သတင္း

ဘာေၾကာင့္ ေဖာေဖာ သက္သာေပ်ာက္ကင္းေသာနည္း

(Zawgyi)

ဘာေၾကာင့္ ေဖာေဖာ သက္သာေပ်ာက္ကင္းေသာနည္း


ေလ့လာမိသမွ် ေသြးေဖာ ေလေဖာ ဆီးေဖာဆို၍ ရွိသည္။ အေဖာေရာဂါျဖင့္ အိပ္ရာထဲ လဲေနသူကို ျမန္မာတိုင္းရင္းေဆးဆရာႀကီးတစ္ဦး အာမခံျဖင့္ ကုသည္ကို ျမင္ဖူးသည္။ အမွန္ပင္ သက္သာေပ်ာက္ကင္းခဲ့ပါသည္။

ေဆးနည္း-

ေက်ာက္ဖ႐ုံသီးအူႏွင့္ ကနေဖာ့ ပၪၥငါးပါးသာ ျဖစ္သည္။ ေက်ာက္ဖ႐ုံအူ တစ္စိတ္၏ အူတိုင္ကိုထုတ္ၿပီး ကနေဖာ့တစ္စီးျဖင့္ ေရတစ္ဖလား ထည့္ကာျပဳတ္၍ သုံးခြက္တစ္ခြက္တင္ က်န္ေသာ ေဆးရည္ကို အဝတ္စျဖင့္စစ္ကာ ပုလင္းထဲထည့္ထားၿပီး နံနက္လက္ဖက္ရည္ပန္းကန္တစ္ခြက္ ညေနတစ္ခြက္ ေန႔စဥ္ျပဳတ္က်ိဳ၍ တိုက္ျခင္းျဖစ္သည္။ ထိုနည္းျဖင့္ ဆရာႀကီးကုသေပးေသာ လူနာမွာ ဆီးေဖာသမားျဖစ္၍ ဆီးသြားကာ ၅ ရက္ေျမာက္တြင္ အေဖာက်၍ ေပ်ာက္ကင္းသြားသည္။

ဆရာႀကီးေျပာသည္မွာ-

ေန႔စဥ္သာ ပုံမွန္တိုက္ေပးပါက ဆီးေဖာသူဆီးသြားၿပီးေပ်ာက္မည္။ ေလေဖာသည္ ေလလည္ၿပီး ေပ်ာက္သည္။ ေသြးေဖာသည္ ေသြးသက္၍ ေပ်ာက္ကင္းသည္ဟု ဆိုပါသည္။

(ဆရာဝန္၊ ေဆး႐ုံေဆးခန္းတို႔ျဖင့္ ကုသရန္ ခက္ခဲသူမ်ားအတြက္သာ)

လိုသူတို႔သုံး စိတ္ႏွလုံး ႐ႊင္ၿပဳံးၾကပါေစ။

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

(Unicode)

ဘာကြောင့် ဖောဖော သက်သာပျောက်ကင်းသောနည်း

လေ့လာမိသမျှ သွေးဖော လေဖော ဆီးဖောဆို၍ ရှိသည်။ အဖောရောဂါဖြင့် အိပ်ရာထဲ လဲနေသူကို မြန်မာတိုင်းရင်းဆေးဆရာကြီးတစ်ဦး အာမခံဖြင့် ကုသည်ကို မြင်ဖူးသည်။ အမှန်ပင် သက်သာပျောက်ကင်းခဲ့ပါသည်။

ဆေးနည်း-

ကျောက်ဖရုံသီးအူနှင့် ကနဖော့ ပဉ္စငါးပါးသာ ဖြစ်သည်။ ကျောက်ဖရုံအူ တစ်စိတ်၏ အူတိုင်ကိုထုတ်ပြီး ကနဖော့တစ်စီးဖြင့် ရေတစ်ဖလား ထည့်ကာပြုတ်၍ သုံးခွက်တစ်ခွက်တင် ကျန်သော ဆေးရည်ကို အဝတ်စဖြင့်စစ်ကာ ပုလင်းထဲထည့်ထားပြီး နံနက်လက်ဖက်ရည်ပန်းကန်တစ်ခွက် ညနေတစ်ခွက် နေ့စဉ်ပြုတ်ကျို၍ တိုက်ခြင်းဖြစ်သည်။ ထိုနည်းဖြင့် ဆရာကြီးကုသပေးသော လူနာမှာ ဆီးဖောသမားဖြစ်၍ ဆီးသွားကာ ၅ ရက်မြောက်တွင် အဖောကျ၍ ပျောက်ကင်းသွားသည်။

ဆရာကြီးပြောသည်မှာ-

နေ့စဉ်သာ ပုံမှန်တိုက်ပေးပါက ဆီးဖောသူဆီးသွားပြီးပျောက်မည်။ လေဖောသည် လေလည်ပြီး ပျောက်သည်။ သွေးဖောသည် သွေးသက်၍ ပျောက်ကင်းသည်ဟု ဆိုပါသည်။

(ဆရာဝန်၊ ဆေးရုံဆေးခန်းတို့ဖြင့် ကုသရန် ခက်ခဲသူများအတွက်သာ)

လိုသူတို့သုံး စိတ်နှလုံး ရွှင်ပြုံးကြပါစေ။

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *