လူကြီး၊ ကလေးတိုင်း ကျန်းမာရေးအတွက်ကောင်းတဲ့ ပဲနို့ရည် အိမ်မှာလုပ်နည်း။

လူကြီး၊ ကလေးတိုင်း ကျန်းမာရေးအတွက်ကောင်းတဲ့ ပဲနို့ရည် အိမ်မှာလုပ်နည်း။

(Unicode)

ပဲနို့ရည်

လတ်လတ် ဆတ်ဆတ် အိမ်လုပ်ပဲနို့ရည် ပူပူနွေးနွေးလေး လုပ်ကြည့်၇အောင်နော်။ ပဲနို့ရည်လုပ်နည်းက အရမ်းကိုလွယ်ပြီး တချို့ဆိုင်တွေကလို အနံ့ မနံပဲ သောက်လို့ကောင်းပါတယ်။လူကြီး ကလေးမရွေး သောက်လို့ရပြီး ကျန်းမာရေးနဲ့လဲ ညီညွတ်ပါတယ်။

ပါဝင်သောပစ္စည်းများ

၁။ ပဲပိစပ်ပဲ -၂ ခွက် (သို့) ၂၅ ကျပ်သား (သို့) ၁ ပေါင်

၂။ ရေ – ၇ ခွက်

ပြုလုပ်နည်း-

၁။ ပဲကို ဇလုံတခုထဲထည့်၍ ရေကို ပဲမျက်နှာပြင်အပေါ် လက်သုံးလုံး ခန့်အထိ ထည့်ပါ။အနည်းဆုံး ၈ နာရီ (သို့) တည ရေစိမ်ထားပါ။ (ပဲပိစပ်ပဲများသည် ရေမစိမ်ခင်က အလုံးပုံစံပါ။ရေစိမ်ပြီးသွားလျှင် ပုံမှာပြထားသလို ရှည်ရှည်လေးတွေ ဖြစ်သွားပါတယ်။)

၂။ ရေစိမ်ထားသော ပဲများကို ရေဖြင့် ၃ ခါဆေးပါ။ (ရေမဆေးလျှင် ပဲပုပ်စော် နံတတ်ပါတယ်။) ပြီးလျှင် ရေစစ်ထားပါ။

၃။ ရေစစ်ထားသော ပဲများကို ဖျော်ရည်ဖျော်တဲ့စက် (blender) ထဲကို သုံးခါ ခွဲထည့်ပါ။ တခါထည့်လျှင် ပဲ သုံးပုံတပုံ နှင့် ရေ ၂ ခွက်ကို ထည့်၍ ပဲများ ကြေညက်သွားသည်အထိ စက်ကို လှည့်ပါ။

၄။ ကြိတ်ပြီးသား ပဲရည်များကို အဝတ်ပါးတခုခံ၍ စစ်ပါ။ (အိစံကတော့ ရေစစ်ကို အသုံးပြုပါတယ်။) ပဲရည်များ ကုန်သည်အထိ ညှစ်ချပါ။

၅။ အထက်ပါနည်းဖြင့် သုံးခါ စက်ထဲလှည့်။ ပဲရည်ညှစ်ချပြီးလျှင် နောက်ဆုံးမှ ပဲရည်ထဲကို ရေ၁ ခွက် ထက်ရော၍ သမအောင်လုပ်ပါ။

၆။ ရလာတဲ့ပဲနို့ရည်ကို မီးဖိုပေါ်တွင် မီးအေးအေးဖြင့် တည်ပါ။ တည်နေတုံးတွင် အဆက်မပျက် မွှေပေးပါ။ (ပဲနို့ရည်များ အိုးမှာကပ်သွားမှာ စိုးလို့ပါ။)

၇။ ပဲနို့ရည်များ ပွက်လာလျှင် နောက်ထပ် ၅ မိနစ်လောက်ထား၍ မီးဖိုပေါ်မှချပါ။

၈။ ပူပူနွေးနွေး ပဲနို့ရည်ကို သုံးဆောင်နိုင်ပါပြီ။

Credit-Ei San’s Homemade Inspiration

(Zawgyi)

ပဲႏို႔ရည္

လတ္လတ္ ဆတ္ဆတ္ အိမ္လုပ္ပဲႏို႔ရည္ ပူပူေႏြးေႏြးေလး လုပ္ၾကည့္၇ေအာင္ေနာ္။ ပဲႏို႔ရည္လုပ္နည္းက အရမ္းကိုလြယ္ၿပီး တခ်ိဳ႕ဆိုင္ေတြကလို အနံ႔ မနံပဲ ေသာက္လို႔ေကာင္းပါတယ္။လူႀကီး ကေလးမေ႐ြး ေသာက္လို႔ရၿပီး က်န္းမာေရးနဲ႔လဲ ညီၫြတ္ပါတယ္။

ပါဝင္ေသာပစၥည္းမ်ား

၁။ ပဲပိစပ္ပဲ -၂ ခြက္ (သို႔) ၂၅ က်ပ္သား (သို႔) ၁ ေပါင္

၂။ ေရ – ၇ ခြက္

ျပဳလုပ္နည္း-

၁။ ပဲကို ဇလုံတခုထဲထည့္၍ ေရကို ပဲမ်က္ႏွာျပင္အေပၚ လက္သုံးလုံး ခန႔္အထိ ထည့္ပါ။အနည္းဆုံး ၈ နာရီ (သို႔) တည ေရစိမ္ထားပါ။ (ပဲပိစပ္ပဲမ်ားသည္ ေရမစိမ္ခင္က အလုံးပုံစံပါ။ေရစိမ္ၿပီးသြားလွ်င္ ပုံမွာျပထားသလို ရွည္ရွည္ေလးေတြ ျဖစ္သြားပါတယ္။)

၂။ ေရစိမ္ထားေသာ ပဲမ်ားကို ေရျဖင့္ ၃ ခါေဆးပါ။ (ေရမေဆးလွ်င္ ပဲပုပ္ေစာ္ နံတတ္ပါတယ္။) ၿပီးလွ်င္ ေရစစ္ထားပါ။

၃။ ေရစစ္ထားေသာ ပဲမ်ားကို ေဖ်ာ္ရည္ေဖ်ာ္တဲ့စက္ (blender) ထဲကို သုံးခါ ခြဲထည့္ပါ။ တခါထည့္လွ်င္ ပဲ သုံးပုံတပုံ ႏွင့္ ေရ ၂ ခြက္ကို ထည့္၍ ပဲမ်ား ေၾကညက္သြားသည္အထိ စက္ကို လွည့္ပါ။

၄။ ႀကိတ္ၿပီးသား ပဲရည္မ်ားကို အဝတ္ပါးတခုခံ၍ စစ္ပါ။ (အိစံကေတာ့ ေရစစ္ကို အသုံးျပဳပါတယ္။) ပဲရည္မ်ား ကုန္သည္အထိ ညႇစ္ခ်ပါ။

၅။ အထက္ပါနည္းျဖင့္ သုံးခါ စက္ထဲလွည့္။ ပဲရည္ညႇစ္ခ်ၿပီးလွ်င္ ေနာက္ဆုံးမွ ပဲရည္ထဲကို ေရ၁ ခြက္ ထက္ေရာ၍ သမေအာင္လုပ္ပါ။

၆။ ရလာတဲ့ပဲႏို႔ရည္ကို မီးဖိုေပၚတြင္ မီးေအးေအးျဖင့္ တည္ပါ။ တည္ေနတုံးတြင္ အဆက္မပ်က္ ေမႊေပးပါ။ (ပဲႏို႔ရည္မ်ား အိုးမွာကပ္သြားမွာ စိုးလို႔ပါ။)

၇။ ပဲႏို႔ရည္မ်ား ပြက္လာလွ်င္ ေနာက္ထပ္ ၅ မိနစ္ေလာက္ထား၍ မီးဖိုေပၚမွခ်ပါ။

၈။ ပူပူေႏြးေႏြး ပဲႏို႔ရည္ကို သုံးေဆာင္ႏိုင္ပါၿပီ။

Credit-Ei San’s Homemade Inspiration

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top