သတင္း

ခရမ်းကစော့သီးကပေးတဲ့ ကျန်းမာရေး

ခရမ်းကစော့သီးကပေးတဲ့ ကျန်းမာရေး

မီးကင်ပြီးပဲတို့စားစား၊ ပြုတ်ပြီးပဲတို့တို့၊ ခရမ်းချဉ်သီးနဲ့ပဲချက်စားစား စားလိုက်တိုင်း ဖောက်ခနဲဖြစ်ပြီး အရသာရှိတဲ့ ခရမ်းကစော့သီးလေးကို ကြိုက်တဲ့သူတွေရှိလား။ ဒီစားကောင်း ခရမ်းကစော့သီးလေးက ကျန်းမာရေးကို တော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်။

ဖောက်ဖောက်၊ ဖောက်ဖောက်နဲ့ စားလို့ကောင်းတဲ့ ခရမ်းကစော့သီးလေးက အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကို ပေးနိုင်ပါတယ်။ ကင်ဆာကာကွယ်ပေးတယ်၊ ခရမ်းကစော့သီးက ကင်ဆာ ကာကွယ်ပေးနိုင်သလို ကင်ဆာကုသရာမှာလည်း ထိရောက်မှုရှိပါတယ်။ ခန္ဓာကိုယ်ကျန်းမာစေဖို့ အာဟာရတွေပြည့်ဝစွာပါဝင်နေသလိုကင်ဆာဆဲလ်တွေ မပွားစေဖို့လည်း အကောင်း ဆုံးဟန့်တားပေးနိုင်ပါတယ်။ ခရမ်းကစော့သီးကို ရှေးယခင်ကာလတွေကတည်းက ကင်ဆာကာကွယ်ဖို့ အသုံးပြုခဲ့ကြပါတယ်။

အကိုက်အခဲသက်သာစေနိုင်တယ်၊ ခရမ်းကစော့သီးတွေက နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ခရမ်းကစော့သီးမှာပါတဲ့ ဓာတ်တစ်မျိုးက နာကျင်မှုကိုသက်သာစေသလို အရောင်ကျစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ခန္ဓာကိုယ်မှာဖြစ်တဲ့ နာကျင်ကိုက်ခဲမှုတွေသက်သာစေဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။

ရောင်ရမ်းမှုကိုသက်သာစေနိုင်တယ်၊ လည်ချောင်းနာတာ၊ ပါးစပ်ထဲမှာ အနာလေးတွေဖြစ်ပြီး နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့လည်း ခရမ်းကစော့သီးကို စားပေးလို့ရပါတယ်။ ထိခိုက်ဒဏ်ရာတွေကြောင့် နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့လည်း စားပေးလို့ရပါတယ်။

အနာတွေကိုသက်သာစေနိုင်တယ်၊ အရေပြားမှာဖြစ်တဲ့ အနာတွေ သက်သာစေဖို့လည်း ခရမ်းကစော့သီးကို အသုံးပြုပေးလို့ရပါတယ်။ အရေပြားပြဿနာအမျိုးမျိုးအတွက် ခရမ်းကစော့သီးကို စားပေးရင် သက်သာစေမှာပါ။

အဖျားကျစေနိုင်တယ်၊ ခရမ်းကစော့သီးကို စားသုံးပေးတာက ကိုယ်ခံအားကောင်းစေနိုင်ပြီး ဖျားနာမှု ကင်းစေနိုင်ပါတယ်။ ရေစင်အောင်ဆေးထားတဲ့ ခရမ်းကစော့သီး ပြုတ်ရည်ကို သောက်ပေးတာကလည်း အဖျားကျစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။

ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်တယ်၊ ခရမ်းကစော့သီးမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ခန္ဓာကိုယ်ကို ရောဂါပိုးတွေအန္တရာယ်ကနေ ကာကွယ်ဖို့ စားသုံးပေးလို့ရပါတယ်။

ဗီတာမင် C ချို့တဲ့မှုကင်းစေတယ်၊ ခရမ်းကစော့သီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပြီး ခန္ဓာကိုယ်မှာ ဗီတာမင် C ချို့တဲ့မှုကြောင့်ဖြစ်စေနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

ရေယုန်သက်သာစေနိုင်တယ်၊ ခရမ်းကစော့သီးမှာ ရေယုန်ကိုသက်သာစေနိုင်ပြီး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတယ်၊ ခရမ်းကစော့သီးက ဓာတ်တိုဆးန့်ကျင်အာနိသင်ကြွယ်ဝတာကြော်င့ ခန္ဓာကိုယ်မျာ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုးမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ အသားအရေကို ကျန်းမာစေနိုင်သလို ရောဂါတွေကနေလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။

သန်ကျစေနိုင်တယ်၊ ခရမ်းကစော့သီးက သဘာဝသန်ကျဆေးတစ်မျိုးပါ။ သန်ထမှာစိုးတယ်။ သန်ချဆေးလည်း မသောက်ချင်ဘူးဆိုရင်တော့ ခရမ်းကစော့သီးလေး တို့စားပေးပါ။

အမြင်အာရုံကောင်းစေတယ်၊ ခရမ်းကစော့သီးကို ထက်ခြမ်းခြမ်းပြီး ထောပတ်နဲ့ ပုံမှန်ကြော်စားပေးတာက အမြင်အာရုံကို ကျန်းမာစေနိုင်မှာပါ။ အရသာလည်းရှိ၊ စားလို့လည်းကောင်းတဲ့ ခရမ်းကစော့သီးလေးတွေ စားရင် အခုပြောခဲ့တဲ့ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ။

Credit – Original Uploader

(Zawgyi)

ခရမ္းကေစာ့သီးကေပးတဲ့ က်န္းမာေရး

မီးကင္ၿပီးပဲတို႔စားစား၊ ျပဳတ္ၿပီးပဲတို႔တို႔၊ ခရမ္းခ်ဥ္သီးနဲ႔ပဲခ်က္စားစား စားလိုက္တိုင္း ေဖာက္ခနဲျဖစ္ၿပီး အရသာရွိတဲ့ ခရမ္းကေစာ့သီးေလးကို ႀကိဳက္တဲ့သူေတြရွိလား။ ဒီစားေကာင္း ခရမ္းကေစာ့သီးေလးက က်န္းမာေရးကို ေတာ္ေတာ္ေလးအေထာက္အကူျပဳေပးႏိုင္ပါတယ္။

ေဖာက္ေဖာက္၊ ေဖာက္ေဖာက္နဲ႔ စားလို႔ေကာင္းတဲ့ ခရမ္းကေစာ့သီးေလးက အခုလိုက်န္းမာေရးအက်ိဳးေက်းဇူးေတြကို ေပးႏိုင္ပါတယ္။ ကင္ဆာကာကြယ္ေပးတယ္၊ ခရမ္းကေစာ့သီးက ကင္ဆာ ကာကြယ္ေပးႏိုင္သလို ကင္ဆာကုသရာမွာလည္း ထိေရာက္မႈရွိပါတယ္။ ခႏၶာကိုယ္က်န္းမာေစဖို႔ အာဟာရေတြျပည့္ဝစြာပါဝင္ေနသလိုကင္ဆာဆဲလ္ေတြ မပြားေစဖို႔လည္း အေကာင္း ဆုံးဟန႔္တားေပးႏိုင္ပါတယ္။ ခရမ္းကေစာ့သီးကို ေရွးယခင္ကာလေတြကတည္းက ကင္ဆာကာကြယ္ဖို႔ အသုံးျပဳခဲ့ၾကပါတယ္။

အကိုက္အခဲသက္သာေစႏိုင္တယ္၊ ခရမ္းကေစာ့သီးေတြက နာက်င္မႈကို သက္သာေစႏိုင္ပါတယ္။ ခရမ္းကေစာ့သီးမွာပါတဲ့ ဓာတ္တစ္မ်ိဳးက နာက်င္မႈကိုသက္သာေစသလို အေရာင္က်ေစႏိုင္တဲ့ အာနိသင္လည္းရွိပါတယ္။ ခႏၶာကိုယ္မွာျဖစ္တဲ့ နာက်င္ကိုက္ခဲမႈေတြသက္သာေစဖို႔အတြက္ အသုံးျပဳေပးလို႔ရပါတယ္။

ေရာင္ရမ္းမႈကိုသက္သာေစႏိုင္တယ္၊ လည္ေခ်ာင္းနာတာ၊ ပါးစပ္ထဲမွာ အနာေလးေတြျဖစ္ၿပီး နာက်င္ေရာင္ရမ္းတာကို သက္သာေစဖို႔လည္း ခရမ္းကေစာ့သီးကို စားေပးလို႔ရပါတယ္။ ထိခိုက္ဒဏ္ရာေတြေၾကာင့္ နာက်င္ေရာင္ရမ္းတာကို သက္သာေစဖို႔လည္း စားေပးလို႔ရပါတယ္။

အနာေတြကိုသက္သာေစႏိုင္တယ္၊ အေရျပားမွာျဖစ္တဲ့ အနာေတြ သက္သာေစဖို႔လည္း ခရမ္းကေစာ့သီးကို အသုံးျပဳေပးလို႔ရပါတယ္။ အေရျပားျပႆနာအမ်ိဳးမ်ိဳးအတြက္ ခရမ္းကေစာ့သီးကို စားေပးရင္ သက္သာေစမွာပါ။

အဖ်ားက်ေစႏိုင္တယ္၊ ခရမ္းကေစာ့သီးကို စားသုံးေပးတာက ကိုယ္ခံအားေကာင္းေစႏိုင္ၿပီး ဖ်ားနာမႈ ကင္းေစႏိုင္ပါတယ္။ ေရစင္ေအာင္ေဆးထားတဲ့ ခရမ္းကေစာ့သီး ျပဳတ္ရည္ကို ေသာက္ေပးတာကလည္း အဖ်ားက်ေစဖို႔ အေကာင္းဆုံး အေထာက္အပံ့ေပးႏိုင္မွာပါ။

ဘက္တီးရီးယားေတြကိုတိုက္ဖ်က္ေပးႏိုင္တယ္၊ ခရမ္းကေစာ့သီးမွာ ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးႏိုင္တဲ့ အာနိသင္ရွိတာေၾကာင့္ ခႏၶာကိုယ္ကို ေရာဂါပိုးေတြအႏၲရာယ္ကေန ကာကြယ္ဖို႔ စားသုံးေပးလို႔ရပါတယ္။

ဗီတာမင္ C ခ်ိဳ႕တဲ့မႈကင္းေစတယ္၊ ခရမ္းကေစာ့သီးမွာ ဗီတာမင္ C ႂကြယ္ဝစြာပါဝင္ေနၿပီး ခႏၶာကိုယ္မွာ ဗီတာမင္ C ခ်ိဳ႕တဲ့မႈေၾကာင့္ျဖစ္ေစႏိုင္တဲ့ က်န္းမာေရးျပႆနာေတြကို အထိေရာက္ဆုံးကာကြယ္ေပးႏိုင္ပါတယ္။

ေရယုန္သက္သာေစႏိုင္တယ္၊ ခရမ္းကေစာ့သီးမွာ ေရယုန္ကိုသက္သာေစႏိုင္ၿပီး မျဖစ္ေအာင္လည္း ကာကြယ္ေပးႏိုင္ပါတယ္။

ဓာတ္တိုးဆန႔္က်င္အာနိသင္ ႂကြယ္ဝတယ္၊ ခရမ္းကေစာ့သီးက ဓာတ္တိုဆးန႔္က်င္အာနိသင္ႂကြယ္ဝတာေၾကာ္င့ ခႏၶာကိုယ္မ်ာ ဓာတ္တိုးပစၥည္းေတြေၾကာင့္ ထိခိုက္တာမ်ိဳးမျဖစ္ေအာင္ အထိေရာက္ဆုံးကာကြယ္ေပးႏိုင္ပါတယ္။ အသားအေရကို က်န္းမာေစႏိုင္သလို ေရာဂါေတြကေနလည္း အထိေရာက္ဆုံး ကာကြယ္ေပးႏိုင္မွာပါ။

သန္က်ေစႏိုင္တယ္၊ ခရမ္းကေစာ့သီးက သဘာဝသန္က်ေဆးတစ္မ်ိဳးပါ။ သန္ထမွာစိုးတယ္။ သန္ခ်ေဆးလည္း မေသာက္ခ်င္ဘူးဆိုရင္ေတာ့ ခရမ္းကေစာ့သီးေလး တို႔စားေပးပါ။

အျမင္အာ႐ုံေကာင္းေစတယ္၊ ခရမ္းကေစာ့သီးကို ထက္ျခမ္းျခမ္းၿပီး ေထာပတ္နဲ႔ ပုံမွန္ေၾကာ္စားေပးတာက အျမင္အာ႐ုံကို က်န္းမာေစႏိုင္မွာပါ။ အရသာလည္းရွိ၊ စားလို႔လည္းေကာင္းတဲ့ ခရမ္းကေစာ့သီးေလးေတြ စားရင္ အခုေျပာခဲ့တဲ့ က်န္းမာေရးအက်ိဳးေက်းဇူးေလးေတြကို ရယူလိုက္ပါ။

Credit – Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *