ဆေးစုံနေပြီဆိုတဲ့ ခါးနာနေသူများအတွက် ဆေးနည်းပေါင်းချုပ်။

ဆေးစုံနေပြီဆိုတဲ့ ခါးနာနေသူများအတွက် ဆေးနည်းပေါင်းချုပ်။

(Unicode)

ဆေးစုံနေပြီဆိုတဲ့ ခါးနာတတ်သူများအတွက် ဆေးနည်းပေါင်းချုပ်။

ခါးနာအတွက် ဆေးနည်းတိုများ-

သက်ရင်းကြီးရွက်များကို ခါးတွင်ကပ်ပြီး အဝတ်ဖြင့်စည်းထားပါ။ (၂)နာရီကြာလျှင်၊ ယားလာလျှင် ဖြည်ပေးပါ။ -သက်ရင်းကြီးရွက် (၇)ရွက်ကို အိပ်ယာအောက်တွင် ခင်းအိပ်လျှင် ခါးနာသက်သာသည်ဟု ရှေးလူကြီးများ သုံးကြသည်။ -ကိုရန်ကြီး(ခတ္တာပင်) အရွက်ကို ပျော့အောင် မီးကင်ပါ။ မုံညှင်းဆီ(သို့) နှမ်းဆီသုပ်ပြီး ခါးတွင်ကပ်ပြီး အဝတ်ဖြင့် ပတ်စည်းထားပါ။

ဗာဒံရွက်(ဗန်ဒါရွက်) အစိမ်းရောင်အရွက်နုကို ခါးတွင်၃ရွက်ခန့် ကပ်ပြီး ခါးနာလျှင် ပတ်သည့်ခါးပတ်ဖြင့် ပတ်ထားလျှင် ခါးကြောညပ်၊ ခါးဆစ်နာသက်သာစေသည်။ -သင်္ဘောရွက်ကို ပျော့အောင် ရေနွေးစိမ် ခါးတွင်ကပ်ပြီး ပတ်ထားလျှင် သက်သာစေသည်။ -ချင်းခြောက်မှုန့် ၂ဆ၊ လင်းနေမှုန့် ၁ဆ၊ သစ်ကြံပိုးခေါက်မှုန့် ၁ဆ ရောစပ်။ ရေနွေးဖြင့် ကျေညက်အောင် ခေါက်ဖျော်ပြီး ဂွမ်း(သို့) ပတ်တီးစပေါ်တွင် သုပ်လိမ်း၊ ခါးတွင်ကပ်ပြီး အိပ်လျှင် ခါးနာ၊ ကျီးပေါင်းတက်နာ သက်သာစေနိုင်သည်။

တောရှောက်မြစ်၊ ဝံအူမြစ်၊ စာသူငယ်ဦးနှောက်၊ ပိတောက်သားအနှစ်တို့ကို သွေးပြီးလိမ်းပေး(သို့) အမှုန့်ကြိတ်၊ ရေဖြင့်ဖျော်လိမ်းပေးပါက ခါးနာသက်သာစေသည်။-မိဿလင်ဥ(သို့) အမှုန့်ကို ကြပ်ထုပ်လုပ်ပြီး ရေနွေးငွေ့ခံ ထိုးပေးလျှင် ခါးကိုက်၊ လှည့်စောင်းမရ ဝေဒနာ သက်သာစေသည်။-ဆားခါးထုပ်ကို ရေစိမ်ကန်တွင် ထည့်ဖျော်ပြီး စိမ်ပေးလျှင် ခါးနာသက်သာစေသည်။-ဆေးခါးကြီး(သို့) ရှမ်းဆေးခါးပင်ပြုပ်ရည်ကို အကြမ်းပန်းကန်တစ်လုံးစာ နံနက်၊ ညသောက်လျှင် ခါးနာစွဲနေသူ သက်သာစေသည်။-ဓာတ်စာအနေဖြင့် ခွေးတောက်ရွက်နှင့် ကြက်ရိုးဟင်းချို ချက်သောက်ပါ။

ခါးနာအတွက် ဆေးပရုပ်ဆီချက်နည်း-

မင်သော်ဆီ ၂ကျပ်သား။ မီသိုင်း ၃ကျပ်သား။ ပက်ပါမင် ၅ကျပ်သား။ ပရုပ် ၂၄ကျပ်သား။ ထင်းရှူးဆီ ၁၀ကျပ်သား။ မုံညှင်းဆီ ၄၀ကျပ်သား။ ပျားဖယောင်း ၁၆ကျပ်သား။

( မုံညှင်းဆီ အရင်တည်။ ဆူပြီးမှ ဆေးမယ်များ အဆင့်ဆင့်ထည့်သွား။ မီးဖိုပေါ်မှ ချပြီးမှ နောက်ဆုံးပျားဖယောင်းထည့်ပါ။ မအေးခဲမီ ဖန်ပုလင်းငယ်များတွင် ခွဲထည့်ပါ။ အေးခဲလျှင် ဆေးပရုပ်ဆီ ဖြစ်ပါပြီ)

Credit-ဆရာကြည်လွင်မြင့် (မုဒြာ)

(Zawgyi)

ေဆးစံုေနၿပီဆိုတဲ့ ခါးနာတတ္သူမ်ားအတြက္ ေဆးနည္းေပါင္းခ်ဳပ္။

ခါးနာအတြက္ ေဆးနည္းတိုမ်ား-

သက္ရင္းႀကီး႐ြက္မ်ားကို ခါးတြင္ကပ္ၿပီး အဝတ္ျဖင့္စည္းထားပါ။ (၂)နာရီၾကာလွ်င္၊ ယားလာလွ်င္ ျဖည္ေပးပါ။ -သက္ရင္းႀကီး႐ြက္ (၇)႐ြက္ကို အိပ္ယာေအာက္တြင္ ခင္းအိပ္လွ်င္ ခါးနာသက္သာသည္ဟု ေရွးလူႀကီးမ်ား သုံးၾကသည္။ -ကိုရန္ႀကီး(ခတၱာပင္) အ႐ြက္ကို ေပ်ာ့ေအာင္ မီးကင္ပါ။ မုံညႇင္းဆီ(သို႔) ႏွမ္းဆီသုပ္ၿပီး ခါးတြင္ကပ္ၿပီး အဝတ္ျဖင့္ ပတ္စည္းထားပါ။

ဗာဒံ႐ြက္(ဗန္ဒါ႐ြက္) အစိမ္းေရာင္အ႐ြက္ႏုကို ခါးတြင္၃႐ြက္ခန႔္ ကပ္ၿပီး ခါးနာလွ်င္ ပတ္သည့္ခါးပတ္ျဖင့္ ပတ္ထားလွ်င္ ခါးေၾကာညပ္၊ ခါးဆစ္နာသက္သာေစသည္။ -သေဘၤာ႐ြက္ကို ေပ်ာ့ေအာင္ ေရေႏြးစိမ္ ခါးတြင္ကပ္ၿပီး ပတ္ထားလွ်င္ သက္သာေစသည္။ -ခ်င္းေျခာက္မႈန႔္ ၂ဆ၊ လင္းေနမႈန႔္ ၁ဆ၊ သစ္ႀကံပိုးေခါက္မႈန႔္ ၁ဆ ေရာစပ္။ ေရေႏြးျဖင့္ ေက်ညက္ေအာင္ ေခါက္ေဖ်ာ္ၿပီး ဂြမ္း(သို႔) ပတ္တီးစေပၚတြင္ သုပ္လိမ္း၊ ခါးတြင္ကပ္ၿပီး အိပ္လွ်င္ ခါးနာ၊ က်ီးေပါင္းတက္နာ သက္သာေစႏိုင္သည္။

ေတာေရွာက္ျမစ္၊ ဝံအူျမစ္၊ စာသူငယ္ဦးေႏွာက္၊ ပိေတာက္သားအႏွစ္တို႔ကို ေသြးၿပီးလိမ္းေပး(သို႔) အမႈန႔္ႀကိတ္၊ ေရျဖင့္ေဖ်ာ္လိမ္းေပးပါက ခါးနာသက္သာေစသည္။-မိႆလင္ဥ(သို႔) အမႈန႔္ကို ၾကပ္ထုပ္လုပ္ၿပီး ေရေႏြးေငြ႕ခံ ထိုးေပးလွ်င္ ခါးကိုက္၊ လွည့္ေစာင္းမရ ေဝဒနာ သက္သာေစသည္။-ဆားခါးထုပ္ကို ေရစိမ္ကန္တြင္ ထည့္ေဖ်ာ္ၿပီး စိမ္ေပးလွ်င္ ခါးနာသက္သာေစသည္။-ေဆးခါးႀကီး(သို႔) ရွမ္းေဆးခါးပင္ျပဳပ္ရည္ကို အၾကမ္းပန္းကန္တစ္လုံးစာ နံနက္၊ ညေသာက္လွ်င္ ခါးနာစြဲေနသူ သက္သာေစသည္။-ဓာတ္စာအေနျဖင့္ ေခြးေတာက္႐ြက္ႏွင့္ ၾကက္႐ိုးဟင္းခ်ိဳ ခ်က္ေသာက္ပါ။

ခါးနာအတြက္ ေဆးပ႐ုပ္ဆီခ်က္နည္း-

မင္ေသာ္ဆီ ၂က်ပ္သား။ မီသိုင္း ၃က်ပ္သား။ ပက္ပါမင္ ၅က်ပ္သား။ ပ႐ုပ္ ၂၄က်ပ္သား။ ထင္းရႉးဆီ ၁၀က်ပ္သား။ မုံညႇင္းဆီ ၄၀က်ပ္သား။ ပ်ားဖေယာင္း ၁၆က်ပ္သား။

( မုံညႇင္းဆီ အရင္တည္။ ဆူၿပီးမွ ေဆးမယ္မ်ား အဆင့္ဆင့္ထည့္သြား။ မီးဖိုေပၚမွ ခ်ၿပီးမွ ေနာက္ဆုံးပ်ားဖေယာင္းထည့္ပါ။ မေအးခဲမီ ဖန္ပုလင္းငယ္မ်ားတြင္ ခြဲထည့္ပါ။ ေအးခဲလွ်င္ ေဆးပ႐ုပ္ဆီ ျဖစ္ပါၿပီ)

Credit-ဆရာၾကည္လြင္ျမင့္ (မုျဒာ)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top