါ မှုတ်သောက်လိုက် … […]

ကျန်းမာ‌‌ရေးအသိ

အစာအိမ်နှင့် ကျောက်ကပ်ကောင်းတဲ့ ဗန်ဒါရွက်

(Unicode) ဒီနေ့မိသားစုတို့ကို ပြောပြချင်တဲ့ဆေးနည်းက ဗန်ဒါရွက် အစွမ်းထက်ပုံအကြောင်းပါ။ ဗန်ဒါ(ဗာဒံ)ရွက် ဗာဒံသီးဟာ မြေပြန့်ဒေသ ပူအိုက်တဲ့ရာသီဥတုအတွက်တော့ မြန်မြန်နဲ့ လွယ်လွယ်အရိပ်ရလို့၊ တချို့ကမိမိအိမ်ခြံဝင်းမှာ အရိပ်ရအောင် စိုက်ကြတယ်။ နေရာတိုင်းမှာလည်း အလေ့ကျ ပေါက်ပါတယ်။ သို့သော် ဗန်ဒါပင်ရဲ့အစွမ်းကိုတော့ သိသူနည်းပါးပါတယ်။ ဗန်ဒါရွက်(ယခုပုံ)မှာပြထားတဲ့အတိုင်း ဗန်ဒါရွက်အရင့်ကို ၃ခွက်၁ခွက်တင်ကျိူ ပီးသောက်ပေးခြင်းဖြင့် အစာအိမ်လေနာ၊အစာအိမ်အောင့်၊ အစာအဆိပ်သင့်၊ ဝမ်းဖောဝမ်းရောင်၊ ကိုက်ခဲနာကျင်တာတွေ လက်တွေ့ပျောက်တဲ့ဆေးပါ။ ဆန်ပြုတ်ကျိူ သောက်နေရသူ အစာအိမ်သမားတွေအတွက် သဘာဝကပေးတဲ့ ဆေးဖြစ်တယ်။ ဆီးဝမ်းသွေးလေ မကွဲ၊ အထက်လေဆန်ဖြစ်နေရင် ကျိူသောက် ပျောက်တဲ့ဆေးလည်းဖြစ်တယ်။ တချို့က ဗန်ဒါရွက်ကို နေရိပ်မှာလှန်းပီး အမှုန့်လုပ်ပီး လျက်ဆားလျက်သလို စားကြပါတယ်။ အမှုန့်လုပ်သောက်နိူင်ရင်ပိုကောင်းတယ်။ ကျနော် အရင်က အစာအိမ်ရောဂါဝေဒနာကို အလူးအလိမ့်ခံစားခဲ့ရတယ်။ ဆန်ပြုတ်ကို လချီသောက်ရတယ်။ ဆန်ပြုတ်သောက်တိုင်း မျက်ရည်ကျခဲ့ရတယ်။ ဆေးရုံမှာ […]

ကျန်းမာ‌‌ရေးအသိ

အသဲရောဂါ အသဲမှာအနာဖြစ်တာတွေကို ကိုယ်တွေ့ သက်သာပျောက်ကင်းခဲ့တဲ့ ထိနံပင် အစွမ်း

(Unicode) အသဲရောဂါ အသဲမှာအနာဖြစ်တာတွေကို ကိုယ်တွေ့ သက်သာပျောက်ကင်းခဲ့တဲ့ ထိနံပင် အစွမ်း စာရေးသူ HTYT အသဲတွင် အနာငါးခု ဖြစ်နေပြီး ပြည်ပါတည်နေ၍ ဆရာဝန်မှ ဆေးဆယ်ရက်သောက်ပါ။ အနာမချပ်ပါက ပြည်စုပ်ထုတ်ရမည်ဆိုသော အခြေအနေတွင် ပုံမှန်ဆို ထိုအရွက်လက်တစ်ဆုပ်ခန့်ကို သုံးခွက်တစ်ခွက်တင် ကြိုသောက်ရမှာကို မကြိုတော့ပဲ မနက် / ည ငါးရွက်ခန့်ကို ဝါးစားပြီး အရွက်ဖတ်တွေပါ ရေနဲ့ရောသောက်လိုက်ပါတယ်။ အင်္ဂလိပ်ဆေးလည်းသောက်ပါတယ်။ ဆယ်ရက်ပြည်လို့ ဆေးခန်းသွားပြန်ပြတဲ့အခါ အနာက ပြည်မရှိတော့ပဲချောက်ပြီး ကျက်နေပြီ။ ဘာဆေးတွေ သောက်သေးလည်းဟု ဆရာဝန်တောင် အံ့သြပြီး မေးတော့ ထိနံရွက် နဲနဲစားပါတယ်လို့ ပြောလိုက်တယ်လေ။ ကျွန်တော်တို့ ပတ်ဝန်းကျင်က အရက်တော်တော်သောက်တဲ့လူဆို မျက်နှာတွေ ခြေခုံတွေ ဖောရောင်နေတာ ဒီထိနံပင်အရွက်ကို သုံးခွက်တစ်ခွက်တင် တစ်နေ့သုံးခွက်သောက်တာ နှစ်ရက်နဲ့ဖောတာတွေ အကုန်ပျောက်တယ်။ […]

ကျန်းမာ‌‌ရေးအသိ

အသားအရေကို ဝင်းမွတ်လှပစေမယ့် ထမင်း

(Unicode) အသားအရေကို ဝင်းမွတ်လှပစေမယ့် ထမင်း အလှပြင်ပစ္စည်းတွေကို ကုန်စုံဆိုင်တွေ အလှပြင်ဆိုင်တွေမှာ တကူးတက ရှာစရာမလိုပါဘူး။တကယ်တော့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေဟာ အလှအပ ပစ္စည်းတွေပါပဲ။အမျိုးသမီးတိုင်း နူးညံ့ပြီး လှပစိုပြေတဲ့ အသားရေမျိုးကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ပါရဲ့လား။ သိပ်သေချာတာပေါ့။ အသားအရေကိုနုပျို စိုပြေစေဖို့ ဂျပန်နိုင်ငံက အမျိုးသမီးတွေရဲ့ လျှို့ဝှက်ချက်ကို ဒီကနေ့မှာ မျှဝေပေးချင်ပါတယ်။ အရမ်းကိုရိုးရှင်းလွယ်ကူတဲ့နည်းလမ်းဖြစ်ပြီး တကယ်လည်းအကျိုးထူးတာမို့ စာဖတ်သူတို့အတွက်အဆင်ပြေမှာပါ။ ပါဝင်ပစ္စည်း- -ဆန် စားပွဲတင်ဇွန်း ၃ ဇွန်း ကနေ ၄ ဇွန်းထိ -ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း -နွားနို့ စားပွဲတင်ဇွန်း ၁ ဇွန်း ပြုလုပ်နည်း- ဆန်ကိုရေအေးနဲ့ တည်ပြီး ချက်ပါ။ ဆန်ကျက်ပြီဆိုရင် မီးဖိုပေါ်ကချပေးပြီး ထမင်းကိုစစ်ချပါ။ထမင်းရည်ကို ခွက်တစ်လုံးထဲမှာထည့်ပါ။ နွားနို့နဲ့ […]

ကျန်းမာ‌‌ရေးအသိ

နှာရည်ကျ၊ တရှုံ့ရှုံ့ ဖြစ်နေသူများနှင့် အဆုတ်အားကောင်းစေတဲ့ ဆားငွေ့

(Unicode) နှာတရှုံ့ရှုံ့ ဖြစ်နေသူများအတွက် ဆားငွေ့ ဆားငွေ့ရှုနည်း တစ်ဆောင်းတွင်းလုံး နှာစေးနေခဲ့ရင်၊ လူရှေ့သူရှေ့မရှောင် နှာရည်ကျ၊ နှပ်တရှုံ့ရှုံ့ဖြစ်နေခဲ့ရင်အလွယ်တကူနဲ့ သက်သာစေနိုင်တဲ့ နည်းလမ်းကတော့ ဆားငွေ့ရှုတဲ့နည်းပါဘဲ။ ငွေမကုန်ပဲ သက်သာစေမဲ့ မီးဖိုချောင်က ဆေးနည်းလေးပါ။ ပြုလုပ်ပုံကတော့ ဟင်းရည်သောက်ကြွေပန်းကန်လုံးထဲမှာ ပရုပ်ဆီအနည်းငယ် သုပ်လိုက်ပါ။ ပြီးရင် ဆား ဟင်းစားဇွန်းနဲ့၃ဇွန်း ထည့်ပါ။ ဆူပြီးသားရေနွေး သို့မဟုတ် ဓာတ်ဘူးထဲက ရေနွေးပူပူ လောင်းထည့်ပါ။ တက်လာတဲ့ ဆားအငွေ့ကို ဦးခေါင်းမှာ တဘက်ပုဝါ တစ်ထည်ခြုံပြီး ကြွေပန်းကန်ထဲက တက်လာတဲ့ အငွေ့ကို ရှုပေးပါ။ အငွေ့နှာခေါင်းထဲရောက်အောင် သေချာရှူပေးပါ။ ပင်လယ်ထဲက ဆားငွေ့လေရှုသလိုမျိုး အကျိုးခံစားရပါလိမ့်မယ်။ ဆားငွေ့ဟာ အဆုတ်ကျန်းမာရေးကို ကောင်းစေပါတယ်။ နှာစေးတဲ့ အရည်ထွက်ကျခြင်းကိုလည်း ထိန်းစေပါတယ်။ လေရှူပြွန်ရောင်ခြင်းကိုလည်း သက်သာစေတဲ့အပြင် ပိုးများ ကပ်တွယ်ပေါက်ဖွားခြင်းမှလည်းဟန့်တား ကာကွယ်နိုင်ပါတယ်။ […]

ကျန်းမာ‌‌ရေးအသိ

ကျောက်ကပ်ကျန်းမာရေးအတွက် လူတိုင်းစားပေးသင့်တဲ့ အစားအစာများ

(Unicode) ကျောက်ကပ်ကျန်းမာရေးပြဿနာဟာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေထဲက တခုဖြစ်ပြီး ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို စစ်ထုတ်ပြီး ဆီးအဖြစ် စွန့်ပစ်ဖို့အတွက်လုပ်ဆောင်ပေးရတာကြောင့် အရေးကြီးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတခုပါ။ ဒါကြောင့်ကျောက်ကပ် ကျန်းမာရေးအတွက် လူတိုင်းစားပေးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးချင်ပါတယ်။ (၁) ပန်းဂေါ်ဖီ ပန်းဂေါ်ဖီမှာ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ဗီတာမင်ဘီနဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကျောက်ကပ် ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်ပေးနိုင်ပြီး အူမကြီးကင်ဆာနဲ့ ပန်ကရိယကင်ဆာလို ကင်ဆာရောဂါ တွေ ဖြစ်ပွားခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ (၂) ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာ ဗီတာမင်စီ၊ ဗီတာမင် B6 နဲ့ ဆာလဖာဓာတ်တို့ ပါဝင်တာကြောင့် ကိုယ်တွင်းအင်္ဂါရောင်ရမ်းခြင်း တွေကို လျော့ပါးသက်သာစေနိုင်သလို ကျောက်ကပ်ကျန်းမာရေးပြဿနာနဲ့နှလုံးရောဂါ ဖြစ်ပွားခြင်းတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ (၃) နာနတ်သီး နာနတ်သီးဟာဆိုရင်လည်း အမျှင်ဓာတ်ကြွယ်ဝပြီး ဗီတာမင်စီနဲ့ Bromelain […]

ကျန်းမာ‌‌ရေးအသိ

ဆီးချိုရောဂါကို ထိန်းချုပ်ပေးပြီး အရိုးသန်မာ၊ အရွယ်တင်စေတဲ့ ဒန့်ဒလွန်ရွက်

(Unicode) ဆီးချိုရောဂါကို ထိန်းချုပ်ပေးမယ့် ဒန့်ဒလွန်ရွက် ဒန့်ဒလွန်ရွက်ကို တောင်အာရှမှာ နှစ်ပေါင်းများစွာကတည်းက ဆေးဖက်ဝင်အပင် တစ်မျိုးအဖြစ် အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဒန့်ဒလွန်ရွက်မှာ Antioxidant နဲ့ ကျန်းမာရေးကို အထောက်အကူပြုစေတဲ့ အကျိုးကျေးဇူးတွေ အများအပြားပါဝင်နေပါတယ်။ ဒန့်ဒလွန်ရွက်ကော ဒန့်ဒလွန်သီးကိုပါ စားသုံးနိုင်ပြီး ကျန်းမာရေးကိုလည်း များစွာအထောက်အကူ ပြုစေပါတယ်။ ဘာလို့လဲဆိုတော့ ဒန့်ဒလွန်ရွက်မှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ အရွက်ကို အစိမ်းလိုက် အကြမ်းစားပေးတာဟာ ပိုပြီးကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ဒါ့အပြင် ဒန့်ဒလွန်ရွက်ကို အခြောက်လည်း စားသုံးနိုင်သလို ရေနွေးကြမ်းလုပ်ပြီးလည်း သောက်သုံးနိုင်ပါတယ်။ ဒန့်ဒလွန်သီးစားသုံးခြင်းရဲ့ အကျိုးကျေးဇူးများ- သွေးတွင်းသကြားဓါတ်ကို ထိန်းချုပ်ပေးခြင်း ဒန့်ဒလွန်ရွက်ဟာ ဆီးချိုရောဂါခံစားနေရသူတွေအတွက် တကယ်ကိုအကူအညီဖြစ်ပါတယ်။အမျိုးသမီး ၃၀ ကို ဒန့်ဒလွန်ရွက်အမှုန့်ကို ၇ ဂရမ်နေ့စဉ်စားသုံးပြီး စမ်းသပ်ပါတယ်။ သကြားဓါတ်ကို ပါဝင်မှုနှုန်း ၁၃.၅% […]

ကျန်းမာ‌‌ရေးအသိ

နှုတ်ခမ်း၊ မေး၊ ပါးစောင်းရွဲ့၊ အဆစ်ရောင်၊ အကြောထုံခြင်းများအတွက် ဆေးဖက်ဝင်အပင် လင်းနေ

(Unicode) ဆေးဖက်ဝင်အပင် လင်းနေ “ကလေး လေထိုးပြီး ငိုနေလို့ လင်းနေ တစ်တက်လောက် ပေးပါလား….ဦးရယ်” ဆိုပြီးလာတောင်းသော ကလေးမိခင်အသံများကို ကြားယောင်မိနေသည်။ လင်းနေကို လင်းလေဟုလည်း ခေါ်ကြသေးသည်။ ပင်ပျော့ ပင်ငယ်မျိုးဖြစ်သည်။ အမြင့်သုံးပေခန့်အထိ မြင့်တက်သည်။ မြေအောက်ပင်စည် ဖြစ်သည်။ အနံ့ထင်ရှားသည်။ ပင်စည်သည် ဥတက်သဖွယ် ဖြစ်သည်။ ဥရှိ အဆစ်များ အဖြူရောင်ရှိသည်။ ရှည်လျားသော ပန်းခိုင်ပေါ်တွင် အပွင့်များစွာ ပွင့်သည်။ စိမ်းဝါရောင်ရှိသည်။အဖူးခွံ အစိမ်းရောင်ရှိသည်။ အရွက်နှင့်တူသည်။ အေးမြသော ရာသီဥတုရှိသည့် ဒေသများရှိ အင်းအိုင် ချောင်းမြောင်းတစ်ဝိုက်တွင် ပေါက်သည်။သဘာဝအလျောက် ပေါက်ရောက်သည်။ အိမ်သုံးဆေးအဖြစ် အသင့်အတင့် စိုက်ပျိုးကြသည်။စိုက်ပျိုးရာတွင် ချင်းကဲ့သို့ပင် စိုက်ပျိုးရသည်။ အသုံးပြုသောအစိတ်အပိုင်း- မြေအောက်ပင်စည်ကို အသုံးပြုကြသည်။ အာနိသင် မြန်မာ့ဆေးကျမ်းများအလိုအရ လင်းနေသည် စူးရှသော အနံ့ရှိသည်။ […]

Back To Top