က်န္းမာ‌‌ေရးအသိ

အသည်းခြောက် ရေဖျဉ်းသမားများ ဝမ်းမြောက်ဖွယ်

(Unicode)

အသည်းခြောက် ရေဖျဉ်းသမားများ ဝမ်းမြောက်ဖွယ်

ကိုယ်တွေ.ဆေးနည်းစွမ်း

ရေဖျဉ်း၊ အသည်းသမားအတွက် မှတ်သားဖွယ်

မယ်ဇလီပင်

ဇနီးဖြစ်သူက အရက်လျော့သောက်ပါ..သောက်ပါဆိုသည် စကားပြော၍ တစ်နှစ်မျှပင် မကြာလိုက်။ ကိုထွန်းအောင် ရေဖျဉ်းရောဂါဖြင့် အိပ်ရာထဲ လဲတော့သည်။ ရေဖျဉ်းဖြစ်ပြီး ခန္ခာကိုယ်အောက်ပိုင်း ပေါင်နှင့်ခြေသလုံးများပါ ဖေါရောင်၍ အိပ်၍မရ အသက်ရှုကြပ်လှသည်ဆိုသည်။ ခက်သည်ကား ကျောက်ကပ်ကြောင့်လား၊ အသည်းကြောင့်လား တိတိပပ ဝေခွဲမရဖြစ်ပြန်သည်။ မြို့တက်၍ ဆရာ၀န်ဖြင့် စမ်းသပ်မှုများပြုလုပ်ရာ အသည်းခြောက်ပြီး ရေဖျဉ်းစွဲကြောင့်ဟု သိရသည်။ ဆေးရုံလည်း မတက်လို၍ ရွာသို့ပြန်ခေါ်ရင်း ဘာလုပ်ပေးရမည်မသိ ဖြစ်နေစဉ်၊ ကိုယ်တိုင် ဖြစ်ဖူးပါတယ်…ငါပြောသလို လုပ်ကြည့်ပါဟု မိတ်ဆွေတစ်ဦးကဆို၍ အောက်ပါဆေးနည်းအတိုင်း ဆောင်ရွက်ကြည့်ရာ အမှန်ပင် သက်သာပျောက်ကင်းခဲ့ပါသည်။

ဆေးနည်း

(၁) မယ်ဇလီပင်မှ အခေါက်ကိုခွါရသည်။

(၂) မယ်ဇလီခေါက်(၃)ပိဿာကို ရေစင်အောင်ဆေးပြီး မီးရှို့ပြာချလိုက်ရသည်။

(၃) ထိုပြာများကို ရေသုံးဖလားဖြင့်ရောကာ နေ့စဉ် နံက်တစ်ကြိမ်ညနေတစ်ကြိမ် လက်ဖက်ရည်အကြမ်းပန်းကန်လုံး (၁)လုံးမျှ ရေစစ်ဖြင့်စစ်ပြီးတိုက်ပေးရခြင်းဖြစ်ပါသည်။

(၄) ထိုသို့ပြုလုပ်ပြီး(၂)ရက်အကြာတွင် ဆီးမကြာခဏ စသွားကာ တစ်လအတွင်း ဖောင်ကားနေသည့် ဗိုက်အိုးကြီးမှာ သိသိသားလျော့ကျ၍ အရှင်းပျောက်ကင်းသွားခြင်း ဖြစ်သည်ဟုဆိုပါသည်။ ကိုယ်တွေ့ကြုံဖူးသူ ပြောပြသောဆေးနည်းလေးဖြစ်ပါ၍ ခေတ်မီဆေးဝါးတို့ဖြင့် ကုသရန် ခက်ခဲနေသူတို့ လိုအပ်ပါလျှင် အသုံးပြုနိုင်ပါရန် တင်ပြလိုက်ပါသည်။

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

(Zawgyi)

အသည္းေျခာက္ ေရဖ်ဥ္းသမားမ်ား ဝမ္းေျမာက္ဖြယ္

ကိုယ္ေတြ.ေဆးနည္းစြမ္း

ေရဖ်ဥ္း၊ အသည္းသမားအတြက္ မွတ္သားဖြယ္

မယ္ဇလီပင္

ဇနီးျဖစ္သူက အရက္ေလ်ာ့ေသာက္ပါ..ေသာက္ပါဆိုသည္ စကားေျပာ၍ တစ္ႏွစ္မွ်ပင္ မၾကာလိုက္။ ကိုထြန္းေအာင္ ေရဖ်ဥ္းေရာဂါျဖင့္ အိပ္ရာထဲ လဲေတာ့သည္။ ေရဖ်ဥ္းျဖစ္ၿပီး ခႏၡာကိုယ္ေအာက္ပိုင္း ေပါင္ႏွင့္ေျခသလုံးမ်ားပါ ေဖါေရာင္၍ အိပ္၍မရ အသက္ရႈၾကပ္လွသည္ဆိုသည္။ ခက္သည္ကား ေက်ာက္ကပ္ေၾကာင့္လား၊ အသည္းေၾကာင့္လား တိတိပပ ေဝခြဲမရျဖစ္ျပန္သည္။ ၿမိဳ႕တက္၍ ဆရာ၀န္ျဖင့္ စမ္းသပ္မႈမ်ားျပဳလုပ္ရာ အသည္းေျခာက္ၿပီး ေရဖ်ဥ္းစြဲေၾကာင့္ဟု သိရသည္။ ေဆး႐ုံလည္း မတက္လို၍ ႐ြာသို႔ျပန္ေခၚရင္း ဘာလုပ္ေပးရမည္မသိ ျဖစ္ေနစဥ္၊ ကိုယ္တိုင္ ျဖစ္ဖူးပါတယ္…ငါေျပာသလို လုပ္ၾကည့္ပါဟု မိတ္ေဆြတစ္ဦးကဆို၍ ေအာက္ပါေဆးနည္းအတိုင္း ေဆာင္႐ြက္ၾကည့္ရာ အမွန္ပင္ သက္သာေပ်ာက္ကင္းခဲ့ပါသည္။

ေဆးနည္း

(၁) မယ္ဇလီပင္မွ အေခါက္ကိုခြါရသည္။

(၂) မယ္ဇလီေခါက္(၃)ပိႆာကို ေရစင္ေအာင္ေဆးၿပီး မီးရႈိ႕ျပာခ်လိုက္ရသည္။

(၃) ထိုျပာမ်ားကို ေရသုံးဖလားျဖင့္ေရာကာ ေန႔စဥ္ နံက္တစ္ႀကိမ္ညေနတစ္ႀကိမ္ လက္ဖက္ရည္အၾကမ္းပန္းကန္လုံး (၁)လုံးမွ် ေရစစ္ျဖင့္စစ္ၿပီးတိုက္ေပးရျခင္းျဖစ္ပါသည္။

(၄) ထိုသို႔ျပဳလုပ္ၿပီး(၂)ရက္အၾကာတြင္ ဆီးမၾကာခဏ စသြားကာ တစ္လအတြင္း ေဖာင္ကားေနသည့္ ဗိုက္အိုးႀကီးမွာ သိသိသားေလ်ာ့က်၍ အရွင္းေပ်ာက္ကင္းသြားျခင္း ျဖစ္သည္ဟုဆိုပါသည္။ ကိုယ္ေတြ႕ႀကဳံဖူးသူ ေျပာျပေသာေဆးနည္းေလးျဖစ္ပါ၍ ေခတ္မီေဆးဝါးတို႔ျဖင့္ ကုသရန္ ခက္ခဲေနသူတို႔ လိုအပ္ပါလွ်င္ အသုံးျပဳႏိုင္ပါရန္ တင္ျပလိုက္ပါသည္။

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

Leave a Reply

Your email address will not be published. Required fields are marked *