Month: May 2020

ဗဟုတုသ

ဂတ်စ်မီးဖို အသုံးပြုသူများ သိထား၊ သတိထားသင့်တဲ့ အချက် (၁၃) ချက်။

(Unicode) ဂတ်စ်မီးဖို အသုံးပြုသူတွေ အနေနဲ့ သတိထားသင့်တဲ့ အချက် ( ၁၃ ) ချက် ယနေ့အချိန်အခါမှာ မြန်မာပြည်အရပ်ရပ်ရှိ နေအိမ်များ၊ တိုက်ခန်းများ၊ စားသောက်ဆိုင်တွေမှာ ဂတ်စ်မီးဖိုကို တွင်ကျယ်စွာအသုံးပြုလာကြတယ်။ ဂတ်စ်မီးဖိုကို လုံခြုံစိတ်ချစွာ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ဖို့အတွက် သတိထားသင့်တဲ့ အချက်လေးတွေ မျှဝေပေးလိုက်ပါတယ်။ ၁။ အိုးအထွက် valve ၊ pressure regulator valve ၊ မီးဖို spark and gas valve တွေ ကောင်း/မကောင်း အမြဲစစ်ဆေးရပါမယ်။ အိုးအထွက် valve ကိုပိတ်တဲ့အခါမှာ ထုရိုက်ပြီးပိတ်မျိုးတွေမလုပ်ရပါဘူး။ Gas အိုးကို ရွေ့တဲ့အခါ စောင့်ချတာ၊ ပစ်ချတာ၊ တလိမ့်တုံးလို လှိမ့်တာတွေ မလုပ်ရပါဘူး။ အိုးအထွက် valve ကို […]

ဗဟုတုသ

မွေးလအလိုက် ဝတ်ဆင်သင့်တဲ့ ကံကောင်းစေသော ကျောက်မျက်ရတနာများ။

(Unicode) ယခင်ခေတ်တွေထဲက ကျောက်မျက်ရတနာများကို ကိုယ့်ရဲ့ မွေးလအလိုက် ကံတရားလမ်းကြောင်း ဖွင့်ဖို့အတွက် ဝတ်ဆင်ကြပါတယ်။ ကျောက်မျက်ရတနာတွေကို ရွှေ ( သို့ ) ရွှေဖြူ၊ ငွေ စတာတွေနဲ့ ရောပြီး လက်စွပ်၊ ဆွဲကြိုး၊ နားကပ်၊ လက်ကောက်၊ အဆောင် စတာတွေအဖြစ်နဲ့ ဆင်မြန်းနိုင်ပါတယ်။ မွေးလအလိုက် ဝတ်ဆင်သင့်တဲ့ ကံကောင်းစေသော ကျောက်မျက်ရတနာများကို အောက်မှာ လအစဉ်လိုက် ဖော်ပြပေးလိုက်ပါတယ်။ ၁။ ဇန်နဝါရီလ – ဂေါ်မုတ် ၂။ ဖေဖော်ဝါရီလ – ခရမ်းစွဲ ၃။ မတ်လ – မြအပြာ ၄။ ဧပြီလ – စိန် ၅။ မေလ – မြ ၆။ ဇွန်လ – ပုလဲ […]

ဗဟုတုသ

အညာစာစစ်စစ် ထန်းသီးချက်နည်း

(Unicode) အညာစာစစ်စစ်လေးပေါ့။ ထန်းသီးချက်ရာမှာ ထန်းသီးကို မနုလွန်းမရင့်လွန်းတာကို ရွေးရပါတယ်တဲ့။ ဒီရက်ပိုင်း ထန်းသီးဆံကို အမျိုးမျိုးချက်ဖြစ်ပါတယ်။ ဝန်ထမ်းကလေးတွေက ကြိုက်တာမို့ ရာသီစာလေးကို အမျိုးမျိုးချက်ကျွေးဖြစ်တယ်။ မန်ကျည်းရွက် ထန်းသီးဆံချက်- ထန်းသီးဆံနုနုလေးတွေကို အရင်ဆုံး အဆံထုတ်ထားပါနော်။ အရင်ဆုံး ကြက်သွန်နီ/ဖြူ ဆီသတ်။ ငပိလေး ပါတယ်ဆိုရုံ မဆိုသလောက်လေးထည့်။ ပြီး ထန်းသီးထည့်။ အရသာထည့်။ မန်ကျည်းရွက်ထည့်။ အချဉ်ဘက်ကဲအောင် မန်ကျည်းရွက် များများထည့်ပါတယ်။ငရုတ်သီးကြမ်းဖတ်လေး နည်းနည်းထည့်သလို အစပ်စားချင်တာကြောင့် ငရုတ်သီးစိမ်းကိုလည်း လေးစိတ်ကွဲထောင်းပြီး ထည့်ပါတယ်။ ထန်းသီးအစိမ်းနံ့ပျောက်ပြီး ဆီပြန်လာပြီ အိစက်နေပြီဆိုရင်တော့ ချလို့ရပါပြီ။ တချို့ကျ မဆလာလေးအုပ်သတဲ့။ ထမင်းနဲ့စားတာထက် ဒီအတိုင်း ထိုင်စားရတာ ပိုကြိုက်တယ်။ ကလေးတွေကတော့ ကြိုက်ကြသလား မမေးနဲ့။ ချဉ်ပေါင်ရွက် ထန်းသီးချက်- မန်ကျည်းရွက်နဲ့ ထန်းသီးဆံချက်သလိုပါပဲ။ အဲ့နေ့က မန်ကျည်းရွက်ကုန်နေလို့ […]

ဗဟုတုသ

2020ခုနှစ် (၆)လပိုင်း အတွက် ခုနှစ်ရက်သားသမီး တစ်လစာဟောစာတမ်း။

(Unicode) တနင်္ဂနွေသားသမီးများအတွက်- ဒီလထဲတွင် ကြုံတွေ့နေရသော ပြသနာများအား ချုပ်ကိုင်အနိုင်ယူစွမ်းရှိသေ ာကာလဖြစ်သည်။ မိမိလုပ်ဆောင်သမျှကို အမျိုးသမီးတစ်ဦးမှ လိုက်လံကူညီတက်သည်။ စီးပွားရေး၊ အလုပ်အကိုင်နှင့် ပတ်သက်ပြီး လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော လုပ်ငန်း၊ အထည်အလိပ်နှင့် ပတ်သက်သော လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ပြည်ပနှင့်ပတ်သက်သော လုပ်ငန်းများ အဆင်ပြေအောင်မြင်ကိန်း ရှိပါသည်။ ငွေရေး၊ ကြေးရေး ကံမကောင်းသေးပါ။ ငွေအထွက်များခြင်း၊ ရစရာရှိတာမရခြင်း၊ ပေးစရာရှိတာ မပေးဖြစ်သေး ခြင်း၊ အကြွေးတင်ခြင်းများ ကြုံရကိန်းရှိပါသည်။ အလုပ်အကိုင်ပြောင်းရွှေ့ချင် စိတ်များဖြစ်နေတတ်ပါသည်။ အလုပ်အကိုင်ပြောင်းလိုလျှင် ဤလကုန် (2)ရက်နေ့ကျော်မှ ပြောင်းပါလေ။ ငယ်ရွယ်သူများ ချစ်သူနှင့်အဆင်မပြေဖြစရတတ်သည်။ တနင်္ဂနွေ၊ တနင်္လာ၊ သောကြာသား ချစ်သူရှိလျှင် အဆင်မပြေ ပျက်သွားတတ်ပါသည်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ဖက်နှင့်ပတ်သတ်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရ၊ စကားများရတတ်ပါသည်။ အလုပ်အကိုင်များ အစဉ်ပြေမလိုလိုနှင့် […]

ကျန်းမာ‌‌ရေးအသိ

ဆေးစုံနေပြီဆိုတဲ့ ခါးနာနေသူများအတွက် ဆေးနည်းပေါင်းချုပ်။

(Unicode) ဆေးစုံနေပြီဆိုတဲ့ ခါးနာတတ်သူများအတွက် ဆေးနည်းပေါင်းချုပ်။ ခါးနာအတွက် ဆေးနည်းတိုများ- သက်ရင်းကြီးရွက်များကို ခါးတွင်ကပ်ပြီး အဝတ်ဖြင့်စည်းထားပါ။ (၂)နာရီကြာလျှင်၊ ယားလာလျှင် ဖြည်ပေးပါ။ -သက်ရင်းကြီးရွက် (၇)ရွက်ကို အိပ်ယာအောက်တွင် ခင်းအိပ်လျှင် ခါးနာသက်သာသည်ဟု ရှေးလူကြီးများ သုံးကြသည်။ -ကိုရန်ကြီး(ခတ္တာပင်) အရွက်ကို ပျော့အောင် မီးကင်ပါ။ မုံညှင်းဆီ(သို့) နှမ်းဆီသုပ်ပြီး ခါးတွင်ကပ်ပြီး အဝတ်ဖြင့် ပတ်စည်းထားပါ။ ဗာဒံရွက်(ဗန်ဒါရွက်) အစိမ်းရောင်အရွက်နုကို ခါးတွင်၃ရွက်ခန့် ကပ်ပြီး ခါးနာလျှင် ပတ်သည့်ခါးပတ်ဖြင့် ပတ်ထားလျှင် ခါးကြောညပ်၊ ခါးဆစ်နာသက်သာစေသည်။ -သင်္ဘောရွက်ကို ပျော့အောင် ရေနွေးစိမ် ခါးတွင်ကပ်ပြီး ပတ်ထားလျှင် သက်သာစေသည်။ -ချင်းခြောက်မှုန့် ၂ဆ၊ လင်းနေမှုန့် ၁ဆ၊ သစ်ကြံပိုးခေါက်မှုန့် ၁ဆ ရောစပ်။ ရေနွေးဖြင့် ကျေညက်အောင် ခေါက်ဖျော်ပြီး ဂွမ်း(သို့) ပတ်တီးစပေါ်တွင် […]

ဗဟုတုသ

ပဲပင်ပေါက် အလွှာလိုက် ဖောက်နည်း။

(Unicode) ပဲပင်ပေါက် အလွှာလိုက် ဖောက်နည်း ယခု ပဲပင်ပေါက် ဖောက်နည်းမှာ အိမ်တွင်း စိုက်ပျိုးရုံသာမက စီးပွားဖြစ် စိုက်ပျိုးလိုသူများအတွက်ပါ စိုက်ပျိုးနိုင်ပါသည်။ ရိုးရှင်းပြီး လွယ်လွယ်ကူကူ ပြုနိုင်သဖြင့် ကိုယ်တိုင်ပြုနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ အောက်ဖော်ပြပါ အဆင့်များကို တစ်ဆင့်ချင်း သေချာဖတ်ပြီး လုပ်ဆောင်စေလိုပါတယ်။ ၁။ မျိုးရွေးချယ်ခြင်း ပဲအမျိုးအစား အားလုံးနီးပါးက အပင်ဖောက်လို့ရပါတယ်။ ဒါပေမယ့် အစေ့သေးတဲ့ ပဲအမျိုးအစားကတော့ ကျန်းမာရေးအတွက် သင့်တော်တဲ့ ရွေးချယ်မှုတစ်ခုပါပဲ။ အစေ့ကြီးတဲ့ မျိုးတွေမှာ ဆိုရင်တော့ စိုစွတ်မှု အချိန်ကြာလာတာနဲ့ အမျှ မှိုတက်ဖို့ အလားအလာများပါတယ်။ အသုံးပြုမည့် ပဲကို ရေ(၈) နာရီခန့် ကြိုတင် စိမ်ထားဖို့ လိုအပ်ပါတယ်။ -ပဲတီစိမ်းက အညှောင့်ဖောက်ဖို့အတွက် အသုံးအများဆုံး ပဲမျိုးဖြစ်ပါတယ်။ -အခြား အစေ့သေးတဲ့ ပဲမျိုးတွေလည်း […]

ဗဟုတုသ

လူကြီး၊ ကလေးတိုင်း ကျန်းမာရေးအတွက်ကောင်းတဲ့ ပဲနို့ရည် အိမ်မှာလုပ်နည်း။

(Unicode) ပဲနို့ရည် လတ်လတ် ဆတ်ဆတ် အိမ်လုပ်ပဲနို့ရည် ပူပူနွေးနွေးလေး လုပ်ကြည့်၇အောင်နော်။ ပဲနို့ရည်လုပ်နည်းက အရမ်းကိုလွယ်ပြီး တချို့ဆိုင်တွေကလို အနံ့ မနံပဲ သောက်လို့ကောင်းပါတယ်။လူကြီး ကလေးမရွေး သောက်လို့ရပြီး ကျန်းမာရေးနဲ့လဲ ညီညွတ်ပါတယ်။ ပါဝင်သောပစ္စည်းများ ၁။ ပဲပိစပ်ပဲ -၂ ခွက် (သို့) ၂၅ ကျပ်သား (သို့) ၁ ပေါင် ၂။ ရေ – ၇ ခွက် ပြုလုပ်နည်း- ၁။ ပဲကို ဇလုံတခုထဲထည့်၍ ရေကို ပဲမျက်နှာပြင်အပေါ် လက်သုံးလုံး ခန့်အထိ ထည့်ပါ။အနည်းဆုံး ၈ နာရီ (သို့) တည ရေစိမ်ထားပါ။ (ပဲပိစပ်ပဲများသည် ရေမစိမ်ခင်က အလုံးပုံစံပါ။ရေစိမ်ပြီးသွားလျှင် ပုံမှာပြထားသလို ရှည်ရှည်လေးတွေ ဖြစ်သွားပါတယ်။) ၂။ ရေစိမ်ထားသော […]

ဗဟုတုသ

စာချုပ် ချုပ်မည်ဆိုလျှင် စာချုပ်ပါ သက်သေကိစ္စ။

(Unicode) စာချုပ် ချုပ်မည်ဆိုလျှင် စာချုပ်ပါ သက်သေကိစ္စ စာချုပ်များ ချုပ်ဆိုကြရာတွင် အသိသက်သေသည် မပါမဖြစ် ပါရှိရမည့် ကိစ္စရပ် ဖြစ်ပါသည်။ကတိပြုသူ၊ ကတိရသူများအပြင် အသိသက်သေများပါ စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးကြရပါသည်။ အဆိုပါ အသိ သက်သေများသည် ကတိပြုသူ၊ ကတိရသူတို့၏ ကတိပြုချက်၊သဘောတူချက်၊ အာမခံချက်၊ စည်းကမ်းချက် စသည်တို့ကို အမှတ်တကယ် သိရှိထားဖို့ လိုအပ်ပါသည်။ “အောက်ပါ အသိသက်သေများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးချုပ်ဆိုကြပါသည် “ ဟူ၍ စာချုပ်များပေါ်တွင် ဖော်ပြပါရှိလေ့ရှိပြီး နှစ်ဘက်လက်မှတ် ရေးထိုးကာ အသိသက်သေများ ပါဝင် လက်မှတ်ရေးထိုးခဲ့ကြသည်ဖြစ်သော်လည်း ပြဿနာပေါ်ပေါက်၍ အသိသက်သေများကို စစ် ဆေးမေးမြန်းသောအခါတွင်မူ သက်သေအဖြစ် ရေးထိုးခဲ့သော စာချုပ်ပါ အချက်များကို ပြန်လည် ပြောပြနိုင်သည့် အသိသက်သေမျိုးမှာ အတော်ပင် ရှားပါးတတ်ပါသည်။ […]

ဗဟုတုသ

ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူများအတွက် ပဲခေါက်ဆွဲပြုလုပ်နည်း။

(Unicode) ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူများအတွက် ပဲခေါက်ဆွဲပြုလုပ်နည်း ခေါက်ဆွဲချစ်သူတွေရော ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူတွေပါ ခံတွင်းတွေ့စေမယ့် ပဲခေါက်ဆွဲပြုလုပ်နည်း ဝေမျှပေးသွားချင်ပါတယ်။ ပါဝင်ပစ္စည်းများ – ခေါက်ဆွဲ ပန်းကန်လုံးတစ်လုံးစာ၊ ဝက်သား သုံးထပ်သား ဝ.၅ ပေါင်၊ မုန်လာဥဖြူ တစ်ဝက်၊ အာလူး ၃ လုံး (အခွံခွာထားပြီး လက်မဝက်ကုဗတုံး တုံးထားပါ)၊ ကြက်သွန်နီ အကြီး ၁ ဥ၊ ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း၊ ပဲပိစပ်အနှစ် စားပွဲတင်ဇွန်း ၅ ဇွန်း၊ အာလူးမှုန့်အရည် (Potato Starch စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေ စားပွဲတင်ဇွန်း ၄ ဇွန်း၊ သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ဖြင့် သမအောင် ရောနှောထားလိုက်ပါ)၊ နှမ်းဆီလက်ဖက်ရည်ဇွန်း ၁ […]

ကျန်းမာ‌‌ရေးအသိ

ငှက်ပျောရွက် အစွမ်းထက်လိုက်ပုံနဲ့ ချောင်းဆိုးရင်ကြပ်၊ ဝမ်းချုပ်၊ ခံတွင်းအနာ၊ ထိခိုက်အနာ၊ ဆီးချို။

(Unicode) သင်ထင်မထားတဲ့ ငှက်ပျောရွက်ရဲ့ အကျိုးအာနိသင် ငှက်ပျောရွက်က စားစရာတစ်ခုမဟုတ်သလို ဆေးဖက်ဝင်မယ်လို့လည်း ဘယ်သူမှထင်ထားလောက်မှာမဟုတ်ပါဘူး။ ထုပ်ပိုးမှုအတွက် သုံးတာကလွဲလို့ ငှက်ပျောရွက်ကို စားဖို့ ဒါမှမဟုတ် ဆေးဖက်ဝင်တဲ့အရာတစ်ခုအနေနဲ့ အသုံးပြုလို့ရမယ်ရယ်လို့ ထင်မထားဘူးဟုတ်။ ချောင်းဆိုးရင်ကြပ်- ငှက်ပျောရွက်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရင်ကြပ်ချောင်းဆိုးသက်သာစေဖို့အတွက် အသုံးပြုခဲ့ကြတာပါ။ လေ့လာမှုတွေအရ ငှက်ပျောရွက်ဟာ ကိုယ်ခံအားကိုတိုးစေနိုင်သလို၊ ချေင်းဆိုးသက်သာစေပြီး နာကျင်ရောင်ရမ်းမှုကို လျော့ပါးစေနိုင်ပါတယ်။ အသက်ရှုလမ်းကြောင်း အထက်ပိုင်းမှာရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာကိုလည်း အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ အအေးမိဖျားနာတာကိုဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိပါတယ်။ ချွဲတွေကိုပျော်စေနိုင်ပြီး လည်ချောင်း ယားယံခြင်းကို သက်သာစေနိုင်ပါတယ်။ ငှက်ပျောရွက်ကို အရည်ညှစ်ပြီး ရေနဲ့ရောလို့ ၁၀ မိနစ်လောက်ကျိုပေးပါ။ ပြီးရင်ပျားရည်လေးနဲ့ရောပြီး သောက်ပေးလို့ရပါတယ်။ လေပြွန်ရောင်ရမ်းနာ- သင်မှာ နာတာရှည်ချောင်းဆိုးကြောင့် လေပြွန်ရောင်ရမ်းနာများရှိမယ်ဆိုရင် သဘာဝဆေးအနေနဲ့ ငှက်ပျောရွက်ကို အသုံးပြုပေးလို့ရပါတယ်။ […]

Back To Top