ဗဟုတုသ

ရန်ကုန်မြို့အတွင်း စီးနင်းခွင့်မပြုသည့် မြို့နယ်မှာ ကားနှင့်ဆိုင်ကယ် မတော်တဆဖြစ်ခဲ့ရင်

(Unicode)

ရန်ကုန်မြို့အတွင်း စီးနင်းခွင့်မပြုသည့် မြို့နယ်မှာ ကားနှင့်ဆိုင်ကယ် မတော်တဆဖြစ်ခဲ့ရင်

ရန်ကုန်မြို့တော် နယ်နမိတ်အတွင်း စီးနင်းခွင်မပြုသည့် မြို့နယ်တို့၌ ကားနှင့်ဆိုင်ကယ် မတော်တဆမှုဖြစ်ခဲ့သော် ဘယ်လိုအရေးယူမလဲဆိုရင် မေးလာကြတဲ့ ယာဉ်မောင်းတွေ အတော်များလာတာမို့ ထပ်ပြီး ရှင်းလင်းဖြေကြားပါရစေ။ မော်တော်ဆိုင်ကယ်မစီးရနယ်မြေမှာစီးနင်းခဲ့ရင် ဒီလိုမျိုးအရေးယူပါတယ် ဥပမာပေါ့ မစီးရ နယ်မြေမှာ စီးနင်းလို့ နယ်ကျော်လို့ ဆိုင်ကယ်မှာ လိုင်စင်မရှိ without ဖြစ်လို့ စတာတွေနဲ့ သက်ဆိုင်သလို အရေးယူပါတယ်။ ယာဉ်မတော်တဆမှုဖြစ်ခဲ့ရင်တော့ သက်ဆိုင်ရာယာဉ်စည်းကမ်း လမ်းစည်းကမ်း ပုဒ်မတို့နဲ့ အရေးယူပါတယ်။ ဆိုင်ကယ်နဲ့ ကားနဲ့ပဲဖြစ်ဖြစ် ဆိုင်ကယ်နဲ့ လမ်းလျှောက်သူနဲ့ပဲဖြစ်ဖြစ် ယာဉ်/လမ်းစည်းကမ်းချိုဖေါက်တဲ့ ယာဉ်မောင်းကိုပဲ အရေးယူပါတယ်။

ဒီနေရာမှာ အများစု စိတ်ထဲစွဲမှတ်နေတာက မစီးရနယ်မြေမှာ စီးတဲ့ဆိုင်ကယ်သာလျှင် ဘယ်လိုဆိုဆို မှားတာလို့ ပြောကြပါတယ်။ ဒါကိုကျွန်တော်က ဘယ်၍ဘယ်မျှ မည်သို့မည်ပုံရယ်လို့ ဘာမှ ဝင်မဆွေးနွေးလိုပါဘူး။ တစ်ခုပဲ အဲ့ဒီလိုထင်မှတ်ထားပြီး မတော်တဆ ဖြစ်ခဲ့လို့ရှိရင် ထင်မှတ်ထားသလို ဖြစ်မလာဘဲ မိမိအရေးယူခံလိုက်ရမှာကို မဖြစ်စေလိုတာမို့ ဒီလိုတော့ရှိတယ်ဆိုတာလေး ပြောပြခြင်းသာဖြစ်ပါတယ်။ ယာဉ်တိုက်မှုဖြစ်လို့အရေးယူတာကတပိုင်း၊ မစီးရနယ်မှာ စီးလို့အရေးယူမှာက တပိုင်းပါ။ ယာဉ်မောင်းကောင်းတစ်ယောက်အနေဖြင့် ပြောရမယ်ဆိုရင်လဲ ဘယ်ယာဉ် စည်းကမ်းဖေါက်ဖေါက် မိမိစည်းကမ်းလိုက်နာဖို့သာ အဓိကပါ။

Credit-ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

(Zawgyi)

ရန္ကုန္ၿမိဳ႕အတြင္း စီးနင္းခြင့္မျပဳသည့္ ၿမိဳ႕နယ္မွာ ကားႏွင့္ဆိုင္ကယ္ မေတာ္တဆျဖစ္ခဲ့ရင္

ရန္ကုန္ၿမိဳ႕ေတာ္ နယ္နမိတ္အတြင္း စီးနင္းခြင္မျပဳသည့္ ၿမိဳ႕နယ္တို႔၌ ကားႏွင့္ဆိုင္ကယ္ မေတာ္တဆမႈျဖစ္ခဲ့ေသာ္ ဘယ္လိုအေရးယူမလဲဆိုရင္ ေမးလာၾကတဲ့ ယာဥ္ေမာင္းေတြ အေတာ္မ်ားလာတာမို႔ ထပ္ၿပီး ရွင္းလင္းေျဖၾကားပါရေစ။ ေမာ္ေတာ္ဆိုင္ကယ္မစီးရနယ္ေျမမွာစီးနင္းခဲ့ရင္ ဒီလိုမ်ိဳးအေရးယူပါတယ္ ဥပမာေပါ့ မစီးရ နယ္ေျမမွာ စီးနင္းလို႔ နယ္ေက်ာ္လို႔ ဆိုင္ကယ္မွာ လိုင္စင္မရွိ without ျဖစ္လို႔ စတာေတြနဲ႔ သက္ဆိုင္သလို အေရးယူပါတယ္။ ယာဥ္မေတာ္တဆမႈျဖစ္ခဲ့ရင္ေတာ့ သက္ဆိုင္ရာယာဥ္စည္းကမ္း လမ္းစည္းကမ္း ပုဒ္မတို႔နဲ႔ အေရးယူပါတယ္။ ဆိုင္ကယ္နဲ႔ ကားနဲ႔ပဲျဖစ္ျဖစ္ ဆိုင္ကယ္နဲ႔ လမ္းေလွ်ာက္သူနဲ႔ပဲျဖစ္ျဖစ္ ယာဥ္/လမ္းစည္းကမ္းခ်ိဳေဖါက္တဲ့ ယာဥ္ေမာင္းကိုပဲ အေရးယူပါတယ္။

ဒီေနရာမွာ အမ်ားစု စိတ္ထဲစြဲမွတ္ေနတာက မစီးရနယ္ေျမမွာ စီးတဲ့ဆိုင္ကယ္သာလွ်င္ ဘယ္လိုဆိုဆို မွားတာလို႔ ေျပာၾကပါတယ္။ ဒါကိုကြၽန္ေတာ္က ဘယ္၍ဘယ္မွ် မည္သို႔မည္ပုံရယ္လို႔ ဘာမွ ဝင္မေဆြးေႏြးလိုပါဘူး။ တစ္ခုပဲ အဲ့ဒီလိုထင္မွတ္ထားၿပီး မေတာ္တဆ ျဖစ္ခဲ့လို႔ရွိရင္ ထင္မွတ္ထားသလို ျဖစ္မလာဘဲ မိမိအေရးယူခံလိုက္ရမွာကို မျဖစ္ေစလိုတာမို႔ ဒီလိုေတာ့ရွိတယ္ဆိုတာေလး ေျပာျပျခင္းသာျဖစ္ပါတယ္။ ယာဥ္တိုက္မႈျဖစ္လို႔အေရးယူတာကတပိုင္း၊ မစီးရနယ္မွာ စီးလို႔အေရးယူမွာက တပိုင္းပါ။ ယာဥ္ေမာင္းေကာင္းတစ္ေယာက္အေနျဖင့္ ေျပာရမယ္ဆိုရင္လဲ ဘယ္ယာဥ္ စည္းကမ္းေဖါက္ေဖါက္ မိမိစည္းကမ္းလိုက္နာဖို႔သာ အဓိကပါ။

Credit-ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ

Leave a Reply

Your email address will not be published. Required fields are marked *