လုံခြုံရေး နှင့်အစစအရာရာ ကိစ္စများအတွက် ဘုရားဂေါပကအဖွဲ့မှခန့်အပ်ထားသော ဝန်ထမ်းများမှ အလှည့်ကျ တာဝန်ယူရသည်။
တစ်ရက် စာရေးသူ မြနန်းနွယ် အဆောင် သို့ရောက်ရှိစဉ် ဝန်ထမ်းတစ်ဦးမှ အမတော်အားပွဲဆက်သူတစ်ဦးအတွက် ကိုယ်စားဆုတောင်းပေးနေသည်ကို မြင်မိသည်။ အများအားဖြင့် အဆိုပါ ပုဂ္ဂိုလ်တို့သည် အစီစဉ်တကျပြောဆို ပွဲအပ်ဆုတောင်းပေးကြပါသည်။ထိုသူသည် သုံးလေးဦးဆက်တိုက် ပြောဆိုဆုတောင်းပေးပြီးနောက် ခတ္တခဏ စာရေးသူ အနီးရှိ ထိုင်ခုံတွင် ထိုင်၍
နားနေခိုက်တွင် စာရေးသူသိလိုသမျှကို သွားရောက်မေးမြန်းရင်း စကားလက်ဆုံကျကာအမတော် မြနန်းနွယ်ရဲ့ထူးခြားဆန်းပြားဖြစ်ရပ်များနဲ့ ဆုတောင်ပြည့်ပုံများကို မှတ်သားခဲ့ရသည်။ ထိုမှတ်သားခဲ့သည်များအထဲမှ အမတော် မြနန်းနွယ်ရဲ့ပါးကို နမ်းမိ၍အသက်မသေရုံတမယ်ဖြစ်ခဲ့ရသူ တစ်ယောက်အကြောင်းကို စာဖတ်သူများ သိရှိစေရန် ရေးသားလိုက်ပါသည်။
ထိုသို့ အသက်ဆုံးရှုံးရန် သီသီလေးလိုသည်အထိဖြစ်ခဲ့ရသူမှာ အခြားမဟုတ် ယခုထိုအကြောင်းကိုပြောပြသော ဝန်ထမ်းရဲ့ အဖေဖြစ်သည်။ သူ၏ အဖေမှာ ဘုရားတွင် ဝန်ထမ်းအဖြစ် လုပ်သက် ၃၅နစ်အထိ လုပ်သွားသူဖြစ်ပြီး အခုတိုင် အသက် ၉၃နှစ်ထိ အသက်ရှင်လျက်ရှိသေးကြောင်း ရှေးဦးစွာပြောပြသည်။ နာမည်မှာ ဦးဘချစ်ဖြစ်သည်။ ယခုအဖြစ်အပျက်မှာ ဦးဘချစ် အလုပ်ဝင်စက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သူသည် ပျော်ပျော်နေတက် မျက်နှာပြောင်တက်သည်။
တစ်ရက်သူ၏စိတ်ထဲမှာ အမတော်ရဲ့ရုပ်ပုံသည် အရမ်းချစ်စရာကောင်းပြီး ချောမောလှပနေသည်ကိုသာ တွေးမိနေသည်။ ထိုနောက်ရုတ်တရက် အမတော် နားကိုသွားပြီး အမတော်၏ ပါးကို နမ်းလိုက်မိသည်။ ညဘက်ရောက်သောအခါ နေရင်းထိုင်ရင်း အထက်လန်အောက်လျောဖြစ်ကာ ဆေးရုံသို့ ချက်ချင်းပို့လိုက်ရသည်။ ဆေးတွေသွင်းပြီး လူလည်း မသေရုံတမယ်သာ ကျန်သည်။ထို့နောက် အမတော်ကို ကန်တော့ပွဲပေးကာ တောင်းပန်ရသည်။ နောင်တွင်လည်း အမတော်ကို ဤကဲ့သို့မလေးမစားမလုပ်ရဲတော့ချေ။ ဦးဘချစ်အတွက်တော့ ဘဝတွင် မမေ့နိုင်စရာ အဖြစ်အပျက်တစ်ခုအဖြစ် အမှတ်ရနေမှာ မလွဲပေ။