ဗဟုတုသ
(Zawgyi) ခုနှစ်ရက် သားသမီးများအတွက် ၂၀၂၀ဖေဖော်ဝါရီလအတွက် တစ်လစာ ကံကြမ္မာဟောစာတမ်း တနင်္ဂနွေ သားသမီးများအတွက် ဒီလအတွင်းမှာ သင်၏ ရည်ရွယ်ချက်များ ရည်မှန်းချက်များ ပြည့်ဝအောင်မြင်မည့် အချိန်ဖြစ်တယ်။ ပြောရရင်တော့ လိုအင်ဆန္ဒတွေ ပြည့်စုံနိုင်တာပေါ့။ ခြံကိစ္စ၊ ကားကိစ္စ၊ ကျောက်ကိစ္စ၊ ငွေကြေးကိစ္စတွေ ပြောဆိုအောင်မြင်တတ်ပါတယ်။ ဝယ်ဖို့ရည်ရွယ်ရင်လည်း ဝယ်ဖြစ်တတ်ပါတယ်။ မိတ်ဆွေသင်္ဂဟများကလည်း ကိုယ်ဆီကိုလာပြီး အလုပ်စီးပွားများ တွဲဖက် လုပ်ကိုင်ဖို့ စီစဉ်မည်။ ကိုယ်ကလည်း အလို ပြည့်စုံမည်။ ကိုယ့်မှာရှိတဲ့ လက်ဝတ်တန်ဆာ ရွှေတွေကိုတော့သတိထားပါ။ ကျပျောက်တတ်ပါတယ်။ ကိုယ်စီးနေတဲ့ ယဉ်တွေကတော့ အပျက်အစီးလေးတွေ များတတ်တဲ့ ကာလဖြစ်ပါတယ်။ ငွေတွေကလည်း အစုလိုက် အပြုံလိုက် ဝင်လိမ့်မည်။ အင်မတန် လာဘ်ရွှင်မယ့် အချိန်ကာလပါပဲ။ ထီတွေဘာတွေ ကံစမ်းတာတောင် မဟုတ်ဘူး။ သေသေချာချာ ထိုးသင့်ပါတယ်။ လူမျိုးခြား […]
ဗဟုတုသ
ပါဝင်ပစ္စည်း ၂ မျိုးတည်းနဲ့ အိမ်တွင်းဖြစ် ချက်နို့ဆီပြုလုပ်နည်း
(Zawgyi) ပါဝင်ပစ္စည်း ၂ မျိုးတည်းနဲ့ ချက်နို့ဆီပြုလုပ်နည်း အားလုံးပဲမင်္ဂလာပါ။ ချိုမြိန်ပြီး အရသာရှိတဲ့ အစားအသောက်တွေအတွက် မပါမဖြစ်တဲ့ ပါဝင်ပစ္စည်းတစ်ခုက နို့ဆီပဲဖြစ်ပါတယ်။ နို့ဆီကို နေရာတိုင်းမှာ အလွယ်တကူ ဝယ်ယူလို့ရပေမယ့် တာရှည်ခံပစ္စည်းမပါပဲ ကျန်းမာရေးနဲ့အညီ အိမ်မှာကိုယ်တိုင် ပြုလုပ်ချင်တဲ့သူတွေအတွက် လွယ်ကူရိုးရှင်းတဲ့ နို့ဆီပြုလုပ်နည်းလေး မျှဝေပေးချင်ပါတယ်။ ပါဝင်ပစ္စည်းများ- နွားနို့ ၅၀၀ မီလီလီတာ သကြားအဖြူ ၁၅၀ ဂရမ် ပြုလုပ်နည်း အဆင့်ဆင့်- (၁) အရင်ဆုံးနွားနို့ကျိုရန် သန့်ရှင်းတဲ့ ဒယ်အိုးတစ်ခုယူပါ။ ထို့နောက်မီးခပ်အေးအေးဖြင့် နွားနို့ ၅၀၀ မီလီလီတာ ကိုကျိုပေးရပါမယ်။ (၂) နွားနို့ဆူလာပြီဆိုရင်တော့ သကြားအဖြူ ၁၅၀ ကိုရောထည့်ပြီး ကျိုပေးပါ။သကြားများအားလုံး ပျော်ဝင်သွားသည်အထိ ဖြေးဖြေးချင်းမွှေ၍ ကျိုပေးရပါမယ်။သကြားအားလုံး ပျော်သွားပြီဆိုပါက နောက်ထပ် မိနစ်၃၀ခန့် ဆက်ကျိုပေးရပါမယ်။ (၃) […]
ဗဟုတုသ
(Zawgyi) သောကြာနေ့ဖွား သားသမီးများအတွက် ၂၀၂၀ ခုနစ် တစ်နှစ်စာ ဟောစာတမ်း ယခုနှစ်တွင် စွန့်စွန့်စားစား လုပ်ကိုင်ရမည်။ မိမိကိုယ်ယုံကြည်မှု အပြည့်အဝ ထားရှိသူဖြစ်ပါက ဘဝအတွက်အောင်မြင်ခြင်းပန်းတိုင်က လက်ကမ်းကြိုဆိုလျက် ရှိနေပါသည်။ မထင်မှတ်ဘဲ ငွေကြေးအစုလိုက် အပြုံးလိုက် ဝင်ကိန်းရှိသည်။ ထီပေါက်ကိန်းရှိသည်။ အသက်အရွယ် ကြီးသူများရှိပါက ကျန်းမာရေးဂရုစိုက်ရမည်။ နေရာသစ်၊ ဝန်းကျင်သစ်များသို့ ပြောင်းရွှေ့လုပ်ကိုင်ရတတ်သည်။ လူသစ်၊ မိတ်သစ်များနှင့် ပူးတွဲလုပ်ခြင်းများအကျိုးပေးမည်။ ဇိမ်ခံပစ္စည်းများ ဝင်မည်။ မမျှော်လင့်ဘဲ ဘာသာရေးကိစ္စ၊ အလှူအတန်းကိစ္စများ ထူးခြားစွာ အောင်မြင်လာလိမ့်မည်။ သောကြာနေ့ဖွား သားသမီးများ ထီထိုးပါ။ အက္ခရာက (စ၊ဇ၊လ၊ယ) (၆) အစ (ဝ) အဆုံးဖြင့် ထီထိုးပါ။ ၂၀၂၀-ခုနှစ် ဇန်နဝါရီလ(၃)ရက်၁၃၈၁-ခု ပြာသိုလဆန်း(၉)ရက် သောကြာနေ့ နတ်ပြည်ပြဿဒါး ယနေ့ နံနက်(ရး၅၁)နာရီလွန် ဘုရားတည်၊ […]
ဗဟုတုသ
အသက် ၂၄ နှစ်ပြည့်ပြီး နောက်ပိုင်း လုံး၀ မလုပ်သင့်တော့တဲ့ အရာများ
(Zawgyi) အသက် ၂၄ နှစ်ပြည့်ပြီး နောက်ပိုင်း လုံးဝ မလုပ်သင့်တော့တဲ့ အရာများ ၁။ အပေါစားအဝတ်အစားတွေဝယ်တာကို ရပ်တန့်လိုက်ပါ လူငယ်ဘာသာသဘာဝ ပြောင်းလဲနေတဲ့ဖက်ရှင်ရေစီးကြောင်းနဲ့အမီ သင်ဟာ ပေါ်ပင်ဖက်ရှင်တွေနောက်ကို လိုက်တဲ့လူငယ်တစ်ယောက် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အသက် ၂၄ နှစ်ကျော်ပြီဆိုရင်တော့ ပေါ်ပင်တွေနောက်ကို မလိုက်တော့ပဲ ကိုယ်နဲ့အသင့်တော်ဆုံးအလိုက်ဖက်ဆုံးဖြစ်ပြီး လုပ်ငန်းခွင်မှာလည်း အများလေးစားခံရပြီး စတိုင်ကျတဲ့သူဖြစ်ဖို့ ကိုယ်ဝတ်ဆင်မယ့် အဝတ်အစားတွေမှာ ရင်းနှီးမြှပ်နှံမှုကိုစတင်လိုက်ပါတော့။ တစ်လနှစ်ခါလောက် အဝတ်အစားအသစ်တွေဝယ်ဝတ်နေမယ့်အစား အဲဒီပိုက်ဆံတွေကိုစုပြီး နှစ်လတစ်ခါလောက်မှဝယ်။ အရည်အသွေးကောင်းပြီး သင့်ကို စတိုင်ကျစေမယ့် အဝတ်အစားမျိုးဝယ်ပါ။ ၂။ ကိုယ်နဲ့မသင့်တော်တဲ့ချစ်သူကို လက်တွဲဖြုတ်ပါ ကိုယ်နဲ့မသင့်တော်တဲ့သူဆိုတာ သိသိကြီးနဲ့ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို အကုန်မခံပါနဲ့။ ကိုယ့်ဘဝလက်တွဲဖော်ဆီက ဘယ်လိုအချက်တွေလိုချင်လဲဆိုတာ ချရေးပါ။ အဲဒါ သင်နဲ့ထိုက်တန်တဲ့လူပါပဲ။ အသက်အရွယ်ရလာလို့ မရှိရှိတဲ့လူကို ကြိတ်မှိတ်တွဲတာမျိုးမလုပ်ပါနဲ့။ ကိုယ်မပျော်ရွှင်မှန်း သိရက်နဲ့ […]
ဗဟုတုသ
(Zawgyi) ကြာသပတေး သားသမီးများအတွက် ၂၀၂၀ခုနှစ် တစ်နှစ်စာ ဟောစာတမ်း ဤနှစ် လွဲမှားဆုံးဖြတ်ချက်နှင့် သူတပါးကို ပြစ်တင်ကဲ့ရဲ့ခြင်း ရှောင်ကြဉ်လျှင် အထူးအောင်မြင်မည်။ ကြာသပတေး သားသမီးများတို့သည် မည့်သည် အခက်အခဲ မည်မျှရှိစေ ဆောက်ရွက်စရာများ ရှေ့တိုး၍ ဆောင်ရွက်သင့်၏။ ငွေကြေးကိစ္စရပ်များအတွက် စကားများတတ်သော်လည်း မိတ်ဆွေနှင့် ဆွေမျိုးသားချင်းတို့၏ ကူညီထောက်ပံ့မှုတို့ကြောင့် အဆင်ပြေ ချော့မွေ့သွားတတ်၏။ ခရီးတို၊ ခရီးရှည်များ သွားရကိန်းရှိသည်။ အပြစ်မကင်းသောအမှုကိစ္စများ ကျူးလွန်ဖောက်ပျက်မှု မရှိရလေအောင် သတိပြု နေထိုင်ပါ။ မော်တော်ယာဉ်၊ လျှပ်စစ်နှင့်ပါတ်သတ်သော အန္တရာယ် မတော်တဆ ထိခိုက်မိတာတွေ ကြုံရတတ်ပါတယ်။ ၂၀၂၀ – ခုနှစ် ဇန်နဝါရီလ(၂၃)ရက် ၁၃၈၁ – ခု ပြာသိုလဆုတ်(၁၄)ရက် ကြာသပတေးနေ့ ရက်ရာဇာ ယနေ့ ယနေ့ နံနက်(၉း၈)နာရီ […]
ဗဟုတုသ
(Zawgyi) ဗုဒ္ဓဟူး သားသမီးများအတွက် ၂၀၂၀ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း ဗုဒ္ဓဟူးသားသမီးများ ယခုနှစ် သူများတကာထက်ပို၍ ကြိုးစားလုပ်ကိုင်ရမည်။ လုပ်ငန်းဟောင်းမှ အခွင့်အလမ်းကောင်းများ ကြုံတွေ့ရပြီး လက်တွေ့ အကောင်အထည်ဖော်ဆောင်လုပ်ကိုင်ပြိး ကြိုးစားသင်ယူပါ။ ကြိုးစားလျှင် ရည်မှန်းချက်အောင်မြင်နိုင်သည်။ အထက်လူကြီးတို့၏ မြောက်စားမှုခံရခြင်း၊ အများနှင့် မတူကြိုးစားအားထုတ်မှုကြောင်း မိမိရည်မှန်းချက်အောင်မြင်မည်။ ယုံကြည်မှုလည်း ရရှိလိမ့်မည်။ ဒါပေမဲ့ ပတ်ဝန်းကျင်မှမိမိအား ပြစ်တင်တင်ဝေဖန် ပြောဆိုမှုများအမြဲရှိနေနိုင်ပါသည်။ မကြာမီကာလတွင် မိမိအတွက်အကျိုး ဖြစ်ထွန်းသည့် အခွင်အလမ်း၊ အလုပ်အကိုင်များပါ ရရှိမည်။ ၂၀၂၀ – ခုနှစ် ဇန်နဝါရီလ (၁)ရက် ၁၃၈၁-ခု ပြာသိုလဆန်း (၇)ရက် ဗုဒ္ဓဟူးနေ့ လူ့ပြည် ပြဿဒါး ယနေ့ မြေသန့်မင်္ဂလာ၊ အဝီစိတွင်းတူး၊ မျိုးစေ့ချ၊ အစုရှယ်ယာဝင်ခြင်း၊ အာမခံ၊ စက်မှုတီထွင်ခြင်း၊ […]
ဗဟုတုသ
အိမ်နီးပါးချင်းတွေကို ကုသိုလ်ယူ ဝေငှဖို့ပဲဖြစ်ဖြစ်၊ မိသားစု အပျော်မုန့်လုပ်စားတာပဲဖြစ်ဖြစ်အတွက် ရွှေရင်အေးလုပ်နည်း။
(Zawgyi) အိမ်နီးပါးချင်းတွေကို ကုသိုလ်ယူ ဝေငှဖို့ပဲဖြစ်ဖြစ်၊ မိသားစု အပျော်မုန့်လုပ်စားတာပဲဖြစ်ဖြစ် ရွှေရင်အေးလုပ်နည်း ရွှေရင်အေးလုပ်နည်း အုန်းသီး – ၇ လုံး ကောက်ညှင်း – နို့ဆီ ၄ ဘူး မုန့်လက်ဆောင်းဖတ် – တပြည် သာကူစေ့ – ၂၅ကျပ်သား ကျောက်ကျောမှုန့် – အထုပ်ကြီး ၁ထုပ် ပေါင်မုန့် – အချပ် ၅၀ သကြား – ၁ပိဿာ နှင့် ၂၅ကျပ်သား နည်းနည်း လက်ဝင်တဲ့ အပိုင်းကတော့ ကျောက်ကျောကျိုဖို့ပါပဲ။ ကျောက်ကျောမကျိုခင် သကြားတွေကို အိုးတလုံးထဲထည့်ပြီး ရေနဲ့ကျိုလို့ အမှုန်အမှိုက်တွေကို စစ်ထုတ်ပါ။ ပြီးမှ ကျောက်ကျောမှုန့်၊ အုန်းနို့တို့နဲ့ရောပြီး မီးအေးအေးနဲ့ မွှေပြီးတည်ပေးရပါမယ်။ ကျောက်ကျောရည်တွေ အမျှင်တန်းပြီး ပျစ်စပြုလာပြီဆိုရင်တော့ ဗန်းတချပ်ထဲ […]
ဗဟုတုသ
ဘဝတူ တောင်သူများ ပိုးသတ်ဆေးကို ဈေးကြီးပေးဝယ်သုံးနေရတာ လျော့ချနိုင်မယ့် ‌အောင်မြင်စွာကိုယ်တိုင်‌သုံး‌နေတဲ့နည်း။
(Zawgyi) ဘဝတူ တောင်သူများ ပိုးသတ်ဆေးကို ဈေးကြီးပေးဝယ်စရာမလိုဘဲ ကိုယ်တိုင်လုပ်လို့ရတဲ့နည်း ဘဝတူ တောင်သူလယ်သမားအတွက် စပါးဈေး သီးနှံဈေး ကျနေတဲ့အတွက် သွင်းအားစုတစ်ခုဖြစ်တဲ့ ပိုးသတ်ဆေးများကို ဈေးကြီးပေးဝယ် သုံးနေရတာတွေကို လျော့ချနိုင်အောင် ဓာတုအန္တရယ်လဲ ကင်းလွတ်ဖို့အတွက် ကျွန်တော်စမ်းသပ်သုံးစွဲနေတာ ၂နှစ် စပါးရာသီ ၄ ရာသီ ရှိပြီးဖြစ်တဲ့ အစွမ်းထက်တဲ့ ဆေးရွက်ကြီး ပိုသတ်ဆေးကို ယုံကြည်စိတ်ချစွာ ကိုယ်တိုင်ပြုလုပ် သုံးစွဲချင်းဖြင့် သွင်းအားစုသက်သာပြီး အကျိုးအများကြီး ဖြစ်ထွန်းပါတယ်။ ဆေးရွက်ကြီးဖော်စပ်ပုံကို နားလည်လွယ်အောင် ဖော်ပြရေးပေးပါမယ် လိုအပ်တဲ့ပစ္စည်းများ (၁) မိုးဗြဲ ဒယ် ၁ လုံး ရေ ၅ ဂါလံ ဆန့် ဒယ်ဖြစ်ရပါမည် (၂) ထင်း နဲ့မီးဖို (၃) ဆေးရွက်ကြီး ၁ ပိသာ (ကုန်ကျငွေ […]
ဗဟုတုသ
ဘယ်လိုလုပ်လုပ် မနိုင်တဲ့ အိမ်ကကြွက်တွေကို ဒီလိုနှင်ကြည့်ပါ
(Unicode) ကြွက်နှင်ကြရအောင်။ ကြွက်သေတစ်ခု၊ အရင်းပြု ကြွက်နားရွက်၊ ဝက်တပ် ကြောင်မရှိ၊ ကြွက်ထ ကြောင်အို၊ ကြွက်မလေး ကြွက်မနိုင်၊ ကျီမီးနဲ့ရှို့ စတဲ့ စကားပုံတွေ အများကြီးရှိသလို ညီငယ်၊ ညီမငယ်တို့ အိမ်မှာလည်း ကြွက်သောင်းကျန်းတွေနဲ့ နဘမ်းလုံးနေရသလားဟင်။ “ကြောင်မရှိ၊ ကြွက်ထ” စကားနဲ့အညီ ကြွက်အဟန့်လေးဖြစ်အောင် ကြောင်မွေးလိုက်ပေမယ့် နှာခေါင်းရှေ့က ကြွက်ပြေးတာတောင် မသိလိုက်တဲ့ ကြောင်ပျင်းကြီးတွေက ရှိသေး။ တခါခါ ကြောင်စာပန်းကန်ထဲ ဝင်စားနေတဲ့ကြွက်ကို စောင့်ကြောင့်ကလေးထိုင်ကြည့်ပြီး ပီတိပွားနေပြန်တဲ့ ဝေသန္တရာကြောင်မျိုးနဲ့ တိုးတတ်သေး။ ဘယ်လောက်ဘဲ ကြွက်ခုတ်တော်တော် ကြောင်မဝင်နိုင်လောက်တဲ့ ဘီရိုအကြိုအကြားထဲ အသိုက်ဖွဲ့ပြီးကိုက်ဖဲ့တတ်တဲ့ကြွက်စူပါတွေကလဲ ဒုနဲ့ဒေး။ အမလေး……ကိုကိုအမှတ်တရဝယ်ပေးထားတဲ့ လက်ပတ်နာရီသားရေ ကြိုးလေး ကိုက်ဖြတ်ထားလိုက်ပြီ စိတ်မကောင်းလိုက်တာ ကိုကိုရယ်။ ဟိုက်….သွားပြီ ချစ်လေးဝယ်ပေးထားတဲ့ ဖုန္းကာဗာ ကြွက်ကိုက်ရာကြီးနဲ့ဟ။ ဒီလိုဖြစ်နေကြတာကို ဖြေရှင်းကြစို့။ […]
ဗဟုတုသ
(Zawgyi) ထောပတ်နံ့သင်းသင်းလေးနဲ့ အရသာရှိစွာသုံးဆောင်နိုင်မယ့် အိမ်ချက်ထောပတ်ထမင်း ဒီတစ်ပါတ်မှာတော့ အိမ်မှာ ကုန်ကျစရိတ်သက်သာစွာနဲ့ အလွယ်ကူဆုံး ချက်ပြုတ်စားနိုင်မယ့် ထောပတ်ထမင်းချက်နည်းကို မျှဝေလိုက်ပါတယ်။ ပါဝင်ပစ္စည်းများ- ဆန်ကောင်း- နို့ဆီဗူးနှစ်ဗူး ထောပတ်- ငါးကျပ်သားခန့် ဆီ- ထမင်းစားဇွန်းလေးဇွန်း နို့စိမ်း- ထမင်းစားဇွန်းလေးဇွန်း သကြား- ထမင်းစားဇွန်းတစ်ဇွန်း ဆား- အနည်းငယ် အရသာမူန့်- အနည်းငယ် ကရဝေးရွက်၊ သစ်ဂျပိုးခေါက်- အနည်းငယ် ကြက်သွန်နီ- တစ်လုံး ပဲစိမ်းလုံး/ပြောင်းဖူး/မုန်လာဥနီ- အနည်းငယ်နဲ့ ကြက်သားဟင်းတို့ပဲ ဖြစ်ပါတယ်။ ချက်ပြုတ်နည်း- ပေါင်းအိုးထဲကို ဆန်ကိုရေဆေးပြီး အသီးအနှံတွေမှလွဲကာ ကြက်သွန်နီနဲ့ ကျန်တဲ့ပါဝင်ပစ္စည်းများ အားလုံးရောထည့်ပြီး ထမင်းချက်သလိုချက်ပါ။ ထည့်တဲ့ဆန်အနေအထားအပေါ်မူတည်ပြီး ရေကို ချင့်ချိန်ထည့်ပါ (ပုံမှန်ထက် အနည်းငယ်လျော့ထည့်ဖို့တော့ လိုပါတယ်)။ ပေါင်းအိုးခလုတ် တက်ခါနီးလောက်မှာ အဖုံးဖွင့်ပြီး အထက်အောက်လှန်ပေးပါ။ ပဲစိမ်းလုံး/ပြောင်းဖူး/မုန်လာဥနီကို ထည့်ပေးပါ။ […]