သတင္း

ကမာၻအႏွံ႔က သရဲအေျခာက္ဆုံး ဟိုတယ္မ်ား

(Zawgyi)
ကမာၻအႏွံ႔က သရဲအေျခာက္ဆုံး ဟိုတယ္မ်ား

ခရီးသြားလာတဲ့အခါ မျဖစ္မေန တည္းခို အနားယူၾကရတဲ့ ဟိုတယ္ေတြဟာ အမ်ားအားျဖင့္ေတာ့ လုံၿခဳံစိတ္ခ်ရၿပီး သက္ေသာင့္သက္သာ ျဖစ္ေစၾကတာပဲျဖစ္ၿပီး အခုေဖာ္ျပေပးမယ့္ ဟိုတယ္ေတြကေတာ့ တည္းခိုသူေတြကို စိတ္မသက္မသာ ျဖစ္ေစတဲ့ သရဲအေျခာက္ဆုံး ဟိုတယ္ေတြပဲ ျဖစ္ပါတယ္။

(၁) Hollywood Roosevelt Hotel

အေမရိကန္ျပည္ေထာင္စုရဲ႕ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕မွာ တည္ရွိတဲ့ ဒီဟိုတယ္ဟာဆိုရင္ သရဲေျခာက္တယ္လို႔ နာမည္ႀကီးတဲ့ ဟိုတယ္ပဲျဖစ္ၿပီး ၁၉၂၇ ခုႏွစ္ေလာက္ကတည္းက တည္ေဆာက္ခဲ့တာ ျဖစ္ပါတယ္။ ဟိုတယ္ရဲ႕ အခန္းနံပါတ္ ၂၂၉ မွာဆိုရင္ေတာ့ ကြယ္လြန္သြားခဲ့ၿပီျဖစ္တဲ့ မင္းသမီး မာရီလင္မြန္႐ိုး ကခုန္ေနတဲ့ အရိပ္သ႑ာန္ကို ေတြ႕ျမင္ၾကရတဲ့အျပင္ အဲဒီအခန္းရဲ႕မွန္ေတြမွာလည္း မြန္႐ိုးရဲ႕ပုံရိပ္ေတြ ထင္ဟပ္ေနတာကို လွ်ပ္တျပတ္ ဆိုသလို ေတြ႕ျမင္ၾကရတယ္လို႔ သိရပါတယ္။

(၂) Castle Stuart

စေကာ့တလန္ႏိုင္ငံ Inverness ၿမိဳ႕မွာ တည္ရွိတဲ့ ဒီရဲတိုက္ႀကီးဟာဆိုရင္ေတာ့ စေကာ့တလန္မွာ သရဲအေျခာက္ဆုံး အေဆာက္အဦ တခုျဖစ္တာေၾကာင့္ ဘယ္သူမွ မေနရဲၾကပါဘူး။ ဒီရဲတိုက္ကို ၁၅၆၁ ခုႏွစ္မွာ James Stuart ဆိုသူက ေဆာက္လုပ္ခဲ့ၿပီး အနီးအနားပတ္ဝန္းက်င္ကေန ရဲတိုက္ထဲက ထြက္ေပၚလာတဲ့ ေအာ္ဟစ္ငိုယိုသံေတြနဲ႔ ထူးထူးဆန္းဆန္း အသံေတြကို ၾကားရေလ့ရွိတယ္လို႔ သိရပါတယ္။

(၃) Cecil Hotel

ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕မွာ တည္ရွိတဲ့ ဒီဟိုတယ္ဟာဆိုရင္ေတာ့ လက္ရွိမွာ “Stay On Men” လို႔ နာမည္ေျပာင္းထားၿပီး ၁၉၆၀ ခုႏွစ္တုန္းက ဟိုတယ္မွာ တည္းခိုတဲ့ အမ်ိဳးသားတဦး ၉ လႊာကေန ခုန္ခ်ၿပီး မိမိကိုယ္ကို သတ္ေသခဲ့တာေၾကာင့္ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားလွတဲ့ ဟိုတယ္ပဲ ျဖစ္ပါတယ္။ ထူးထူးျခားျခား ျဖစ္ရပ္ေတြအေနနဲ႔ ဒီဟိုတယ္မွာ ဓာတ္ပုံ႐ိုက္ကူးတဲ့အခါ ဓာတ္ပုံေတြထဲမွာ လူပုံစံအရိပ္ေတြ မထင္မရွားနဲ႔ အၿမဲလိုလို ပါဝင္ေနတတ္ၿပီး နံရံေတြဆီက တစုံတခုကို ကုတ္ျခစ္ေနတဲ့ အသံေတြလည္း ၾကားရတတ္တယ္လို႔ သိရပါတယ္။

(၄) Stanley Hotel

အေမရိကန္ျပည္ေထာင္စု၊ ေကာ္လိုရာဒိုျပည္နယ္မွာရွိတဲ့ ဒီဟိုတယ္ဟာဆိုရင္ေတာ့ သရဲအေျခာက္ဆုံး ဟိုတယ္ေတြထဲမွာ နာမည္ႀကီးလွၿပီး နာမည္ေက်ာ္စာေရးဆရာႀကီး Stephen King ဟာ ဟိုတယ္ရဲ႕ အခန္းနံပါတ္ ၂၁၇ မွာေနထိုင္ၿပီး The Shining ဆိုတဲ့ ဝတၳဳကို ဈာန္ဝင္စားကာ ေရးသားခဲ့တယ္လို႔ သိရပါတယ္။

ဒီဟိုတယ္မွာ တည္းခိုတဲ့ ဧည့္သည္ေတြရဲ႕ ေျပာဆိုခ်က္ေတြအရ ညတိုင္းလိုလိုမွာ ေစာင္ေတြကို ကိုယ္ေပၚကေန အဆြဲခ်ခံ ရတဲ့အျပင္ ဟိုတယ္ရဲ႕ ၄ လႊာမွာ ညဘက္တိုင္းလိုလို ကေလးငယ္ေတြ ေျပးလႊားေနတဲ့အသံေတြနဲ႔ ရယ္ေမာသံေတြကို ၾကားရေလ့ရွိတယ္လို႔ ဆိုပါတယ္။

Ref : www.theoccultmuseum.com

Credit – ဟယ္လ္သင္(ဧရာဝတီ), The Irrawaddy – Burmese Edition

(Unicode)
ကမ္ဘာအနှံ့က သရဲအခြောက်ဆုံး ဟိုတယ်များ

ခရီးသွားလာတဲ့အခါ မဖြစ်မနေ တည်းခို အနားယူကြရတဲ့ ဟိုတယ်တွေဟာ အများအားဖြင့်တော့ လုံခြုံစိတ်ချရပြီး သက်သောင့်သက်သာ ဖြစ်စေကြတာပဲဖြစ်ပြီး အခုဖော်ပြပေးမယ့် ဟိုတယ်တွေကတော့ တည်းခိုသူတွေကို စိတ်မသက်မသာ ဖြစ်စေတဲ့ သရဲအခြောက်ဆုံး ဟိုတယ်တွေပဲ ဖြစ်ပါတယ်။

(၁) Hollywood Roosevelt Hotel

အမေရိကန်ပြည်ထောင်စုရဲ့ လော့စ်အိန်ဂျလိစ်မြို့မှာ တည်ရှိတဲ့ ဒီဟိုတယ်ဟာဆိုရင် သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ ဟိုတယ်ပဲဖြစ်ပြီး ၁၉၂၇ ခုနှစ်လောက်ကတည်းက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ဟိုတယ်ရဲ့အခန်းနံပါတ် ၂၂၉ မှာဆိုရင်တော့ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ မင်းသမီး မာရီလင်မွန်ရိုး ကခုန်နေတဲ့ အရိပ်သဏ္ဍာန်ကို တွေ့မြင်ကြရတဲ့အပြင် အဲဒီအခန်းရဲ့မှန်တွေမှာလည်း မွန်ရိုးရဲ့ပုံရိပ်တွေ ထင်ဟပ်နေတာကို လျှပ်တပြတ် ဆိုသလို တွေ့မြင်ကြရတယ်လို့ သိရပါတယ်။

(၂) Castle Stuart

စကော့တလန်နိုင်ငံ Inverness မြို့မှာ တည်ရှိတဲ့ ဒီရဲတိုက်ကြီးဟာဆိုရင်တော့ စကော့တလန်မှာ သရဲအခြောက်ဆုံး အဆောက်အဦ တခုဖြစ်တာကြောင့် ဘယ်သူမှ မနေရဲကြပါဘူး။ ဒီရဲတိုက်ကို ၁၅၆၁ ခုနှစ်မှာ James Stuart ဆိုသူက ဆောက်လုပ်ခဲ့ပြီး အနီးအနားပတ်ဝန်းကျင်ကနေ ရဲတိုက်ထဲက ထွက်ပေါ်လာတဲ့ အော်ဟစ်ငိုယိုသံတွေနဲ့ ထူးထူးဆန်းဆန်းအသံတွေကို ကြားရလေ့ရှိတယ်လို့ သိရပါတယ်။

(၃) Cecil Hotel

လော့စ်အိန်ဂျလိစ်မြို့မှာ တည်ရှိတဲ့ ဒီဟိုတယ်ဟာဆိုရင်တော့ လက်ရှိမှာ “Stay On Men” လို့ နာမည်ပြောင်းထားပြီး ၁၉၆၀ ခုနှစ်တုန်းက ဟိုတယ်မှာ တည်းခိုတဲ့ အမျိုးသားတဦး ၉ လွှာကနေ ခုန်ချပြီး မိမိကိုယ်ကို သတ်သေခဲ့တာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ဟိုတယ်ပဲ ဖြစ်ပါတယ်။ ထူးထူးခြားခြား ဖြစ်ရပ်တွေအနေနဲ့ ဒီဟိုတယ်မှာ ဓာတ်ပုံရိုက်ကူးတဲ့အခါ ဓာတ်ပုံတွေထဲမှာ လူပုံစံအရိပ်တွေ မထင်မရှားနဲ့ အမြဲလိုလို ပါဝင်နေတတ်ပြီး နံရံတွေဆီက တစုံတခုကို ကုတ်ခြစ်နေတဲ့ အသံတွေလည်း ကြားရတတ်တယ်လို့ သိရပါတယ်။

(၄) Stanley Hotel

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှာရှိတဲ့ ဒီဟိုတယ်ဟာဆိုရင်တော့ သရဲအခြောက်ဆုံး ဟိုတယ်တွေထဲမှာ နာမည်ကြီးလှပြီး နာမည်ကျော်စာရေးဆရာကြီး Stephen King ဟာ ဟိုတယ်ရဲ့ အခန်းနံပါတ် ၂၁၇ မှာနေထိုင်ပြီး The Shining ဆိုတဲ့ ဝတ္ထုကို ဈာန်ဝင်စားကာ ရေးသားခဲ့တယ်လို့ သိရပါတယ်။

ဒီဟိုတယ်မှာ တည်းခိုတဲ့ ဧည့်သည်တွေရဲ့ ပြောဆိုချက်တွေအရ ညတိုင်းလိုလိုမှာ စောင်တွေကို ကိုယ်ပေါ်ကနေ အဆွဲချခံ ရတဲ့အပြင် ဟိုတယ်ရဲ့ ၄ လွှာမှာ ညဘက်တိုင်းလိုလို ကလေးငယ်တွေ ပြေးလွှားနေတဲ့အသံတွေနဲ့ ရယ်မောသံတွေကို ကြားရလေ့ရှိတယ်လို့ ဆိုပါတယ်။

Ref : www.theoccultmuseum.com

Credit – ဟယ်လ်သင်(ဧရာဝတီ), The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *