စာချုပ် ချုပ်မည်ဆိုလျှင် စာချုပ်ပါ သက်သေကိစ္စ။

စာချုပ် ချုပ်မည်ဆိုလျှင် စာချုပ်ပါ သက်သေကိစ္စ။

(Unicode)

စာချုပ် ချုပ်မည်ဆိုလျှင် စာချုပ်ပါ သက်သေကိစ္စ

စာချုပ်များ ချုပ်ဆိုကြရာတွင် အသိသက်သေသည် မပါမဖြစ် ပါရှိရမည့် ကိစ္စရပ် ဖြစ်ပါသည်။ကတိပြုသူ၊ ကတိရသူများအပြင် အသိသက်သေများပါ စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးကြရပါသည်။ အဆိုပါ အသိ သက်သေများသည် ကတိပြုသူ၊ ကတိရသူတို့၏ ကတိပြုချက်၊သဘောတူချက်၊ အာမခံချက်၊ စည်းကမ်းချက် စသည်တို့ကို အမှတ်တကယ် သိရှိထားဖို့ လိုအပ်ပါသည်။

“အောက်ပါ အသိသက်သေများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးချုပ်ဆိုကြပါသည် “ ဟူ၍ စာချုပ်များပေါ်တွင် ဖော်ပြပါရှိလေ့ရှိပြီး နှစ်ဘက်လက်မှတ် ရေးထိုးကာ အသိသက်သေများ ပါဝင် လက်မှတ်ရေးထိုးခဲ့ကြသည်ဖြစ်သော်လည်း ပြဿနာပေါ်ပေါက်၍ အသိသက်သေများကို စစ် ဆေးမေးမြန်းသောအခါတွင်မူ သက်သေအဖြစ် ရေးထိုးခဲ့သော စာချုပ်ပါ အချက်များကို ပြန်လည် ပြောပြနိုင်သည့် အသိသက်သေမျိုးမှာ အတော်ပင် ရှားပါးတတ်ပါသည်။

အချို့က မိမိရေးထိုးခဲ့သည့် လက်မှတ်ကို ပြန်ကြည့်ကာ မိမိလက်မှတ် ဟုတ် မဟုတ် မိမိရေးထိုးခဲ့ခြင်း ဟုတ် မဟုတ် ဇဝေဇဝါ ဖြစ်နေတတ်ကြပါသည်။ အချို့ကလည်း သက်သေအဖြစ် မိမိလက်မှတ်ရေးထိုးခဲ့သည် မှန်သော်လည်း စာချုပ်ပါ အချက်များကို မသိကြောင်း ပြောပါသည်။

သက်သေအဖြစ် လက်မှတ်ထိုးဆို၍ ရေးထိုးပေးခဲ့ခြင်းသာ ဖြစ်ပါသည်ဟု အချို့ကလည်း ဆိုပါသည်။ အချို့ကမူ စာချုပ်တွင် အသိသက်သေအဖြစ် လက်မှတ်ရေးထိုးပေးခဲ့သည် မှန်သော်လည်း စာချုပ်ကို မိမိ မဖတ်ကြည့်ကြောင်း သက်သေအဖြစ် အကူအညီပေးသည့်အနေဖြင့် ရေးထိုးပေးခဲ့ခြင်းသာဖြစ်ကြောင်း ပြောဆိုပါသည်။ မိမိကိစ္စ မဟုတ်၍ မမှတ်မိဟု ပြောသူကလည်း ပြောပါသည်။

စာချုပ်နှင့် ပတ်သက်၍ မသေချာ မရေရာသော ထွက်ဆိုချက်များကိုသာ ပြောဆိုပြီး စာချုပ်ပါ အချက်များနှင့် ပတ်သက်၍ တိတိကျကျ မပြောနိုင်၊ မဖြေနိုင်သည်ကို ဆင်ခြေအမျိုးမျိုးပေး ဖြေရှင်းတတ်ကြပါ သည်။ ၎င်းတို့အား အပြစ်မဆိုသာဟု ဆိုရပါမည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အနေဖြင့် လူမှုရေးအရ အကူအညီပေးသည့် သဘောဖြင့် ပါဝင်လာခဲ့ခြင်းကြောင့် ဖြစ်သောကြောင့် ဖြစ်ပါသည်။

စာချုပ်ချုပ်ရာတွင် အမှန်တကယ် ကြပ်မတ်ဆောင်ရွက်ရမည့်သူမှာ စာချုပ်ချုပ်ဆိုပေးသူ အကျိုးဆောင် သို့မဟုတ် ကာယကံရှင်များ ဖြစ်သည်ဟု ဆိုရပါမည်။ ဥစ္စာရင်လို ဥစ္စာရင်ခဲ သက်သေများကို တကူးတကန့် အကူအညီတောင်းဖို့ လိုအပ်ပါသည်။ စာချုပ်ရသည့် ကိစ္စရပ်များကို စာမချုပ်မီ ရှင်းလင်းပြောပြဖို့ လိုအပ်ပါသည်။ စာချုပ်တွင် လက်မှတ်မရေးထိုးမီ စာချုပ်ကို အရင်ဖတ်စေခြင်း သို့မဟုတ် ဖတ်ပြခြင်းများ ရှိသင့်သည်ဟု ဆိုရပါမည်။

ကာယံရှင်များ သဘောတူ ချုပ်ဆိုသည့် အချက်များကို သိရှိသဘောပေါက်ပြီးနောက် လက်ခံသောအခါတွင်မှ အသိသက်သေနေရာတွင် ပါဝင် လက်မှတ်ရေးထိုးစေသင့်ပါသည်။ ထို့ပြင် အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးပေးသူအား ထိုက်သင့်သော ချီးမြှင့်မှုကိုလည်း ပြုရန် ဝန်မလေးသင့်ဟု အကြံပြုလိုပါသည်။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်လာသော အခါ ကြုံကြိုက်သက်သေတစ်ဦး၏ ထွက်ဆိုချက်သည် လွန်စွာ တန်ဖိုးနည်းပါးသောကြောင့် ဖြစ်ပါသည်။

သို့ဖြစ်ရာ စာချုပ် ချုပ်ပြီဆိုမှဖြင့် ချုပ်ရကျိုးနပ်စေရန်နှင့် တိတိကျကျ ထိထိမိမိ အဖြေရှိနိုင်ရန် ဖြစ်သလို ကြုံသလို မလုပ်မိကြဖို့၊ မချုပ်မိကြဖို့ တိုက်တွန်းရပေသည်။

( အညွှန်း- ဦးကျော်ဇေယျ ၊ စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်နှင့်ရှောင်ရန်များ ၊ စာ ၁၁ ) ။

Credit-DVBLawLab

(Zawgyi)

စာခ်ဳပ္ ခ်ဳပ္မည္ဆိုလွ်င္ စာခ်ဳပ္ပါ သက္ေသကိစၥ

စာခ်ဳပ္မ်ား ခ်ဳပ္ဆိုၾကရာတြင္ အသိသက္ေသသည္ မပါမျဖစ္ ပါရွိရမည့္ ကိစၥရပ္ ျဖစ္ပါသည္။ကတိျပဳသူ၊ ကတိရသူမ်ားအျပင္ အသိသက္ေသမ်ားပါ စာခ်ဳပ္တြင္ ပါဝင္ လက္မွတ္ေရးထိုးၾကရပါသည္။ အဆိုပါ အသိ သက္ေသမ်ားသည္ ကတိျပဳသူ၊ ကတိရသူတို႔၏ ကတိျပဳခ်က္၊သေဘာတူခ်က္၊ အာမခံခ်က္၊ စည္းကမ္းခ်က္ စသည္တို႔ကို အမွတ္တကယ္ သိရွိထားဖို႔ လိုအပ္ပါသည္။

“ေအာက္ပါ အသိသက္ေသမ်ား ေရွ႕ေမွာက္တြင္ လက္မွတ္ေရးထိုးခ်ဳပ္ဆိုၾကပါသည္ “ ဟူ၍ စာခ်ဳပ္မ်ားေပၚတြင္ ေဖာ္ျပပါရွိေလ့ရွိၿပီး ႏွစ္ဘက္လက္မွတ္ ေရးထိုးကာ အသိသက္ေသမ်ား ပါဝင္ လက္မွတ္ေရးထိုးခဲ့ၾကသည္ျဖစ္ေသာ္လည္း ျပႆနာေပၚေပါက္၍ အသိသက္ေသမ်ားကို စစ္ ေဆးေမးျမန္းေသာအခါတြင္မူ သက္ေသအျဖစ္ ေရးထိုးခဲ့ေသာ စာခ်ဳပ္ပါ အခ်က္မ်ားကို ျပန္လည္ ေျပာျပႏိုင္သည့္ အသိသက္ေသမ်ိဳးမွာ အေတာ္ပင္ ရွားပါးတတ္ပါသည္။

အခ်ိဳ႕က မိမိေရးထိုးခဲ့သည့္ လက္မွတ္ကို ျပန္ၾကည့္ကာ မိမိလက္မွတ္ ဟုတ္ မဟုတ္ မိမိေရးထိုးခဲ့ျခင္း ဟုတ္ မဟုတ္ ဇေဝဇဝါ ျဖစ္ေနတတ္ၾကပါသည္။ အခ်ိဳ႕ကလည္း သက္ေသအျဖစ္ မိမိလက္မွတ္ေရးထိုးခဲ့သည္ မွန္ေသာ္လည္း စာခ်ဳပ္ပါ အခ်က္မ်ားကို မသိေၾကာင္း ေျပာပါသည္။

သက္ေသအျဖစ္ လက္မွတ္ထိုးဆို၍ ေရးထိုးေပးခဲ့ျခင္းသာ ျဖစ္ပါသည္ဟု အခ်ိဳ႕ကလည္း ဆိုပါသည္။ အခ်ိဳ႕ကမူ စာခ်ဳပ္တြင္ အသိသက္ေသအျဖစ္ လက္မွတ္ေရးထိုးေပးခဲ့သည္ မွန္ေသာ္လည္း စာခ်ဳပ္ကို မိမိ မဖတ္ၾကည့္ေၾကာင္း သက္ေသအျဖစ္ အကူအညီေပးသည့္အေနျဖင့္ ေရးထိုးေပးခဲ့ျခင္းသာျဖစ္ေၾကာင္း ေျပာဆိုပါသည္။ မိမိကိစၥ မဟုတ္၍ မမွတ္မိဟု ေျပာသူကလည္း ေျပာပါသည္။

စာခ်ဳပ္ႏွင့္ ပတ္သက္၍ မေသခ်ာ မေရရာေသာ ထြက္ဆိုခ်က္မ်ားကိုသာ ေျပာဆိုၿပီး စာခ်ဳပ္ပါ အခ်က္မ်ားႏွင့္ ပတ္သက္၍ တိတိက်က် မေျပာႏိုင္၊ မေျဖႏိုင္သည္ကို ဆင္ေျခအမ်ိဳးမ်ိဳးေပး ေျဖရွင္းတတ္ၾကပါ သည္။ ၎တို႔အား အျပစ္မဆိုသာဟု ဆိုရပါမည္။ အဘယ္ေၾကာင့္ဆိုေသာ္ ၎တို႔အေနျဖင့္ လူမႈေရးအရ အကူအညီေပးသည့္ သေဘာျဖင့္ ပါဝင္လာခဲ့ျခင္းေၾကာင့္ ျဖစ္ေသာေၾကာင့္ ျဖစ္ပါသည္။

စာခ်ဳပ္ခ်ဳပ္ရာတြင္ အမွန္တကယ္ ၾကပ္မတ္ေဆာင္႐ြက္ရမည့္သူမွာ စာခ်ဳပ္ခ်ဳပ္ဆိုေပးသူ အက်ိဳးေဆာင္ သို႔မဟုတ္ ကာယကံရွင္မ်ား ျဖစ္သည္ဟု ဆိုရပါမည္။ ဥစၥာရင္လို ဥစၥာရင္ခဲ သက္ေသမ်ားကို တကူးတကန႔္ အကူအညီေတာင္းဖို႔ လိုအပ္ပါသည္။ စာခ်ဳပ္ရသည့္ ကိစၥရပ္မ်ားကို စာမခ်ဳပ္မီ ရွင္းလင္းေျပာျပဖို႔ လိုအပ္ပါသည္။ စာခ်ဳပ္တြင္ လက္မွတ္မေရးထိုးမီ စာခ်ဳပ္ကို အရင္ဖတ္ေစျခင္း သို႔မဟုတ္ ဖတ္ျပျခင္းမ်ား ရွိသင့္သည္ဟု ဆိုရပါမည္။

ကာယံရွင္မ်ား သေဘာတူ ခ်ဳပ္ဆိုသည့္ အခ်က္မ်ားကို သိရွိသေဘာေပါက္ၿပီးေနာက္ လက္ခံေသာအခါတြင္မွ အသိသက္ေသေနရာတြင္ ပါဝင္ လက္မွတ္ေရးထိုးေစသင့္ပါသည္။ ထို႔ျပင္ အသိသက္ေသအျဖစ္ ပါဝင္လက္မွတ္ေရးထိုးေပးသူအား ထိုက္သင့္ေသာ ခ်ီးျမႇင့္မႈကိုလည္း ျပဳရန္ ဝန္မေလးသင့္ဟု အႀကံျပဳလိုပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ တစ္စုံတစ္ရာ ျပႆနာေပၚေပါက္လာေသာ အခါ ႀကဳံႀကိဳက္သက္ေသတစ္ဦး၏ ထြက္ဆိုခ်က္သည္ လြန္စြာ တန္ဖိုးနည္းပါးေသာေၾကာင့္ ျဖစ္ပါသည္။

သို႔ျဖစ္ရာ စာခ်ဳပ္ ခ်ဳပ္ၿပီဆိုမွျဖင့္ ခ်ဳပ္ရက်ိဳးနပ္ေစရန္ႏွင့္ တိတိက်က် ထိထိမိမိ အေျဖရွိႏိုင္ရန္ ျဖစ္သလို ႀကဳံသလို မလုပ္မိၾကဖို႔၊ မခ်ဳပ္မိၾကဖို႔ တိုက္တြန္းရေပသည္။

( အၫႊန္း- ဦးေက်ာ္ေဇယ် ၊ စာခ်ဳပ္ခ်ဳပ္မည္ဆိုလွ်င္ ေဆာင္ရန္ႏွင့္ေရွာင္ရန္မ်ား ၊ စာ ၁၁ ) ။

Credit-DVBLawLab

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top