Month: January 2023

ဗဟုတုသ

လက်မလည်အောင် ဈေးရောင်းကောင်းစေမယ့် အဆောင်ပြုလုပ်နည်း

ဈေးရောင်းကောင်းချင်သော မိတ်ဆွေများ ဒီအဆောင်လုပ်ပြီးရင်တော့ လက်မလည်အောင် ရောင်းရပြီးသာ မှတ်လိုက်တော့… အစိမ်းရောင် အရက်ပုလင်း ( အစိမ်းရောင် အရက်ပုလင်း လှလှလေးတွေ ရှိတတ်ပါတယ်) အလွတ်ထဲ ရေထည့်ပါ။ကျောက်စရစ်ခဲ (၉) ခဲ ထည့်ပါ။နှင်းဆီပန်း အနီရောင် တစ်ပွင့် ထည့်ပါ။ ဆိုင် ကောင်တာပေါ်တင်ထားကြည့်ပါလား။ နှင်းဆီပန်းကတော့ နေ့တိုင်း လဲပေးရပါတယ်။သေချာပေါက် စျေးဆိုင်များအတွက် အကောင်းဆုံး ပုလင်းယတြာပါ။ မုချ စျေးရောင်းကောင်းစေပါတယ်။ မိမိ ဆိုင် စည်ကားစေပါတယ်။ ကိုယ့်အမျိုးတွေ မိတ်ဆွေတွေ သူငယ်ချင်းတွေ စျေးရောင်းနေတယ်ဆိုရင် စျေးရောင်းကောင်းအောင် ဒီယတြာလေး လက်တို့ပေးလိုက်ပါ။ ဘယ်သူပဲ လုပ်လုပ် အဆင်ပြေပါတယ်။ ကိုယ်တိုင် လုပ်လို့ ရပါတယ်။ လွယ်လွယ်လေးပါ။ စျေးဆိုင်တွေလည်း လုပ်လို့ ရပါတယ်။ ကုမ္ပဏီ တွေမှာလည်း လုပ်လို့ ရပါတယ်။ […]

ဗဟုတုသ

“မလိုလည်းဝယ်သွားပေးကြပါ”တောင်းစားတာမဟုတ်ဘူး ရောင်းစားတာပါ

“မလိုလည်းဝယ်သွားပေးကြပါ”တောင်းစားတာမဟုတ်ဘူး ရောင်းစားတာပါလိုလို မလိုလို မေတ္တာအမြင်နဲ့မို့ပိုပေးစေချင်ပါတယ် ရိက္ခာထက် သိက္ခာကိုပိုမြတ်နိုးကြသူ ဝမ်းရေခက်လည်း ထမင်းတစ်နပ်ကို အပြုံးမပျက်ဘဲစားကြတယ် အမေအရွယ်တွေမို့မလိုအပ်ဘူးဆိုရင်လည်း ရောင်းချတာလေးတွေကို ဝယ်သွားပေးကြပါစေတနာက အသပြာထက်တန်ဖိုးရှိပါတယ် အဆင်မပြေတဲ့လောကကြီးထဲမှာ အထင်သေးခံပြီး တောင်းနေကြတာမှမဟုတ်ဘဲငါးဆယ်တစ်ရာက ကလေးမုန့်ဖိုးသာသာပါ စေတနာထားပြီး မလိုလည်းဝယ်သွားပေးကြပါနော် ။ သျှန်းမိုအိမ် လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်။

ဗဟုတုသ

ဆင်မာန်စွယ် ငှက်ပျောမတက် ဆိုတဲ့အတိုင်း စမ်းသပ်ပုံနှင့် ဆင်မာန်စွယ်အကြောင်း

မာန်စွယ်ဆိုသည်မှာ သာမာန်ချိုးထား/ဖြတ်ထားသော အစွယ်မျိုးမဟုတ်ဘဲ ဒေါသဖြစ်၍ တိုက်ခိုက်ထိုးနှက်ကျသောအချိန်တွင် ကျိုးကျန်ရစ်သော အစွယ်ကျိုးကို ခေါ်သည်။ တစ်ချို့မာန်စွယ်များသည် သစ်ပင်များတွင် စိုက်ဝင်လျှက်ရှာဖွေတွေ့ရှိရသလို တစ်ချို့မာန်စွယ်များကတော့ သိဒ္ဓိရှိသော ဂမ္ဘီရပစ္စည်းဖြစ်သဖြင့် အိပ်မက်ပေး၍ တွေ့ရှိရခြင်းများလည်းရှိသည်။ ယခုမာန်စွယ်ကတော့ အိပ်မက်အရ ညောင်ပင်အတွင်းမှ ရရှိသော ဆင်မာန်စွယ် ဖြစ်သည်။ အလေးချိန် ငါးကျပ်သားရှိသော မာန်စွယ်ဖြစ်သည်။ ငှက်ပျောမတက်ဆိုသည်မှာကား သိဒ္ဓိဝင်အစွမ်းရှိသော ဆင်မာန်စွယ်၊ ဝက်မာန်စွယ်၊ ဓါတ်လုံးများအား စမ်းသပ်ကြသော စမ်းသပ်နည်းများထဲမှ တစ်ခုဖြစ်သည်။ ငှက်ပျောပင်အလယ်အူတိုင်သည်ခုတ်ဖြတ်ပြီး ငါးမိနစ် ဆယ်မိနစ်အတွင်းမှာတွင် တစ်လက်မခန့် ပြန်ထွက်လာပေသည်။ ဆင်မာန်စွယ်၊ ဝက်မာန်စွယ်များအား ငှက်ပျောပင်ကိုခုတ်ဖြတ်ပြီး တင်ထားပါကအချိန်တော်တော်ကြာသည်အထိ ငှက်ပျောပင်မှ ထွက်မလာနိုင်သောအခါမှ အစွမ်းရှိသည်ဟု သတ်မှတ်ယူဆကြပေသည်။ ယခုမာန်စွယ်ကတော့ နာရီဝက်ခန့် ငှက်ပျောမတက်ဟု သိရှိရသည်။ မာန်စွယ်များအား အပွင့်ပိုင်း အားသန် မသန် အပိတ်ပိုင်း […]

ဗဟုတုသ

မွေးရပ်ယောမြေက “စုန်းမျိုး အမှတ်အသား ကျောက်ခဲအပေါက်ရှိတဲ့ ကျမရဲ့ အိမ်”

ဇာတိချက်ကြွေ မွေးရပ်ယောမြေက “စုန်းမျိုး အမှတ်အသား ကျောက်ခဲအပေါက်ရှိတဲ့ ကျမရဲ့ အိမ်” ယောမြို့မှာ စုန်းရှိတယ်လို့ ပြောစမှတ်ရှိကြပါတယ် ကျမရဲ့ဇာတိချက်ကြွေ မွေးရပ်မြေ ယောဒေသကအိမ်တွေမှာ တံခါးပေါက် ဝိုင်းပေါက် ၂ ခုဖေါက်ထားတယ် တောင်သူ အိမ်တွေမို့ လှည်းဝင်ပေါက် အကြီးတစ်ပေါက်လူဝင်မို့ တံခါးတစ်ဖက်လှပ်တစ်ပေါက် ဖေါက်ထားတယ်.. အဲ့ဒီ တံခါးပေါက်တွေမှာ ကျောက်ခဲပေါက်ကြီး ဆွဲထားတတ်ကြပါတယ်ရှင် တစ်နေ့ကျမ အမဲ့ ကို မေးကြည့်ပါတယ် “ဘာလုပ်တာလည်း ကျေက်ခဲပေါက်ကအမဲ့” အမေ ကို အမဲ့လို့ခေါ်ပါတယ် အမဲ့ကနင်တို့ထက်အရင် အကြီးလေးနှစ်ယောက်ေ သဘူးတယ် ဘာရောဂါမှမဖြစ်ဘဲ ရု တ်တရက်မဖျားမနာဘဲ မျက်ဖြူလန်ပြီးေ သသွားဘူးတယ် တယောက်က ၇ လ တစ်ယောက်က ၉ လ သူများတွေကတော့ စုန်းကို က်တယ်ပြောကြတယ်.. အဲ့တော့ အဖေ […]

ဗဟုတုသ

အောင်ပန်းမြို့အလွန်က သွေးနဲ့ သစ္စာတိုင်တည်ခဲ့တဲ့ ဝိဉာဉ်မြို့တော် (သို့) ပျောက်ဆုံးနေသောမြို့တော် သာမိုင်းခမ်း

ပျောက်ဆုံးနေသောမြို့တော် သာမိုင်းခမ်း `လောကီပညာရပ် လျှို့ဝှက်ချက်များနဲ့ ပြည့်နှက်နေသော နေရာဟောင်းတစ်ခု´ တောင်ပိုင်းရှမ်းပြည်ရဲ့ပျောက်ဆုံးသွားသော မြို့တော်နဲ့ ငုံးသုံးဘုရားကို ဧည့်သည်တွေပို့ရင်း ထပ်ရောက်ခဲ့ပြန်တယ်.. သာမိုင်းခမ်းဆိုတာက ရှမ်းစစ်သည်ပေါင်းများစွာ သွေးမြေကျခဲ့ပြီး သွေးနဲ့ သစ္စာတိုင်တည်ခဲ့တဲ့ဝိဉာဉ်မြို့တော် … သမိုင်းထဲက “ သာမိုင်းခမ်း ” ရာဇဝင်ထဲက “ သာမိုင်းခမ်း ” နရပတိစည်သူမင်းတည်ထားခဲ့တဲ့ စေတီများထဲက တစ်ဆူအပါအဝင်ဖြစ်တဲ့ “ သာမိုင်းခမ်း ”ရှေးစော်ဘွားတွေ အုပ်ချုပ်ခဲ့တဲ့ “သာမိုင်းခမ်း”ကလောမြို့ အောင်ပန်းမြို့တို့ကို မြို့ဖြစ်ပေါ်လာစေတဲ့ ”သာမိုင်းခမ်း.” ပင်လုံစာချုပ်ကိုဖြစ်ပေါ်လာအောင် အကောင်းဆုံးဖော်ဆောင်ပေးခဲ့တဲ့ “ စဝ်ထွန်းအေး”ရဲ့မွေးရပ်မြေဖြစ်တဲ့ “ သာမိုင်းခမ်း. ”ထိုနေရာလေးသည် အောက်မြန်မာပြည်အား အင်္ဂလိပ်နယ်ချဲ့တို့က သိမ်းပိုက်ထားပြီး မင်းတုန်းဘုရင် နန်းတက်စဉ်အချိန်အထိ အလွန်စည်ပင်သာယာဝပြောသော နေရာလေးတစ်ခုဖြစ်ခဲ့လေ၏။မြို့၏ အမည်ကား သာမိုင်းခဏ်းဟု တွင်လေ၏။ ထိုခေတ်အခါက ညောင်ရွှေစော်ဘွား […]

ဗဟုတုသ

ချစ်သူ ရည်းစားမရှိပါက တွင်းထဲကရေ 7ခွက်သောက်ရင် ချစ်သူရည်းစားရစေမည့် အံ့အားသင့်ဖွယ် ရေတွင်းကြီး

လောကကြီးမှာတော့ ထူးဆန်းပြီးတော့ အံ့အားသင့်စရာကောင်းသော အရာများနှင့်ပြည့်နှက် နေတာဘဲ ဖြစ်ပါတယ်နော်။ အခုလည်းဘဲ ဗီယက်နမ် နိုင်ငံမှ Cu Lao Cham ကျွန်းရှိ နှစ်ပေါင်း ၂၀၀ ကြာ ထိတည်ရှိနေသေးသော ၅ မီတာ အနက်ရှိ ရေတွင်းတစ်တွင်းသည် အလွန်ထူးခြားသောကြောင့်ဘဲ ခရီးသွားများ၏ အာရုံကို ဆွဲဆောင်ထားတယ် လို့သိရပါတယ်နော်။ ရေတွင်းကြီးဟာ မိုးခေါင်ပြီးတော့ ရေများ ခန်းခြောက်သည့်ချိန်လျှင်ပင် ရေကမပြတ်သောက်သုံးနိုင်သေးပြီး စိတ်ကိုကြည်လင် စေတာဘဲဖြစ်ပါတယ်တဲ့။ ထို့အပြင် အမျိုးသားများ ထိုရေတွင်းထဲမှရေ ၇ခွက်တိတိ သောက်ပါက ချစ်သူရည်းစားရနိုင်ပြီးတော့ မိန်းကလေးများကတော့ ၉ခွက်တိတိ သောက်ရကာအနည်းငယ်လေး ပိုသောက်မိပါက အကြံစည် မအောင်မြင်နိုင်ပါဘူးတဲ့နော်။ အချို့သောသူများမှာ ကံကောင်းစေရန်အတွက်ဘ ရေသောက်ခြင်းဖြင့် ဆုပါတောင်းကြပြီးတော့ ရေတွင်း၏ထူးခြားမှုမှာ တဖြည်းဖြည်းနာမည်ကြီးလာခဲ့တာပါနော်။ Credit-Original Poster

ဗဟုတုသ

အမတော်မြနန်းနွယ်ရဲ့ပါးကို နမ်းမိလို့ မသေရုံတစ်မယ် ဖြစ်ခဲ့ရသူ(ဖြစ်ရပ်မှန်)

လုံခြုံရေး နှင့်အစစအရာရာ ကိစ္စများအတွက် ဘုရားဂေါပကအဖွဲ့မှခန့်အပ်ထားသော ဝန်ထမ်းများမှ အလှည့်ကျ တာဝန်ယူရသည်။ တစ်ရက် စာရေးသူ မြနန်းနွယ် အဆောင် သို့ရောက်ရှိစဉ် ဝန်ထမ်းတစ်ဦးမှ အမတော်အားပွဲဆက်သူတစ်ဦးအတွက် ကိုယ်စားဆုတောင်းပေးနေသည်ကို မြင်မိသည်။ အများအားဖြင့် အဆိုပါ ပုဂ္ဂိုလ်တို့သည် အစီစဉ်တကျပြောဆို ပွဲအပ်ဆုတောင်းပေးကြပါသည်။ထိုသူသည် သုံးလေးဦးဆက်တိုက် ပြောဆိုဆုတောင်းပေးပြီးနောက် ခတ္တခဏ စာရေးသူ အနီးရှိ ထိုင်ခုံတွင် ထိုင်၍ နားနေခိုက်တွင် စာရေးသူသိလိုသမျှကို သွားရောက်မေးမြန်းရင်း စကားလက်ဆုံကျကာအမတော် မြနန်းနွယ်ရဲ့ထူးခြားဆန်းပြားဖြစ်ရပ်များနဲ့ ဆုတောင်ပြည့်ပုံများကို မှတ်သားခဲ့ရသည်။ ထိုမှတ်သားခဲ့သည်များအထဲမှ အမတော် မြနန်းနွယ်ရဲ့ပါးကို နမ်းမိ၍အသက်မသေရုံတမယ်ဖြစ်ခဲ့ရသူ တစ်ယောက်အကြောင်းကို စာဖတ်သူများ သိရှိစေရန် ရေးသားလိုက်ပါသည်။ ထိုသို့ အသက်ဆုံးရှုံးရန် သီသီလေးလိုသည်အထိဖြစ်ခဲ့ရသူမှာ အခြားမဟုတ် ယခုထိုအကြောင်းကိုပြောပြသော ဝန်ထမ်းရဲ့ အဖေဖြစ်သည်။ သူ၏ အဖေမှာ ဘုရားတွင် ဝန်ထမ်းအဖြစ် လုပ်သက် […]

ဗဟုတုသ

ကမ္ဘာ့အလှဆုံး ဘာသာစကားတွေထဲမှာ မြန်မာအက္ခရာဟာ နံပါတ်(1) အလှဆုံးအဖြစ် ဗိုလ်စွဲ

နိုင်ငံ တနိုင်ငံချင်းစီမှာ ကိုယ့် နိုင်ငံ ကိုယ်စားပြုတဲ့ နိုင်ငံ တော်အလံ တခုစီ ရှိသလိုပဲ အခြေခံ ဘာသာစကားတွေ၊ အက္ခရာတွေ၊ သင်္ကေတတွေလည်း အမျိုးမျိုး ရှိတတ်ကြပါတယ်။ 8 ရာစုတည်းက ရှင်သန်နေထိုင်ခဲ့တဲ့ Phoenician တွေ ခေတ်မှာတင်ပဲ အက္ခရာ သင်္ကေတတွေ ဘာသာစကားတွေ စတင် ပေါ်ပေါက်လာနေခဲ့ပြီလေ။ အဲ့ဒီနောက်ကနေ အီဂျစ် လူမျိုးတွေရဲ့ ခေတ်ကာလမှာလည်း သင်္ကေတ အက္ခရာတွေနဲ့ ဘာသာစကားတွေ အမျိုးမျိုး ကျယ်ပြန့်လာရင်း ဒီနေ့ခေတ်မှာ ဆို နိုင်ငံတိုင်းက သူ့ ဘာသာစကား၊ စာပေ၊ အက္ခရာတွေနဲ့ ရှိနေ ပါပြီ။ လွန်ခဲ့တဲ့ နှစ် 2500 မှာ Latin အက္ခရာက နေရာအနှံ့အပြား တွင်တွင်ကျယ်ကျယ် သုံးခဲ့တာကြောင့် တခြား ဘာသာစကားတွေ […]

ဗဟုတုသ

ကျိုက်ထီးရိုးဘုရားအနီးဝန်းကျင်ရှိ မုဆိုးတောင် အကြောင်းသိကောင်းစရာ

ကျိုက်ထီးရိုးဘုရားရင်ပြင်တော်၏ အရှေ့ဘက်ထမင်းဆိုင်တန်းများ အကျော်တွင် မုဆိုးတောင်စေတီကို ဖူးမြော်နိုင်ပါသည်။ ရှေးယခင်က မုဆိုးတောင်နေရာသည် လူသူမနီး တောကြီးတောင်ကြီး လျှိုမြောင် အတန်တန် ဝန်းရံကာဆီး သစ်ပင်သစ်သီး ပန်းပေါင်းစုံတို့ဖြင့် ဝေဆာလျက် ကျောက်ဂူများ ပေါများသောကြောင့် သူတော်ကောင်းတို့ တရားကျင့်ကြံ အားထုတ်သော ဘူမိနတ်သန်နေရာပင် ဖြစ်သည်။ ဤနေရာသို့ တိဿရသေ့ကြီးသည် ဇင်းကျိုက်တောင်မှ ပြောင်းရွေ့ သီတင်းသုံး တရားကျင့်ကြံအားထုတ်ရန် ကြွရောက်တော်မူလာခဲ့သည်။ ယင်းတောတောင်သို့ တိဿရသေ့ကြီး မပြောင်းရွေ့မီကပင် မုဆိုးကြီးတစ်ဦးသည် ဤတောကို အမှီပြုရန် တောကောင်များကို လိုက်လံသတ်ဖြစ်လျက် အသက် မွေးဝမ်းကျောင်းပြုရန် နေလေသည်။ တစ်နေ့တွင် မုဆိုးကြီးသည် တိဿရသေ့ကြီး၏ တရားဟောပြော မှုကြောင့် အကျွတ်တရားရကာ မုဆိုးအလုပ်ကို စွန့်လွှတ်၍ တိဿရသေ့ကြီးထံ ဖိုးသူတော်ဝတ်ပြီး တပည့်အဖြစ်နေလေသည်။ ယင်းမုဆိုးကြီးကို အစွဲပြု၍ ဤတောင်ကို မုဆိုးတောင်ဟုခေါ်ပါသည်။ယနေ့ထိတိုင် […]

ဗဟုတုသ

မင်းတုန်းမင်းနန်းတက်စဉ်က နန်းတော်ထဲမှ ရွှေနန်းပျော်သမီးတော်များ၏ တစ်နေ့တာအကြောင်း

မင်းတုန်းမင်းတရားကြီးသည် နန်းတွင်းမှာလည်း နန်းတွင်းအလိုက်၊ နန်းပြင် တွင်လည်းနန်းပြင်အလိုက် အထောက်တော် များထားသည်ဟု သိရ၏။ နန်းတွင်း အထောက်တော်များတွင် မြတောင် စုဖုရား (စုဖုရားလတ်) ငယ်စဉ်က အထောက် တော်အဖြစ် ဆောင်ရွက်ရသည်ဟု သိရပါသည်။ ထိုကြောင့်သမီးတော်ကလေး များထဲ၌လည်း ထက်မြက်သူများကို မင်းတရားကြီးက အထောက်တော် အဖြစ် တာဝန်ထမ်းဆောင်ခိုင်းသည်ဟု တွေ့ရ ပါသည်။ မိဖုရားကြီးများ၏ အဆောင် များတွင် ပြင်သစ်၊ အင်္ဂလိပ် အာမီနီယမ် လူပျိုအပျိုတော်များ ဝင်ရောက်ခစား ကြသည်။ ထိုအနောက်တိုင်း အပျိုတော် များသည် တက်တင်းဇာ တစ်ချောင်းထိုး နည်း၊ သိုးမွေး နှစ်ချောင်းထိုးနည်းများကို လုပ်ဆောင်ပြ၍ ဆက်သကြသည်။ ဤတွင်စင်္ကြာဒေဝီ မိဖုရားခေါင်ကြီး သည် ရွှေနန်းပျော်သမီးတော်များကို အနောက် တိုင်းမှ တက်တင်းဇာထိုးနည်း၊ သိုးမွေး နှစ်ချောင်းထိုးနည်းများကို […]

Back To Top