အညာစာစစ်စစ် ထန်းသီးချက်နည်း

အညာစာစစ်စစ် ထန်းသီးချက်နည်း

(Unicode)

အညာစာစစ်စစ်လေးပေါ့။ ထန်းသီးချက်ရာမှာ ထန်းသီးကို မနုလွန်းမရင့်လွန်းတာကို ရွေးရပါတယ်တဲ့။ ဒီရက်ပိုင်း ထန်းသီးဆံကို အမျိုးမျိုးချက်ဖြစ်ပါတယ်။ ဝန်ထမ်းကလေးတွေက ကြိုက်တာမို့ ရာသီစာလေးကို အမျိုးမျိုးချက်ကျွေးဖြစ်တယ်။

မန်ကျည်းရွက် ထန်းသီးဆံချက်-

ထန်းသီးဆံနုနုလေးတွေကို အရင်ဆုံး အဆံထုတ်ထားပါနော်။ အရင်ဆုံး ကြက်သွန်နီ/ဖြူ ဆီသတ်။ ငပိလေး ပါတယ်ဆိုရုံ မဆိုသလောက်လေးထည့်။ ပြီး ထန်းသီးထည့်။ အရသာထည့်။ မန်ကျည်းရွက်ထည့်။ အချဉ်ဘက်ကဲအောင် မန်ကျည်းရွက် များများထည့်ပါတယ်။ငရုတ်သီးကြမ်းဖတ်လေး နည်းနည်းထည့်သလို အစပ်စားချင်တာကြောင့် ငရုတ်သီးစိမ်းကိုလည်း လေးစိတ်ကွဲထောင်းပြီး ထည့်ပါတယ်။ ထန်းသီးအစိမ်းနံ့ပျောက်ပြီး ဆီပြန်လာပြီ အိစက်နေပြီဆိုရင်တော့ ချလို့ရပါပြီ။ တချို့ကျ မဆလာလေးအုပ်သတဲ့။ ထမင်းနဲ့စားတာထက် ဒီအတိုင်း ထိုင်စားရတာ ပိုကြိုက်တယ်။ ကလေးတွေကတော့ ကြိုက်ကြသလား မမေးနဲ့။

ချဉ်ပေါင်ရွက် ထန်းသီးချက်-

မန်ကျည်းရွက်နဲ့ ထန်းသီးဆံချက်သလိုပါပဲ။ အဲ့နေ့က မန်ကျည်းရွက်ကုန်နေလို့ မန်ကျည်းရွက်အစား ချဉ်ပေါင်ရွက်သုံးလိုက်တာပ။ ချကာနီးကျ ပျဉ်းတော်သိမ်ရွက်ကလေး အုပ်လိုက်တာပေါ့။ ချဉ်ပေါင်ရွက်နဲ့ ချက်တာကို ပိုကြိုက်ပါတယ်။

နောက်တမျိုးက ဩဇာရွက်နဲ့လည်း ချက်စားကြသတဲ့။ ထန်းသီးက အချိုမို့ ဩဇာရွက်နဲ့ကျ အချိုဟင်းဖြစ်နေမှာမို့ချက်ကြည့်ဖို့ မကြိုးစားမိပါဘူး။ မန်ကျည်းရွက်/ချဉ်ပေါင်ရွက်နေရာ ဩဇာရွက်ခပ်ပြီး ချက်တာပါ။

ထန်းသီးချဉ်ကြော်-

ထန်းသီးချဉ်ကြော်ဖို့အတွက် ထန်းသီးဆံနုနုလေးတွေကို ကောက်ညှင်းဆန်နဲ့ ၁-ည သို့မဟုတ် ၁-ရက်စိမ်ရပါတယ်။ တချို့ကကျ ညစိမ်ထားပြီး မနက်ကျကြော်ပါတယ်။ တချို့ကျ ကိုယ်စပြီးအချဉ်စိမ်တဲ့အချိန်ကနေပြီး နောက်နေ့ အဲ့အချိန်ရောက်မှကြော်ပါတယ်။ ကောက်ညှင်းဆန်နဲ့ စိမ်ထားပြီး အချဉ်နံ့ထွက်လာတဲ့ ထန်းသီးချဉ်ကို ကြော်ဖို့အတွက် ကြက်သွန်နီ/ဖြူကို ဆီသတ်ပါတယ်။ နနွင်းမှုန့်ထည့်ပါတယ်။ ဆီသတ်တဲ့အခါမှာ ငပိအနည်းငယ်ထည့်ပြီး ဆီသတ်ပါတယ်။ ဆီသတ်နံ့မွှေးလာပြီဆိုရင် ငရုတ်သီးစိမ်းမှုန့် (အရောင်တင်/အနုမှုန့်) ထည့်ပါတယ်။

ပြီးရင် အချဉ်စိမ်ထားတဲ့ ထန်းသီးချဉ်ကို ထည့်ပါတယ်။ အဲဒီနောက် အရသာထည့်ပါတယ်။ကောက်ညှင်းဆန်ပါတာမို့ အချိန်ပေးရပါတယ်။ မပြတ်မွှေပေးနေရပါတယ်။ မဟုတ်ရင် ကပ်သွားတာမို့ပါ။ ကောက်ညှင်းဆန် ကျက်သွားတဲ့အခါမှာတော့ မီးဖိုပေါ်က ချလို့ရပါပြီ။သုံးဆောင်လို့ရပါပြီ။ အစပ်ကြိုက်နှစ်သက်ပါက မချခင်မှာ ငရုတ်ကြမ်းမှုန့် သို့ ငရုတ်သီးစိမ်းထည့်ပြီး ခဏမွှေပေးပါ။ ပြီးရင် အရသာ အပေါ့အငံမြည်းပြီး စိတ်တိုင်းကျပြီဆိုရင် မီးဖိုပေါ်ကချပြီး သုံးဆောင်လို့ရပါပြီ။ သူ့အရသာ သူ့ပုံစံက ဘာနဲ့ဆင်လည်းဆိုရင် ပုဂံညောင်ဦးဘက်က မြင်းကပါရွာဘုရားပွဲမှာကျွေးတဲ့ ငါးချဉ်နဲ့ အရသာဆင်ပါတယ်။ ထန်းသီးချဉ်ကြော်လေးကို ထမင်းနဲ့စားတာထက် သူ့ချည်းသက်သက်ကို ငါးခြောက်ဖုတ် ငါးကြော် အမဲခြောက်ဖုတ် စတာတွေနဲ့ တွဲဖက်စားရင် ပိုပြီး လိုက်ဖက်တယ်လို့ထင်မိ။

Credit-Nway Nway

(Zawgyi)

အညာစာစစ္စစ္ေလးေပါ့။ ထန္းသီးခ်က္ရာမွာ ထန္းသီးကို မႏုလြန္းမရင့္လြန္းတာကို ေ႐ြးရပါတယ္တဲ့။ ဒီရက္ပိုင္း ထန္းသီးဆံကို အမ်ိဳးမ်ိဳးခ်က္ျဖစ္ပါတယ္။ ဝန္ထမ္းကေလးေတြက ႀကိဳက္တာမို႔ ရာသီစာေလးကို အမ်ိဳးမ်ိဳးခ်က္ေကြၽးျဖစ္တယ္။

မန္က်ည္း႐ြက္ ထန္းသီးဆံခ်က္-

ထန္းသီးဆံႏုႏုေလးေတြကို အရင္ဆုံး အဆံထုတ္ထားပါေနာ္။ အရင္ဆုံး ၾကက္သြန္နီ/ျဖဴ ဆီသတ္။ ငပိေလး ပါတယ္ဆို႐ုံ မဆိုသေလာက္ေလးထည့္။ ၿပီး ထန္းသီးထည့္။ အရသာထည့္။ မန္က်ည္း႐ြက္ထည့္။ အခ်ဥ္ဘက္ကဲေအာင္ မန္က်ည္း႐ြက္မ်ားမ်ားထည့္ပါတယ္။င႐ုတ္သီးၾကမ္းဖတ္ေလး နည္းနည္းထည့္သလို အစပ္စားခ်င္တာေၾကာင့္ င႐ုတ္သီးစိမ္းကိုလည္း ေလးစိတ္ကြဲေထာင္းၿပီး ထည့္ပါတယ္။ ထန္းသီးအစိမ္းနံ႔ေပ်ာက္ၿပီး ဆီျပန္လာၿပီအိစက္ေနၿပီဆိုရင္ေတာ့ ခ်လို႔ရပါၿပီ။ တခ်ိဳ႕က် မဆလာေလးအုပ္သတဲ့။ ထမင္းနဲ႔စားတာထက္ ဒီအတိုင္း ထိုင္စားရတာပိုႀကိဳက္တယ္။ ကေလးေတြကေတာ့ ႀကိဳက္ၾကသလား မေမးနဲ႔။

ခ်ဥ္ေပါင္႐ြက္ ထန္းသီးခ်က္-

မန္က်ည္း႐ြက္နဲ႔ ထန္းသီးဆံခ်က္သလိုပါပဲ။ အဲ့ေန႔က မန္က်ည္း႐ြက္ကုန္ေနလို႔ မန္က်ည္း႐ြက္အစား ခ်ဥ္ေပါင္႐ြက္သုံးလိုက္တာပ။ ခ်ကာနီးက် ပ်ဥ္းေတာ္သိမ္႐ြက္ကေလး အုပ္လိုက္တာေပါ့။ ခ်ဥ္ေပါင္႐ြက္နဲ႔ ခ်က္တာကို ပိုႀကိဳက္ပါတယ္။

ေနာက္တမ်ိဳးက ဩဇာ႐ြက္နဲ႔လည္း ခ်က္စားၾကသတဲ့။ ထန္းသီးက အခ်ိဳမို႔ ဩဇာ႐ြက္နဲ႔က် အခ်ိဳဟင္းျဖစ္ေနမွာမို႔ခ်က္ၾကည့္ဖို႔ မႀကိဳးစားမိပါဘူး။ မန္က်ည္း႐ြက္/ခ်ဥ္ေပါင္႐ြက္ေနရာ ဩဇာ႐ြက္ခပ္ၿပီး ခ်က္တာပါ။

ထန္းသီးခ်ဥ္ေၾကာ္-

ထန္းသီးခ်ဥ္ေၾကာ္ဖို႔အတြက္ ထန္းသီးဆံႏုႏုေလးေတြကို ေကာက္ညႇင္းဆန္နဲ႔ ၁-ည သို႔မဟုတ္ ၁-ရက္စိမ္ရပါတယ္။ တခ်ိဳ႕ကက် ညစိမ္ထားၿပီး မနက္က်ေၾကာ္ပါတယ္။ တခ်ိဳ႕က် ကိုယ္စၿပီးအခ်ဥ္စိမ္တဲ့အခ်ိန္ကေနၿပီး ေနာက္ေန႔ အဲ့အခ်ိန္ေရာက္မွေၾကာ္ပါတယ္။ ေကာက္ညႇင္းဆန္နဲ႔ စိမ္ထားၿပီး အခ်ဥ္နံ႔ထြက္လာတဲ့ ထန္းသီးခ်ဥ္ကို ေၾကာ္ဖို႔အတြက္ ၾကက္သြန္နီ/ျဖဴကို ဆီသတ္ပါတယ္။ နႏြင္းမႈန႔္ထည့္ပါတယ္။ ဆီသတ္တဲ့အခါမွာ ငပိအနည္းငယ္ထည့္ၿပီး ဆီသတ္ပါတယ္။ ဆီသတ္နံ႔ေမႊးလာၿပီဆိုရင္ င႐ုတ္သီးစိမ္းမႈန႔္ (အေရာင္တင္/အႏုမႈန႔္) ထည့္ပါတယ္။

ၿပီးရင္ အခ်ဥ္စိမ္ထားတဲ့ ထန္းသီးခ်ဥ္ကို ထည့္ပါတယ္။ အဲဒီေနာက္ အရသာထည့္ပါတယ္။ေကာက္ညႇင္းဆန္ပါတာမို႔ အခ်ိန္ေပးရပါတယ္။ မျပတ္ေမႊေပးေနရပါတယ္။ မဟုတ္ရင္ ကပ္သြားတာမို႔ပါ။ ေကာက္ညႇင္းဆန္ က်က္သြားတဲ့အခါမွာေတာ့ မီးဖိုေပၚက ခ်လို႔ရပါၿပီ။သုံးေဆာင္လို႔ရပါၿပီ။ အစပ္ႀကိဳက္ႏွစ္သက္ပါက မခ်ခင္မွာ င႐ုတ္ၾကမ္းမႈန႔္ သို႔ င႐ုတ္သီးစိမ္းထည့္ၿပီး ခဏေမႊေပးပါ။ ၿပီးရင္ အရသာ အေပါ့အငံျမည္းၿပီး စိတ္တိုင္းက်ၿပီဆိုရင္ မီးဖိုေပၚကခ်ၿပီး သုံးေဆာင္လို႔ရပါၿပီ။ သူ႔အရသာ သူ႔ပုံစံက ဘာနဲ႔ဆင္လည္းဆိုရင္ ပုဂံေညာင္ဦးဘက္က ျမင္းကပါ႐ြာဘုရားပြဲမွာေကြၽးတဲ့ ငါးခ်ဥ္နဲ႔ အရသာဆင္ပါတယ္။ ထန္းသီးခ်ဥ္ေၾကာ္ေလးကို ထမင္းနဲ႔စားတာထက္ သူ႔ခ်ည္းသက္သက္ကို ငါးေျခာက္ဖုတ္ ငါးေၾကာ္ အမဲေျခာက္ဖုတ္ စတာေတြနဲ႔ တြဲဖက္စားရင္ ပိုၿပီး လိုက္ဖက္တယ္လို႔ထင္မိ။

Credit-Nway Nway

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top