မိုက်ကယ်ဂျက်ဆင်ဟာ အသက်(၁၅၀)လောက်ထိနေသွားချင်ခဲ့ပါတယ်

မိုက်ကယ်ဂျက်ဆင်ဟာ အသက်(၁၅၀)လောက်ထိနေသွားချင်ခဲ့ပါတယ်

နေသွားချင်ခဲ့ပါတယ်

(Unicode)

မိုက်ကယ်ဂျက်ဆင်ဟာ အသက်(၁၅၀)လောက်ထိ နေသွားချင်ခဲ့ပါတယ်

ဒါကြောင့် ဆံဖျားကနေ ခြေမအဆုံးသူ့ရဲ့ကျန်းမာရေးကို စောင့်ရှောက်ဖို့မိသားစုဆရာဝန် (၁၂)ယောက်ထိ သူခန့်ထားခဲ့တယ်။ သူနေ့စဉ်စားမယ့် အစားအသောက်တွေကိုလည်း ဓာတ်ခွဲခန်းမှ ဂရုတစိုက်စစ်ဆေးပြီးမှသာ စားသောက်လေ့ရှိပါတယ်။

သူ့ရဲ့နေ့စဉ်ကျန်းမာရေး

လေ့ကျင့်ခန်းများကို ကြပ်မတ်ပေးဖို့ ဝန်ထမ်း(၁၅)ယောက်လောက် ထပ်မံခန့်အပ်ထားခဲ့တာပါ။သူ့ရဲ့အိပ်ရာမှာ အောက်စီဂျင်ပမာဏကို ထိန်းညှိပေးနိုင်တဲ့ နည်းပညာကို အသုံးပြုထားပါတယ်။ဆေးပညာအရ အစားထိုးလို့ရနိုင်တဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းအမျိုးမျိုးကို လှူဒါန်းမယ့်သူတွေကလည်း တစ်ခုခုဆို မိုက်ကယ်ဂျက်ဆင်အတွက် တန်းလှူနိုင်ဖို့ အသင့်ရှိနေပါတယ်။ သူတို့ရဲ့စားဝတ်နေရေးကို မိုက်ကယ်ဂျက်ဆင်ကပဲ ထောက်ပံ့ပေးထားရတာဖြစ်ပါတယ်။ ဒီလိုအဖက်ဖက်က ဂရုတစိုက်ပြင်ဆင်ထားပြီးနောက် သူဟာ အသက်(၁၅၀)လောက်ထိနေသွားနိုင်မယ်လို့ ယုံကြည်နေခဲ့ပါတယ်။ ဒါပေမယ့် သူ မအောင်မြင်ခဲ့ပါဘူး…

(၂၀၀၉)ခုနှစ် ၊ ဇွန်လ (၂၅)ရက်… သူ့အသက်(၅၀)အရွယ်မှာတော့ မိုက်ကယ်ဂျက်ဆင်ရဲ့နှလုံးဟာ လုံးဝအလုပ်မလုပ်တော့ပါဘူး။ မိသားစုဆရာဝန်(၁၂)ယောက်အပါအဝင် အခြားသော ဆရာဝန်ကြီးများစွာ ဝိုင်းဝန်းကြိုးစားခဲ့ကြပေမယ့် သူတို့ဟာ မိုက်ကယ်ဂျက်ဆင်ကို မကယ်တင်နိုင်ခဲ့ကြဘူး။ (၂၅)နှစ်လုံးလုံး ဆရာဝန်ညွှန်ကြားချက်မပါဘဲ ခြေတစ်လှမ်းတောင် မလှမ်းတဲ့သူတစ်ယောက်ဟာ အသက်(၁၅၀)ပြည့်အောင်နေချင်ပေမယ့် မနေခဲ့ရပါဘူး။ မိုက်ကယ်ဂျက်ဆင်ရဲ့စျာပနအခမ်းအနားကို လူပေါင်း(၂)သန်းခွဲလောက်က တိုက်ရိုက်ကြည့်ရှုခဲ့ကြပြီး ဒါဟာ ယနေ့အချိန်ထိ စံချိန်မှတ်တမ်းတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။ သူကွယ်လွန်တဲ့ (၂၀၀၉)ခုနှစ် ၊ ဇွန်လ (၂၅)ရက် ဒေသစံတော်ချိန်ညနေ(၃း၁၅)မှာ Wikipedia,Twitterနဲ့ AOL’s instant messengerတို့ဟာ လုံးဝပြတ်တောက်သွားသည်အထိဖြစ်ခဲ့တယ်။ လူပေါင်းရှစ်သိန်းလောက်က Googleမှာ မိုက်ကယ်ဂျက်ဆင်နာမည်ကို တစ်ပြိုင်နက်ရှာဖွေခဲ့ကြတယ်လို့ မှတ်တမ်းတွေကဆိုပါတယ်။

မိုက်ကယ်ဂျက်ဆင်ဟာ သေခြင်းတရားကိုစိန်ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း သေခြင်းတရားကသာ သူ့ကို ပြန်လည်စိန်ခေါ်သွားခဲ့ပါတယ်။ ဒီနေ့ကမ္ဘာမှာတော့ ရုပ်ဝတ္ထုပစ္စည်းတွေ အံ့မခန်းတိုးတက်ထွန်းကားနေတာဖြစ်လို့ ကျွန်တော်တို့အားလုံးဟာ အဲဒီနောက်ကို တကောက်ကောက်လိုက်နေကြရတယ်။ ဒါကိုမှားတယ်လို့လည်း ပြောလို့မရပါဘူး။ ရုပ်ဝတ္ထုများကို ဗဟိုပြုပြီး
လည်ပတ်နေတဲ့ကမ္ဘာတစ်ခုဖြစ်လာတာကြောင့် ကျွန်တော်တို့ဟာ အဲဒီနောက်ကိုလိုက်ကြရမှာပဲ။ ဒါပေမယ့်.နေ့မအားညမနားလိုက်နေတာကရော အဓိပ္ပါယ်ရှိပါ့မလား။ ကျွန်တော်တို့ဟာ တစ်ပတ်ကိုတစ်ခါလောက် မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကို အချိန်ပေးဖြစ်ခဲ့ကြလို့လား။ကျွန်တော်တို့ဟာ ကိုယ်ရှာထားတဲ့ပိုက်ဆံရဲ့ ဆယ်ပုံတစ်ပုံလောက်ကိုတောင် ကိုယ့်ကိုပျော်ရွှင်စေမယ့်အရာတွေအတွက် သုံးဖြစ်ခဲ့ကြရဲ့လား။ ဒါကြောင့် ကျွန်တော်တို့ဟာ ကိုယ့်အတွက်ကိုယ် အချိန်နည်းနည်းပေးဖို့ ၊ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ်ပိုက်ဆံနည်းနည်းသုံးဖို့လိုပါလိမ့်မယ်။

တကယ်တမ်း သေသေချာချာစဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်တို့ပိုင်တာ ဘာမှမရှိပါဘူး။စာရွက်စာတမ်းတွေပေါ်မှာ ကျွန်တော်တို့နာမည် ခဏလေးရေးထိုးထားခွင့်ရရုံနဲ့ ကျွန်တော်တို့ဟာ ကိုယ်ပိုင်ပြီလို့ အထင်ရောက်နေခဲ့ကြတာပါ။ “ဒါ ငါ့အိမ် ၊ ဒါ ငါ့ကား”စသဖြင့် ကျွန်တော်တို့ ကြွေးကြော်လိုက်တိုင်းမှာ သေခြင်းကပြုံးနေလိမ့်မယ်ထင်ပါတယ်။ ချမ်းသာအောင်လုပ်စရာမလိုဘူးလို့ ကျွန်တော်ဆိုလိုတာမဟုတ်ပါဘူး။ ဆင်းရဲတာနဲ့စာရင် ချမ်းသာတာက အဆပေါင်းများစွာပိုကောင်းပါတယ်။ ချမ်းသာတာက ပြဿနာတစ်ခုမဟုတ်ပါဘူး ပိုက်ဆံချည်းပဲချမ်းသာနေပြီး
စိတ်မချမ်းသာရတာကသာ ပြဿနာဖြစ်ပါတယ်။ ကျွန်တော်တို့က ကိုယ့်ဘဝကို ကိုယ့်စိတ်တိုင်းကျအသုံးချဖို့လိုပါတယ်။ ဒါမှမဟုတ် ဘဝက ကိုယ့်ကိုပြန်ပြီး အသုံးချသွားပါလိမ့်မယ်။

တကယ်တော့ ဘဝမှာနေပျော်ဖို့အတွက် အရေးအကြီးဆုံးက ရောင့်ရဲမှု ၊ ကိုယ့်ဘဝကိုယ်စိတ်ကျေနပ်မှုနဲ့ စိတ်အေးချမ်းမှုတွေပဲဖြစ်ပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ အဲဒီအရာတွေကို ဘယ်မှာမ ဝယ်လို့မရနိုင်တာပါပဲ။

Credit-Original Uploader

(Zawgyi)

မိုက္ကယ္ဂ်က္ဆင္ဟာ အသက္(၁၅၀)ေလာက္ထိ ေနသြားခ်င္ခဲ့ပါတယ္

ဒါေၾကာင့္ ဆံဖ်ားကေန ေျခမအဆုံးသူ႔ရဲ႕က်န္းမာေရးကို ေစာင့္ေရွာက္ဖို႔မိသားစုဆရာဝန္ (၁၂)ေယာက္ထိ သူခန္႔ထားခဲ့တယ္။ သူေန႔စဥ္စားမယ့္ အစားအေသာက္ေတြကိုလည္း ဓာတ္ခြဲခန္းမွ ဂ႐ုတစိုက္စစ္ေဆးၿပီးမွသာ စားေသာက္ေလ့ရွိပါတယ္။

သူ႔ရဲ႕ေန႔စဥ္က်န္းမာေရး

ေလ့က်င့္ခန္းမ်ားကို ၾကပ္မတ္ေပးဖို႔ ဝန္ထမ္း(၁၅)ေယာက္ေလာက္ ထပ္မံခန္႔အပ္ထားခဲ့တာပါ။သူ႔ရဲ႕အိပ္ရာမွာ ေအာက္စီဂ်င္ပမာဏကို ထိန္းညႇိေပးႏိုင္တဲ့ နည္းပညာကို အသုံးျပဳထားပါတယ္။ေဆးပညာအရ အစားထိုးလို႔ရႏိုင္တဲ့ ကိုယ္လက္အဂၤါအစိတ္အပိုင္းအမ်ိဳးမ်ိဳးကို လႉဒါန္းမယ့္သူေတြကလည္း တစ္ခုခုဆို မိုက္ကယ္ဂ်က္ဆင္အတြက္ တန္းလႉႏိုင္ဖို႔ အသင့္ရွိေနပါတယ္။ သူတို႔ရဲ႕စားဝတ္ေနေရးကို မိုက္ကယ္ဂ်က္ဆင္ကပဲ ေထာက္ပံ့ေပးထားရတာျဖစ္ပါတယ္။ ဒီလိုအဖက္ဖက္က ဂ႐ုတစိုက္ျပင္ဆင္ထားၿပီးေနာက္ သူဟာ အသက္(၁၅၀)ေလာက္ထိေနသြားႏိုင္မယ္လို႔ ယုံၾကည္ေနခဲ့ပါတယ္။ ဒါေပမယ့္ သူ မေအာင္ျမင္ခဲ့ပါဘူး…

(၂၀၀၉)ခုႏွစ္ ၊ ဇြန္လ (၂၅)ရက္… သူ႔အသက္(၅၀)အ႐ြယ္မွာေတာ့ မိုက္ကယ္ဂ်က္ဆင္ရဲ႕ႏွလုံးဟာ လုံးဝအလုပ္မလုပ္ေတာ့ပါဘူး။ မိသားစုဆရာဝန္(၁၂)ေယာက္အပါအဝင္ အျခားေသာ ဆရာဝန္ႀကီးမ်ားစြာ ဝိုင္းဝန္းႀကိဳးစားခဲ့ၾကေပမယ့္ သူတို႔ဟာ မိုက္ကယ္ဂ်က္ဆင္ကို မကယ္တင္ႏိုင္ခဲ့ၾကဘူး။ (၂၅)ႏွစ္လုံးလုံး ဆရာဝန္ၫႊန္ၾကားခ်က္မပါဘဲ ေျခတစ္လွမ္းေတာင္ မလွမ္းတဲ့သူတစ္ေယာက္ဟာ အသက္(၁၅၀)ျပည့္ေအာင္ေနခ်င္ေပမယ့္ မေနခဲ့ရပါဘူး။ မိုက္ကယ္ဂ်က္ဆင္ရဲ႕စ်ာပနအခမ္းအနားကို လူေပါင္း(၂)သန္းခြဲေလာက္က တိုက္႐ိုက္ၾကည့္ရႈခဲ့ၾကၿပီး ဒါဟာ ယေန႔အခ်ိန္ထိ စံခ်ိန္မွတ္တမ္းတစ္ရပ္အျဖစ္ ရွိေနဆဲျဖစ္ပါတယ္။ သူကြယ္လြန္တဲ့ (၂၀၀၉)ခုႏွစ္ ၊ ဇြန္လ (၂၅)ရက္ ေဒသစံေတာ္ခ်ိန္ညေန(၃း၁၅)မွာ Wikipedia,Twitterနဲ႔ AOL’s instant messengerတို႔ဟာ လုံးဝျပတ္ေတာက္သြားသည္အထိျဖစ္ခဲ့တယ္။ လူေပါင္းရွစ္သိန္းေလာက္က Googleမွာ မိုက္ကယ္ဂ်က္ဆင္နာမည္ကို တစ္ၿပိဳင္နက္ရွာေဖြခဲ့ၾကတယ္လို႔ မွတ္တမ္းေတြကဆိုပါတယ္။

မိုက္ကယ္ဂ်က္ဆင္ဟာ ေသျခင္းတရားကိုစိန္ေခၚဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း ေသျခင္းတရားကသာ သူ႔ကို ျပန္လည္စိန္ေခၚသြားခဲ့ပါတယ္။ ဒီေန႔ကမာၻမွာေတာ့ ႐ုပ္ဝတၳဳပစၥည္းေတြ အံ့မခန္းတိုးတက္ထြန္းကားေနတာျဖစ္လို႔ ကြၽန္ေတာ္တို႔အားလုံးဟာ အဲဒီေနာက္ကို တေကာက္ေကာက္လိုက္ေနၾကရတယ္။ ဒါကိုမွားတယ္လို႔လည္း ေျပာလို႔မရပါဘူး။ ႐ုပ္ဝတၳဳမ်ားကို ဗဟိုျပဳၿပီး
လည္ပတ္ေနတဲ့ကမာၻတစ္ခုျဖစ္လာတာေၾကာင့္ ကြၽန္ေတာ္တို႔ဟာ အဲဒီေနာက္ကိုလိုက္ၾကရမွာပဲ။ ဒါေပမယ့္.ေန႔မအားညမနားလိုက္ေနတာကေရာ အဓိပၸါယ္ရွိပါ့မလား။ ကြၽန္ေတာ္တို႔ဟာ တစ္ပတ္ကိုတစ္ခါေလာက္ မိသားစုေတြ၊ မိတ္ေဆြသူငယ္ခ်င္းေတြကို အခ်ိန္ေပးျဖစ္ခဲ့ၾကလို႔လား။ကြၽန္ေတာ္တို႔ဟာ ကိုယ္ရွာထားတဲ့ပိုက္ဆံရဲ႕ ဆယ္ပုံတစ္ပုံေလာက္ကိုေတာင္ ကိုယ့္ကိုေပ်ာ္႐ႊင္ေစမယ့္အရာေတြအတြက္ သုံးျဖစ္ခဲ့ၾကရဲ႕လား။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ဟာ ကိုယ့္အတြက္ကိုယ္ အခ်ိန္နည္းနည္းေပးဖို႔ ၊ကိုယ့္ေပ်ာ္႐ႊင္မႈအတြက္ ကိုယ္ပိုက္ဆံနည္းနည္းသုံးဖို႔လိုပါလိမ့္မယ္။

တကယ္တမ္း ေသေသခ်ာခ်ာစဥ္းစားၾကည့္မယ္ဆိုရင္ ကြၽန္ေတာ္တို႔ပိုင္တာ ဘာမွမရွိပါဘူး။စာ႐ြက္စာတမ္းေတြေပၚမွာ ကြၽန္ေတာ္တို႔နာမည္ ခဏေလးေရးထိုးထားခြင့္ရ႐ုံနဲ႔ ကြၽန္ေတာ္တို႔ဟာ ကိုယ္ပိုင္ၿပီလို႔ အထင္ေရာက္ေနခဲ့ၾကတာပါ။ “ဒါ ငါ့အိမ္ ၊ ဒါ ငါ့ကား”စသျဖင့္ ကြၽန္ေတာ္တို႔ ေႂကြးေၾကာ္လိုက္တိုင္းမွာ ေသျခင္းကၿပဳံးေနလိမ့္မယ္ထင္ပါတယ္။ ခ်မ္းသာေအာင္လုပ္စရာမလိုဘူးလို႔ ကြၽန္ေတာ္ဆိုလိုတာမဟုတ္ပါဘူး။ ဆင္းရဲတာနဲ႔စာရင္ ခ်မ္းသာတာက အဆေပါင္းမ်ားစြာပိုေကာင္းပါတယ္။ ခ်မ္းသာတာက ျပႆနာတစ္ခုမဟုတ္ပါဘူး ပိုက္ဆံခ်ည္းပဲခ်မ္းသာေနၿပီး
စိတ္မခ်မ္းသာရတာကသာ ျပႆနာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔က ကိုယ့္ဘဝကို ကိုယ့္စိတ္တိုင္းက်အသုံးခ်ဖို႔လိုပါတယ္။ ဒါမွမဟုတ္ ဘဝက ကိုယ့္ကိုျပန္ၿပီး အသုံးခ်သြားပါလိမ့္မယ္။

တကယ္ေတာ့ ဘဝမွာေနေပ်ာ္ဖို႔အတြက္ အေရးအႀကီးဆုံးက ေရာင့္ရဲမႈ ၊ ကိုယ့္ဘဝကိုယ္စိတ္ေက်နပ္မႈနဲ႔ စိတ္ေအးခ်မ္းမႈေတြပဲျဖစ္ပါတယ္။ စိတ္မေကာင္းစရာတစ္ခုကေတာ့ အဲဒီအရာေတြကို ဘယ္မွာမ ဝယ္လို႔မရႏိုင္တာပါပဲ။

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top