မြန်မာပြည်က အလှဆုံးရေတံခွန် လေးခု

မြန်မာပြည်က အလှဆုံးရေတံခွန် လေးခု

(Unicode)

မြန်မာပြည်က အလှဆုံးရေတံခွန် လေးခု

==============================

ရေတံခွန်ဆိုတာ သဘာဝတရားကပေးတဲ့ လက်ဆောင်တွေထဲက တစ်ခုပေါ့။ ကံကောင်းစွာနဲ့ မြန်မာပြည်မှာ အရပ်ရပ်မှာ ရေတံခွန်တွေ အများအပြားရှိတာပါပဲ။

ပုံစံအမျိုးမျိုးဖြစ်ပေါ်နေတဲ့ များပြာစွာသော ရေတံခွန်တွေထဲက အံသြမှင်သက်စရာကောင်းလောက်အောင် လှပထူးခြားတဲ့ ရေတံခွန်အချို့ကို ပြောပြပေးချင်ပါတယ်။

ဟိုက်ပါရေတံခွန်

ဟိုက်ပါရေတံခွန်က ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရူးမြို့အနောက်ဘက် ၁၂ မိုင်အကွာ၊ ဟိုက်ပါကျေးရွာမှာ တည်ရှီတာပါ။ ရေတံခွန်က ကြီးမားကျယ်ပြန့်လွန်းလို့ မြစ်အကြီးတစ်ခုအသွင်ဖြစ်နေပါတယ်။ အခြားရေတံခွန်တွေနဲ့မတူတဲ့ ထူးခြားချက်ကတော့ ရေတံခွန်ထဲမှာ အပျော်စီးလှေစီးနိုင်ပြီး ရေတံခွန်ဘေးမှာလည်း tent လေးတွေနဲ့ ညအိပ်စက်အနားယူနိုင်ပါတယ်။ ဒါ့အပြင် ဒေသထွက်ရှမ်းရိုးရာ အစားစာတွေကိုလည်း မြည်းစမ်းနိုင်ပါသေးတယ်။

နန့်မွန်ကြီးရေတံခွန်

နန်မွန့်ကြီးရေတံခွန်ကတော့ နေပြည်တော်အနီးနားက ပေါင်းလောင်မြို့သစ်မှာရှိလို့ သိပ်မဝေးဘဲ နေ့ချင်းပြန်သွားနိုင်တဲ့ခရီးပါ။ ရေတံခွန်အဆင့်ပေါင်း ၅၀ ကျော်ရှိပြီး ရေတွေက သဘာဝအတိုင်းပြာလဲ့နေတာဖြစ်ပါတယ်။ ရေတံခွန်အသွားလမ်းမှာလည်း သာယာတဲ့ ပေါင်းလောင်းဆည်ကြီးကို စက်လှေစီးပြီး ဖြစ်သွားရမှာပါ။

ဘန်ဘွေ့ကျင်းရေတံခွန်

ဘန်ဘွေ့ကျင်းရေတံခွန်ကတော့ မြန်မာပြည်မှာ ရေတံခွန်အများဆုံး ပေါ်ထွက်တဲ့ ပြင်ဦးလွင် မြို့မှာ ရှီတာဖြစ်ပါတယ်။ ရေတံခွန်သွားရာလမ်းတစ်လျှောက် လှပတဲ့ရူခင်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ လမ်းခရီးကလည်း တောင်တက်တောင်ဆင်းတွေဖြစ်လို့ သွားလာရအနည်းငယ်ခက်ခဲပါတယ်။

ကျောက်ဆုံရေတံခွန်

ကျောက်ဆုံရေတံခွန်ကတော့ တောင်ကြီးခရိုင်ထဲက အင်းတောမြို့နယ်ထဲက ကျောက်ဆုံဆိုတဲ့ ရွာလေးမှာရှိတာဖြစ်လို့ တောင်ကြီးရောက် သွားဖို့ မမေ့စေချင်ဘူး။ ရေတံခွန်အောက်ဆင့်တွေမှာသာ ရေကစားနိုင်ပြီး အပေါ်ဆုံးအဆင့်တွေကတော့ ရေစီးသန့်လိုအဆင်မပြေပါဘူးတဲ့။

(Zawgyi)

ျမန္မာျပည္က အလွဆုံးေရတံခြန္ ေလးခု

==============================

ေရတံခြန္ဆိုတာ သဘာဝတရားကေပးတဲ့ လက္ေဆာင္ေတြထဲက တစ္ခုေပါ့။ ကံေကာင္းစြာနဲ႔ ျမန္မာျပည္မွာ အရပ္ရပ္မွာ ေရတံခြန္ေတြ အမ်ားအျပားရွိတာပါပဲ။

ပုံစံအမ်ိဳးမ်ိဳးျဖစ္ေပၚေနတဲ့ မ်ားျပာစြာေသာ ေရတံခြန္ေတြထဲက အံၾသမွင္သက္စရာေကာင္းေလာက္ေအာင္ လွပထူးျခားတဲ့ ေရတံခြန္အခ်ိဳ႕ကို ေျပာျပေပးခ်င္ပါတယ္။

ဟိုက္ပါေရတံခြန္

ဟိုက္ပါေရတံခြန္က ရွမ္းျပည္နယ္ေတာင္ပိုင္း၊ မိုင္း႐ူးၿမိဳ႕အေနာက္ဘက္ ၁၂ မိုင္အကြာ၊ ဟိုက္ပါေက်း႐ြာမွာ တည္ရွီတာပါ။ ေရတံခြန္က ႀကီးမားက်ယ္ျပန႔္လြန္းလို႔ ျမစ္အႀကီးတစ္ခုအသြင္ျဖစ္ေနပါတယ္။ အျခားေရတံခြန္ေတြနဲ႔မတူတဲ့ ထူးျခားခ်က္ကေတာ့ ေရတံခြန္ထဲမွာ အေပ်ာ္စီးေလွစီးႏိုင္ၿပီး ေရတံခြန္ေဘးမွာလည္း tent ေလးေတြနဲ႔ ညအိပ္စက္အနားယူႏိုင္ပါတယ္။ ဒါ့အျပင္ ေဒသထြက္ရွမ္း႐ိုးရာ အစားစာေတြကိုလည္း ျမည္းစမ္းႏိုင္ပါေသးတယ္။

နန႔္မြန္ႀကီးေရတံခြန္

နန္မြန႔္ႀကီးေရတံခြန္ကေတာ့ ေနျပည္ေတာ္အနီးနားက ေပါင္းေလာင္ၿမိဳ႕သစ္မွာရွိလို႔ သိပ္မေဝးဘဲ ေန႔ခ်င္းျပန္သြားႏိုင္တဲ့ခရီးပါ။ ေရတံခြန္အဆင့္ေပါင္း ၅၀ ေက်ာ္ရွိၿပီး ေရေတြက သဘာဝအတိုင္းျပာလဲ့ေနတာျဖစ္ပါတယ္။ ေရတံခြန္အသြားလမ္းမွာလည္း သာယာတဲ့ ေပါင္းေလာင္းဆည္ႀကီးကို စက္ေလွစီးၿပီး ျဖစ္သြားရမွာပါ။

ဘန္ေဘြ႕က်င္းေရတံခြန္

ဘန္ေဘြ႕က်င္းေရတံခြန္ကေတာ့ ျမန္မာျပည္မွာ ေရတံခြန္အမ်ားဆုံး ေပၚထြက္တဲ့ ျပင္ဦးလြင္ ၿမိဳ႕မွာ ရွီတာျဖစ္ပါတယ္။ ေရတံခြန္သြားရာလမ္းတစ္ေလွ်ာက္ လွပတဲ့႐ူခင္းေတြကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ လမ္းခရီးကလည္း ေတာင္တက္ေတာင္ဆင္းေတြျဖစ္လို႔ သြားလာရအနည္းငယ္ခက္ခဲပါတယ္။

ေက်ာက္ဆုံေရတံခြန္

ေက်ာက္ဆုံေရတံခြန္ကေတာ့ ေတာင္ႀကီးခ႐ိုင္ထဲက အင္းေတာၿမိဳ႕နယ္ထဲက ေက်ာက္ဆုံဆိုတဲ့ ႐ြာေလးမွာရွိတာျဖစ္လို႔ ေတာင္ႀကီးေရာက္ သြားဖို႔ မေမ့ေစခ်င္ဘူး။ ေရတံခြန္ေအာက္ဆင့္ေတြမွာသာ ေရကစားႏိုင္ၿပီး အေပၚဆုံးအဆင့္ေတြကေတာ့ ေရစီးသန႔္လိုအဆင္မေျပပါဘူးတဲ့။

Crd, Copying

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top