Month: December 2020

ကျန်းမာရေးဗဟုသုတ သတင္း

ကိုက်လန်

(Unicode) ကိုက်လန် ========== 1. ဆေးဘက်ဝင် အရွက် ကိုက်လန်မှာ လူကို ဆိုးကျိူးပေးတဲ့ ကယ်လိုရီပမာဏ ပါဝင်မှု နည်းပါတယ်၊ ဒါ့အပြင် အဆီဓာတ် လုံဝမပါလို့ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။ နောက်ပြီး အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်လို့လည်းအသားအရေနဲ့ ၀မ်းဗိုက်ပိုင်း ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ 2. အကျိုးပြု သံဓာတ် အမျိုးသမီးများ လစဉ် ဓမ္မတာလာမှုကြောင့် သံဓာတ်အားနည်းနေတယ်ဆိုရင် ကိုက်လန်ကိုသာ စားသုံးပေးခြင်း က သဘာဝသံဓာတ်အားတိုးဆေးကြီး ဖြစ်ပါတယ်။ အမျိုးသားတွေအတွက်လည်း ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဓာတ်ကြီးမို့ လက်မလွှတ်သင့်ပါဘူး။ ကိုက်လန်မှာ ပါဝင်တဲ့ သံဓာတ်က အသားတွေမှာ ပါတဲ့ သံဓာတ်ထက်ပမာဏပိုများပါတယ်။ 3. အကျိုးပြု ဗီတာမင် K အလွန်ရှားပါတဲ့ ဗီတာမင် K ကို ကိုက်လန်ထဲမှာ အမြောက်အများ […]

ဗဟုတုသ

ပိုက်ဆံရှာရာတွင်

(Unicode) ပိုက်ဆံရှာရာတွင် =============== ဘယ်တော့မှ ဝင်ငွေတစ်ခုတည်းပေါ်မှာမရပ်တည်ပါနဲ့။အခြားဒုတိယဝင်ငွေဝင်နိုင်အောင် ရင်းနှီးထားပါ။ လူတစ်ယောက်ဟာ ဝင်ငွေတစ်ခုထဲကို ခြေစုံပစ်ရပ်တည်နေရင် အဲ့ဒိဝင်ငွေရပ်တန့်သွားတဲ့နေ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရတတ်ပါတယ်။ ဘဝမှာလည်းအားလုံး ဗြောင်းဆန်သွားတတ်ပါတယ်။ ဒါ့ကြောင့်ဒုတိယဝင်ငွေရနိုင်မယ့် နည်းလမ်းကို အမြဲရှာထားပါ။ ပိုက်ဆံသုံးရာတွင် သင့်မှာမလိုအပ်တဲ့ပစ္စည်းတွေဝယ်ပါများရင် သင့်မှာလိုအပ်တဲ့ ပစ္စည်းတွေ စွန့်လွှတ်ရတတ်တယ်။ တစ်ချို့တွေက လူသာ မချမ်းသာတာပါ။ ကိုင်တဲ့အသုံးအဆောင်တွေကတော့ အပျံစားတွေပါချည်းပဲ။ ရေရှည်ကိုမကြည့်ပဲ ရေတိုပဲ ကြည့်တတ်တဲ့သူမျိုးတွေပါ။ သူများလုပ်တာ လိုက်လုပ်ချင်တယ်။ ဒါပေမယ့် သူများလို သူမချမ်းသာသေးဘူးဆိုတာကို မေ့နေတတ်ကြပါတယ်။ကိုယ်ကမချမ်းသာသေးချိန်မှာ ချမ်းသာတဲ့သူတွေနဲ့ iPhone ပြိုင်ကိုင်တန်း သွားမကစားပါနဲ့။ သင်ပဲရှုံးသွားပါလိမ့်မယ်။ မလိုတာတွေ ဝယ်နေတဲ့အတွက် လိုတဲ့အခါ သုံးစရာမရှိဖြစ်တတ်ပါတယ်။ ပိုက်ဆံစုရာတွင် သုံးပြီးလို့ ပိုတာကိုမစုပါနဲ့။ စုပြီးလို့ ပိုတာကို သုံးပါ။ သုံးပြီးလို့ပိုမှ စုမယ်ဆိုရင်တော့ ဒီတစ်သက် […]

ဗဟုတုသ

မိုက်ကယ်ဂျက်ဆင်ဟာ အသက်(၁၅၀)လောက်ထိနေသွားချင်ခဲ့ပါတယ်

နေသွားချင်ခဲ့ပါတယ် (Unicode) မိုက်ကယ်ဂျက်ဆင်ဟာ အသက်(၁၅၀)လောက်ထိ နေသွားချင်ခဲ့ပါတယ် ဒါကြောင့် ဆံဖျားကနေ ခြေမအဆုံးသူ့ရဲ့ကျန်းမာရေးကို စောင့်ရှောက်ဖို့မိသားစုဆရာဝန် (၁၂)ယောက်ထိ သူခန့်ထားခဲ့တယ်။ သူနေ့စဉ်စားမယ့် အစားအသောက်တွေကိုလည်း ဓာတ်ခွဲခန်းမှ ဂရုတစိုက်စစ်ဆေးပြီးမှသာ စားသောက်လေ့ရှိပါတယ်။ သူ့ရဲ့နေ့စဉ်ကျန်းမာရေး လေ့ကျင့်ခန်းများကို ကြပ်မတ်ပေးဖို့ ဝန်ထမ်း(၁၅)ယောက်လောက် ထပ်မံခန့်အပ်ထားခဲ့တာပါ။သူ့ရဲ့အိပ်ရာမှာ အောက်စီဂျင်ပမာဏကို ထိန်းညှိပေးနိုင်တဲ့ နည်းပညာကို အသုံးပြုထားပါတယ်။ဆေးပညာအရ အစားထိုးလို့ရနိုင်တဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းအမျိုးမျိုးကို လှူဒါန်းမယ့်သူတွေကလည်း တစ်ခုခုဆို မိုက်ကယ်ဂျက်ဆင်အတွက် တန်းလှူနိုင်ဖို့ အသင့်ရှိနေပါတယ်။ သူတို့ရဲ့စားဝတ်နေရေးကို မိုက်ကယ်ဂျက်ဆင်ကပဲ ထောက်ပံ့ပေးထားရတာဖြစ်ပါတယ်။ ဒီလိုအဖက်ဖက်က ဂရုတစိုက်ပြင်ဆင်ထားပြီးနောက် သူဟာ အသက်(၁၅၀)လောက်ထိနေသွားနိုင်မယ်လို့ ယုံကြည်နေခဲ့ပါတယ်။ ဒါပေမယ့် သူ မအောင်မြင်ခဲ့ပါဘူး… (၂၀၀၉)ခုနှစ် ၊ ဇွန်လ (၂၅)ရက်… သူ့အသက်(၅၀)အရွယ်မှာတော့ မိုက်ကယ်ဂျက်ဆင်ရဲ့နှလုံးဟာ လုံးဝအလုပ်မလုပ်တော့ပါဘူး။ မိသားစုဆရာဝန်(၁၂)ယောက်အပါအဝင် အခြားသော ဆရာဝန်ကြီးများစွာ ဝိုင်းဝန်းကြိုးစားခဲ့ကြပေမယ့် သူတို့ဟာ […]

ဗဟုတုသ

မြန်မာပြည်က အလှဆုံးရေတံခွန် လေးခု

(Unicode) မြန်မာပြည်က အလှဆုံးရေတံခွန် လေးခု ============================== ရေတံခွန်ဆိုတာ သဘာဝတရားကပေးတဲ့ လက်ဆောင်တွေထဲက တစ်ခုပေါ့။ ကံကောင်းစွာနဲ့ မြန်မာပြည်မှာ အရပ်ရပ်မှာ ရေတံခွန်တွေ အများအပြားရှိတာပါပဲ။ ပုံစံအမျိုးမျိုးဖြစ်ပေါ်နေတဲ့ များပြာစွာသော ရေတံခွန်တွေထဲက အံသြမှင်သက်စရာကောင်းလောက်အောင် လှပထူးခြားတဲ့ ရေတံခွန်အချို့ကို ပြောပြပေးချင်ပါတယ်။ ဟိုက်ပါရေတံခွန် ဟိုက်ပါရေတံခွန်က ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရူးမြို့အနောက်ဘက် ၁၂ မိုင်အကွာ၊ ဟိုက်ပါကျေးရွာမှာ တည်ရှီတာပါ။ ရေတံခွန်က ကြီးမားကျယ်ပြန့်လွန်းလို့ မြစ်အကြီးတစ်ခုအသွင်ဖြစ်နေပါတယ်။ အခြားရေတံခွန်တွေနဲ့မတူတဲ့ ထူးခြားချက်ကတော့ ရေတံခွန်ထဲမှာ အပျော်စီးလှေစီးနိုင်ပြီး ရေတံခွန်ဘေးမှာလည်း tent လေးတွေနဲ့ ညအိပ်စက်အနားယူနိုင်ပါတယ်။ ဒါ့အပြင် ဒေသထွက်ရှမ်းရိုးရာ အစားစာတွေကိုလည်း မြည်းစမ်းနိုင်ပါသေးတယ်။ နန့်မွန်ကြီးရေတံခွန် နန်မွန့်ကြီးရေတံခွန်ကတော့ နေပြည်တော်အနီးနားက ပေါင်းလောင်မြို့သစ်မှာရှိလို့ သိပ်မဝေးဘဲ နေ့ချင်းပြန်သွားနိုင်တဲ့ခရီးပါ။ ရေတံခွန်အဆင့်ပေါင်း ၅၀ ကျော်ရှိပြီး ရေတွေက သဘာဝအတိုင်းပြာလဲ့နေတာဖြစ်ပါတယ်။ […]

သတင္း

ကိုဗစ်ကပ်ကြား ကင်ဆာဝေဒနာရှင်တွေရဲ့ ဒုက္ခ

(Unicode) ကိုဗစ်ကပ်ကြား ကင်ဆာဝေဒနာရှင်တွေရဲ့ ဒုက္ခ =================================== ကင်‌ဆာအမျိုးမျိုးကြောင့် ဒေသအသီးသီးကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လာရောက်ဆေးကုသသူများအနေဖြင့် ကွာရန်တင်းဝင်ရန်အခက်အခဲ ၊ ခရီးစရိတ်အခက်အခဲများကြောင့် နေရပ်သို့မပြန်နိုင်ဘဲ ဆေးရုံကြီး ဝန်းကျင်‌ မှာ နေထိုင်ကြရသလို စားဝတ်နေရေးအခက်အခဲလည်း ကြုံတွေ့နေရပါတယ်။ “ဒီမှာဆေးလာကုတာ အပတ်တိုင်း ကုရတယ်။ လာတုန်းက လူနာတင်ယာဉ်ကားနဲ့လာကြတာပေါ့။ ပြန်ဖို့တော့ ကိုယ့်စားရိတ်နဲ့ ကိုယ်ပြန်ရမှာလေ။ ကားခက ဈေးကြီးတယ်။ ပြီးတော့ တစ်ခါတလေလည်းမဟုတ်ဘူး။ အပတ်တိုင်းဆိုတော့ အဆင်မပြေဘူးလေ။ အဲ့ဒီတော့ ဒီဆေးရုံဘေးမှာပဲဖြစ်သလိုနေကြရတာပေါ့” လို့ဆေးလာကုသူတစ်ဦးက ‌ပြောပါတယ်။ လက်ရှိအချိန်မှာ ဆေးရုံကြီးဘေး နေထိုင်သူ အများအပြားရှိပြီး စား‌ရေးသောက်ရေးအတွက် နေရပ်မှ ပါလာသမျှကို ထုခွဲရောင်းချနေကြပြီးဖြေရှင်းနေကြရပါတယ်။ တချို့ကတော့ အလှူရှင်များလာရောက်လှူဒါန်းမှုပေါ်မှာ မှီခိုနေရပါတယ်။ (Zawgyi) ကိုဗစ်ကပ်ကြား ကင်ဆာဝေဒနာရှင်တွေရဲ့ ဒုက္ခ =================================== ကင်‌ဆာအမျိုးမျိုးကြောင့် ဒေသအသီးသီးကနေ […]

ဗဟုတုသ

မျက်လုံးအတွက် လေ့ကျင့်ခန်းတွေ

(Unicode) မျက်လုံးအတွက် လေ့ကျင့်ခန်းတွေ ======================== မျက်လုံးနဲ့ သက်ဆိုင်တဲ့ ယောဂလေ့ကျင့်ခန်းတွေဟာ မျက်လုံးရဲ့ လုပ်ငန်းစဉ်ကို ကောင်းမွန်စေပြီး မျက်စိ အဝေးမှုန်ခြင်း အနီးမှုန်ခြင်းနှင့် အခြားသော မျက်လုံးနှင့်ဆက်နွယ်တဲ့ ရောဂါတွေ ကို ကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောကြပါတယ်။ သိပ်လည်း မခက်ခဲတဲ့ လေ့ကျင့်ခန်းလေးတွေမို့ ဖော်ပြပေးလိုက်ပါတယ်။ ၁။ လက်ဖဝါးကိုပွတ်ခြင်း (palming) မျက်လုံးကို ပိတ်ထားပြီး သက်တောင့်သက်သာ အသက်ရှုပါ။ သင့်လက်ဖဝါးတွေကို ပူလာအောင် အကြိမ်ကြိမ်ပွတ်တိုက်ပေးပြီး လက်ဖဝါးတွေကို သင့်မျက်ခွံပေါ်တင်လိုက်ပါ။ လက်ဖဝါးက အနွေးဓာတ်ဟာ မျက်လုံးကြွက်သားတွေကိုပြေလျော့စေပါတယ်။ အဲ့ဒီအနွေးဓာတ်ကုန်သွားတဲ့အထိအုပ်ထားပေးပါ။ မျက်လုံးကိုပိတ်ထားမြဲ ပိတ်ထားပြီး လက်ကို ပြန်ဖယ်ပါ။ အနည်းဆုံး ၃ကြိမ်လောက် ထပ်မံ ပြုလုပ်ပေးပါ။ ၂။ မျက်တောင်ခတ်ခြင်း ( blinking) မျက်လုံးကိုဖွင့်ထားပါ။ခပ်မြန်မြန် မျက်တောင်ခတ်ခြင်းကို ၁၀ကြိမ်ခန့် […]

ဗဟုတုသ

အစွန်းတွေချွတ်ကြမယ်

(Unicode) အစွန်းတွေချွတ်ကြမယ် ==================== (အစွန်းတွေချွတ်ပေးနိုင်တဲ့နည်းလမ်းပေါင်းစုံ ) သင်အရမ်းကြိုက်တဲ့ အဝတ်အစားတစ်ခုခုမှာ အရောင်တစ်ခုခု ဒါမှမဟုတ် ပစ္စည်းတစ်ခုခု စွန်းပေသွားတဲ့အခါ နှမြောတသဖြစ်နေစရာမလိုတော့ပါဘူးနော်။ ဘာဖြစ်လို့လဲဆိုတော့ စွန်းသွားတဲ့အရာအလိုက် ချွတ်နည်းအမျိုးမျိုးရှိနေလို့ပါ။ အောက်မှာဖော်ပြပေးလိုက်ပါတယ်နော်။ ၁. နှုတ်ခမ်းနီပေသွားခဲ့ရင် အဝတ်စနဲ့ အရက်ကိုတို့ပြီး ပေသွားတဲ့နေရာကို ပွတ်တိုက်ပေးပါ။ လူသိနည်းတဲ့ အစွန်းဟူသမျှချွတ်ပေးနိုင်တဲ့ နည်းလမ်းပေါင်းစုံ 3 ၂. မြက်ပေါ်မှာထိုင်တာကြာလို့ မြက်တွေစွန်းသွားရင် ရှာလကာရည်ထဲကို နာရီဝက်ခန့်စိမ်ပြီး လျှော်ပေးလိုက်ပါ။ ၃. ဝိုင်နီပေသွားခဲ့ရင် ဝိုင်ဖြူနဲ့ ပြန်ဖျက်ပေးနိုင်ပါတယ်။ လူသိနည်းတဲ့ အစွန်းဟူသမျှချွတ်ပေးနိုင်တဲ့ နည်းလမ်းပေါင်းစုံ 4 ၄. မှင်စွန်းသွားခဲ့ရင် နွားနို့ထဲကို စိမ်လိုက်ပါ။ ၅. အမဲဆီစွန်းသွားခဲ့ရင် အဝတ်လျှော်တဲ့အထဲ ကိုကာကိုလာ ထည့်လျှော်ပါ။ ၆. သွေးစွန်းသွားခဲ့ရင် စွန်းသွားတဲ့နေရာကို ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် လောင်းပေးပါ။ ၇. […]

သတင္း

ပဒိုင်းသီးအကြောင်းကို ပြည့်စုံစွာ ထပ်မံဖော်ပြပေးချင်ပါတယ်

(Unicode) ပဒိုင်းသီးအကြောင်းကို ပြည့်စုံစွာ ထပ်မံဖော်ပြပေးချင်ပါတယ် =================================== ပဒိုင်းသီးကို Datura metel/Jimson weed/devil’s trumpet စသည်ဖြင့် အမျိုးမျိုးခေါ်တွင်ကြတယ်။ ဒီအပင်ဟာ သဘာဝအလေ့ကျပေါက်တဲ့အပင်ဖြစ်သည့်အလျောက် တစ်ပင်လုံးဟာ လူနှင့်အခြားသော တိရိစ္ဆာန်တွေကို သေစေနိုင်တဲ့( tropane alkaloids) အဆိပ်ရှိပါတယ်။ အယ်လ်ကာလွိုက်(alkaloid)ဆိုတာက သဘာဝအလျောက်ဖြစ်ပေါ်နေသော အဆိပ်တစ်မျိုးဖြစ်ပြီး သူ့ကို အပင်တွေကနေတဆင့် ထုတ်ယူရရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်အခုဖော်ပြပေးထားတဲ့ ပဒိုင်းသီးမှာ အယ်လ်ကာလွိုက် အဆိပ်များစွာ ရှိပါတယ်။It is prohibited to buy, sell, or cultivate Datura plants. အိန္ဒိယနိုင်ငံမှာဆိုရင် စိုက်ပျိုးခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းများကို တားမြစ်ပိတ်ပင်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၅၀ ခုနှစ် နှင့် ၁၉၆၅ ခုနှစ်အတွင်း၌ ပဒိုင်းသီးကို စားသုံးကြခြင်းကြောင့် လူပေါင်း(၂၇၀၀)ကျော်ခန့် […]

ဗဟုတုသ

ကြောင်တွေမှာ ဘာကြောင့်နှုတ်ခမ်းမွေး ရှိတာလဲ

(Zawgyi) ကြောင်တွေမှာ ဘာကြောင့်နှုတ်ခမ်းမွေး ရှိတာလဲ =================================== သင့်ရဲ့အချစ်တော် ကြောင်ကလေးရဲ့ မျက်နှာနဲ့ ခြေထောက်မှာရှိတဲ့ အမွေးမာတောင့်တောင့်တွေဟာ ကြောင်ကလေးရဲ့ ချစ်စရာသွင်ပြင်ကို ဖြစ်စေတဲ့အပြင် သူတို့မှာ တကယ်လုပ်ရတဲ့ တာဝန်တွေ ရှိပါတယ်။ ကြောင်နှုတ်ခမ်းမွေးဟာ GPS၊ ရေဒါစနစ်အဖြစ် ကြောင်တွေကို ပံ့ပိုးပေးပါတယ်။ ကြောင်နှုတ်ခမ်းမွေးကို Whisker လို့ခေါ်ပြီး ကြောင်ရဲ့ ခန္ဓာကိုယ်မှာရှိနေတဲ့ မာတောင့်တောင့် ရှည်ရှည်အမွေးအားလုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။ နှုတ်ခမ်း တစ်ဝိုက်မှာ အဓိကပေါက်လေ့ရှိပါတယ်။ နှုတ်ခမ်းမွေးတွေဟာ ကြောင်တစ်ကောင်ရဲ့ ကမ္ဘာကြီးအပေါ် အာရုံခံမှု အတွက် အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ကြောင်ရဲ့ နှုတ်ခမ်းမွေးတွေက ဘယ်လိုအလုပ်လုပ် ထူထဲတဲ့ ကြောင်နှုတ်ခမ်းမွေး တစ်ချောင်းစီမှာ သေးငယ်ပြီး ခံစားမှု အလွန်ကောင်းတဲ့ အာရုံကြောတွေ ပြည့်နှက်နေပါတယ်။ ကြောင်တစ်ကောင်အနေနဲ့ အကွာအဝေး၊ အကျယ်အဝန်းကို […]

Back To Top