အသားအရေကို ဝင်းမွတ်လှပစေမယ့် ထမင်း

အသားအရေကို ဝင်းမွတ်လှပစေမယ့် ထမင်း

(Unicode)

အသားအရေကို ဝင်းမွတ်လှပစေမယ့် ထမင်း

အလှပြင်ပစ္စည်းတွေကို ကုန်စုံဆိုင်တွေ အလှပြင်ဆိုင်တွေမှာ တကူးတက ရှာစရာမလိုပါဘူး။တကယ်တော့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေဟာ အလှအပ ပစ္စည်းတွေပါပဲ။အမျိုးသမီးတိုင်း နူးညံ့ပြီး လှပစိုပြေတဲ့ အသားရေမျိုးကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ပါရဲ့လား။

သိပ်သေချာတာပေါ့။ အသားအရေကိုနုပျို စိုပြေစေဖို့ ဂျပန်နိုင်ငံက အမျိုးသမီးတွေရဲ့ လျှို့ဝှက်ချက်ကို ဒီကနေ့မှာ မျှဝေပေးချင်ပါတယ်။ အရမ်းကိုရိုးရှင်းလွယ်ကူတဲ့နည်းလမ်းဖြစ်ပြီး တကယ်လည်းအကျိုးထူးတာမို့ စာဖတ်သူတို့အတွက်အဆင်ပြေမှာပါ။

ပါဝင်ပစ္စည်း-

-ဆန် စားပွဲတင်ဇွန်း ၃ ဇွန်း ကနေ ၄ ဇွန်းထိ

-ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

-နွားနို့ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း-

ဆန်ကိုရေအေးနဲ့ တည်ပြီး ချက်ပါ။ ဆန်ကျက်ပြီဆိုရင် မီးဖိုပေါ်ကချပေးပြီး ထမင်းကိုစစ်ချပါ။ထမင်းရည်ကို ခွက်တစ်လုံးထဲမှာထည့်ပါ။ နွားနို့နဲ့ ပျားရည်ကို ခုနကချက်ထားတဲ့ ထမင်းထဲထည့်ပြီး သေချာအောင်ရောမွှေပေးပါ။ အရည်က ပျစ်ပျစ်လေး ဖြစ်လာပါလိမ့်မယ်။ အဲဒါကို မျက်နှာပေါ်လိမ်းပေးပြီး လက်နဲ့ သေချာဖိပေးပါ။ မျက်လုံးအောက်နားကိုလည်း သေချာလိမ်းပေးပါ။ ပြီးရင် ၁၀ မိနစ်ကနေ ၁၅ မိနစ်ထိထားပါ။

ဆေးကြောခြင်း-

ခုနက ခွက်တစ်လုံးထဲမှာ ထည့်ထားတဲ့ ထမင်းရည်ရှိပါတယ်။ တကယ်လို့ မျက်နှာပေါ်မှာလိမ်းထားတဲ့ ထမင်းတွေခြောက်သွားရင် ထမင်းရည်နဲ့ မျက်နှာသစ်ပါ။ တကယ်လို့ မျက်နှာမှာ ချွဲချွဲလေးဖြစ်နေသေးရင် ရေနဲ့မျက်နှာထပ်သစ်ပါ။ ဆပ်ပြာကိုလုံး၀ မသုံးပါနဲ့။ ဒီနည်းလမ်းကို ၁ ပတ် ၂ကြိမ်လုပ်ပေးရုံနဲ့ ၄ ပတ် ၅ ပတ်အတွင်းမှာ သိသာတဲ့ရလဒ်ကို ရရှိလာမှာ အသေချာပါ။

Credit-MyFood Myanmar

(Zawgyi)

အသားအေရကို ဝင္းမြတ္လွပေစမယ့္ ထမင္း

အလွျပင္ပစၥည္းေတြကို ကုန္စုံဆိုင္ေတြ အလွျပင္ဆိုင္ေတြမွာ တကူးတက ရွာစရာမလိုပါဘူး။တကယ္ေတာ့ ေန႔စဥ္စားသုံးေနတဲ့ အစားအစာေတြဟာ အလွအပ ပစၥည္းေတြပါပဲ။အမ်ိဳးသမီးတိုင္း ႏူးညံ့ၿပီး လွပစိုေျပတဲ့ အသားေရမ်ိဳးကို ပိုင္ဆိုင္ခ်င္ၾကပါတယ္။ ဒါေပမဲ့ ျဖစ္ႏိုင္ပါရဲ႕လား။

သိပ္ေသခ်ာတာေပါ့။ အသားအေရကိုႏုပ်ိဳ စိုေျပေစဖို႔ ဂ်ပန္ႏိုင္ငံက အမ်ိဳးသမီးေတြရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို ဒီကေန႔မွာ မွ်ေဝေပးခ်င္ပါတယ္။ အရမ္းကို႐ိုးရွင္းလြယ္ကူတဲ့နည္းလမ္းျဖစ္ၿပီး တကယ္လည္းအက်ိဳးထူးတာမို႔ စာဖတ္သူတို႔အတြက္အဆင္ေျပမွာပါ။

ပါဝင္ပစၥည္း-

-ဆန္ စားပြဲတင္ဇြန္း ၃ ဇြန္း ကေန ၄ ဇြန္းထိ

-ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္း

-ႏြားႏို႔ စားပြဲတင္ဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း-

ဆန္ကိုေရေအးနဲ႔ တည္ၿပီး ခ်က္ပါ။ ဆန္က်က္ၿပီဆိုရင္ မီးဖိုေပၚကခ်ေပးၿပီး ထမင္းကိုစစ္ခ်ပါ။ထမင္းရည္ကို ခြက္တစ္လုံးထဲမွာထည့္ပါ။ ႏြားႏို႔နဲ႔ ပ်ားရည္ကို ခုနကခ်က္ထားတဲ့ ထမင္းထဲထည့္ၿပီး ေသခ်ာေအာင္ေရာေမႊေပးပါ။ အရည္က ပ်စ္ပ်စ္ေလး ျဖစ္လာပါလိမ့္မယ္။ အဲဒါကို မ်က္ႏွာေပၚလိမ္းေပးၿပီး လက္နဲ႔ ေသခ်ာဖိေပးပါ။ မ်က္လုံးေအာက္နားကိုလည္း ေသခ်ာလိမ္းေပးပါ။ ၿပီးရင္ ၁၀ မိနစ္ကေန ၁၅ မိနစ္ထိထားပါ။

ေဆးေၾကာျခင္း-

ခုနက ခြက္တစ္လုံးထဲမွာ ထည့္ထားတဲ့ ထမင္းရည္ရွိပါတယ္။ တကယ္လို႔ မ်က္ႏွာေပၚမွာလိမ္းထားတဲ့ ထမင္းေတြေျခာက္သြားရင္ ထမင္းရည္နဲ႔ မ်က္ႏွာသစ္ပါ။ တကယ္လို႔ မ်က္ႏွာမွာ ခြၽဲခြၽဲေလးျဖစ္ေနေသးရင္ ေရနဲ႔မ်က္ႏွာထပ္သစ္ပါ။ ဆပ္ျပာကိုလုံး၀ မသုံးပါနဲ႔။ ဒီနည္းလမ္းကို ၁ ပတ္ ၂ႀကိမ္လုပ္ေပး႐ုံနဲ႔ ၄ ပတ္ ၅ ပတ္အတြင္းမွာ သိသာတဲ့ရလဒ္ကို ရရွိလာမွာ အေသခ်ာပါ။

Credit-MyFood Myanmar

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top