သတင္း

အစိုးရဝန္ထမ္းေတြ ဝင္ေငြခြန္ ကင္းလြတ္ျခင္းျဖင့္ ကားဝယ္စီးၾကမယ္

(Zawgyi)
အစိုးရဝန္ထမ္းေတြဝင္ေငြခြန္ ကင္းလြတ္ျခင္းျဖင့္ ကားဝယ္စီးၾကမယ္။ အစိုးရဝန္ထမ္းေတြအေနနဲ႔ ကားသစ္ဝယ္ယူတဲ့အခါ ဝင္ေငြခြန္ေပးေဆာင္ဖို႔လိုသလား။ ဒီေမးခြန္းရဲ႕ အေျဖကို ႏိုင္ငံ့ဝန္ထမ္းတိုင္းလိုလို သိခ်င္ၾကမွာပါ။

ဝင္ေငြခြန္ ထပ္မံေပးေဆာင္ဖို႔ မလိုပါဘူးခင္ဗ်ာ။ ဝယ္ယူတဲ့ ကားတန္ဖိုးအတိုင္း ဝယ္ႏိုင္ပါတယ္။ တိုင္းျပည္အတြက္ တာဝန္ထမ္းေဆာင္ေနၾကသူေတြ ရရွိတဲ့လစာကို ေငြျဖဴအျဖစ္ သတ္မွတ္ၿပီးသား ျဖစ္ပါတယ္။

ေမာ္ေတာ္ယာဥ္ ဝယ္ယူတဲ့အခါ ေပးေဆာင္ရတဲ့ ဝင္ေငြခြန္ကေန ကင္းလြတ္ခြင့္ ရရွိမွာပါ။ အဲ့ဒါဆိုရင္ အခြန္သက္သာေအာင္ ဘယ္လိုလုပ္ေဆာင္ရမလဲ၊ ဘယ္လိုအေထာက္အထားေတြ လိုအပ္မလဲ?

(၁) ကိုယ္တာဝန္ထမ္းေဆာင္ေနတဲ့ဌာနကေန ဘယ္ရာထူး/လစာနဲ႔ တာဝန္ထမ္းေဆာင္ခဲ့တဲ့ အခ်ိန္ကာလ ဘယ္ေလာက္ရွိၿပီဆိုတဲ့ ေထာက္ခံစာေတာင္းယူပါ။

(၂) ေနာက္တခုအေနနဲ႔ သက္ဆိုင္ရာ ဌာနကေန ရရွိခဲ့တဲ့ လစာအေလ်ာက္ လစာႏႈန္းထား တြက္ခ်က္မႈဆိုတဲ့ ဇယားဆြဲၿပီး အထက္လူႀကီးက လက္မွတ္ထိုးေပးရမွာပါ။

(၃) ၿပီးရင္ေတာ့ ကိုယ္ႏွစ္သက္ရာ ကားအမ်ိဳးအစားကိုဝယ္ယူႏိုင္ပါၿပီ။

ကားနံပါတ္ယူ၊ လိုင္စင္ဝင္ၿပီးတဲ့အခါ ကညန က ေမာ္ေတာ္ယာဥ္နဲ႔ သက္ဆိုင္တဲ့စာ႐ြက္စာတမ္းေတြ ရရွိမွာပါ။

အဲ့ဒီအခါ အဲ့ဒီစာ႐ြက္ေတြရယ္၊ အေပၚမွာ ေဖာ္ျပခဲ့တဲ့ စာ၂႐ြက္ကိုယူၿပီး ကိုယ္ေနထိုင္ရာ ၿမိဳ႕နယ္အခြန္႐ုံးမွာ “အခြန္ထမ္းေဆာင္ရန္ ဝင္ေငြတင္ျပျခင္း”ဆိုတဲ့ ေလွ်ာက္လႊာနဲ႔အတူ ဝင္ေငြရလမ္းကို ေဖာ္ျပၿပီး အခြန္ကင္းလြတ္ခြင့္ ရရွိေအာင္ ေဆာင္႐ြက္ႏိုင္ပါတယ္။

Credit – La pyay Kyaw

(Unicode)
အစိုးရဝန်ထမ်းတွေဝင်ငွေခွန် ကင်းလွတ်ခြင်းဖြင့် ကားဝယ်စီးကြမယ်။ အစိုးရဝန်ထမ်းတွေအနေနဲ့ ကားသစ်ဝယ်ယူတဲ့အခါ ဝင်ငွေခွန်ပေးဆောင်ဖို့လိုသလား။ ဒီမေးခွန်းရဲ့ အဖြေကို နိုင်ငံ့ဝန်ထမ်းတိုင်းလိုလို သိချင်ကြမှာပါ။

ဝင်ငွေခွန် ထပ်မံပေးဆောင်ဖို့ မလိုပါဘူးခင်ဗျာ။ ဝယ်ယူတဲ့ ကားတန်ဖိုးအတိုင်း ဝယ်နိုင်ပါတယ်။ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်နေကြသူတွေ ရရှိတဲ့လစာကို ငွေဖြူအဖြစ် သတ်မှတ်ပြီးသား ဖြစ်ပါတယ်။

မော်တော်ယာဉ် ဝယ်ယူတဲ့အခါ ပေးဆောင်ရတဲ့ ဝင်ငွေခွန်ကနေ ကင်းလွတ်ခွင့် ရရှိမှာပါ။ အဲ့ဒါဆိုရင် အခွန်သက်သာအောင် ဘယ်လိုလုပ်ဆောင်ရမလဲ၊ ဘယ်လိုအထောက်အထားတွေ လိုအပ်မလဲ?

(၁) ကိုယ်တာဝန်ထမ်းဆောင်နေတဲ့ဌာနကနေ ဘယ်ရာထူး/လစာနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ အချိန်ကာလ ဘယ်လောက်ရှိပြီဆိုတဲ့ ထောက်ခံစာတောင်းယူပါ။

(၂) နောက်တခုအနေနဲ့ သက်ဆိုင်ရာ ဌာနကနေ ရရှိခဲ့တဲ့ လစာအလျောက် လစာနှုန်းထား တွက်ချက်မှုဆိုတဲ့ ဇယားဆွဲပြီး အထက်လူကြီးက လက်မှတ်ထိုးပေးရမှာပါ။

(၃) ပြီးရင်တော့ ကိုယ်နှစ်သက်ရာ ကားအမျိုးအစားကိုဝယ်ယူနိုင်ပါပြီ။

ကားနံပါတ်ယူ၊ လိုင်စင်ဝင်ပြီးတဲ့အခါ ကညန က မော်တော်ယာဉ်နဲ့ သက်ဆိုင်တဲ့စာရွက်စာတမ်းတွေ ရရှိမှာပါ။

အဲ့ဒီအခါ အဲ့ဒီစာရွက်တွေရယ်၊ အပေါ်မှာ ဖော်ပြခဲ့တဲ့ စာ၂ရွက်ကိုယူပြီး ကိုယ်နေထိုင်ရာ မြို့နယ်အခွန်ရုံးမှာ “အခွန်ထမ်းဆောင်ရန် ဝင်ငွေတင်ပြခြင်း”ဆိုတဲ့ လျှောက်လွှာနဲ့အတူ ဝင်ငွေရလမ်းကို ဖော်ပြပြီး အခွန်ကင်းလွတ်ခွင့် ရရှိအောင် ဆောင်ရွက်နိုင်ပါတယ်။

Credit – La pyay Kyaw

Leave a Reply

Your email address will not be published. Required fields are marked *