သတင္း

မ်က္နွာကို ေရခဲနွင့္ပြတ္ရင္ ရရွိနိုင္ေသာ အက်ိဳးေက်းဇူး ၆ ခ်က္

(Zawgyi)
မ်က္ႏွာကို ကုသပုံ ကုသနည္း အမ်ိဳးမ်ိဳး ရွိသည့္အနက္မွ ဒီတစ္ခါမွာေတာ့ ေရခဲျဖင့္ ကုသနည္းေလးကို တင္ေျပေပး လိုက္ပါတယ္။ ဒီနည္းေလးဟာ လူတိုင္းလည္းအလြယ္တကူ လုပ္ႏိုင္ၿပီး အခ်ိန္ႏွင့္ ေငြလည္း မ်ားစြာ မကုန္ေစတဲ့ နည္းေလးပင္ျဖစ္ပါတယ္။ လိုအပ္တာကေတာ့ ေရခဲတုံးပင္ ျဖစ္ပါတယ္။

(၁) အသားအရည္ကို ၾကည္လင္ေစႏိုင္ပါတယ္
ေရခဲတုံးျဖင့္ မ်က္ႏွာကို ပြတ္တိုက္ေပးျခင္းအားျဖင့္ ေသြးလည္ပတ္မူကို အေထာက္ အကူျပဳေစမွာ ျဖစ္ၿပီး မ်က္ႏွာကို သိသိသာသာ ၾကည္လင္ လာေစမွာ ျဖစ္ပါတယ္။

(၂) မ်က္ႏွာေပၚမွ အရာမ်ားကို ဖယ္ရွားႏိုင္ျခင္း
မ်က္ႏွာေပၚမွာ ရွိတဲ့ အမည္းစက္မ်ား၊ ဝက္ၿခံမ်ား သာမကဘဲ ေရာင္ရမ္းျခင္းႏွင့္ မ်က္ႏွာ နီျမန္းျခင္းကို သက္သာေစႏိုင္ ပါတယ္။

(၃) မ်က္လုံးေအာက္က အေရအေၾကာင္းမ်ားကို ကုသေပးႏိုင္ပါတယ္
ညဘက္မအိပ္ခင္မွာ သခြားသီးျဖင့္ ေရာစပ္ကာ အသုံးျပဳျခင္းျဖင့္ မ်က္လုံးေအာက္မွ အေရး အေၾကာင္းမ်ားကို ဖယ္ရွားေပးႏိုင္ပါတယ္။

(၄) Toner အျဖင့္လည္း အသုံးျပဳႏိုင္ပါတယ္
မိတ္ကပ္မ်ား မလိမ္းခင္ မ်က္ႏွာေပၚမွာရွိတဲ့ အညစ္ အေၾကးမ်ားကို သန႔္စင္ေစရန္ ေရခဲတုံးကို Toner အျဖင့္လည္း သုံးႏိုင္ပါတယ္။

(၅) မိတ္ကပ္အစားသုံးႏိုင္ပါတယ္
အကယ္၍ မိတ္ကပ္လိမ္းဖို႔ အခ်ိန္မရွိဘူးဆိုရင္ ေရခဲတုံးကို အဝတ္စျဖင့္ ပတ္ၿပီး မ်က္ႏွာတစ္ခုလုံး ပြတ္တိုက္ႏိုင္ပါတယ္။ ထိုအခါ မ်က္ႏွာဟာ ၾကည္လင္လာၿပီး သဘာဝမ်က္ႏွာပုံစံျဖင့္ သြားႏိုင္ပါတယ္။

(၆) ပါးေရနားေရ တြန႔္ျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္
ေနာက္ဆုံး အခ်က္ကေတာ့ ေရခဲတုံးဟာ ပါးေရနားေရတြန႔္ျခင္းႏွင့္ မ်က္ႏွာအေရး အေၾကာင္းမ်ားကို ကာကြယ္ေပးႏိုင္ပါတယ္။ အဲဒီအတြက္ေၾကာင့္ ေရခဲတုံးကိုမ်က္ႏွာ အသားအရည္ အတြက္ မရွိမျဖစ္ အသုံးျပဳႏိုင္ရန္ တင္ျပေပး လိုက္ပါတယ္။

Credit – ေက်ာ္လင္းႏိုင္ (႐ိုးရာေလး)

(Unicode)
မျက်နှာကို ကုသပုံ ကုသနည်း အမျိုးမျိုး ရှိသည့်အနက်မှ ဒီတစ်ခါမှာတော့ ရေခဲဖြင့် ကုသနည်းလေးကို တင်ပြေပေး လိုက်ပါတယ်။ ဒီနည်းလေးဟာ လူတိုင်းလည်းအလွယ်တကူ လုပ်နိုင်ပြီး အချိန်နှင့် ငွေလည်း များစွာ မကုန်စေတဲ့ နည်းလေးပင်ဖြစ်ပါတယ်။ လိုအပ်တာကတော့ ရေခဲတုံးပင် ဖြစ်ပါတယ်။

(၁) အသားအရည်ကို ကြည်လင်စေနိုင်ပါတယ်
ရေခဲတုံးဖြင့် မျက်နှာကို ပွတ်တိုက်ပေးခြင်းအားဖြင့် သွေးလည်ပတ်မူကို အထောက် အကူပြုစေမှာ ဖြစ်ပြီး မျက်နှာကို သိသိသာသာ ကြည်လင် လာစေမှာ ဖြစ်ပါတယ်။

(၂) မျက်နှာပေါ်မှ အရာများကို ဖယ်ရှားနိုင်ခြင်း
မျက်နှာပေါ်မှာ ရှိတဲ့ အမည်းစက်များ၊ ဝက်ခြံများ သာမကဘဲ ရောင်ရမ်းခြင်းနှင့် မျက်နှာ နီမြန်းခြင်းကို သက်သာစေနိုင် ပါတယ်။

(၃) မျက်လုံးအောက်က အရေအကြောင်းများကို ကုသပေးနိုင်ပါတယ်
ညဘက်မအိပ်ခင်မှာ သခွားသီးဖြင့် ရောစပ်ကာ အသုံးပြုခြင်းဖြင့် မျက်လုံးအောက်မှ အရေး အကြောင်းများကို ဖယ်ရှားပေးနိုင်ပါတယ်။

(၄) Toner အဖြင့်လည်း အသုံးပြုနိုင်ပါတယ်
မိတ်ကပ်များ မလိမ်းခင် မျက်နှာပေါ်မှာရှိတဲ့ အညစ် အကြေးများကို သန့်စင်စေရန် ရေခဲတုံးကို Toner အဖြင့်လည်း သုံးနိုင်ပါတယ်။

(၅) မိတ်ကပ်အစားသုံးနိုင်ပါတယ်
အကယ်၍ မိတ်ကပ်လိမ်းဖို့ အချိန်မရှိဘူးဆိုရင် ရေခဲတုံးကို အဝတ်စဖြင့် ပတ်ပြီး မျက်နှာတစ်ခုလုံး ပွတ်တိုက်နိုင်ပါတယ်။ ထိုအခါ မျက်နှာဟာ ကြည်လင်လာပြီး သဘာဝမျက်နှာပုံစံဖြင့် သွားနိုင်ပါတယ်။

(၆) ပါးရေနားရေ တွန့်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်
နောက်ဆုံး အချက်ကတော့ ရေခဲတုံးဟာ ပါးရေနားရေတွန့်ခြင်းနှင့် မျက်နှာအရေး အကြောင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီအတွက်ကြောင့် ရေခဲတုံးကိုမျက်နှာ အသားအရည် အတွက် မရှိမဖြစ် အသုံးပြုနိုင်ရန် တင်ပြပေး လိုက်ပါတယ်။

Credit – ကျော်လင်းနိုင် (ရိုးရာလေး)

Leave a Reply

Your email address will not be published. Required fields are marked *