အစွန်းတွေချွတ်ကြမယ်

အစွန်းတွေချွတ်ကြမယ်

(Unicode)

အစွန်းတွေချွတ်ကြမယ်

====================

(အစွန်းတွေချွတ်ပေးနိုင်တဲ့
နည်းလမ်းပေါင်းစုံ )

သင်အရမ်းကြိုက်တဲ့ အဝတ်အစားတစ်ခုခုမှာ
အရောင်တစ်ခုခု ဒါမှမဟုတ် ပစ္စည်းတစ်ခုခု စွန်းပေသွားတဲ့အခါ နှမြောတသဖြစ်နေစရာမလိုတော့ပါဘူးနော်။

ဘာဖြစ်လို့လဲဆိုတော့ စွန်းသွားတဲ့အရာအလိုက် ချွတ်နည်းအမျိုးမျိုးရှိနေလို့ပါ။ အောက်မှာဖော်ပြပေးလိုက်ပါတယ်နော်။

၁. နှုတ်ခမ်းနီပေသွားခဲ့ရင် အဝတ်စနဲ့ အရက်ကိုတို့ပြီး ပေသွားတဲ့နေရာကို ပွတ်တိုက်ပေးပါ။

လူသိနည်းတဲ့ အစွန်းဟူသမျှချွတ်ပေးနိုင်တဲ့ နည်းလမ်းပေါင်းစုံ 3

၂. မြက်ပေါ်မှာထိုင်တာကြာလို့ မြက်တွေစွန်းသွားရင် ရှာလကာရည်ထဲကို နာရီဝက်ခန့်စိမ်ပြီး လျှော်ပေးလိုက်ပါ။

၃. ဝိုင်နီပေသွားခဲ့ရင် ဝိုင်ဖြူနဲ့ ပြန်ဖျက်ပေးနိုင်ပါတယ်။

လူသိနည်းတဲ့ အစွန်းဟူသမျှချွတ်ပေးနိုင်တဲ့ နည်းလမ်းပေါင်းစုံ 4

၄. မှင်စွန်းသွားခဲ့ရင် နွားနို့ထဲကို စိမ်လိုက်ပါ။

၅. အမဲဆီစွန်းသွားခဲ့ရင် အဝတ်လျှော်တဲ့အထဲ ကိုကာကိုလာ ထည့်လျှော်ပါ။

၆. သွေးစွန်းသွားခဲ့ရင် စွန်းသွားတဲ့နေရာကို ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် လောင်းပေးပါ။

၇. ချွေးစွန်းသွားခဲ့ရင် Aspirin ဆေးပြား ၃ပြားကို ရေနွေးနဲ့ရောပြီး အဲ့ဒီ့အရည်ထဲကို တစ်နာရီခန့်စိမ်လိုက်ပါ။

၈. အာလူးစွန်းသွားခဲ့ရင် ရှာကာရည်နဲ့ရေကိုရောပြီး အဝတ်စနဲ့တို့ကာ စွန်းသွားတဲ့နေရာကိုပွတ်တိုက်ပေးပါ။

လူသိနည်းတဲ့ အစွန်းဟူသမျှချွတ်ပေးနိုင်တဲ့ နည်းလမ်းပေါင်းစုံ 5

၉. ကော်ဖီစွန်းသွားခဲ့ရင် ကြက်ဥအနှစ်၊ ရေနွေးနဲ့ အရက်တို့ကိုရောကာ အဝတ်စနှင့်တို့ပြီး ပွတ်တိုက်ပေးပါ။

၁၀. မိတ်ကပ်စွန်းပေသွားခဲ့ရင် Shaving cream နဲ့လျှော်ပေးပါ။

လူသိနည်းတဲ့ အစွန်းဟူသမျှချွတ်ပေးနိုင်တဲ့ နည်းလမ်းပေါင်းစုံ 6

၁၁. အဆီတစ်ခုခုစွန်းသွားခဲ့ရင် စွန်းသွားတဲ့နေရာကို Baby ပေါင်ဒါဖြူးပြီး တစ်ည ထားပေးလိုက်ပါ။ နောက်နေ့လျှော်ပေး လိုက်ရုံပါပဲ။

(Zawgyi)

အစြန္းေတြခြၽတ္ၾကမယ္

====================

(အစြန္းေတြခြၽတ္ေပးႏိုင္တဲ့
နည္းလမ္းေပါင္းစုံ )

သင္အရမ္းႀကိဳက္တဲ့ အဝတ္အစားတစ္ခုခုမွာ
အေရာင္တစ္ခုခု ဒါမွမဟုတ္ ပစၥည္းတစ္ခုခု စြန္းေပသြားတဲ့အခါ ႏွေျမာတသျဖစ္ေနစရာမလိုေတာ့ပါဘူးေနာ္။

ဘာျဖစ္လို႔လဲဆိုေတာ့ စြန္းသြားတဲ့အရာအလိုက္ ခြၽတ္နည္းအမ်ိဳးမ်ိဳးရွိေနလို႔ပါ။ ေအာက္မွာေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁. ႏႈတ္ခမ္းနီေပသြားခဲ့ရင္ အဝတ္စနဲ႔ အရက္ကိုတို႔ၿပီး ေပသြားတဲ့ေနရာကို ပြတ္တိုက္ေပးပါ။

လူသိနည္းတဲ့ အစြန္းဟူသမွ်ခြၽတ္ေပးႏိုင္တဲ့ နည္းလမ္းေပါင္းစုံ 3

၂. ျမက္ေပၚမွာထိုင္တာၾကာလို႔ ျမက္ေတြစြန္းသြားရင္ ရွာလကာရည္ထဲကို နာရီဝက္ခန္႔စိမ္ၿပီး ေလွ်ာ္ေပးလိုက္ပါ။

၃. ဝိုင္နီေပသြားခဲ့ရင္ ဝိုင္ျဖဴနဲ႔ ျပန္ဖ်က္ေပးႏိုင္ပါတယ္။

လူသိနည္းတဲ့ အစြန္းဟူသမွ်ခြၽတ္ေပးႏိုင္တဲ့ နည္းလမ္းေပါင္းစုံ 4

၄. မွင္စြန္းသြားခဲ့ရင္ ႏြားႏို႔ထဲကို စိမ္လိုက္ပါ။

၅. အမဲဆီစြန္းသြားခဲ့ရင္ အဝတ္ေလွ်ာ္တဲ့အထဲ ကိုကာကိုလာ ထည့္ေလွ်ာ္ပါ။

၆. ေသြးစြန္းသြားခဲ့ရင္ စြန္းသြားတဲ့ေနရာကို ဟိုက္ဒ႐ိုဂ်င္ပါေအာက္ဆိုဒ္ ေလာင္းေပးပါ။

၇. ေခြၽးစြန္းသြားခဲ့ရင္ Aspirin ေဆးျပား ၃ျပားကို ေရေႏြးနဲ႔ေရာၿပီး အဲ့ဒီ့အရည္ထဲကို တစ္နာရီခန္႔စိမ္လိုက္ပါ။

၈. အာလူးစြန္းသြားခဲ့ရင္ ရွာကာရည္နဲ႔ေရကိုေရာၿပီး အဝတ္စနဲ႔တို႔ကာ စြန္းသြားတဲ့ေနရာကိုပြတ္တိုက္ေပးပါ။

လူသိနည္းတဲ့ အစြန္းဟူသမွ်ခြၽတ္ေပးႏိုင္တဲ့ နည္းလမ္းေပါင္းစုံ 5

၉. ေကာ္ဖီစြန္းသြားခဲ့ရင္ ၾကက္ဥအႏွစ္၊ ေရေႏြးနဲ႔ အရက္တို႔ကိုေရာကာ အဝတ္စႏွင့္တို႔ၿပီး ပြတ္တိုက္ေပးပါ။

၁၀. မိတ္ကပ္စြန္းေပသြားခဲ့ရင္ Shaving cream နဲ႔ေလွ်ာ္ေပးပါ။

လူသိနည္းတဲ့ အစြန္းဟူသမွ်ခြၽတ္ေပးႏိုင္တဲ့ နည္းလမ္းေပါင္းစုံ 6

၁၁. အဆီတစ္ခုခုစြန္းသြားခဲ့ရင္ စြန္းသြားတဲ့ေနရာကို Baby ေပါင္ဒါျဖဴးၿပီး တစ္ည ထားေပးလိုက္ပါ။ ေနာက္ေန႔ေလွ်ာ္ေပး လိုက္႐ုံပါပဲ။

Credit: auntymay

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top