ဗဟုတုသ

အိမ်တွင် မစိုက်အပ်သော ဂမုန်းပင်အချို့။

(Unicode) အိမ်တွင် မစိုက်အပ်သော(ခိုက်သော) ဂမုန်းပင်များ ဂမုန်းဆိုတဲ့ အပင်မျိုးနွယ်လေးကတော့ မြန်မာလူမျိုးတွေအတွက် သိပ်မစိမ်းတဲ့ အပင်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဥရှိတဲ့ အပင်များစွာကို ဂမုန်းလို့ ခြုံငုံခေါ်ဝေါ်ကြပြီးတော့ တချို့ဂမုန်းပင်တွေက အပင်ကြီးတွေမှာ တွယ်ကပ်ပေါက်တက်တဲ့ အပင်မျိုးဖြစ်ပါတယ်။ ရှေးခေတ်က မြန်မာလူမျိုးတွေဟာ ဂမုန်းပင်လေးတွေကို စီးပွားလာဘ်လာဘ တိုးတက်ဖို့၊ ရာထူးအာဏာ တိုးတက်ဖို့၊ ဧည့်ကောင်းဆောင်ကောင်းလာဖို့၊ မီးကွင်းဖို့၊ သူခိုး-ဓားပြ အန္တရာယ်ကင်းဖို့ ဆိုပြီး ခြံဝန်းထဲမှာ စိုက်ပျိုးခဲ့ကြသလို အခုခေတ်မှာတော့ အိမ်တွင်းအပင်လေးတွေ အဖြစ်ပါ စိုက်ပျိုးလာကြပါတယ်။ ဒါက ပြဿနာမဟုတ်ပေမယ့် ဂမုန်းပင်တွေထဲမှာမှ အိမ်တွင်းမှာ လုံးဝမစိုက်ပျိုးသင့်တဲ့ အပင်တွေကလည်း ရှိနေပါတယ်။ အဲအပင်(၃)မျိုးကို စိုက်ပျိုးရေးဝါသနာရှင်တွေ သထိထားဆင်ခြင်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ၁။ ဆင်စွယ်ဂမုန်း ဆင်စွယ်ဂမုန်းကတော့ မြေကြီးမှ တစ်ပင်ချင်းပေါက်တဲ့ အပင်မျိုးဖြစ်ပါတယ်။ ဒန့်သလွန်သီးနဲ့ အပင်ချင်း […]

ဗဟုတုသ

ခုနှစ်ရက် သားသမီး တစ်ပတ်စာ ဟောစာတမ်း ( 4.6.2020 မှ 10.6.2020 အထိ)။

(Unicode) ၇ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်း ( 4.6.2020 မှ 10.6.2020 အထိ ) တနင်္ဂနွေ ယခုတစ်ပတ်ကတော့ သင့်အတွက် စီးပွားရေးတိုးတတ် ဖွံ့ဖြိုးရန် အမှီကောင်းတစ်ခုကြုံလျှက် တိုးတတ်ရန် အကြောင်းဖန်လာမည်။ ဝီရိယ၊ ဇွဲနှင့် စွမ်းရည်များကို အသုံးချပါက ဘဝ၏ထိပ်တန်းအခြေအနေသို့ အလွယ်တကူ ရောက်ရှိသွားနိုင်၏။ ရာထူးနေရာပြောင်းရွှေ့ခြင်း၊ တိုးတတ်ခြင်းများ ကြုံတတ်သည်။ ဆုံးရှုံးထားသောငွေကြေးဥစ္စာ များပြန်လည်ရရှိနိုင်သည့်သတင်းစကားများ ကြားရလိမ့်မည်။ စိတ်ဓါတ်ကို မြှင့်တင်ဆောင်ရွက်ကြည့်ပါ။ အောင်မြင်မှု စတင်ရောင်နီသန်းလာမယ့် အချိန်ကာလ ဖြစ်၏။ မယ်မယ်ရရ အခက်အခဲကြုံစရာမရှိ၊ အကယ်၍ အခက်အခဲနှင့် တွေ့ကြုံရလျှင်လည်း ကူညီဖေးမပေးမည့် ဆရာသမားကောင်းတွေ့မည်။ ပီတိသုခနှင့်ပြည့်စုံပြီး ကြွယ်ဝသောအခြေအနေသစ်သို့ရောက်ရှိတတ်သောကာလဖြစ်သည်။ သင်၏ရိုးသားဖြူစင်မှုကိုအရောင်အမျိုးမျိုးဆိုးပေးမည့် မိတ်ဆွေတုတစ်ချို့ကို သတိပြုဆက်ဆံသွားပါ။ ပညာရေးကံအထူးကောင်းနေသောကာလတစ်ခုဖြစ်သည်။ ကျန်းမာရေးပို ကောင်းစေရန် ညအိပ်ခရီးမထွက်ပါနှင့်။ အိမ်ထောင်ရေးမှာတော့အခက်အခဲမရှိ တည်ငြိမ်အေးဆေး […]

ဗဟုတုသ

ဆိုင်ကယ်စီးနင်း မောင်းနှင်သူများ သိရှိစေရန် (2020-ဥပဒေသစ်)။

(Unicode) ဆိုင်ကယ်စီးနင်း မောင်းနှင်သူများသိရှိစေရန် (2020-ဥပဒေသစ်) ယာဉ်နံပါတ်မထင်ရှား =ကျူးလွန်သည့်ပုဒ်မ(၈၄-က)။ အရေးယူသည့်ပုဒ်မ-၉၄ =ဒဏ်ငွေသုံးသိန်း. ထောင် သုံးလ ။ အခြားနံပါတ်တပ် =ကျူးလွန်သည့်ပုဒ်မ(၈၄-ခ)။ အရေးယူသည့်ပုဒ်မ-၉၄ =ဒဏ်ငွေ သုံးသိန်း.ထောင်သုံးလ။ ယာဉ်နံပါတ်ပြားမတပ်=ကျူးလွန်သည့်ပုဒ်မ(၈၄-ဂ)။ အရေးယူသည့်ပုဒ်မ-၉၄ =ဒဏ်ငွေသုံးသိန်း.ထောင်သုံးလ ။ ဝှီးတက်သက်တမ်းကုန် =ကျူးလွန်သည့်ပုဒ်မ(၈၀)။အရေးယူသည့်ပုဒ်မ-၉၁ =ဒဏ်ငွေတစ်သိန်း.ထောင် တစ်လ။ မောင်းလိုင်စင်မရှိ = ကျူးလွန်သည့်ပုဒ်မ(၈၁-က)။အရေးယူသည့်ပုဒ်မ-၉၁ =ဒဏ်ငွေတစ်သိန်း .ထောင် တစ်လ ။ တခြားသူ၏ယာဉ်မောင်းလိုင်စင်သုံး =ကျူးလွန်သည့်ပုဒ်မ(၈၁-ဂ)။ အရေးယူသည့်ပုဒ်မ-၉၁ ။ဒဏ်ငွေတစ်သိန်း . ထောင် တစ်လ ။ ယာဉ်မဆင်မခြင်မောင်း =ကျူးလွန်သည့်ပုဒ်မ(၈၁-င)၊ အရေးယူသည့်ပုဒ်မ ၉၁ =ဒဏ်ငွေ တစ်သိန်း.ထောင်တစ်လ ။ မူးယစ်ဆေးဝါးသုံးအရက်မူးလွန်းမောင်း =ကျူးလွန်သည့်ပုဒ်မ(၈၁-ဇ)။အရေးယူသည့်ပုဒ်မ ၉၁ =ဒဏ်ငွေ တစ်သိန်း .ထောင်တစ်လ မောင်းလိုင်စင်မပါ = ကျုးလွန်းသည့်ပုဒ်မ(၇၅-က)။ […]