နှုတ်ခမ်း၊ မေး၊ ပါးစောင်းရွဲ့၊ အဆစ်ရောင်၊ အကြောထုံခြင်းများအတွက် ဆေးဖက်ဝင်အပင် လင်းနေ

နှုတ်ခမ်း၊ မေး၊ ပါးစောင်းရွဲ့၊ အဆစ်ရောင်၊ အကြောထုံခြင်းများအတွက် ဆေးဖက်ဝင်အပင် လင်းနေ

(Unicode)

ဆေးဖက်ဝင်အပင် လင်းနေ

“ကလေး လေထိုးပြီး ငိုနေလို့ လင်းနေ တစ်တက်လောက် ပေးပါလား….ဦးရယ်” ဆိုပြီးလာတောင်းသော ကလေးမိခင်အသံများကို ကြားယောင်မိနေသည်။ လင်းနေကို လင်းလေဟုလည်း ခေါ်ကြသေးသည်။ ပင်ပျော့ ပင်ငယ်မျိုးဖြစ်သည်။ အမြင့်သုံးပေခန့်အထိ မြင့်တက်သည်။ မြေအောက်ပင်စည် ဖြစ်သည်။ အနံ့ထင်ရှားသည်။ ပင်စည်သည် ဥတက်သဖွယ် ဖြစ်သည်။ ဥရှိ အဆစ်များ အဖြူရောင်ရှိသည်။ ရှည်လျားသော ပန်းခိုင်ပေါ်တွင် အပွင့်များစွာ ပွင့်သည်။ စိမ်းဝါရောင်ရှိသည်။အဖူးခွံ အစိမ်းရောင်ရှိသည်။ အရွက်နှင့်တူသည်။

အေးမြသော ရာသီဥတုရှိသည့် ဒေသများရှိ အင်းအိုင် ချောင်းမြောင်းတစ်ဝိုက်တွင် ပေါက်သည်။သဘာဝအလျောက် ပေါက်ရောက်သည်။ အိမ်သုံးဆေးအဖြစ် အသင့်အတင့် စိုက်ပျိုးကြသည်။စိုက်ပျိုးရာတွင် ချင်းကဲ့သို့ပင် စိုက်ပျိုးရသည်။

အသုံးပြုသောအစိတ်အပိုင်း-

မြေအောက်ပင်စည်ကို အသုံးပြုကြသည်။

အာနိသင်

မြန်မာ့ဆေးကျမ်းများအလိုအရ လင်းနေသည် စူးရှသော အနံ့ရှိသည်။ ခါးသည်။ စပ်ဖျဉ်းဖျဉ်းအရသာရှိသည်။ နူးညံ့စွာ ဝမ်းသက်စေသည်။ ဆီးရွှင်စေ၏။ လည်ချောင်းနာကို အကျိုးပြု၏။ အညစ်အကြေးနှင့် ဆီးကို သန့်ရှင်းအောင်ပြုတတ်၏။ ပညာကို ပွားစေတတ်၏။ လေသလိပ်ကို ငြိမ်းစေသည်။ သည်းခြေကိုပွားစေသည်။ ဝမ်းမီးကို တောက်စေ၏။ ဝမ်းမီးနုံ့သောရောဂါ၊ နှုတ်မမြိန်သောရောဂါတို့၌ သင့်၏။ ဝမ်းဗိုက်ထိုးအောင့်သောရောဂါ၊ ပိုးရောဂါ၊ မြင်းသရိုက်ရောဂါတို့ကို ပျောက်ကင်းစေနိုင်သည်။ အန်စေတတ်၏။ ရူးသွပ်သောရောဂါ၊ ဝက်ရူးရောဂါ၊ စိတ်ရောဂါတို့ကို ပျောက်ကင်းစေ၏။ ဉာဏ်ထိုင်းသောရောဂါ၊ သတိမေ့သောရောဂါတို့ကို ကောင်းစေ၏။ နှလုံးရောဂါနှင့်သင့်၏။ နှာစေး ချောင်းဆိုးရောဂါ အသံပျက် အသံဝင် လည်ချောင်းနာတို့နှင့် သင့်၏။ တက်သောရောဂါနှင့် သွက်ချာပါဒတို့တွင် ကောင်း၏။ ကျောက်တည်ခြင်း၊ ဆီးအောင့်ခြင်းတို့၌ ကောင်း၏ဟုဖွင့်ဆိုကြသည်။

အသုံးပြုပုံ

-အဖျားရောဂါ၊ ချောင်းဆိုးရောဂါ၊ အဆိပ်ဖြစ်ခြင်းများတွင် လင်းနေမြစ်ကို ကျိုသောက်ရ၏။

-ကလေးငယ်များ ဝမ်းနာ၊ ဝမ်းရောင်လျှင် လင်းနေကို ကျွမ်းအောင် ဖုတ်၍ ဆီနှင့် ရောလိမ်းရ၏။

-အဆစ်ရောင်၊ အကြောထုံခြင်းအတွက် သီဟိုဠ်သရက်စေ့အဆီဖြင့်ရောလိမ်းရ၏။

-လည်းချောင်းနာခြင်းများတွင် နွားနို့ခပ်နွေးနွေးနှင့် သောက်ပေးရ၏။

-အဖျားကျစေရန် ဆေးခါးကြီးနှင့် ရောစပ်သောက်ရ၏။

-ကလေးငယ်များ သန်ထသော် ရှိန်းခိုနှင့် ဆတူရောတိုက်လျှင် ဝမ်းတွင်းရှိ သန်ကောင်များ ကျစေ၏။

-နှုတ်ခမ်း၊ မေး၊ ပါးစောင်းရွဲ့ခြင်းအတွက် လင်းနေမှုန့်၊ ချင်းခြောက်မှုန့် ဆတူရောပြီး ပျားရည်ဖြင့် သောက်ပေးရ၏။

-ဝက်ရူးနာနှင့် စိတ်ရောဂါအတွက် လင်းနေမှုန့်ကို ပျားရည်နှင့် ရောလျှက်ပေးရ၏။

-ကလေးအပုပ်ချဆေး၊ အစာကြေဆေး၊ အညှော်ခံဆေး၊ လေပုပ်ထုတ်ဆေး၊ လေပြင်နာလိမ်းဆေးတို့တွင် လင်းနေကို ထည့်သုံးကြ၏။

-အနာများကို လိမ်းပေးပါက အညှော်များထွက်ပြီး အနာဝင်ခြင်းမှ ကင်းဝေးစေနိုင်သည်။

ရှေးရိုးစဉ်လာ မြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဖက်ဝင်အပင်များ

ရဲသိဒ္ဓ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

Credit-အစိမ်းရောင်လမ်း (www.greenwaymyanmar.com)

(Zawgyi)

ေဆးဖက္ဝင္အပင္ လင္းေန

“ကေလး ေလထိုးၿပီး ငိုေနလို႔ လင္းေန တစ္တက္ေလာက္ ေပးပါလား….ဦးရယ္” ဆိုၿပီးလာေတာင္းေသာ ကေလးမိခင္အသံမ်ားကို ၾကားေယာင္မိေနသည္။ လင္းေနကို လင္းေလဟုလည္း ေခၚၾကေသးသည္။ ပင္ေပ်ာ့ ပင္ငယ္မ်ိဳးျဖစ္သည္။ အျမင့္သုံးေပခန္႔အထိ ျမင့္တက္သည္။ ေျမေအာက္ပင္စည္ ျဖစ္သည္။ အနံ႔ထင္ရွားသည္။ ပင္စည္သည္ ဥတက္သဖြယ္ ျဖစ္သည္။ ဥရွိ အဆစ္မ်ား အျဖဴေရာင္ရွိသည္။ ရွည္လ်ားေသာ ပန္းခိုင္ေပၚတြင္ အပြင့္မ်ားစြာ ပြင့္သည္။ စိမ္းဝါေရာင္ရွိသည္။အဖူးခြံ အစိမ္းေရာင္ရွိသည္။ အ႐ြက္ႏွင့္တူသည္။

ေအးျမေသာ ရာသီဥတုရွိသည့္ ေဒသမ်ားရွိ အင္းအိုင္ ေခ်ာင္းေျမာင္းတစ္ဝိုက္တြင္ ေပါက္သည္။သဘာဝအေလ်ာက္ ေပါက္ေရာက္သည္။ အိမ္သုံးေဆးအျဖစ္ အသင့္အတင့္ စိုက္ပ်ိဳးၾကသည္။စိုက္ပ်ိဳးရာတြင္ ခ်င္းကဲ့သို႔ပင္ စိုက္ပ်ိဳးရသည္။

အသုံးျပဳေသာအစိတ္အပိုင္း-

ေျမေအာက္ပင္စည္ကို အသုံးျပဳၾကသည္။

အာနိသင္

ျမန္မာ့ေဆးက်မ္းမ်ားအလိုအရ လင္းေနသည္ စူးရွေသာ အနံ႔ရွိသည္။ ခါးသည္။ စပ္ဖ်ဥ္းဖ်ဥ္းအရသာရွိသည္။ ႏူးညံ့စြာ ဝမ္းသက္ေစသည္။ ဆီး႐ႊင္ေစ၏။ လည္ေခ်ာင္းနာကို အက်ိဳးျပဳ၏။ အညစ္အေၾကးႏွင့္ ဆီးကို သန္႔ရွင္းေအာင္ျပဳတတ္၏။ ပညာကို ပြားေစတတ္၏။ ေလသလိပ္ကို ၿငိမ္းေစသည္။ သည္းေျခကိုပြားေစသည္။ ဝမ္းမီးကို ေတာက္ေစ၏။ ဝမ္းမီးႏုံ႔ေသာေရာဂါ၊ ႏႈတ္မၿမိန္ေသာေရာဂါတို႔၌ သင့္၏။ ဝမ္းဗိုက္ထိုးေအာင့္ေသာေရာဂါ၊ ပိုးေရာဂါ၊ ျမင္းသ႐ိုက္ေရာဂါတို႔ကို ေပ်ာက္ကင္းေစႏိုင္သည္။ အန္ေစတတ္၏။ ႐ူးသြပ္ေသာေရာဂါ၊ ဝက္႐ူးေရာဂါ၊ စိတ္ေရာဂါတို႔ကို ေပ်ာက္ကင္းေစ၏။ ဉာဏ္ထိုင္းေသာေရာဂါ၊ သတိေမ့ေသာေရာဂါတို႔ကို ေကာင္းေစ၏။ ႏွလုံးေရာဂါႏွင့္သင့္၏။ ႏွာေစး ေခ်ာင္းဆိုးေရာဂါ အသံပ်က္ အသံဝင္ လည္ေခ်ာင္းနာတို႔ႏွင့္ သင့္၏။ တက္ေသာေရာဂါႏွင့္ သြက္ခ်ာပါဒတို႔တြင္ ေကာင္း၏။ ေက်ာက္တည္ျခင္း၊ ဆီးေအာင့္ျခင္းတို႔၌ ေကာင္း၏ဟုဖြင့္ဆိုၾကသည္။

အသုံးျပဳပုံ

-အဖ်ားေရာဂါ၊ ေခ်ာင္းဆိုးေရာဂါ၊ အဆိပ္ျဖစ္ျခင္းမ်ားတြင္ လင္းေနျမစ္ကို က်ိဳေသာက္ရ၏။

-ကေလးငယ္မ်ား ဝမ္းနာ၊ ဝမ္းေရာင္လွ်င္ လင္းေနကို ကြၽမ္းေအာင္ ဖုတ္၍ ဆီႏွင့္ ေရာလိမ္းရ၏။

-အဆစ္ေရာင္၊ အေၾကာထုံျခင္းအတြက္ သီဟိုဠ္သရက္ေစ့အဆီျဖင့္ေရာလိမ္းရ၏။

-လည္းေခ်ာင္းနာျခင္းမ်ားတြင္ ႏြားႏို႔ခပ္ေႏြးေႏြးႏွင့္ ေသာက္ေပးရ၏။

-အဖ်ားက်ေစရန္ ေဆးခါးႀကီးႏွင့္ ေရာစပ္ေသာက္ရ၏။

-ကေလးငယ္မ်ား သန္ထေသာ္ ရွိန္းခိုႏွင့္ ဆတူေရာတိုက္လွ်င္ ဝမ္းတြင္းရွိ သန္ေကာင္မ်ား က်ေစ၏။

-ႏႈတ္ခမ္း၊ ေမး၊ ပါးေစာင္း႐ြဲ႕ျခင္းအတြက္ လင္းေနမႈန္႔၊ ခ်င္းေျခာက္မႈန္႔ ဆတူေရာၿပီး ပ်ားရည္ျဖင့္ ေသာက္ေပးရ၏။

-ဝက္႐ူးနာႏွင့္ စိတ္ေရာဂါအတြက္ လင္းေနမႈန္႔ကို ပ်ားရည္ႏွင့္ ေရာလွ်က္ေပးရ၏။

-ကေလးအပုပ္ခ်ေဆး၊ အစာေၾကေဆး၊ အေညႇာ္ခံေဆး၊ ေလပုပ္ထုတ္ေဆး၊ ေလျပင္နာလိမ္းေဆးတို႔တြင္ လင္းေနကို ထည့္သုံးၾက၏။

-အနာမ်ားကို လိမ္းေပးပါက အေညႇာ္မ်ားထြက္ၿပီး အနာဝင္ျခင္းမွ ကင္းေဝးေစႏိုင္သည္။

ေရွး႐ိုးစဥ္လာ ျမန္မာ့တိုင္းရင္းေဆးပညာႏွင့္ ေဆးဖက္ဝင္အပင္မ်ား

ရဲသိဒၶ စာအုပ္မွ ေကာက္ႏုတ္ေဖာ္ျပပါသည္။

Credit-အစိမ္းေရာင္လမ္း (www.greenwaymyanmar.com)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top