ပဲပင်ပေါက် အလွှာလိုက် ဖောက်နည်း။

ပဲပင်ပေါက် အလွှာလိုက် ဖောက်နည်း။

(Unicode)

ပဲပင်ပေါက် အလွှာလိုက် ဖောက်နည်း

ယခု ပဲပင်ပေါက် ဖောက်နည်းမှာ အိမ်တွင်း စိုက်ပျိုးရုံသာမက စီးပွားဖြစ် စိုက်ပျိုးလိုသူများအတွက်ပါ စိုက်ပျိုးနိုင်ပါသည်။ ရိုးရှင်းပြီး လွယ်လွယ်ကူကူ ပြုနိုင်သဖြင့် ကိုယ်တိုင်ပြုနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ အောက်ဖော်ပြပါ အဆင့်များကို တစ်ဆင့်ချင်း သေချာဖတ်ပြီး လုပ်ဆောင်စေလိုပါတယ်။

၁။ မျိုးရွေးချယ်ခြင်း

ပဲအမျိုးအစား အားလုံးနီးပါးက အပင်ဖောက်လို့ရပါတယ်။ ဒါပေမယ့် အစေ့သေးတဲ့ ပဲအမျိုးအစားကတော့ ကျန်းမာရေးအတွက် သင့်တော်တဲ့ ရွေးချယ်မှုတစ်ခုပါပဲ။ အစေ့ကြီးတဲ့ မျိုးတွေမှာ ဆိုရင်တော့ စိုစွတ်မှု အချိန်ကြာလာတာနဲ့ အမျှ မှိုတက်ဖို့ အလားအလာများပါတယ်။ အသုံးပြုမည့် ပဲကို ရေ(၈) နာရီခန့် ကြိုတင် စိမ်ထားဖို့ လိုအပ်ပါတယ်။

-ပဲတီစိမ်းက အညှောင့်ဖောက်ဖို့အတွက် အသုံးအများဆုံး ပဲမျိုးဖြစ်ပါတယ်။ -အခြား အစေ့သေးတဲ့ ပဲမျိုးတွေလည်း အသုံးပြုနိုင်ပါတယ်။

၂။ အသုံးပြုမည့် ပုံး

မိသားစု တစ်နိုင်တစ်ပိုင် မှ စီးပွားဖြစ်စိုက်ပျိုးသည်အထိ လုပ်ဆောင်နိုင်သည့်အတွက် အသုံးပြုမည့် ပုံးအရွယ်ကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ကော်ပုံး၊ ခြင်းတောင်း၊ ကွန်ကရစ်ခွေ စသဖြင့် အသုံးပြုနိုင်ပါတယ်။ အသုံးပြုမည့် ပုံးက အလင်းရောင် အဖောက်ဖို့ လိုအပ်ပါတယ်။ ပုံးက အလင်းရောင်ဖောက်(အကြည်ပုံး) ဖြစ်နေရင်တော့ ပဲစေ့ထည့်ပြီး အလင်းရောင်မဖောက်နိုင်တဲ့ ပုံးကြီး အဝတ်တို့နဲ့ အုပ်ထားဖို့ လိုအပ်တယ်။ ပုံးတွေရဲ့ အောက်ခြေမှာ ရေစစ်ကျနိုင်ဖို့ ပေါက်လေးတွေ ဖောက်ထားဖို့ လိုအပ်ပါတယ်။

၃။ လိုအပ်သော ပစ္စည်းများ-

ပဲတီစိမ်း၊ ကော်ဇကာ(ပုံတွင် ပြထား)၊ ဂုံနီအိတ်၊ ကျောက်စရစ်ခဲ

ပုံတွင် ဖောက်ထားသော ပိုက်ဇကာကို အိမ်ဆောက်ပစ္စည်းဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ မရှိပါက ဝါးဇကာ အသုံးပြုနိုင်ပါတယ်။ အပေါက်အရွယ်အစားမှာ ပဲတီစိမ်း အစေ့များ အောက်ကို မကျနိုင်တဲ့ အရွယ်ဖြစ်ဖို့ လိုပါတယ်။

၃။ ပြုလုပ်နည်း အဆင့်ဆင့်

(က) ပုံးရဲ့ အောက်ခြေကို ရေသေချာဆေးထားတဲ့ ကျောက်စရစ်ခဲလေးတွေကို ခင်းပေးပါ။ ဒါမှ ပုံးထဲမှာ ရေအိုင်မနေဘဲ အလွယ်တကူ ထွက်သွားနိုင်မှာ ဖြစ်ပါတယ်။ ကွန်ကရစ်ခွေ အသုံးပြုပါက အောက်ခြေတွင် စက်ဘီးတာယာ ခင်းပြီး အပေါ်ကနေ သံဇကာကွက်စိပ်ကို ပုံမှာ ပြထားသလို ခင်းပြီး အသုံးပြုနိုင်ပါတယ်။

(ခ) ပြီးနောက် ဂုံနီအိတ်ကို အသုံးပြုမည့် ပုံး၊ တောင်း၊ ကွန်ကရစ်ခွေ အဝိုင်းအတိုင်း ဖြစ်ထားပါ။ လေးထောင့်ပုံးများဖြစ်ပါက ဂုံနီအိတ်ကိုလည်း ပုံးအတိုင်း လေးထောင့် ဖြတ်ဖို့ လိုအပ်ပါတယ်။ ဖြတ်ထားသော ဂုံနီအိတ်အစ(၂) စကို ကျောက်စရစ်ခဲရဲ့ ပေါ်မှာ ခင်းပါ။ အစ(၂) စ အသုံးပြုရခြင်းမှာ အောက်ခံ မျက်နှာပြင် တောင့်တင်းစေရန်နှင့် ရေအစိုဓာတ်ကို ထိန်းထားနိုင်ရန် ဖြစ်ပါတယ်။

(ဂ) ကော်ဇကာကိုလည်း ဂုံနီအိတ် အရွယ်အတိုင်း ဖတ်ထားပါ။ ကော်ဇကာ ကို ဂုံနီအိတ် ပေါ်မှာ(၁)ထပ် ထပ်တင်ပါ။

(ဃ) ကော်ဇကာပေါ်မှာ ရေ(၈) နာရီစိမ်ထားသော ပဲတီစိမ်းကို ပါးပါးလေး ထည့်ပေးပါ။ ထူထူထည့်လိုက်ပါက အပင်ပေါက်များ ကျပ်လာရုံသာမက မှိုများ အလွယ်တကူ ကျရောက်နိုင်ပါတယ်။

(င) အခုဆို အလွှာတစ်လွှာအတွက် လိုအပ်တဲ့ အဆင့်တွေ ပြီးသွားပါပြီ။ နောက်တစ်လွှာအတွက် ဖြတ်ထားသော ဂုံနီအိတ် အစ(၂) စ ကို ပဲတီစိမ်းအစေ့တွေရဲ့ အပေါ်မှာ ထပ်ခင်းပါ။

(စ) ဂုံနီအိတ်ပေါ်မှာ ကော်ဇကာ ထည့်ပြီးနောက် ပဲတီစိမ်း ကို ပါးပါးထည့်ပေးပါ။ ဤနည်းဖြင့် အလွှာ(၄) လွှာအထိ ပြုလုပ်နိုပါတယ်။

(ဆ) ၄ လွှာ ပြီးထည့်ပြီးနောက် အပေါ်ဆုံးကနေ ဂုံနီအိတ်(၂) စ ထပ်တင်ထားပေးပါ။ ပြီးနောက် ရေကို စိုရွဲသွားအောင် များများ လောင်းထည့်ပေးပါ။ ပြီးနောက် အပေါ်ကနေ ငှက်ပျောက်ရွက် သို့မဟုတ် တစ်ခုခု ဖြင့် ဖုံးအပ်ထားပေးပါ။

(၄) ပြုစုနည်း

(က) ပြုလုပ်သည့် နေရာဒေသနှင့် ရာသီဥတုပေါ် မူတည်၍ ရေကို သုံးနာရီခြား တစ်ခါ လောက် လောင်းပေးဖို့ လိုအပ်ပါတယ်။ လောင်းတိုင်းမှာ ရေကောင်းစွာ စိုစွတ်နေစေရန် များများ လောင်းပေးဖို့ လိုအပ်ပါတယ်။ ည မအိပ်ခင်မှာလည်း နောက်ဆုံး တစ်ကြိမ်လောက် လောင်းပြီးမှ အိပ်ပါ။ ဒီနည်းအတိုင်း ပဲပင်ပေါက် ရလာသည့်အထိ ရေလောင်းပါ။

(ခ) ၃၆ နာရီလောက် ကြာရင်တော့ ပဲပင်ပေါက်များ ရရှိလာပါပြီ

(ဂ) ပဲပင်ပေါက်များကို ဆွဲထုတ်လိုက်ပါက အလွှာလိုက် ထွက်လာမှာ ဖြစ်ပါတယ်။ ထိုအလွှာကို ကြည့်လိုက်ပါက အပေါ်မှာ ပဲစေ့ အခွံလေးတွေ ကပ်နေမှာ ဖြစ်ပါတယ်။ အဲဒါတွေကို ခါချဖို့ ရေဇလုံထဲမှာ ပဲပင်ပေါက်အလွှာကို မှောက်လျက်ထားပြီး ရေဆေးလိုက်ပါက အစေ့ခွံများ ကျသွားမည် ဖြစ်ပါ။

(ဃ) ပဲပင်ပေါက်ရဲ့ အမြစ်တွေကို ကော်ဇကာကို ဖောက်ပြီး ဂုံနီအိတ်ထဲမှာ ဝင်ရောက်နေတဲ့အတွက် ဇကာနားကို ကပ်ပြီး ဓားနဲ့ ခြစ်ခလိုက်ပါက အမြစ်မပါတဲ့ ပဲပင်ပေါက်များ ရရှိမည် ဖြစ်ပါတယ်။

အထက်ဖော်ပြပါနည်းမှာ ရိုးရှင်းလွယ်ကူပြီး လိုက်လုပ်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ပါတယ်။ ဒါကြောင့် ဒီနည်းလေးအတိုင်း လိုက်လုပ်၍ မိမိအိမ်မှာ သန့်ရှင်းလတ်ဆက်တဲ့ ပဲပင်ပေါက်များကို ကိုယ်တိုင် လုပ်ဆောင်နိုင်ပါပြီ။ ဗဟုသုတအနေဖြင့် ပဲတီစိမ်း တစ်ပိဿာ ဖောက်ပါက ပဲပင်ပေါက်(၄) ပိဿာ ရရှိမည် ဖြစ်ပါတယ်။

Credit-greenwaymyanmar

(Zawgyi)

ပဲပင္ေပါက္ အလႊာလိုက္ ေဖာက္နည္း

ယခု ပဲပင္ေပါက္ ေဖာက္နည္းမွာ အိမ္တြင္း စိုက္ပ်ိဳး႐ုံသာမက စီးပြားျဖစ္ စိုက္ပ်ိဳးလိုသူမ်ားအတြက္ပါ စိုက္ပ်ိဳးႏိုင္ပါသည္။ ႐ိုးရွင္းၿပီး လြယ္လြယ္ကူကူ ျပဳႏိုင္သျဖင့္ ကိုယ္တိုင္ျပဳႏိုင္လိမ့္မည္ဟု ယုံၾကည္ပါသည္။ ေအာက္ေဖာ္ျပပါ အဆင့္မ်ားကို တစ္ဆင့္ခ်င္း ေသခ်ာဖတ္ၿပီး လုပ္ေဆာင္ေစလိုပါတယ္။

၁။ မ်ိဳးေ႐ြးခ်ယ္ျခင္း

ပဲအမ်ိဳးအစား အားလုံးနီးပါးက အပင္ေဖာက္လို႔ရပါတယ္။ ဒါေပမယ့္ အေစ့ေသးတဲ့ ပဲအမ်ိဳးအစားကေတာ့ က်န္းမာေရးအတြက္ သင့္ေတာ္တဲ့ ေ႐ြးခ်ယ္မႈတစ္ခုပါပဲ။ အေစ့ႀကီးတဲ့ မ်ိဳးေတြမွာ ဆိုရင္ေတာ့ စိုစြတ္မႈ အခ်ိန္ၾကာလာတာနဲ႔ အမွ် မႈိတက္ဖို႔ အလားအလာမ်ားပါတယ္။ အသုံးျပဳမည့္ ပဲကို ေရ(၈) နာရီခန႔္ ႀကိဳတင္ စိမ္ထားဖို႔ လိုအပ္ပါတယ္။

-ပဲတီစိမ္းက အေညႇာင့္ေဖာက္ဖို႔အတြက္ အသုံးအမ်ားဆုံး ပဲမ်ိဳးျဖစ္ပါတယ္။ -အျခား အေစ့ေသးတဲ့ ပဲမ်ိဳးေတြလည္း အသုံးျပဳႏိုင္ပါတယ္။

၂။ အသုံးျပဳမည့္ ပုံး

မိသားစု တစ္ႏိုင္တစ္ပိုင္ မွ စီးပြားျဖစ္စိုက္ပ်ိဳးသည္အထိ လုပ္ေဆာင္ႏိုင္သည့္အတြက္ အသုံးျပဳမည့္ ပုံးအ႐ြယ္ကို ေ႐ြးခ်ယ္ဖို႔ လိုအပ္ပါတယ္။ ေကာ္ပုံး၊ ျခင္းေတာင္း၊ ကြန္ကရစ္ေခြ စသျဖင့္ အသုံးျပဳႏိုင္ပါတယ္။ အသုံးျပဳမည့္ ပုံးက အလင္းေရာင္ အေဖာက္ဖို႔ လိုအပ္ပါတယ္။ ပုံးက အလင္းေရာင္ေဖာက္(အၾကည္ပုံး) ျဖစ္ေနရင္ေတာ့ ပဲေစ့ထည့္ၿပီး အလင္းေရာင္မေဖာက္ႏိုင္တဲ့ ပုံးႀကီး အဝတ္တို႔နဲ႔ အုပ္ထားဖို႔ လိုအပ္တယ္။ ပုံးေတြရဲ႕ ေအာက္ေျခမွာ ေရစစ္က်ႏိုင္ဖို႔ ေပါက္ေလးေတြ ေဖာက္ထားဖို႔ လိုအပ္ပါတယ္။

၃။ လိုအပ္ေသာ ပစၥည္းမ်ား-

ပဲတီစိမ္း၊ ေကာ္ဇကာ(ပုံတြင္ ျပထား)၊ ဂုံနီအိတ္၊ ေက်ာက္စရစ္ခဲ

ပုံတြင္ ေဖာက္ထားေသာ ပိုက္ဇကာကို အိမ္ေဆာက္ပစၥည္းဆိုင္မ်ားတြင္ အလြယ္တကူ ဝယ္ယူႏိုင္ပါတယ္။ မရွိပါက ဝါးဇကာ အသုံးျပဳႏိုင္ပါတယ္။ အေပါက္အ႐ြယ္အစားမွာ ပဲတီစိမ္း အေစ့မ်ား ေအာက္ကို မက်ႏိုင္တဲ့ အ႐ြယ္ျဖစ္ဖို႔ လိုပါတယ္။

၃။ ျပဳလုပ္နည္း အဆင့္ဆင့္

(က) ပုံးရဲ႕ ေအာက္ေျခကို ေရေသခ်ာေဆးထားတဲ့ ေက်ာက္စရစ္ခဲေလးေတြကို ခင္းေပးပါ။ ဒါမွ ပုံးထဲမွာ ေရအိုင္မေနဘဲ အလြယ္တကူ ထြက္သြားႏိုင္မွာ ျဖစ္ပါတယ္။ ကြန္ကရစ္ေခြ အသုံးျပဳပါက ေအာက္ေျခတြင္ စက္ဘီးတာယာ ခင္းၿပီး အေပၚကေန သံဇကာကြက္စိပ္ကို ပုံမွာ ျပထားသလို ခင္းၿပီး အသုံးျပဳႏိုင္ပါတယ္။

(ခ) ၿပီးေနာက္ ဂုံနီအိတ္ကို အသုံးျပဳမည့္ ပုံး၊ ေတာင္း၊ ကြန္ကရစ္ေခြ အဝိုင္းအတိုင္း ျဖစ္ထားပါ။ ေလးေထာင့္ပုံးမ်ားျဖစ္ပါက ဂုံနီအိတ္ကိုလည္း ပုံးအတိုင္း ေလးေထာင့္ ျဖတ္ဖို႔ လိုအပ္ပါတယ္။ ျဖတ္ထားေသာ ဂုံနီအိတ္အစ(၂) စကို ေက်ာက္စရစ္ခဲရဲ႕ ေပၚမွာ ခင္းပါ။ အစ(၂) စ အသုံးျပဳရျခင္းမွာ ေအာက္ခံ မ်က္ႏွာျပင္ ေတာင့္တင္းေစရန္ႏွင့္ ေရအစိုဓာတ္ကို ထိန္းထားႏိုင္ရန္ ျဖစ္ပါတယ္။

(ဂ) ေကာ္ဇကာကိုလည္း ဂုံနီအိတ္ အ႐ြယ္အတိုင္း ဖတ္ထားပါ။ ေကာ္ဇကာ ကို ဂုံနီအိတ္ ေပၚမွာ(၁)ထပ္ ထပ္တင္ပါ။

(ဃ) ေကာ္ဇကာေပၚမွာ ေရ(၈) နာရီစိမ္ထားေသာ ပဲတီစိမ္းကို ပါးပါးေလး ထည့္ေပးပါ။ ထူထူထည့္လိုက္ပါက အပင္ေပါက္မ်ား က်ပ္လာ႐ုံသာမက မႈိမ်ား အလြယ္တကူ က်ေရာက္ႏိုင္ပါတယ္။

(င) အခုဆို အလႊာတစ္လႊာအတြက္ လိုအပ္တဲ့ အဆင့္ေတြ ၿပီးသြားပါၿပီ။ ေနာက္တစ္လႊာအတြက္ ျဖတ္ထားေသာ ဂုံနီအိတ္ အစ(၂) စ ကို ပဲတီစိမ္းအေစ့ေတြရဲ႕ အေပၚမွာ ထပ္ခင္းပါ။

(စ) ဂုံနီအိတ္ေပၚမွာ ေကာ္ဇကာ ထည့္ၿပီးေနာက္ ပဲတီစိမ္း ကို ပါးပါးထည့္ေပးပါ။ ဤနည္းျဖင့္ အလႊာ(၄) လႊာအထိ ျပဳလုပ္ႏိုပါတယ္။

(ဆ) ၄ လႊာ ၿပီးထည့္ၿပီးေနာက္ အေပၚဆုံးကေန ဂုံနီအိတ္(၂) စ ထပ္တင္ထားေပးပါ။ ၿပီးေနာက္ ေရကို စို႐ြဲသြားေအာင္ မ်ားမ်ား ေလာင္းထည့္ေပးပါ။ ၿပီးေနာက္ အေပၚကေန ငွက္ေပ်ာက္႐ြက္ သို႔မဟုတ္ တစ္ခုခု ျဖင့္ ဖုံးအပ္ထားေပးပါ။

(၄) ျပဳစုနည္း

(က) ျပဳလုပ္သည့္ ေနရာေဒသႏွင့္ ရာသီဥတုေပၚ မူတည္၍ ေရကို သုံးနာရီျခား တစ္ခါ ေလာက္ ေလာင္းေပးဖို႔ လိုအပ္ပါတယ္။ ေလာင္းတိုင္းမွာ ေရေကာင္းစြာ စိုစြတ္ေနေစရန္ မ်ားမ်ား ေလာင္းေပးဖို႔ လိုအပ္ပါတယ္။ ည မအိပ္ခင္မွာလည္း ေနာက္ဆုံး တစ္ႀကိမ္ေလာက္ ေလာင္းၿပီးမွ အိပ္ပါ။ ဒီနည္းအတိုင္း ပဲပင္ေပါက္ ရလာသည့္အထိ ေရေလာင္းပါ။

(ခ) ၃၆ နာရီေလာက္ ၾကာရင္ေတာ့ ပဲပင္ေပါက္မ်ား ရရွိလာပါၿပီ

(ဂ) ပဲပင္ေပါက္မ်ားကို ဆြဲထုတ္လိုက္ပါက အလႊာလိုက္ ထြက္လာမွာ ျဖစ္ပါတယ္။ ထိုအလႊာကို ၾကည့္လိုက္ပါက အေပၚမွာ ပဲေစ့ အခြံေလးေတြ ကပ္ေနမွာ ျဖစ္ပါတယ္။ အဲဒါေတြကို ခါခ်ဖို႔ ေရဇလုံထဲမွာ ပဲပင္ေပါက္အလႊာကို ေမွာက္လ်က္ထားၿပီး ေရေဆးလိုက္ပါက အေစ့ခြံမ်ား က်သြားမည္ ျဖစ္ပါ။

(ဃ) ပဲပင္ေပါက္ရဲ႕ အျမစ္ေတြကို ေကာ္ဇကာကို ေဖာက္ၿပီး ဂုံနီအိတ္ထဲမွာ ဝင္ေရာက္ေနတဲ့အတြက္ ဇကာနားကို ကပ္ၿပီး ဓားနဲ႔ ျခစ္ခလိုက္ပါက အျမစ္မပါတဲ့ ပဲပင္ေပါက္မ်ား ရရွိမည္ ျဖစ္ပါတယ္။

အထက္ေဖာ္ျပပါနည္းမွာ ႐ိုးရွင္းလြယ္ကူၿပီး လိုက္လုပ္ႏိုင္မည္ဟု အျပည့္အဝ ယုံၾကည္ပါတယ္။ ဒါေၾကာင့္ ဒီနည္းေလးအတိုင္း လိုက္လုပ္၍ မိမိအိမ္မွာ သန႔္ရွင္းလတ္ဆက္တဲ့ ပဲပင္ေပါက္မ်ားကို ကိုယ္တိုင္ လုပ္ေဆာင္ႏိုင္ပါၿပီ။ ဗဟုသုတအေနျဖင့္ ပဲတီစိမ္း တစ္ပိႆာ ေဖာက္ပါက ပဲပင္ေပါက္(၄) ပိႆာ ရရွိမည္ ျဖစ္ပါတယ္။

Credit-greenwaymyanmar

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top