ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူများအတွက် ပဲခေါက်ဆွဲပြုလုပ်နည်း။

ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူများအတွက် ပဲခေါက်ဆွဲပြုလုပ်နည်း။

(Unicode)

ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူများအတွက် ပဲခေါက်ဆွဲပြုလုပ်နည်း

ခေါက်ဆွဲချစ်သူတွေရော ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူတွေပါ ခံတွင်းတွေ့စေမယ့် ပဲခေါက်ဆွဲပြုလုပ်နည်း ဝေမျှပေးသွားချင်ပါတယ်။

ပါဝင်ပစ္စည်းများ –

ခေါက်ဆွဲ ပန်းကန်လုံးတစ်လုံးစာ၊ ဝက်သား သုံးထပ်သား ဝ.၅ ပေါင်၊ မုန်လာဥဖြူ တစ်ဝက်၊ အာလူး ၃ လုံး (အခွံခွာထားပြီး လက်မဝက်ကုဗတုံး တုံးထားပါ)၊ ကြက်သွန်နီ အကြီး ၁ ဥ၊ ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း၊ ပဲပိစပ်အနှစ် စားပွဲတင်ဇွန်း ၅ ဇွန်း၊

အာလူးမှုန့်အရည် (Potato Starch စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေ စားပွဲတင်ဇွန်း ၄ ဇွန်း၊ သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ဖြင့် သမအောင် ရောနှောထားလိုက်ပါ)၊ နှမ်းဆီလက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သခွားသီး တစ်ဝက် (အချောင်းလိုက် ပါးပါးလှီးထားပါ)။

ပြုလုပ်နည်း အဆင့်ဆင့် –

၁။ ဝက်သား၊ မုန်လာဥဖြူ၊ အာလူးနှင့် မုန်လာဥနီတို့ကို အရွယ်အစားတူအောင် လက်မဝက်ကုဗတုံးပုံသဏ္ဍာန်ဖြင့် လှီးဖြတ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ထို့နောက် ဝက်သားများထည့်ပြီး ၄ မိနစ်၊  မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ ဝက်သားများ ရွှေညိုရောင် ပြောင်းသွားပါက ဝက်သားတုံးများကို ဝက်သားအဆီများကို ပန်းကန်ထဲတွင် သပ်သပ်ဖယ်ထည့်ထားလိုက်ပါ။

၃။ မုန်လာဥဖြူထည့်ပြီး ၁ မိနစ်ခန့်ကြော်ပါ။ ထို့နောက် အာလူးနှင့် ကြက်သွန်နီတို့ထည့်ပြီး ၃ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၄။ ထို့နောက် ဒယ်အိုးထဲသို့ ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီးနောက် ပဲပိစပ်အနှစ် စားပွဲတင်ဇွန်း ၅ ဇွန်းထည့်ကာ တစ်မိနစ်ခန့် သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ရေ ၅၀၀ မီလီလီတာထည့်ကာ အိုးအဖုံးအုပ်ထားပြီးနောက် ၁၀ မိနစ်ခန့် တည်ထားလိုက်ပါ။

၅။ ဆယ်မိနစ်ပြည့်ပါက အာလူးနှင့် မုန်လာဥတို့ကို အနည်းငယ်ယူပြီး အရသာမြည်းစမ်းကြည့်လိုက်ပါ။ အာလူးနှင့် မုန်လာဥများ ကျက်သွားပါက အာလူးမှုန့်အရည်များ နည်းနည်းချင်းစီ လောင်းထည့်ပြီး သမအောင် မွှေပေးရပါမယ်။

၆။ အာလူးမှုန့်အရည်များ ပျစ်သွားသည်အထိ မွှေပြီးတဲ့နောက်မှာတော့ နှမ်းဆီ ထည့်ကာ မီးဖိုပေါ်ကချလိုက်လို့ရပါပြီ။ ရရှိလာတဲ့ အာလူး ပဲပိစပ်အနှစ်များကို ခေါက်ဆွဲပေါ် ဆမ်းထည့်လိုက်ပါ။ သခွားသီး အနည်းငယ် ထည့်ပြီးတဲ့နောက်မှာတော့ သမအောင် မွှေပေးလိုက်ပါ။

ခေါက်ဆွဲနဲ့ တွဲမစားချင်ဘူးဆိုရင်တော့ ထမင်းနဲ့ ရောနယ်ပြီး ပဲထမင်းအဖြစ် စားသုံးနိုင်ပါသေးတယ်။

Source: maangchi. com

Credit-MyFood Myanmar

(Zawgyi)

ကိုရီးယားအစားအစာ ႀကိဳက္ႏွစ္သက္သူမ်ားအတြက္ ပဲေခါက္ဆြဲျပဳလုပ္နည္း

ေခါက္ဆြဲခ်စ္သူေတြေရာ ကိုရီးယားအစားအစာ ႀကိဳက္ႏွစ္သက္သူေတြပါ ခံတြင္းေတြ႕ေစမယ့္ ပဲေခါက္ဆြဲျပဳလုပ္နည္း ေဝမွ်ေပးသြားခ်င္ပါတယ္။

ပါဝင္ပစၥည္းမ်ား –

ေခါက္ဆြဲ ပန္းကန္လုံးတစ္လုံးစာ၊ ဝက္သား သုံးထပ္သား ဝ.၅ ေပါင္၊ မုန္လာဥျဖဴ တစ္ဝက္၊ အာလူး ၃ လုံး (အခြံခြာထားၿပီး လက္မဝက္ကုဗတုံး တုံးထားပါ)၊ ၾကက္သြန္နီ အႀကီး ၁ ဥ၊ ဟင္း႐ြက္ဆီ စားပြဲတင္ဇြန္း ၃ ဇြန္း၊ ပဲပိစပ္အႏွစ္ စားပြဲတင္ဇြန္း ၅ ဇြန္း၊

အာလူးမႈန႔္အရည္ (Potato Starch စားပြဲတင္ဇြန္း ၂ ဇြန္းကို ေရ စားပြဲတင္ဇြန္း ၄ ဇြန္း၊ သၾကားလက္ဖက္ရည္ဇြန္း ၁ ဇြန္းတို႔ျဖင့္ သမေအာင္ ေရာေႏွာထားလိုက္ပါ)၊ ႏွမ္းဆီလက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ သခြားသီး တစ္ဝက္ (အေခ်ာင္းလိုက္ ပါးပါးလွီးထားပါ)။

ျပဳလုပ္နည္း အဆင့္ဆင့္ –

၁။ ဝက္သား၊ မုန္လာဥျဖဴ၊ အာလူးႏွင့္ မုန္လာဥနီတို႔ကို အ႐ြယ္အစားတူေအာင္ လက္မဝက္ကုဗတုံးပုံသ႑ာန္ျဖင့္ လွီးျဖတ္ထားလိုက္ပါ။

၂။ ဒယ္အိုးကို အပူေပးၿပီး ဟင္း႐ြက္ဆီ စားပြဲတင္ဇြန္း ၁ ဇြန္းထည့္ပါ။ ထို႔ေနာက္ ဝက္သားမ်ားထည့္ၿပီး ၄ မိနစ္၊  မိနစ္ခန႔္ ေမႊေၾကာ္ေပးလိုက္ပါ။ ဝက္သားမ်ား ေ႐ႊညိဳေရာင္ ေျပာင္းသြားပါက ဝက္သားတုံးမ်ားကို ဝက္သားအဆီမ်ားကို ပန္းကန္ထဲတြင္ သပ္သပ္ဖယ္ထည့္ထားလိုက္ပါ။

၃။ မုန္လာဥျဖဴထည့္ၿပီး ၁ မိနစ္ခန႔္ေၾကာ္ပါ။ ထို႔ေနာက္ အာလူးႏွင့္ ၾကက္သြန္နီတို႔ထည့္ၿပီး ၃ မိနစ္ခန႔္ ေမႊေၾကာ္ေပးလိုက္ပါ။

၄။ ထို႔ေနာက္ ဒယ္အိုးထဲသို႔ ဟင္း႐ြက္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္းထည့္ၿပီးေနာက္ ပဲပိစပ္အႏွစ္ စားပြဲတင္ဇြန္း ၅ ဇြန္းထည့္ကာ တစ္မိနစ္ခန႔္ သမေအာင္ ေမႊေပးလိုက္ပါ။ ထို႔ေနာက္ ေရ ၅၀၀ မီလီလီတာထည့္ကာ အိုးအဖုံးအုပ္ထားၿပီးေနာက္ ၁၀ မိနစ္ခန႔္ တည္ထားလိုက္ပါ။

၅။ ဆယ္မိနစ္ျပည့္ပါက အာလူးႏွင့္ မုန္လာဥတို႔ကို အနည္းငယ္ယူၿပီး အရသာျမည္းစမ္းၾကည့္လိုက္ပါ။ အာလူးႏွင့္ မုန္လာဥမ်ား က်က္သြားပါက အာလူးမႈန႔္အရည္မ်ား နည္းနည္းခ်င္းစီ ေလာင္းထည့္ၿပီး သမေအာင္ ေမႊေပးရပါမယ္။

၆။ အာလူးမႈန႔္အရည္မ်ား ပ်စ္သြားသည္အထိ ေမႊၿပီးတဲ့ေနာက္မွာေတာ့ ႏွမ္းဆီ ထည့္ကာ မီးဖိုေပၚကခ်လိုက္လို႔ရပါၿပီ။ ရရွိလာတဲ့ အာလူး ပဲပိစပ္အႏွစ္မ်ားကို ေခါက္ဆြဲေပၚ ဆမ္းထည့္လိုက္ပါ။ သခြားသီး အနည္းငယ္ ထည့္ၿပီးတဲ့ေနာက္မွာေတာ့ သမေအာင္ ေမႊေပးလိုက္ပါ။

ေခါက္ဆြဲနဲ႔ တြဲမစားခ်င္ဘူးဆိုရင္ေတာ့ ထမင္းနဲ႔ ေရာနယ္ၿပီး ပဲထမင္းအျဖစ္ စားသုံးႏိုင္ပါေသးတယ္။

Source: maangchi. com

Credit-MyFood Myanmar

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top