ကိုဗစ်ကပ်ကြား ကင်ဆာဝေဒနာရှင်တွေရဲ့ ဒုက္ခ
ကိုဗစ်ကပ်ကြား ကင်ဆာဝေဒနာရှင်တွေရဲ့ ဒုက္ခ
(Unicode)
ကိုဗစ်ကပ်ကြား ကင်ဆာဝေဒနာရှင်တွေရဲ့ ဒုက္ခ
===================================
ကင်‌ဆာအမျိုးမျိုးကြောင့် ဒေသအသီးသီးကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လာရောက်ဆေးကုသသူများအနေဖြင့် ကွာရန်တင်းဝင်ရန်အခက်အခဲ ၊ ခရီးစရိတ်အခက်အခဲများကြောင့် နေရပ်သို့မပြန်နိုင်ဘဲ ဆေးရုံကြီး ဝန်းကျင်‌ မှာ နေထိုင်ကြရသလို စားဝတ်နေရေးအခက်အခဲလည်း ကြုံတွေ့နေရပါတယ်။
“ဒီမှာဆေးလာကုတာ အပတ်တိုင်း ကုရတယ်။ လာတုန်းက လူနာတင်ယာဉ်ကားနဲ့လာကြတာပေါ့။ ပြန်ဖို့တော့ ကိုယ့်စားရိတ်နဲ့ ကိုယ်ပြန်ရမှာလေ။ ကားခက ဈေးကြီးတယ်။ ပြီးတော့ တစ်ခါတလေလည်းမဟုတ်ဘူး။ အပတ်တိုင်းဆိုတော့ အဆင်မပြေဘူးလေ။ အဲ့ဒီတော့ ဒီဆေးရုံဘေးမှာပဲဖြစ်သလိုနေကြရတာပေါ့” လို့ဆေးလာကုသူတစ်ဦးက ‌ပြောပါတယ်။
လက်ရှိအချိန်မှာ ဆေးရုံကြီးဘေး နေထိုင်သူ အများအပြားရှိပြီး စား‌ရေးသောက်ရေးအတွက် နေရပ်မှ ပါလာသမျှကို ထုခွဲရောင်းချနေကြပြီးဖြေရှင်းနေကြရပါတယ်။
တချို့ကတော့ အလှူရှင်များလာရောက်လှူဒါန်းမှုပေါ်မှာ မှီခိုနေရပါတယ်။
(Zawgyi)
===================================
Crd,
ဘီဘီစီမြန်မာပိုင်း
ဓာတ်ပုံ – Nyein Chan Oo / MPA
Leave a Reply
Your email address will not be published. Required fields are marked *
Back To Top