ကြောင်တွေမှာ ဘာကြောင့်နှုတ်ခမ်းမွေး ရှိတာလဲ

ကြောင်တွေမှာ ဘာကြောင့်နှုတ်ခမ်းမွေး ရှိတာလဲ

(Zawgyi)

ေၾကာင္ေတြမွာ ဘာေၾကာင့္ႏႈတ္ခမ္းေမြး ရွိတာလဲ

===================================

သင့္ရဲ႕အခ်စ္ေတာ္ ေၾကာင္ကေလးရဲ႕ မ်က္ႏွာနဲ႔ ေျခေထာက္မွာရွိတဲ့ အေမြးမာေတာင့္ေတာင့္ေတြဟာ ေၾကာင္ကေလးရဲ႕ ခ်စ္စရာသြင္ျပင္ကို ျဖစ္ေစတဲ့အျပင္ သူတို႔မွာ တကယ္လုပ္ရတဲ့ တာဝန္ေတြ ရွိပါတယ္။

ေၾကာင္ႏႈတ္ခမ္းေမြးဟာ GPS၊ ေရဒါစနစ္အျဖစ္ ေၾကာင္ေတြကို ပံ့ပိုးေပးပါတယ္။ ေၾကာင္ႏႈတ္ခမ္းေမြးကို Whisker လို႔ေခၚၿပီး ေၾကာင္ရဲ႕ ခႏၶာကိုယ္မွာရွိေနတဲ့ မာေတာင့္ေတာင့္ ရွည္ရွည္အေမြးအားလုံးကို ဆိုလိုျခင္းျဖစ္ပါတယ္။

ႏႈတ္ခမ္း တစ္ဝိုက္မွာ အဓိကေပါက္ေလ့ရွိပါတယ္။

ႏႈတ္ခမ္းေမြးေတြဟာ ေၾကာင္တစ္ေကာင္ရဲ႕ ကမာၻႀကီးအေပၚ အာ႐ုံခံမႈ အတြက္ အလြန္အေရးႀကီးတဲ့ အစိတ္အပိုင္းတစ္ခု ျဖစ္ပါတယ္။

ေၾကာင္ရဲ႕ ႏႈတ္ခမ္းေမြးေတြက ဘယ္လိုအလုပ္လုပ္

ထူထဲတဲ့ ေၾကာင္ႏႈတ္ခမ္းေမြး တစ္ေခ်ာင္းစီမွာ ေသးငယ္ၿပီး ခံစားမႈ အလြန္ေကာင္းတဲ့ အာ႐ုံေၾကာေတြ ျပည့္ႏွက္ေနပါတယ္။

ေၾကာင္တစ္ေကာင္အေနနဲ႔ အကြာအေဝး၊ အက်ယ္အဝန္းကို သိရွိဆုံးျဖတ္ရာမွာ ကူညီေပးပါတယ္။

ဥပမာ – ဒီဘူးထဲကို ဝင္လို႔ ဆံ့ႏိုင္မလား၊ စားပြဲခုံေပၚေရာက္ဖို႔ ဘယ္ေလာက္ထိ ျမင့္ျမင့္ခုန္ဖို႔ လိုသလဲ စတဲ့ ဆုံးျဖတ္ခ်က္ေတြကို ႏႈတ္ခမ္းေမြးရဲ႕ အကူအညီနဲ႔ ျပဳလုပ္ျခင္းျဖစ္ပါတယ္။ ေခ်ာင္တစ္ခုထဲဝင္တဲ့အခါ ကိုယ္နဲ႔ဆံ၊ မဆံ့ကို ႏႈတ္ခမ္းေမြးနဲ႔ တိုင္းတာႏိုင္ပါတယ္။

ႏႈတ္ခမ္းေမြးဟာ သူ႔ရဲ႕ပတ္ဝန္းက်င္မွာ ဘယ္အရာဝတၳဳ ရွိသလဲဆိုတာကို ေထာက္လွမ္းႏိုင္တဲ့ လက္နက္လည္း ျဖစ္ပါတယ္။

မ်က္စိမျမင္ရတဲ့ ေၾကာင္ေတြဟာ ႏႈတ္ခမ္းေမြးကို အသုံးျပဳၿပီး အာ႐ုံခံကာ အခန္းတစ္ခန္းထဲမွာ လွည့္လည္ သြားလာႏိုင္ပါတယ္။

ေၾကာင္ႏႈတ္ခမ္းေမြးရဲ႕ ထိပ္ဆုံးပိုင္းမွာ အာ႐ုံခံအဂၤါတစ္ခုစီ ရွိပါတယ္။ ထိုအာ႐ုံခံအဂၤါက ပတ္ဝန္းက်င္မွာရွိတဲ့ တုန္ခါမႈေတြကို သိရွိၿပီး ေၾကာင္ေတြကို သူတို႔ ဘယ္ေနရာ ေရာက္ေနသလဲဆိုတာ အာ႐ုံခံႏိုင္ေစဖို႔ ကူညီေပးပါတယ္။ သူ႔ရဲ႕ ေဘးမွာ ဘယ္သတၱဝါရွိေနသလဲဆိုတာလည္း သိရွိေစပါတယ္။

(Unicode)

ကြောင်တွေမှာ ဘာကြောင့်နှုတ်ခမ်းမွေး ရှိတာလဲ

===================================

သင့်ရဲ့အချစ်တော် ကြောင်ကလေးရဲ့ မျက်နှာနဲ့ ခြေထောက်မှာရှိတဲ့ အမွေးမာတောင့်တောင့်တွေဟာ ကြောင်ကလေးရဲ့ ချစ်စရာသွင်ပြင်ကို ဖြစ်စေတဲ့အပြင် သူတို့မှာ တကယ်လုပ်ရတဲ့ တာဝန်တွေ ရှိပါတယ်။

ကြောင်နှုတ်ခမ်းမွေးဟာ GPS၊ ရေဒါစနစ်အဖြစ် ကြောင်တွေကို ပံ့ပိုးပေးပါတယ်။ ကြောင်နှုတ်ခမ်းမွေးကို Whisker လို့ခေါ်ပြီး ကြောင်ရဲ့ ခန္ဓာကိုယ်မှာရှိနေတဲ့ မာတောင့်တောင့် ရှည်ရှည်အမွေးအားလုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။

နှုတ်ခမ်း တစ်ဝိုက်မှာ အဓိကပေါက်လေ့ရှိပါတယ်။

နှုတ်ခမ်းမွေးတွေဟာ ကြောင်တစ်ကောင်ရဲ့ ကမ္ဘာကြီးအပေါ် အာရုံခံမှု အတွက် အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

ကြောင်ရဲ့ နှုတ်ခမ်းမွေးတွေက ဘယ်လိုအလုပ်လုပ်

ထူထဲတဲ့ ကြောင်နှုတ်ခမ်းမွေး တစ်ချောင်းစီမှာ သေးငယ်ပြီး ခံစားမှု အလွန်ကောင်းတဲ့ အာရုံကြောတွေ ပြည့်နှက်နေပါတယ်။

ကြောင်တစ်ကောင်အနေနဲ့ အကွာအဝေး၊ အကျယ်အဝန်းကို သိရှိဆုံးဖြတ်ရာမှာ ကူညီပေးပါတယ်။

ဥပမာ – ဒီဘူးထဲကို ဝင်လို့ ဆံ့နိုင်မလား၊ စားပွဲခုံပေါ်ရောက်ဖို့ ဘယ်လောက်ထိ မြင့်မြင့်ခုန်ဖို့ လိုသလဲ စတဲ့ ဆုံးဖြတ်ချက်တွေကို နှုတ်ခမ်းမွေးရဲ့ အကူအညီနဲ့ ပြုလုပ်ခြင်းဖြစ်ပါတယ်။ ချောင်တစ်ခုထဲဝင်တဲ့အခါ ကိုယ်နဲ့ဆံ၊ မဆံ့ကို နှုတ်ခမ်းမွေးနဲ့ တိုင်းတာနိုင်ပါတယ်။

နှုတ်ခမ်းမွေးဟာ သူ့ရဲ့ပတ်ဝန်းကျင်မှာ ဘယ်အရာဝတ္ထု ရှိသလဲဆိုတာကို ထောက်လှမ်းနိုင်တဲ့ လက်နက်လည်း ဖြစ်ပါတယ်။

မျက်စိမမြင်ရတဲ့ ကြောင်တွေဟာ နှုတ်ခမ်းမွေးကို အသုံးပြုပြီး အာရုံခံကာ အခန်းတစ်ခန်းထဲမှာ လှည့်လည် သွားလာနိုင်ပါတယ်။

ကြောင်နှုတ်ခမ်းမွေးရဲ့ ထိပ်ဆုံးပိုင်းမှာ အာရုံခံအင်္ဂါတစ်ခုစီ ရှိပါတယ်။ ထိုအာရုံခံအင်္ဂါက ပတ်ဝန်းကျင်မှာရှိတဲ့ တုန်ခါမှုတွေကို သိရှိပြီး ကြောင်တွေကို သူတို့ ဘယ်နေရာ ရောက်နေသလဲဆိုတာ အာရုံခံနိုင်စေဖို့ ကူညီပေးပါတယ်။ သူ့ရဲ့ ဘေးမှာ ဘယ်သတ္တဝါရှိနေသလဲဆိုတာလည်း သိရှိစေပါတယ်။

Crd, Healthy Digest

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top